စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday182
mod_vvisit_counterYesterday169
mod_vvisit_counterThis week838
mod_vvisit_counterLast week1243
mod_vvisit_counterThis month1563
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51818

Online Guests: 10
Your IP: 38.107.191.89
,
Today: Sep 09, 2010
ဗန်းမော်ညိုနွဲ့ သို့ ............



တာဝန်ကျေပြီ....
အငြိမ့်ကတဲ့
ကချေသည်တောင်မှ
ပတ်စာခွာ ဖျာအသိမ်းမှာ
ထမီသိမ်းခေါက် ပ၀ါခေါက်သိမ်း
မီးမငြိမ်းမီ အိမ်ပြန်နားတော့မည်၊

တာဝန်ကျေပြီ...
မြေပြင်ကောင်းကင်
အမှောင်ချိန် အားအင်ဖြစ်စေဖို့ 
အလင်းချည်မျှင်ရက်ယှယ်
ကောင်းကင်က ကြယ်ကလေးတွေတောင်မှ
တဖျတ်ဖျတ် မှိတ်တုတ်မှိတ်တုတ်နဲ့ 
အိပ်ချင်နေရှာကြပြီ၊

တာဝန်ကျေပြီ
မြည်တဲ့ ပီတဲ့
ရေဒီယိုကလေးတောင်မှ
ဒီမိုကရေစီသတင်း
ကမ္ဘာ့သတင်း၊ ဗမာ့သတင်း
သတင်းတွေ ကုန်တင်ကုန်ချလို
ထမ်းရပိုးရ မောလွန်းလှလို့ 
မဟနှုတ်ဆိတ် တိတ်လေပြီ၊

တာဝန်ကျေပြီ
သင့်ရဲဘော် ဆီမီးခွက်လေးတောင်မှ
ဆီရည်ကြည်ခန်း၊ မီးဇာကျွမ်းလု
သူ့ တာဝန်မှ နားရတော့မည်။

အို.... ကဗျာဆရာငဲ့
အသက် ၈၀ ကျော်အထိ ဖွဲ့ နွဲ့ ခဲ့
မြန်မာ့အလှကိုချစ်တဲ့ သင့်ရဲ့ ကဗျာ
အမျိုးသားကိုချစ်တဲ့ သင့်ရဲ့ စာ
တိုင်းပြည်ကိုချစ်တဲ့ သင့်ရဲ့ ပေဖူးလွှာ
မညှိုးပန်း ရောင်စုံပွင့်လေးတွေပါပဲ
ချန်ထားရစ်တော့ အိပ်စက်လော့၊

အို....ကဗျာဆရာငဲ့
အမှန်နဲ့ အမှား
စည်းကြောင်းထင်းထင်းတားလို့ 
မတရားမှုကို ဖီဆန်
အမှန်ဘက်က ရပ်တည်တဲ့
သင့်ရဲ့ စိတ်ဓာတ်နဲ့ နှလုံးသား
ဘက်တော်သားတွေက မေ့မသွားပါဘူး
ချန်ထားရစ်တော့ အိပ်စက်လော့။

အို.... ကဗျာဆရာငဲ့
ဒီမိုကရေစီ၊ ရောင်ခြည်လင်းစ
မရသေးခင်...သင်
နောက်ဆံတင်းစွာ၊ ခွဲခွာရတဲ့အဖြစ်ပေမယ့်
ယုံကြည်လိုက်စမ်းပါ
တနေ့ သောအခါ
မျက်နှာချိုမြ၊ ၀င်းပပနဲ့ 
ဖိုးလမင်းကြီး ထိန်ထိန်သာ
ဒို့ ပြည်ဒို့ ရွာ
ဒီမိုကရေစီအလင်းတွေ ဖြာလို့ 
အောင်ပွဲရမှာ အသေအချာပါပဲ
စိတ်ချပါတော့ အိပ်စက်လော့။

အို....ကဗျာဆရာငဲ့
တာဝန် ကျေပွန်ပြီးသူတွေ သွားနှင့်ကြ
တာဝန်လက်ဆင့်ကမ်း
သယ်ထမ်းမယ့်သူတွေ လာနေဆဲ
အောင်ပွဲမရမချင်း
တိုက်ရဲတဲ့တိုင်းပြည်ပါ
တိုက်ရဲတဲ့ ပြည်သူတွေပါ
သင်ယုံကြည်မှာပါ
စိတ်ချပါတော့ အိပ်စက်လော့။

အို....ကဗျာဆရာငဲ့
သဘာဝမိခင်က
လက်ယပ်ခေါ်တဲ့အခါ
ဝမ်းနည်းကြေကွဲစရာပေမယ့်
ဘယ်သူ ငြင်းသာမှာလဲ
ဖြေသာတာက
သင့်တာဝန် ကျေခဲ့ပြီလေ
သင်ထမ်းနိုင်သမျှ ထမ်းခဲ့ပြီးပြီလေ
ကြိုဆိုဂုဏ်ပြုနေတဲ့
ဧရာကမ်းက မြေ၀သုန်မှာ
သင်...ငြိမ်းချမ်းစွာ နားနေအိပ်စက်လော့။

အို....ကဗျာဆရာငဲ့
လူသူတကာ မသိပေမယ့်
ဒို့ အတွက်
သင်ပေးဝေခဲ့တဲ့ သပြေတခက်
သင်ကမ်းလှမ်းလိုက်တဲ့ ရေချမ်းတအိုး
သင့် လက်ဆောင် ပန်းတပွေ့ 
ဒို့ တတွေ မမေ့ကြောင်း
အကြောင်းကြားလိုက်တယ် ရဲဘော်....။

အို....ကဗျာဆရာငဲ့
အလင်းခေတ်သို့ ရွေ့ လျားနေပြီပဲ
အမှောင်ရည် စေးပျစ်ပျစ်ရဲ့ 
အထွတ်အထိပ် အချိန်ပါပဲ
တာဝန်ကျေစွာ
အမှောင်တံခါး ပိတ်ရတော့မှာ
အလင်းတံခါး ဖွင့်ရတော့မှာ
စိတ်ချသာ သွားပါတော့
ကြိုဆိုဂုဏ်ပြုနေတဲ့
ဧရာကမ်းက မြေ၀သုန်မှာ
ငြိမ်းချမ်းစွာနဲ့ 
ခေါင်းချနားနေ အိပ်စက်လော့။ ။


မောင်လှဝင်း(မြင်းခြံ)
၂၄- ၁၁- ၂၀၀၉


Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်