စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday181
mod_vvisit_counterYesterday169
mod_vvisit_counterThis week837
mod_vvisit_counterLast week1243
mod_vvisit_counterThis month1562
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51817

Online Guests: 9
Your IP: 38.107.191.87
,
Today: Sep 09, 2010
အဖြူရောင် တစပြင်-------ဆောင်း





§ ဆောင်းဟာ...သေဆုံးခြင်းမဟုတ်
ဆုတ်ယုတ်ခြင်းတကြိမ်သာ ဖြစ်တယ်။



§ ငှက်မဲ့ရွက်မဲ့ပင်သစ်ကြီးငယ်တွေ
မတ်မတ်ထီးထီး
ဆီးနှင်းပင်လယ်ပြင်ကြား
ဝါးမျိုနှစ်မြုပ်....
ငုတ်တုတ်။



§ ကြည့်
တောင့်ခဲတိတ်ဆိတ်မှုနဲ့
လန့်ထိတ်စရာတန့်ရပ်မှုတွေဟာ
နေရာတကာ လေအေးနဲ့ပါ။



§ ဒါပေမဲ့လေ
မြေလွှာသဲကျောက်အတွင်းက
မဟာဆီးနှင်းထုအောက်မှာ
ကောက်ကောက်ကွေးကွေး
သေးတုတ်နုရင့် အမြစ်အတက်တွေဟာ
နွေဦးကြိုတေးသီချင်းကို ကျူးရင့်လို့
လက်ချင်းချိတ်လို့။



§ သူတို့ဟာ
ရှင်သန်ထမြောက်ခြင်းရဲ့
အလှသရဖူနဲ့
အဖြူရောင်တစပြင်ကြား
အို....၀င့်ကြွားတောက်ပလို့ပါလား။



အောင်ပင်လယ်





Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်