စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday178
mod_vvisit_counterYesterday169
mod_vvisit_counterThis week834
mod_vvisit_counterLast week1243
mod_vvisit_counterThis month1559
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51814

Online Guests: 7
Your IP: 38.107.191.85
,
Today: Sep 09, 2010
ဇော်မွှားပန်းခင်းကြားက ရိုဇာ



၁၉၁၉ ဇန်န၀ါရီ ၁၅
ဆွတ်ဆွတ်ဖြူတဲ့ ဆောင်းည
တိတ်ဆိတ်ငြိမ်သက်အေးစက်
နှင်းပ၀ါဟာ လှုပ်ခါနေတယ်။
“ဟေ့....ငါ့မျက်နှာကို အ၀တ်မစည်းနဲ့
ငါ့လက်ကို ကြိုးမချည်နဲ့”
အမိန့်သံပါတဲ့ တည်ငြိမ်တဲ့အသံ
သေနတ်ကိုင်စစ်သားတွေ နောက်ဆုတ်သွားတယ်
ဆုံးစမထင်တဲ့ကောင်းကင်
ဝေဟင်ယံကို သူမ မော့ကြည့်တယ်
အားပါးတရ တ၀ကြီး။
အသာအယာ ငုံ့ကာ မြေကြီးကို
သူမရဲ့ နူးညံ့တဲ့ လက်ဖ၀ါး နှစ်ဖက်နဲ့
ထိနမ်းလိုက်တယ် ညင်ညင်သာသာ။
လင်းလက်တဲ့ မျက်လုံး လွတ်လပ်တဲ့နှလုံးနဲ့
ဝင့်ကြွားစွာ ရပ်နေတဲ့သူမ
စစ်ဗိုလ်က နောက်ကျောဖက်လှည့်ဖို့ပြောတယ်
“ငါဟာ သစ္စာဖောက် မဟုတ်ဘူး
ဘယ်တော့မှ နောက်မလှည့်ဘူး”
တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ စစ်ဗိုလ်က
ခြောက်ကပ်ကပ်အသံနဲ့
မှာချင်တာမှာဖို့ နောက်ဆုံးအခွင့်အရေးပေးတယ်
သူမရဲ့ အာရုံမှာ
ရဲရဲနီတဲ့ ဇော်မွှားပန်းခင်းကြီးပေါ်လာတယ်
“ထလော့ - အငတ်ဘေးကျရောက်သူတို့တတွေ
ထလေ့ - ကမ္ဘာတ၀ှမ်းက ကျေးကျွန်တွေ
....... ....... ..........
အင်တာနေရှင်နယ်....”။
ခဲသားရောင်ညရဲ့
ဖြူလွှတဲ့ နှင်းပွင့်နှင်းဖတ်များကြား
ယမ်းညှော်နံ့ဖုံးတဲ့
သေနတ်သံများ ဆူညံမြည်ဟိန်းသွားတယ်။
သူမ ကျဆုံးသွားပါပြီ
ထက်မြက်တဲ့တော်လှန်ရေးသမား
ရဲရင့်တဲ့အလုပ်သမားခေါင်းဆောင်
ဂျာမန်ပြည်သူတို့ရဲ့
အလေးအမြတ်ပြုအပ်သောသူရဲကောင်း
‘ရိုဇာ’ လို့
ဂျာမန်အလုပ်သမားထုက
ချစ်ခင်မြတ်နိုးစွာ ခေါ်ဝေါ်ကြတဲ့
ရဲဘော်ရိုဇာလူဇင်ဘတ် ကျဆုံးသွားပါပြီ။
၁၉၁၉ ဇန်န၀ါရီ ဂျာမန်အလုပ်သမားအုံကြွမှုဟာ
လက်ယာဆိုရှယ်ဒီမိုကရက်များရဲ့သစ္စာဖောက်မှုကြောင့်
ရှုံးနိမ့်သွားခဲ့တယ်။
သူမနဲ့အတူ
ရဲဘော်ကားလ်လက်ဘနစ်နဲ့
အလုပ်သမား ထောင်ပေါင်းများစွာ
ဆွတ်ဆွတ်ဖြူတဲ့ညမှာ ပစ်သတ်ခံရတယ်
ယခုဆိုရင်
ဝါဂွမ်းလို ဆွတ်ဆွတ်ဖြူတဲ့
နှင်းပွင့်နှင်းဖတ်များ
ကမ္ဘာမြေပေါ်သို့
လွတ်လပ်စွာ ကျဆင်းလာခဲ့တာ
အကြိမ်ကြိမ်အလီလီ နှစ်ပေါင်း ၉၀ တိုင်ခဲ့ပါပြီ
ဘာလင်ဆောင်းရဲ့
အေးခဲမာတောင့်မှုအောက်မှာ
ထောင်ပေါင်းများစွာသော
မျိုးဆက်သစ်အလုပ်သမားများဟာ
တူတံစင်ထွန်းထုထားတဲ့
သူမရဲ့ အုတ်ဂူအထက်
ရဲရဲနီတဲ့ ဇော်မွှားကမ္ဗလာ လွှမ်းယက်လိုက်ကြတယ်
ရိုဇာကို သူတို့မမေ့ ဘယ်တော့မှ မမေ့။
“တခွန်းထဲ ပြောရရင်
ဒီမိုကရေစီကို ရှောင်လွှဲလို့ မရ”
သူမရဲ့ ဆောင်ပုဒ်
သူတို့ ထုတ်ဖော်လိုက်ကြတယ်
လွတ်လပ်မှုကို
အသက်နဲ့ ထပ်တူ တန်ဖိုးထား
ရိုဇာရဲ့ ရဲရင့်တဲ့ နှလုံးသား
ဇော်မွှားနီများနဲ့ ဂုဏ်ပြုအပ်ပါတယ်။
သူမက ယခုလိုပြောခဲ့တယ်
“ဒီမိုကရေစီဆိုတာ
အလုပ်သမားလူတန်းစား တိုက်ပွဲအတွင်းကသာ
ပေါက်ဖွားလာတာပါ”
“ဒီမိုကရေစီဆိုတာ
ရှေ့ဆောင်တခုရဲ့ ကွန်ဂရက်လွှတ်တော်ထဲက
ပေါက်ဖွားလာတာ မဟုတ်ဘူး”
“ဒီမိုကရေစီဆိုတာ
အလိုအလျှောက်သဘောဆောင်တယ်
အတင်းအကျပ်သဘော မဆောင်ဘူး”
“ဒီမိုကရေစီဆိုတာ
လူထုသဘောဆောင်တယ်
လျှို့ဝှက်သံခင်းတမန်ခင်း သဘောမဆောင်ဘူး”
“ဒီမိုကရေစီဆိုတာ
တီထွင်ဖန်တီးမှုသဘောဆောင်တယ်
အမိန့်ပေးစေခိုင်းတဲ့သဘောမဆောင်ဘူး”
“မတူတာကို
လွတ်လပ်စွာ တွေးခေါ်ခြင်းဟာ
လွတ်လပ်မှုပဲ ဖြစ်တယ်”။
လူသားတွေရဲ့
ယဉ်ကျေးမှု စိတ်ကူးစံ
ဒီမိုကရေစီနဲ့ လွတ်လပ်မှုဟာ
ရိုဇာရဲ့ အုတ်ဂူထက်မှာ
ယနေ့တိုင်
ဇော်မွှားပန်းနီများနဲ့ လှုပ်ခါနေဆဲပါ။
“ရိုဇာ....
သူမဟာ လင်းယုန်ပါ
လင်းယုန်ဟာ ရံဖန်ရံခါ
ကြက်ထက်နိမ့်စွာ ပျံသန်းသော်ငြားလဲ
ကြက်ဟာ
လင်းယုန်ထက်မြင့်စွာ
မိုးယံထက်မှာ
ဘယ်သောအခါမှ မပျံသန်းနိုင်ပါ”
ရဲဘော်လီနင်ရဲ့ ကြီးမြတ်သူသို့ ဂုဏ်ပြုစကား
ဇော်မွှားပန်းခင်းကြား ကမ္ဗည်းထိုးထားခဲ့ပါတယ်။         ။

အောင်ငြိမ်း
(၁၂ အောက်တိုဘာ ၂၀၀၉)

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်