စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday36
mod_vvisit_counterYesterday169
mod_vvisit_counterThis week530
mod_vvisit_counterLast week1246
mod_vvisit_counterThis month1417
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51672

Online Guests: 5
Your IP: 38.107.191.87
,
Today: Sep 09, 2010
ငါဆိုတဲ့တေး

ငါဆိုတဲ့တေး








 



ဒီတေးကို ငါဟစ်
တိုင်းပြည်ကို ချစ်လို့

ဒီတေးကို ငါဆို
အမှန်တရားကို လိုလို့

ဒီတေးကို ငါဟစ်ကြွေး
လွတ်မြောက်ရေးကို မျှော်သမို့။

ဒီတေးကို ငါဆိုရင်း
ထောင်တွင်းမှာ အရိုက်ခံ
တောင်ယံမှာ ကျည်ဆန်တိမ်း
ကျွန်းပေါ်မှာ အောင်လံလွှင့်ခဲ့။

ဒီတေးကို ဆိုရင်း
ကြက်သီးတဖြန်းဖြန်း ထဖူး

အားမာန်တွေ တက်ဖူး
မပျော်စဖူး ပျော်ဖူးသလို
မျက်ရည်တွေလည်း ကျဖူးတယ်။



ဒီတေးကို ငါ
မိဘတွေအတွက် ဆိုတယ်

ချစ်သူအတွက် ဆိုတယ်
သူတို့အတွက် ဆိုတယ်

အားလုံးအတွက် ဆိုတယ်
ငါ့အတွက် ငါလည်းဆိုတယ်။


အတိတ်နဲ့လည်း အတူဆိုဖူး
အနာဂတ်နဲ့လည်း အတူဆိုဖူး

တယောက်ထဲလည်း ဆိုဖူး
တရာနဲ့လည်း အတူဆိုဖူး

တကမ္ဘာလုံးနဲ့လည်း
လက်တွဲဆိုခဲ့တယ်။



ဒီတေးကို ငါ
ကျောင်းသားဆိုတာ ကြားရ
အလုပ်သမားဆိုတာ ကြားရ
လယ်သမားဆိုတာ  ကြားရ
စစ်သားဆိုတာ ကြားရ

တပ်ဦးမှာ၊ တပ်ဖျားမှာ
တောင်ထိပ်မှာ၊ တောင်ခြေမှာ
လမ်းမမှာ၊ လမ်းကြားမှာ
လယ်ထဲမှာ၊ မီးဖိုချောင်မှာ
နေရာတကာမှာ
သြော်.... ဗမာပြည်ကြီး သီချင်းဆိုပါကလား။            ။



ဖိုးသံ (လူထု)

၁၅-၈-၀၉

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်