စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday55
mod_vvisit_counterYesterday169
mod_vvisit_counterThis week711
mod_vvisit_counterLast week1243
mod_vvisit_counterThis month1436
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51691

Online Guests: 9
Your IP: 38.107.191.89
,
Today: Sep 09, 2010
ဆရာ ဗန်းမော်ညိုနွဲ့ ဆိုတဲ့လူ




မြန်မာမင်းလက်ထက်
ကောင်းတုံလို့ခေါ်တဲ့
ဧရာဝတီ  တဖက်ကမ်း
ရှေ့တန်းကင်းစခန်း ဖြစ်ခဲ့တဲ့ မြို့ ။


တပိန် မြစ်ကြောင်း လမ်း
ဧရာမြစ်ကြောင်းလမ်း
ကုန်းလမ်းရေလမ်း
ရှမ်း ကချင် တရုတ် ကုလား
သွားလာကူးသန်း
ပိုးလမ်းမကြီးရဲ့ တစိတ်တဒေသ
ကုန်သွယ် ရေးလမ်းမပေါ် ကမြို့။


ဒုတိယကမ္ဘာစစ် ကာလ
စစ်ရေးအချက်အချာ ကျ
လီဒိုလမ်းမ ကြီးပေါ်ကမြို့ ။


အင်္ဂလိပ်တပ် ဂျပန်တပ်
အမေရိကန်တပ် တရုတ်တပ်
တပ်ပေါင်းစုံ ကျော်ဖြတ်နင်း
စစ်တလင်း ဖြစ်ခဲ့တဲ့ မြို့  ။


ဒီမြို့ကလေး ဟာ
မတော် တာဆိုရင်
ရှင်ဘုရင်ကိုပင် ခွ တိုက် တဲ့
သာသနာ့အကျော်အမော်
ဗန်းမော်ဆရာတော် အစ
မြစ်ဧရာ ပေါ်က သံမဏိလင်းယုန်
ဗန်းမော်တင်အောင် အဆုံး
နှလုံး ရည်လက်နက် ကလောင်ထက် တဲ့မြို့ ။


လွတ်လပ်ရေး အတွက်
ရရင် ရ  မရရင် ချဖို့
ဗိုလ်အောင်ဆန်းကိုယ်တိုင် လာရောက်စည်းရုံး
လက်ရုန်း တောင့်တဲ့မြို့  ။


ကိုလိုနီခေတ်
ဖက်ဆစ် ဂျပန် ခေတ်
လွတ်လပ်ရေးခေတ်
ဒီမိုကရေစီတိုက်ပွဲခေတ်
ခေတ်ပြိုင် သမိုင်း အဆက်ဆက်
တော်လှန်ရေး မျိုးဆက် မပြတ်တဲ့မြို့ ။


ဒီမြို့ကလေးမှာ
အသက်  ၈၇ နှစ် အရွယ်
ကျောင်းဆရာ
ကဗျာဆရာ
ပြည်သူချစ်တဲ့ ဆရာအို တယောက်
ပေါက်ဖွား နေထိုင်ကြီးပြင်းထွက်ခွာ
လွမ်းစရာ တွေကျန်ခဲ့တဲ့မြို့  ။

စေတနာ  ဝါသနာ  အနစ်နာ
နာသုံးနာ နဲ့ရပ်တည်
သစ္စာဝါဒီ တဦး
တောရှင်း မြေပြင် လယ်သစ်ထွင် တဲ့ မြို့ ။


ဓားများ ကိုထက်စေသူ....
ပန်းများကို ပွင့်စေသူ.....
ကျောက်သား လိုမာပြီး
မြေဆီ မြေသားလို နုညံ့ ပျော့ပြောင်း စွာ
မထင်မရှား နေထိုင်သွား ခဲ့သူ
ဒီမြို့ နဲ့ ဒီလူ ဘာကို မှုမတုန်း ။

ဒီလိုလူ တွေ ရှိ နေသရွေ့
ဒီမြို့ နဲ့ ဒီပြည် ဟာဘယ်တော့ မှ မတိမ်ကောဘူး ။



အောင်ငြိမ်း ၁၆-၁ဝ- ၂၀၀၉

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်