စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday182
mod_vvisit_counterYesterday169
mod_vvisit_counterThis week838
mod_vvisit_counterLast week1243
mod_vvisit_counterThis month1563
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51818

Online Guests: 10
Your IP: 38.107.191.85
,
Today: Sep 09, 2010
သောကြာနေ့မှာ သီချင်းဆိုကြမယ်

မောင်လှဝင်း(မြင်းခြံ)



• ကျနော့်အမ
နာမည်ရင်းပါပဲ “မခင်ညွန့်”တဲ့။



• ငယ်ကတည်းက
မန်ကျည်းရွက်ခူးရင်းသီချင်းဆို
အကြော်ကြော်ရင်း သီချင်းဆို
အကြော်ရောင်းရင်း သီချင်းဆို
မိန်းမသားတန်မဲ့
တိုင်ထိပ်က ဆုကို ရဖို့အတွက်
ချောတိုင်တက်ရင်းတောင် သီချင်းဆိုလိုက်သေး။






• စာမတတ်တဲ့အမ
သီချင်းတွေ ရချင်လွန်းလို့
သီချင်းစာတွေ ကျက်ချင်လွန်းလို့
မရမက ကိုယ်ထူကိုယ်ထ စာသင်
စာတတ်စ ကျနော်က သူ့ရဲ့သင်ဆရာ
မရမက သီချင်းကျက်
သူ့တသက်မှာ
ဘာအဆိုကျော်မှ ဖြစ်မလာလဲ
စာလဲ တတ်ခဲ့
သီချင်းတွေလဲ ရခဲ့။






• ရေခပ်ရင်းလဲ သီချင်းဆို
ရည်းစားစာ ဖတ်ရင်းလဲ သီချင်းဆို
ပုခက်လွှဲရင်းလဲ သီချင်းဆို
ကလေးချော့ရင်းလဲ သီချင်းဆို
လူသာကြီးရင့်လာ
သီချင်းမှာ မွေ့မြဲ
သီချင်းသာဆို၊ အဓိပာာယ်ကိုသူမသိ
စာကိုဖတ်ဘိ၊ စာမသိ
ကိုယ့်အိမ်သာသိ၊ နိုင်ငံမသိ
အမဘဝ ကျဉ်းလွန်းဘိ
ပြန်စဉ်းစားကြည့် သနားမိတယ်။


• သူပုန်မသိ၊ သူကန်မသိ
ဖိနှိပ်တာမသိ၊ တော်လှန်တာ မသိ
မဆလမသိ၊ ဗကပ မသိ
သူသိတာ သူ့မောင်(ကျနော်)
သူ့မောင်သာ သူချစ်
စစ်တဲ့တပ်လား၊ မစစ်တဲ့တပ်လား
ညစ်ပတ်သလား၊ ပစ်ခတ်သလား
ဘာလားညာလား၊ မခွဲခြားတတ်ပေမယ့်
စစ်တပ်ဆိုတာများကိုတော့ သူမချစ်။



• သူ့မောင်မှာ အရေးကြုံ
‘သူပုန်ဆိုပြီး စွပ်စွဲကြတော့
သူ့မောင်လွတ်ရေး
အမယ်လေးတ ဘုရားတပြီး
စုဆောင်းထားတဲ့ ငွေကလေးက တထုပ်
သံဗုဒ္ဒေအန္တရာယ်ကင်း ဂါထာလေးက တပုဒ်
တဘက်ကလေးက တထည်
ဆပ်ပြာကလေးက တခဲ
စိတ်ပုတီးက တကုံး
တော်လှန်ရေးအတွက်ဆိုတာ သူမသိလဲ
ကူခဲ့ဖူးတယ်။



• တောင်တန်းကြီးတွေရဲ့ ဒီဘက်မှာ
ကျနော်ပါ။



• တောင်တန်းဟိုဘက် မြေပြန့်မှာက
အမ။



• တောင်တန်းတွေပေါ်မှာ
သေနတ်ကိုင်တဲ့အခါကိုင်
ကဗျာရေးတဲ့အခါ ရေး
သီချင်း စပ်တဲ့အခါ စပ်
ကျည်ဆန်တွေ နည်းနည်းလာပေမယ့်
ကဗျာတွေ များများလာ
သီချင်းတွေ များများလာ
ဒါတွေကို အမ
သိမှ သိပါစ၊



• ကျောင်းကန်ဘုရား။ သီလယူသွားရင်း
(ဒါမှမဟုတ်)
ဘဝအမောထဲ၊ ဆွဲနုတ်မရအောင် ကျွံရင်း
အမနဲ့ သီချင်းများ

သီချင်းများနဲ့အမ
အတူမှ ရှိကြပါဦးမလား
အတွေးစမှာ သံသယဝင်
ကျနော် ပြင်ဆင်ထားတဲ့ သီချင်းများ
အမ....ဆိုမှ ဆိုနိုင်ပါဦးမလား တွေးပုရင်း
“ပြည်တော်ဝင်”သီချင်းကို အမြန်ဆိုလိုက်ချင်တယ်၊



• ခွဲခဲ့စဉ် ဟိုတချိန် သောကြာနေ့က
အမ သီချင်းဆိုတာ ကြားခဲ့ရ
နှစ်သုံးဆယ်ကြာတယ်ဆိုတာ
တသက်လျာ မဟုတ်သေးပါဘူး
တနင်္ဂနွေ....
တနင်းလာ....
အင်္ဂါ....
လာမယ့်....သောကြာနေကြကျရင်
ကျနော်တို့ သီချင်းဆိုကြရအောင်လေ
နော်.....အမ။       ။



၂၀၀၈ဇူလိုင်

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်