စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday60
mod_vvisit_counterYesterday169
mod_vvisit_counterThis week716
mod_vvisit_counterLast week1243
mod_vvisit_counterThis month1441
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51696

Online Guests: 8
Your IP: 38.107.191.88
,
Today: Sep 09, 2010
အင်္ကျီကငါ့ကိုချွတ်တယ်

 




ချွတ်ထားတဲ့အင်္ကျီ
ငါ့ကိုယ်မှာ ချိတ်လိုက်တယ်
အင်္ကျီဟာ
ငါလုပ်တာ အကုန် လိုက်လုပ်တယ်
ငါသွားရာ အတူပါတယ်
ငါနဲ့အတူလှုပ်ရှား ငါနဲ့အတူ လွင့်ပါး
ငါ့ရဲ့...ဒီဇိုင်း ဆင်ထားတဲ့ အရေပြားပေါ့။

အိမ်ပြန်ရောက်တော့
အင်္ကျီက ငါ့ကိုချွတ်လိုက်တယ်
ဒါပေမဲ့ အင်္ကျီဟာ အငြိမ်မနေဘူး
ငါ့ကို အပုံလိုက် ချွတ်ထား လမ်းသလားပြန်တယ်။

သူ ဘယ်သွားသလဲ
သူ ဘာလုပ်သလဲ ငါမသိဘူး။


သူ အရက်သောက်သလား
ကွမ်းစားသလား
နှစ်လုံး...သုံးလုံး ကစားသလား  ငါမသိဘူး။


သူ ဟိုတယ်တက်သလား
သတင်းစာရှင်းပွဲလုပ်သလား
လက်ကိုင်ဖုန်းပြောသလား ငါမသိဘူး။



သူ ကားတိုက်ခံရသလား
မြောင်းထဲကျသလား
မူးလဲနေသလား ငါမသိဘူး ။


ငါ သူ့ ကို မျှော်တယ်
သူပေါ်မလာဘူး။


ငါအုန်းတဲ့ ခေါင်းအုန်း
ငါ ကြိုက်တဲ့အရောင်

ငါ စွန့်တဲ့အညစ်အကြေး
သူ စိတ်မ၀င်စားဘူး။



ငါက နွမ်းနယ် ဟောင်းနွမ်း
ခြေကုန်လက်ပန်းကျနေပေမယ့်
အင်္ကျီက မြူး ထူးတက် ကြွ နေတုန်းပဲ
စဉ်းစားကြည့်ဗျာ ....

အင်္ကျီမပါဘဲ လူတောတိုးရမယ့် အဖြစ်ကို
အင်္ကျီဟာ ငါမပါရင် ဖြစ်ပေမယ့်
ငါကတော့ အင်္ကျီမပါရင် မဖြစ်ချေဘူး။

အနည်းဆုံးတော့ဗျာ
အင်္ကျီအိတ်ကပ်ထဲ ဘာပါသလဲ
ဘယ်သူသိနိုင်မှာလဲ။


ငါ လက်နှစ်ဖက်ကို
အိတ်ထောင်ထဲ ထိုးထည့်
ဝှက်ထားလို့လည်း ရတာပဲ
မျောက်က အင်္ကျီမလိုပေမယ့်
ငါက အင်္ကျီတထည်တော့ လိုပါတယ်။



ငါ ဟာ
အလုပ်လက်မဲ့ပဲ ဖြစ်ဖြစ်
ခေတ်ပျက်သူဌေးပဲ ဖြစ်ဖြစ်

အင်္ကျီတထည်တော့ ရှိသင့်တာပေါ့။


အင်္ကျီက ငါ့ကို ချွတ်ချ
ပုံလျက်သားကျနေတဲ့ငါ
အင်္ကျီဟာ ငါ့ရဲ့မျှော်လင့်ချက်
ငါ့ရဲ့လုံခြုံမှု
ငါ့ရဲ့တန်ဖိုး
ငါ့ရဲ့စိတ္တဇ နာမ်
ငါ့ရဲ့ ရူးသွပ်စွာ စွဲလန်းနေတဲ့ကဗျာ
ငါဟာ ပျော့ခွေပုံကျ
အင်္ကျီက..... ပေါ်မလာတော့ဘူး။


အောင်ငြိမ်း
၂၄ ဧပြီ၂၀၀၉၊

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်