စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday186
mod_vvisit_counterYesterday169
mod_vvisit_counterThis week842
mod_vvisit_counterLast week1243
mod_vvisit_counterThis month1567
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51822

Online Guests: 11
Your IP: 38.107.191.86
,
Today: Sep 09, 2010
ပန်းစက္ကူလိပ် အနီကလေး





• ငယ်စဉ်ခါက
ရခဲ့ဖူးလို့
ကစားခဲ့ဘူး၊ တပ်မက်ဖူးတယ်
ပန်းစက္ကူလိပ် အနီကလေး။

• ချစ်စကြင်စ
မင်္ဂလာခန်းဝ၊ ချိတ်ဆွဲထားကြ
လှပခဲ့ဖူး၊ မြတ်နိုးဖူးတယ်
ပန်းစက္ကူလိပ် အနီကလေး။

• ချစ်ရဲဘော်အတွက်
မျက်ရည်စနဲ့၊
သူ့ဈာပန၊ အလောင်းလှအောင်
ခြယ်သခဲ့ဖူး၊ ရင်မှာစူးခဲ့
ပန်းစက္ကူလိပ် အနီကလေး။

• အထိမ်းအမှတ်နေ့များ
အခမ်းအနားအတွက်
တိုက်ဖော်တိုက်ဖက်တွေနဲ့
အတူတကွ၊ အလှဆင်ယင်
ကြည်ရွှင်ခဲ့ကြဖူး
အောင်ပွဲရည်စူး၊ ကြိုဆိုဖူးခဲ့
ပန်းစက္ကူလိပ်အနီလေးနဲ့ပေါ့။

• ဆံဖြူဖွေးနဲ့
ဧည့်သည်အိမ်ပြန်၊ အချိန်တန်ပြီ
နေမဝင်မီ...
ယုံကြည်ချက်နဲ့၊ ဖူးခဲ့အလှ
ဘဝနဲ့စက်၊ အသက်နဲ့လှယ်
ခြယ်ခဲ့အလှ
အနာဂတ်နိမိတ်၊ အောင်ပွဲစိတ်ဓာတ်
ပန်းစက္ကူလိပ် အနီကလေး
ဘယ်သူ့ကို ပေးရပါ့
ဘယ်သူက လိုချင်မယ်
လက်ဆင့်ကမ်း ဘယ်သူတွေ သယ်ပါလိမ့်။

• မျှော်တလင့်လင့်
ကမ်းလင့်လက်များ၊ စောင့်စားနေခဲ့
မြေးတို့ရေ...ဟောဒီမှာကွဲ့
မင်းတို့အတွက် အဖိုးရဲ့လက်ဆောင်
ပန်းစက္ကူလိပ် အနီကလေး။    ။


မောင်လှဝင်း(မြင်းခြံ)

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်