စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday191
mod_vvisit_counterYesterday169
mod_vvisit_counterThis week847
mod_vvisit_counterLast week1243
mod_vvisit_counterThis month1572
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51827

Online Guests: 9
Your IP: 38.107.191.86
,
Today: Sep 09, 2010
မနေ့က စစ်ရှုံးခဲ့သူ





• သွေးမြေကို ကျောခိုင်းခဲ့။

• တလူလူ လွင့်တက် စစ်မီးခိုးများ
အလောင်းများ
ရဲဘော်များ
နောက်မှာကျန်ခဲ့
မကြည့်ဘဲ မြင်နေရ
ငိုကျန်ရစ်ခဲ့ မိန်းကလေးတယောက်
သားအလောင်း ပွေ့ပိုက်နမ်းရှုပ် မိခင်တဦး
ချောင်းရိုးတလျှောက် အလောင်းရှာနေတဲ့
လင်ပျောက်ဇနီးသည်တဦး
မုန်းတီးမှု၊ ကြေကွဲမှု၊ နာကြည်းမှု
အားလုံး...အားလုံး...ကျန်ရစ်ခဲ့။

• ဒီဘက် နယ်ခြားအရောက်
ဒါတွေဟာ
သူနဲ့ ဘာမှ မဆိုင်သလို အချိုးမျိုးချိုးပြီး
တေးဆိုစီးဆင်းနေတဲ့ ‘ငြိမ်း’ ချောင်းကလေး။

• အလို...
မင်းဆိုနေတဲ့ တေးသီချင်းကလဲ
ငိုချင်းကြီးပါပဲလား။

• ငါ့မှာ...
ဘာမှ ပါမလာဘူးလို့
မင်းထင်ရင် မှားမယ်
ငါ...စစ်ရှုံးသူနဲ့အတူ
သူရဲကောင်းတို့ ပါဝင်ကပြခဲ့တဲ့
အလှပဆုံး ဇာတ်ကွက်ထဲက
အပြောက်မြောက်ဆုံး ဒို့ရဲဘော်တွေရဲ့ စိတ်ဓာတ်
တွယ်ငြိ ကပ် ပါလာလေရဲ့။

• နောက်ပြီး...
အလံတလက်
ဓားတလက်နဲ့
စီးမြင်းတကောင်
ခွေးတကောင်။

• ချောင်းလေးဒီဘက်မှာ တောင်ကုန်းတကုန်း
စစ်ပွဲမျာ ရှုံးခဲ့ပေမယ့်
အရှုံးမပေးသူဟာ
မရှုံးသေးပါဘူး
တောင်ထိပ်ဦးမှာ
အလံတော်ကို စိုက်ထူထားလိုက်တယ်။

• စစ်ဒဏ်ရာကြောင့်
စုတ်ပြဲဖွာလန်နေပေမယ့်လဲ
အလံတော်ဟာ
လေမှာ ရုန်းကန်
တိုက်ပွဲအခန်းဆက်ကို
လက်ညှိုးညွှန်လို့။

• အလံတော်ရိပ်မှာ...ငါ
အလံတော်ဘက်မှာ...ငါ
ဓားကို မြေမှာစိုက်
တချိန်တည်း
ရင်ထဲ အသဲထဲ
သစ္စာပန္နက် မြဲမြဲ စိုက်လိုက်တယ်။

• ငါ့မြင်းကလဲ ငါ့ဘက်မှာပဲ
သူ့မြက်နု သူရှာစားလို့။

• ငါ့ခွေးကလဲ ငါ့ဘက်မှာပဲ
သူ့နေရာ သူဝပ်လို့။

• တရေးနိုးထ
တောင်ကုန်းက ခွာ
စိမ်းမြမြ မြက်ခင်းအလွန်မှာ
ရေရှာတော့...
ကျောက်စက်ကျရေ အေးချိုမြ
အုန်းမှုတ်ခွက်နဲ့ ကမ်းလှာလက်
ပိန်ချည့်ညိုမြ
ကျုံလှီရွတ်တွ
အကြောတွေ ပြိုင်းပြိုင်းထလို့
ဒို့ပြည်က
ဒို့ပြည်သူ အမေအို...။    ။       

 

မောင်လှဝင်း(မြင်းခြံ)

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်