စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday37
mod_vvisit_counterYesterday169
mod_vvisit_counterThis week531
mod_vvisit_counterLast week1246
mod_vvisit_counterThis month1418
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51673

Online Guests: 6
Your IP: 38.107.191.88
,
Today: Sep 09, 2010
မွေးဖွားသူများလိုတယ်



မောင်လှဝင်း(မြင်းခြံ)

· ကောင်းကင်ထိပ်ဖျားတက်တော့
ရှေ့မှာ လှိုင်းများ။

· တောင်ထိပ်ဖူးများဟာ
လှိုင်းဦးခေါင်းများပမာ။

· ဆံစဖြူလွ၊ အိုမင်းစမှာ
အိမ်အပြန်လမ်း
ဖြတ်သန်းရမယ့်
လှိုင်းတွေ တောင်တွေ များလှချေကလား။

· ဝတောင်ရဲ့ ကောင်းကင်များ
ဖျတ်ခနဲ ဖျတ်ခနဲ
မီးဆလိုက် မထိုးဘဲ
အရောင်တွေ ပြောင်းလှချည့်။

· ပတ္တမြား နီရဲသလို
နီရဲကောင်းကင်။

· မဟူရာ အရောင်မဟုတ်
မည်းကြုတ် မီးသွေးအရောင်
ကောင်းကင်အောက်က ည။

· ကောင်းကင်က ရယ်မောနေ
မြေကမ္ဘာက ပင့်သက်ရှိုက်လျက်။

· နီလာအပြာ
ဒို့မြတ်နိုးတဲ့ ငြိမ်းချမ်းအပြာ
ဝတောင်တန်း ကောင်းကင်ထက်
ရှမ်းရိုးမ ကောင်းကင်ထက်
ဖြန့်ကြက်ထားတာ မတွေ့ပါ။

· တောအုပ်အစွန်၊ ရွာစွန်ဖျားက
ညည်းတွားသံတသံ
ငိုရှိုက်သံ တသံ
ဘာသံလဲ။

· · · ·

· သစ်ခွဝါ သိဂီါရွှေစများက
စိမ်းမြတောအုပ်ကို အလှဆင်ထား။

· ဗမာပြည်ကို အလှဆင်မယ့်
ရှမ်းရိုးမကို အလှဆင်မယ့်
ဝတောင်တန်းကို အလှဆင်မယ့်
ပြည်သူတွေရဲ့ ပွဲတော်ကြီးက
နှလုံးသားတွေကို ဗုံလို တီးခတ်လို့။

· ဗမာပြည်ရဲ့ သမိုင်းလမ်းကြောင်းဟာ
ဝနယ်ရဲ့ သမိုင်းလမ်းကြောင်းလိုပဲ
လူ့ဦးခေါင်းခွံတွေ တပုံတခေါင်းနဲ့
အနက်ရောင် ပန်းချီကားတချပ်။

· ခေါင်းဖြတ်စင်မှာသာ
သွေးညှီနံ့ လှိုင်နေတာ မဟုတ်။

· စစ်ကျားရဲကြီး
လက်သည်းကုတ်ရာ
နေရာတိုင်းမှာ
ယင်မ မဲရိုင်းကြီးတွေ
တရုန်းရုန်းနဲ့ အောင်ပွဲခံလို့နေ။

· ရိုးမတောင်ဦး၊ ကြယ်နီဖူးခဲ့
ဝတောင်ဦးမှာ၊ ကြယ်နီဖူးခဲ့
မဲနယ်တောင်ဦး၊ ကြယ်နီဖူးခဲ့
အတိတ်က အရိပ်ဖြစ်သွား

ခုအခါများကျတော့
သေသောက်ကျူးသူတချို့
သီချင်းဆိုပြီး ယိုင်လဲမေ့မျောသွားနေကြဆဲ
သန်းခေါင်ယာမ်ဟာ
တကြော့ပြန်လာတယ်။

· အကျည်းတန် ပန်းချီကားကို
ဆွဲယူ ဆုတ်ဖြဲပစ်လိုက်စမ်းပါ
အရုဏ်ဦးပန်းချီကားအသစ် ရေးခြယ်ဖို့။

· ကောင်းကင်လွှာမှာ
ငြိမ်းချမ်းအပြာ ရေးခြယ်ဖို့
နှစ်ချို့ အသက်ကင်းမဲ့နေတဲ့ သေနတ်တွေ
ပြန်လည် တိုက်ချွတ်ဖို့ လိုနေတယ်။

· ဖြူလွငြိမ်းချမ်း ချိုးကလေးများ
လွတ်လပ်ရွှင်ပျ ပျံသန်းဖို့
ခင်ဗျားတို့ ရင်ထဲက အသဲ
ခွဲထုတ်ပေးဆက်ဖို့
ရဲရင့်သူများ လိုတယ်။

· ၂၁- ရာစုအစ
အတုတွေနဲ့ အမြတ်ထုတ်နေတဲ့
ကုန်သည်လူလိမ်တွေ ရယ်မောနေကြဆဲ

တောင်ထိပ်ရွာထဲက
အူဝဲသံ မကြားလား
ကျေးလက်မိခင်တဦး

ကြယ်စင်ပမာ
သားသမီးရတနာ
မီးရှူးသန့်စင် ဖွားမြင်တယ်။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်