စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday48
mod_vvisit_counterYesterday169
mod_vvisit_counterThis week704
mod_vvisit_counterLast week1243
mod_vvisit_counterThis month1429
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51684

Online Guests: 8
Your IP: 38.107.191.86
,
Today: Sep 09, 2010
အလံလွှင့်ထူလျက်ပါ

• ပိန်းပိတ်နက်ရှိုင်းလှပါဘိ
မှုန်သိုးမှု...ဟိုး...မိုးကုပ်စက်ဝိုင်းအထိ
မျက်မှောင်ကြုတ်စိုက်ကြည့်
ဘီလူးကြီးပမာ အစိမ်းလိုက်ဝါးစားမလို့တဲ့
ရက်စက်မှု ချွန်မြသံလျက်နဲ့
ဒို့ရဲ့ ရှေ့တည့်တည့်က
အမှောင်ထု။

• ရွေးချယ်စရာ လမ်းမရှိပါ
နောက်ပြန်ဆုတ်လို့ မရပါ
ခန္ဓာကိုယ်နဲ့ကင်းကွာ
ဟိုး...အမြင့်မှာ
ချိတ်ဆွဲထားတဲ့ နှလုံးသား
အဲဒီဒို့နှလုံးသားဟာ
အဲဒီမှာ...အဲဒီမှာပေါ့။

• အဲဒီနေရာက ဒို့နှလုံးသားပါပဲ
နီရဲဝင်းပ
သူက ဒို့ရဲ့ မီးပြတိုင်။

• ခေါင်းပေါ်မှာ မိုးပုဆိန်
တူရူမှာ မုန်တိုင်း
ပင်လယ်ဝံပုလွေတို့ ပတ်ဝန်းကျင်
တကမ္ဘာလုံးဟာ
စုံးစုံးမမြုပ်သေးတဲ့
သစ်သီးကလေးတလုံးလို...
ကမ္ဘာဖျက် သမုဒ္ဒရာ လှိုင်းတွေပေါ်မှာ
မြုပ်ချီပေါ်ချည်နဲ့...။

• မသိပါ...
ကူးခတ်နေဆဲ ဒို့ဟာ
ကမ္ဘာမြေမှာလား
သမုဒ်ရေမှာလား။

• နားဝကပ်ပြီး အော်ဟစ်ရယ်မောနေ
ကျောမချမ်းပေမယ့်
နားကန်းလုမတတ်
စကြဝဠာပတ်၊ ပဲ့တင်ထပ်နေ
ဘီလူးတွေ အူမြူးတဲ့ပွဲ။

• ဒို့သွားပြီး ကယ်တင်ရမယ့်သူတွေက
နှလုံးသား မီးရှူးတန်ဆောင်တွေနဲ့
ဒို့ကို
အလင်းရောင်ပြ ကြိုဆိုနေကြပါကလား။

• သိပါပြီ
ကယ်တင်ရှင်ဟာ နတ်ဘုရားမဟုတ်
ဖေးကူတွဲထူပေးတဲ့ လက်များက
ပိန်ချည့်နေကြပေမယ့်
ခွန်အားပြည့်ဝ၊ အားကြီးလှတယ်။

• ကမ္ဘာရဲ့ အဝေးဆုံးနေရာက
ကြားလာရတဲ့ တေးတစ
သဲ့သဲ့ကလေးကနေ
တဖြည်းဖြည်းတစစ ကြည်မြလာ
ဟိုး အနှစ်တရာကျော်ဆီက
ဒို့ရင်ထဲ ဖောက်ထွင်းလာခဲ့တဲ့
နိုင်ငံတကာ့သီချင်းပါလား။

• မိုးကြီးသည်းထန်၊ မုန်တိုင်းညံ
ဒို့ဆန်မယ်ဟေ့ ဆန်တယ်လေ့။

• မိုးပေါက်သည်းထန်၊ မုန်တိုင်းညံ
အလံထူမြဲ ထူမယ်ဟေ့။

• သဲသဲမဲမဲ၊ အမှောင်ထုထဲ
လျှပ်စစ်လက်သဲ၊ ဝင်းဝင်းရဲနဲ့
သဲကြီးမဲကြီး ထိုးခွဲစို့။

• လာပြီဟေ့...
နဂါးခံတွင်းပေမယ့်
သီချင်းကလေးနဲ့ လာခဲ့မယ်။

• ပြီးတော့...
လှေခွက်ချည့် မကျန်
လှေပေါ်မှာ အင်အားတွေ ပြည့်လျှံ
အလံမလှဲ
လေမှာ ပျံဝဲ
အလံလွှင့်ထူထားဆဲ...။    ။

 

 

မောင်လှဝင်း(မြင်းခြံ)



Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်