စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday188
mod_vvisit_counterYesterday169
mod_vvisit_counterThis week844
mod_vvisit_counterLast week1243
mod_vvisit_counterThis month1569
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51824

Online Guests: 12
Your IP: 38.107.191.89
,
Today: Sep 09, 2010
ပိုးထိတဲ့ ကာလ

ဒီကာလဟာ
အဘိဓမ္မာ ဖုတ်သက်ဝင်တဲ့ကာလ
ဘတ်စကိုဒဂါးမား  တံခါးလာမခေါက်တဲ့ကာလ
နှင်းဆီပွင့်တွေ ကိုယ့်အရောင်ကိုယ်ချွတ်ရောင်းချရတဲ့ကာလ
ကာလနာ တိုက်တဲ့ကာလကြီးဖြစ်ပေတဲ့ကာလ........

ဘာဆိုဘာမှ မရေရာတဲ့ကာလဟာ
စင်္ကြ၀ဠာကြီးကျမကွဲအောင်လည်း  သူက ချည်ထားပြန်.....

ညာသံပေးလို့
ညာနေတဲ့ကာလကြီးကလည်းဖြစ်ပြန်တဲ့ကာလ

ဆူးများတဲ့ ပဒိုင်းသီးတွေတောင်
ရူး သွားတဲ့ အရိုင်းထည်းတည်းတွေဖြစ်တဲ့ကာလ

ချစ်သူတို့ ဖုန်းသံတွေထက်
ဗုံးသံတွေပိုကျယ်လောင်တဲ့ကာလ



ဖူးကြွဝင့်ထွားတဲ့ ရင်သားတွေမှာ
တီအန်တီ တပိဿာ ချိတ်လာနိုင်တဲ့ကာလ



သချိ င်္ုင်းကုန်းကို သချို င်္င်း ပို့ ပစ်တဲ့ကာလ
သေသွားတဲ့မသာတွေ  ပါမစ်နဲ့သေရတဲ့ကာလ
မသေသေးသူတွေ သေချင်ယောင်ဆောင်နေတဲ့ကာလ
စားရသူတွေ အစားအသောက်ကြမ်းတဲ့ကာလ
ပါသမျှ ထုတ်ရှိုးရင်း ပုတ်သိုးနေတဲ့ကာလ



ညနေစောင်း နောက်ဆုံးလိုင်းကား စပါယ်ယာလို
စေတနာတွေပိုပြီး မတော်တဆလို အတည်လို
ခါးကိုင် ရင်ကိုင် လုပ်ချင်တဲ့ကာလ....

အရင်းရှင်တွေ ပုလင်းဖင်လောက် မျက်မှန်နဲ့
လက်ကျန်အရက်ကိုမော့ရတဲ့ကာလ

မဖြစ်ညစ်ကျယ်တွေ လစ်ဘရယ် နက်ကတိုင်နဲ့
စတိုင်ကျပြတဲ့ကာလ

လက်နက်ချ ကွန်မြူနစ်ဟောင်းတွေ
ဆယ်ရုံပြောင်းတဲ့ပြည့်တန်ဆာဖြစ်ရတဲ့ကာလ

အတွေးအခေါ်အရ ဈေးခေါ်ပြနေတဲ့
ဟာသ အမြောက်ဆုံး
ဆိုကရေးတီးပေါက်စတွေ
ငိုကြွေးပြီး ဂေါက်ရတဲ့ကာလ


ကွန်စထရပ်တစ်ဗစ်စ် ယောင်ဆောင်တဲ့ကာလ
ဂျူးသတို့ သား လို ဖန်ခွက်ခွဲပြီးမှ
ပွန်နိုဂရပ်ဖီနဲ့   စုံမက်တဲ့ကာလ

မနှစ်မြို့စရာတွေကို ချစ်လို့ပါလေ ဆိုပြီး
အောင့်အောင့်နမ်းပြတဲ့ကာလ

ကာလကို က အော့အော့ကြီးဖြစ်နေတဲ့ကာလမှာ

ကာလနာတိုက်မှုတွေ တင့်ကား စီးလုံးပြည့်

ကာလနာတိုက်မှုတွေ
ဆိုဗီယက်လက်ကျန်လေယာဉ်တ၀ှီးဝှီး

ကာလနာတိုက်မှုတွေ
မွဲခြောက်စိမ်းမှောင်

အစိမ်းကောင်တွေအသက်ဝင်လို့
ရှက်လို့ရှက်မှန်းမသိတဲ့ကာလ

ကာလဟာ ပါသမျှ ထုတ်ရောင်းပြီး
လူ့ယဉ်ကျေးမှုကို ပလုတ်ပလောင်းမြည်းနေတဲ့ကာလ

ဒီကာလမှာ ရီစရာကတော့
မုဒိန်းကောင်က ဘိသိက်ဆရာအချိုးနဲ့
စစ်ဓါးပြ က ချစ်သမျှကို ပတ်ပျိုးငြီးလို့
ပြီးကိုမပြီးနိုင်တဲ့ ရင်ဘတ်စည်တီး
ကျုပ်တို့က ကယ်တင်ရှင်ကြီးတွေပေါ့
ကယ်တင်ရှင်ကြီးတွေပေါ့လို့  ကမ္ဘာပတ်ညာချင်တဲ့ကာလ...

ညာခွင့်နဲ့ဝါရင့်တဲ့ ကောင်စားတွေက
ကြောင်ဖားတွေဘ၀နဲ့ တောင်ရှည်ပြောင်းဝတ်မယ့်ကာလ

ဒီကာလ ဟာ သူ့ ကိုယ်သူဇာတ်နာအောင်လဲ
နောက်ပိုင်းမင်းသားကြီးလို မျက်ရည်ရွှဲပြတတ်တဲ့ ကာလ ဖြစ်သေး

တခါတခါ သူဟာ အနာဂတ်ပါလို့
စာတတ်လာတဲ့လူလည်လို အပူသယ်ဟန်ဆောင်
အခြေအနေကြည့် ရန်ထောင်တဲ့ကာလ....

ကာလတရားကတော့
ဘာမှနားမလည်သလိုနဲ့
ပက်ပ်စီကိုလာဘူးခွံလို
ရီဆိုင်ကယ်လုပ်ခံချင်တဲ့ကာလ

အတိအကျကတော့
ကာလဟာ ကာလသား ရောဂါနဲ့ ဟန်လုပ်ပြနေရင်း
ပြန်ဆုတ်မရတဲ့အမှောင်ကမ္ဘာကို ကြောင်နာလို တိုးဝင်ခဲ့ပြီ....။

 

 

ကိုထွေးညို(တမာတန်း)






Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်