စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday41
mod_vvisit_counterYesterday169
mod_vvisit_counterThis week697
mod_vvisit_counterLast week1243
mod_vvisit_counterThis month1422
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51677

Online Guests: 9
Your IP: 38.107.191.86
,
Today: Sep 09, 2010
စုန်မျှောမှုများ

တို့က
ဘာသာဗေဒနဲ့
ဆက်သွယ် ပါတ်သက်တဲ့ သက်ရှိတွေပါ...
အကြင်နာတွေလဲပေးတတ်တယ်....
မြင်တာတွေလဲ ငေးတတ်တယ်
ရင်နာနေလဲ ဆွေးတတ်တဲ့ ....
ခံစားမှုနဲ့သတ္တ၀ါတွေပါ....
အတိအကျဆိုရင် မြေပြိုမှာမကြောက်တဲ့
နေညိုမှာ တချို့လဲ သောက်တဲ့
ခြေနှစ်ချောင်းနဲ့ သတ္တ၀ါတွေပေါ့.....။

သစ္စာတရားတစ်ခု ဆိုတာ
အပြစ်အနာအမှား တစ်စု  ပေါင်းကျစ်ထားတဲ့ကြိုးတချောင်း
ကိုယ့်လည်ပင်းကို ကောင်းကောင်းစွပ်မယ့်ကြိုးတချောင်း
ဘယ်တုန်းကမှမဟုတ်ခဲ့ဘူးဆိုတာ
အသေအချာသိတဲ့သတ္တ၀ါတွေပေါ့.......။


ဒီတော့
အမြင့်ပျံဖို့ လဲ မလို
အရင့်ခံဖို့ လဲ မလိုပါဘူး လေ...။


ခုနေတော့....
စင်္ကြာဝဠာထက် ကြီးမြတ်ချင်သူတွေက
မြို့တစ်ခုတည်ဆောက်လိုက်ပြီးပြီ
ပုရွက်ဆိတ်လောက် တောင်
ကျောရိုးမခိုင်တဲ့သူတွေ ရဲ့ မက္ကာပေါ့.........။

ကမ္ဘာကြီးက ရင်ကွဲပက်လက်
မတားမြစ်ပါဘူး သူကိုယ်တိုင်က အခြေအမြစ်မရှိတဲ့
ခရီးသွားတစ်ယောက်ပါတဲ့......။

ဟက်ဟက်ပက်ပက်ရယ်သံတွေ
ခြောက်ကပ်လွန်းတဲ့ တွေ့ဆုံပွဲတွေမှာ
ဒဏ်ရာရှားပါးတဲ့ သက်ကြားအိုတွေ
မျက်နှာချိုသွေးကြပြီ။

ဒဏ်ရာ ဗရပွနဲ့
ဝိဥာဉ်ပျိုတွေ တဖြိုက်ဖြိုက်
တသိုက်ပြီးတသိုက် အဖြိုဖျက်ခံကြရပြီ...။

ဒဿနိက ဗေဒတွေ
ရေစီးကမ်းပြိုလိုက်နေတာပေါ့
ကြာကြာဝါးခဲ့လို့ အရိုးကြည့်ရှောင် တတ်တဲ့ ကြောင်အိုတွေ
လှိုင်းသစ်စီးဖို့ ....
မခို့ တယို့ ကေးဝဋ်ပုဏ္ဏားလိုပ...။


ဇင်ယော်တစ်ကောင်ကတော့
အိမ်ယာမဲ့အဖြစ်အတွက်
မနှစ်သက်ခြင်းလဲမရှိ
ချစ်မက်ခြင်းလဲမရှိ
ပင်လယ်ကြီးတစ်လွှာရှိနေရင်
ဟောဟိုတောင်ကြားက ကြောင်ဖားတွေကိုလဲ ဂရုစိုက်ဖို့ မလိုဘူးဆိုပဲ...။


နို့တိုက်သတ္တ၀ါတွေ
ယဉ်ကျေးမှုမြင့် သတ္တ၀ါတွေ
နေကာမျက်မှန်ကိုယ်စီနဲ့ အမှောင်ခန်းထဲမှာ
ကြောင်တောင်ကန်းနေတဲ့သတ္တ၀ါတွေ.....
အလင်းရောင်အကြောင်း ကွင်းပြင်ကျယ်အကြောင်း
လရောင်ကြယ်စင်တွေနဲ့ ညရင်ပြင်အကြောင်း
သက်သေ သက္ကာရတွေနဲ့
ဆက်ညာကြဖို့ပြင်နေကြပြီ
ဒီမယ်လေ....
တို့ တွေက ဇင်ယော်တွေမှမဟုတ်ပဲ....။

ကို ထွေးညို (တမာတန်း)


Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်