စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday200
mod_vvisit_counterYesterday169
mod_vvisit_counterThis week856
mod_vvisit_counterLast week1243
mod_vvisit_counterThis month1581
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51836

Online Guests: 10
Your IP: 38.107.191.88
,
Today: Sep 09, 2010
ပျော်ရွှင်ဖွယ် ဇာတ်သိမ်းခန်းအတွက်




• ဒီတောင်တွေရဲ့ ဟောဟိုဘက်ခြမ်း
ဒို့ခေတ်ရဲ့ ပျော်ရွင်ဖွယ် ဇာတ်သိမ်းခန်း
ရှိနေလေရဲ့
တောင်ကြီးတွေကလဲ မြင့်လွန်း
အချိန်တွေကလဲ နှေးလွန်း
ခရီးတွေကလဲ ရှည်လွန်း
ဒို့ခေါင်းပေါ်က ပျံသန်းငှက်တွေ
ပျော်ရွှင်ဖွယ် ဇာတ်သိမ်းခန်းကို
လမ်းမှာ
သင်တို့အရင်...တွေ့ခဲ့ရင်
သတင်းစကားလေး ပေးလှည့်ဦး။

• ထောင်သောင်းသိန်းသန်းကုဋေ
ပျံရင်းသေကြ တိုက်ပွဲဝင်ငှက်များ
အခန်းဆက်တိုက်ပွဲ
ပွဲမသိမ်းသေးတဲ့အဖြစ်
ဒို့ခေတ်မှာ ဒို့တတွေ ညံ့ခဲ့ကြလို့လား
ခရီးစဉ်ကိုက ရင်ခုန်ပွဲကြမ်းကြီးလား။

• အားလုံး ယုံနေတယ်
ဖဝါးအောက် တောင်ရောက်ရမယ်
အဲဒီပျော်ရွှင်ဖွယ် ဇာတ်သိမ်းခန်းအတွက်
အကြို ပန်းလက်ဆောင် ကမ်းဆက်ဖို့
ခင်ဗျားတို့ဘဝတွေ....
ကျနော်တို့ ဘဝတွေ.....
ကြေကွဲနာကျင်ဖွယ် ဇာတ်သိမ်းခန်းတွေကို
ပီတိတွေနဲ့ ပေးဆက်သွားကြစို့။    ။

 

မောင်လှဝင်း(မြင်းခြံ)


Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်