စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday46
mod_vvisit_counterYesterday169
mod_vvisit_counterThis week702
mod_vvisit_counterLast week1243
mod_vvisit_counterThis month1427
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51682

Online Guests: 9
Your IP: 38.107.191.88
,
Today: Sep 09, 2010
ဆေးရုံမှာ အမေလာတယ်




* ဆေးရုံမှာ

အမေလာတယ်။

* ဆေးရုံမှာ

ဒေါ်လေးလာတယ်

ဦးလေးလာတယ်

အစ်ကိုကြီး အစ်ကိုလတ် လာတယ်

ညီမတွေ တူတွေလာတယ်။

* သူတို့အားလုံး

မျက်လုံးများ အပြုံးများ

နှလုံးသားက နားလည်တဲ့စကား

“တောင့်ထားတဲ့ ငါ့သား”တဲ့။

* “တောင့်ထားငါ့သား

အားရှိမှ ဖြစ်မှာ

ရှေ့မှာ ဆက်လုပ်စရာတွေ အများကြီး

ဒီခရီး ဒီထီးနဲ့

ဒီအရပ် ဒီဖနပ်နဲ့

ချပ်ဝတ်တန်ဆာ

သေသပ်ကျန။ လှပစွာဝတ်ဆင်

ခရီးပြင်း နှင်ရဦးမယ်လေ”တဲ့။

* ရှေ့မှာ လုပ်စရာတွေ အများကြီး

နောက်ထပ် အနှစ် ၇၀ ခရီးလား

နောက်ထပ် အနှစ် ၃၀ ခရီးလား

ဘယ်လောက်ကြာကြာ

ဘယ်လောက်ဝေးဝေး

အဆက်ဆက် လက်ယှက်သယ်ဆောင်

ဆက်လက်သယ်ဆောင်

နောင်အနာဂတ်သစ်အတွက်

ဗမာပြည်သစ်အတွက်

ကမ္ဘာသစ်အတွက်

ငါတို့ကွန်မြူနစ်တွေ ဆက်လက်ရှင်သန်ဖို့

“တောင့်ထားငါ့သား အားရှိမှဖြစ်မှာ”တဲ့။       ။



(ဆေးရုံမှာ လာရောက်မေးမြန်းတဲ့ ရဲဘော်များနဲ့

ဆရာမကြီးရဲဘော်ငွေ ပြောတဲ့စကားကို ခံစားရေးဖွဲ့

ထားတာ ဖြစ်ပါတယ်။)





ဝင့်မော် (RTC-Mdy)

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်