စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday62
mod_vvisit_counterYesterday169
mod_vvisit_counterThis week718
mod_vvisit_counterLast week1243
mod_vvisit_counterThis month1443
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51698

Online Guests: 10
Your IP: 38.107.191.89
,
Today: Sep 09, 2010
ဖောင်စီးယောက်ျား

ကိုယ့်ကံကြမ္မာကိုယ်
လှလှပပ...
ခေါင်းတိုက်သွင်းလိုက်နိုင်ဖို့ အတွက်ကတော့
ပရိသတ် မလိုပါဘူး
ဒီလို ထည်း တည်း နေတတ်လာခဲ့တာ
ဆယ်စုနှစ်အလွှာတွေက
ကျက်သွားတဲ့အနာလို ကွာကွာကျ................။

ဖူလုံမှုတပဲခြောက်ပြားစာနဲ့
ကျေကျေနပ်နပ်ရှင်သန်လာခဲ့တာ
အမှတ်ထင်ထင်...
ကောင်းကင်ကိုမော့ကြည့်ချိန်မတော့
အလျားတိုနံ့နံ့ နဲ့ ကားရထားတစ်စင်းလို
လမင်းဟာ ခေါက်မုန့် ဖြစ်သွားတဲ့ညတွေ
ငါ့မှာတော့....
အိပ်ဖို့ ကိုမေ့ခဲ့အောင် ဖြစ်ရ............။

သူပုန်ဖြစ်ခြင်းအတွက်
သေနတ်တလက် မလိုပါဘူး
သူပုန်ဟာ သူပုန်ဖြစ်နေဖို့ ပဲ ....
မိုးထဲရေထဲမှာ ကွင်းပြောင်းကစားတတ်တဲ့ဥာဉ်မရှိရင်
သင်ဟာ....ယုံကြည်ချက်ကိုသစ္စာစောင့်သိတဲ့
သူပုန်အစစ်ပါ...
ဆန္ဒတွေ တပွေ့နဲ့ အမေ့ခံဖြစ်စဉ်ကို
သံယောဇဉ်အပြည့်................
သေတဲ့အထိချစ်မယ့်သူလဲ ဖြစ်သပ...။

ဒီမှာ...
ဒဏ်ရာလေး စပါးလုံးတစ်ထောက်နဲ့
လွယ်လွယ်ဒူးထောက်တတ်ကြတာ
တို့  မျိုးဆက်တချို့ရဲ့ ဘာသာရေးဖြစ်ခဲ့.....
ဒါလဲ မမေ့ နဲ့  လို့  ကိုယ့်ကိုယ်ကိုယ် လက်တို့ ရ..။

လွတ်မြောက်ရေးတိုက်ပွဲတွေဟာ
အရိုးရှင်းဆုံး ဆင့်ကဲဖြစ်စဉ်တွေဖြစ်တယ်
အလွယ်ဆုံး ပြောမယ်ဆို....
မိုက်ကယ်အိန်ဂျလိုဟာ
ဒေးဗစ်ကို ပုံဆိုးပန်းဆိုး ကျောက်တုံးကြီးအဖြစ်က
ထုဆစ်ခဲ့တာ...........။
ဖုန်းဆိုး ကွင်းတွေဟာ
တခါကတောင်ယာတွေဖြစ်သတဲ့

တခါက ဖုန်းဆိုးကွင်းတွေဟာ ခုအခါ
တောင်ယာတွေဖြစ်ခဲ့....

တိုတောင်းမြင်လွယ်တဲ့သံသရာတွေလေ

နိုဘယ်ဆုရဖို့ မလိုပါဘူး
အိုဘားမားဖြစ်ဖို့ မလိုပါဘူး
အိုလံပစ် လေလံပွဲမှာ အသည်းနာဖို့ လဲ မလိုပါဘူး
မီးရှူးတိုင် သယ်ဖို့ 
ပုခုံးပြောင်းတာဝန်ယူဖို့ က
သူပုန်စိတ်အတိအကျ ရှိဖို့ ပဲလိုတာ...........။

တခါ ငါ့ပြည်ငါ သေချာကြည့်လိုက်တော့
ယူနီဖောင်း မပါတဲ့သူပုန် သန်းပေါင်းများစွာ

ဧရာဝတီ ၊ သံလွင် ၊ ချင်းတွင်း
လွတ်မြောက်ရေးသီချင်းတွေ သယ်ဆောင်လို့ 
ဘယ်ကောင်မှ တားလို့ မရတဲ့နေ့ဆီ စီးဆင်းရင်း
တေးဆို လို့ ဖောင်စီးခဲ့ပြီ

ကဲ......

ဖောင်တင်သူများ ကမ်းက နား ခဲ့..............။

ကိုထွေးညို (တမာတန်း)



Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်