စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday53
mod_vvisit_counterYesterday80
mod_vvisit_counterThis week246
mod_vvisit_counterLast week801
mod_vvisit_counterThis month922
mod_vvisit_counterLast month2941
mod_vvisit_counterTotal Vistors13201

Online Guests: 2
Your IP: 38.107.191.106
,
Today: Feb 09, 2010
ကဗျာ
ဗဟိန်း
ဗဟိန်း

  •   ကလေးတယောက် ငါထပ်ယူမယ်
သားအမေ သဘောပေါက်အောင် ငါပြောမယ်
ဦးဆုံး ငါ့ကိုယ်ငါ
မယုံကြည်တာကို ဖျောက်ပစ်မယ်
အရက်ဘီယာကို ဖြတ်မယ်
ကွမ်းယာဆေးလိပ် ဖြတ်မယ်
မိန်းမ မကြိုက်တာ ငါပြင်မယ်
အချိန်မှန်မှန် အိမ်ပြန်မယ်။

  •   ကလေးတယောက် ငါထပ်ယူမယ်
သားအမေ သဘောပေါက်အောင် ငါပြောမယ်
သူ့ကို “ ဗဟိန်း” လို့ အမည်ပေးမယ်
“ ဓနရှင်လောက ” ဖတ်ခိုင်းမယ်
“ ကိုအောင်ဆန်းအကြောင်း” ပြောခိုင်းမယ်
“ ဒဂုန်တာရာဆီ” လည်ခိုင်းမယ်
“ မေရှင်သီချင်း” ဖွင့်ခိုင်းမယ်
“ ဘန်ကောက်မြင်းချေးရောင် အစိမ်း” ၀တ်ခိုင်းမယ်။

  • ကလေးတယောက် ငါထပ်ယူမယ်
သားအမေသိအောင် ကြိုပြောမယ်
မိန်းမရယ် ....
အထိုင်အထ သတိရှိပါကွယ်
အစားအသောက် ဂရုစိုက်ပါကွယ်
တကယ့်အချစ်မေတ္တာပြည့်ဝရမယ်
အမှတ်တရပစ္စည်းတခုအဖြစ်နဲ့ မဟုတ်ဘူးကွယ်
ပြန်လည်ရှင်သန်ခြင်း အသိမျိုးပဲဖြစ်ရမယ်
ဒို့အတွက် “ ဗဟိန်း” ကို စိုက်ပျိုးမယ်။

  •  တကယ်
ဒီကလေးကို၊ “ ဗဟိန်း” လို
မိဘကိုချစ်၊ ဇနီးချစ်တဲ့
တိုင်းပြည်ကိုချစ်၊ လူမျိုးချစ်တဲ့
ဇရာကို ချစ်၊ ရိုးမချစ်တဲ့
ဓမ္မကိုချစ်၊ အလှချစ်တဲ့
ဘ၀ကိုချစ်၊ လောကချစ်တဲ့
ပိတောက်ဝါ၀ါကိုချစ်
စိန်ပန်းနီနီချစ်တဲ့
အချစ် .... အချစ်တွေရှိအောင် သင်ပေးမယ်။

  •  ဒီကလေးကို မွေးမွေးချင်း
သတင်းမောင်းခတ်။ သူ့ရင်ဘတ်မှာ
“ ဗဟိန်း” ဓာတ်ပုံလေးကို ကပ်ပေးမယ်
“ ဗဟိန်း” “ ဗဟိန်း” လို့ ဆိုခိုင်းမယ်။         ။



ငြိမ်းချမ်းသူ

 
«StartPrev1234567NextEnd»

Page 1 of 7
monkgathering.jpg monks3.jpg
feed-image Rss
©2009-12 အရှေ့ မိုးကောင်းကင်