စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday192
mod_vvisit_counterYesterday169
mod_vvisit_counterThis week848
mod_vvisit_counterLast week1243
mod_vvisit_counterThis month1573
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51828

Online Guests: 10
Your IP: 38.107.191.87
,
Today: Sep 09, 2010
ရဲဘော်နိုင်

 


‘နိုင်’ဟေ့‘နိုင်’

အများချစ်တဲ့‘နိုင်’

‘နိုင်စိတ်’နဲ့လာတဲ့ ‘နိုင်’

သေနတ်လက်နက်ကိုင်။

ဆောင်းရဲ့....ကွယ်

တောင်ဇောင်းဘေးက ယာတိုက်လေးရယ်

အလစ်အငိုင်ခံလိုက်ရတယ်

ကြောက်လန့်တုန်လှုပ်ဖွယ်

အကာအကွယ်မဲ့လှတယ်။

အဲဒီတဲလေးထဲမယ်

သူတယောက်ပဲ တောင်းဆိုကျန်ခဲ့တယ်

ရဲဘော်ဆယ်ယောက်ကို ဘေးကင်းအောင်

လွတ်အောင် ကျွတ်အောင်

ရှောင်ခိုင်းဆုတ်ခိုင်းခဲ့ပါတယ်

ရန်သူဖြတ်ပိတ် ၀ိုင်းထားတဲ့အလယ်

နောက်ဆုံးကျည်တတောင့်ထိ တိုက်ခဲ့တယ်

သူ့အလောင်းနဲ့ သူနေခဲ့တယ်။

ပေါင်းလောင်းဇော်ဂျီ

ဒုဋ္ဌ၀တီ

အို....အမိဧရာဝတီ။

သူ့အမည်ရင်းက ‘ကိုသိန်းထီ’

မစိုးရိမ် ဆွမ်းကျောင်းကိုမှီ

တက္ကသိုလ်ကျောင်းသားဖြစ်သည်

လူရည်ချွန်သုံးထပ်ကွမ်းဖြစ်သည်

ဗိုလ်နေ၀င်းနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ဖူးသည်

ဗိုလ်အောင်ဆန်းဟာ သူ့စံတယောက်ဖြစ်ခဲ့သည်

တလက်လက်ကြယ်နီ။

ငြိမ်းချမ်းသူ

 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်