စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday190
mod_vvisit_counterYesterday169
mod_vvisit_counterThis week846
mod_vvisit_counterLast week1243
mod_vvisit_counterThis month1571
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51826

Online Guests: 8
Your IP: 38.107.191.85
,
Today: Sep 09, 2010
ဓားကျွန်းခရီး




မောင်လှဝင်း(မြင်းခြံ)


• ယုံကြည်ချက်အတွက်
အသက်ကို မရဏမင်းထံအပ်
အာမခံစာရင်း ကြိုတင်ပေးသွင်းပြီး
ရဲဘော်လဲ ခရီးထွက်ဖူးတယ်
ကျနော်လဲ ခရီးထွက်ဖူးတယ်။



• ၃ဝ ကျော်တုန်းက တခါ
၎ဝ ကျော်တုန်းက တခါ
၅ဝ ကျော်တုန်းက တခါ
၆ဝ ကျော် အခုအချိန်မှာ တခါ
အလှည့်အပြောင်းခရီးတွေပါ။



• ဒီလို မှောင်မည်းနေတဲ့ ခေတ်ကြီးထဲမှာ
ကျနော်....
ခင်ဗျား....
အားလုံး....
ဒီလိုပဲ ခရီးထွက်ကြရ
တချို့လဲ ကျဆုံး
တချို့လဲ ရှေ့ဆက်-ချီတက်
ဒီစနစ် ဒီခေတ်မှာ
ဒီခရီးတွေ ဆက်ရှိဦးမှာပဲ။



• အတိတ်ခရီးများ
ပြန်စဉ်းစားမိတိုင်း
“ဓားကျွန်းခရီးများ”လို့
ကိုယ့်ဘာသာ အမည်ကလေး
ရွေးပေးထားတယ်။



• အသက် ၂၁
၁၉၆၇ ခုနှစ်မှာ
ဓားကျွန်းရွာသို့ ခရီးတခါ ထွက်ဖူးတယ်။



• အဲဒီအချိန်တုန်းက
ဧရာ....
သူ့မျက်နှာ
ရေလွှာအခင်းအကျင်း
သင်ဖြူးတချပ် မဟုတ်ခဲ့။



• ဧရာ
ဝေဒနာနဲ့
အထိုးအကြိတ် အနာခံထားရသူလို
သူ့မျက်နှာ ဖူးရောင်ကြွလို့။



• ဘီလူးခေါင်းကြီးတွေ
ဘွားခနဲ ဘွားခနဲ ပေါ်လာသလို
လှိုင်းလုံးကြီးတွေကလဲ
ဘီလူးစွယ်တွေ ထုတ်ပြပြီး ခြိမ်းခြောက်လို့။



• လှေကလေးကို
သူ့ခံတွင်းထဲ ဆွဲသွင်းဖို့
ဘီလူး လက်တံရှည်နဲ့
ယက်ယူနေတဲ့ သူ့လောဘကလဲ
စည်းချက်ကျကျ ခုန်လို့။



• တောင်အရပ်က မျက်နှာမဲကြီးကလဲ
သူ့အငြိုးက အရုပ်ဆိုးလိုက်တာ
ကမ္ဘာကြီး လွင့်ထွက်သွားအောင်
ကြိုးစားနေတာများလား
လေပြင်းမုန်တိုင်းတွေ မှုတ်ထုတ်လို့။



• တမိုးလုံး မှောင်မဲနေပြီး
ကမ္ဘာလောကကြီးက
ကျနော့်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတာများလား

ကျနော်....
မျက်မှောင်ကုတ်ကာ ပြန်ကြည့်လိုက်တယ်၊

• ကျနော် အားကိုးစရာဆိုလို့
လှိုင်းတောင်ထိပ်ဖျားပေါ် မြောက်ကြွသွားလိုက်
လှိုင်းတောင်ခြေရင်း ပြန်ကျလာလိုက်
မာန်တင်းနေတဲ့ လှေကလေးသာပါ
လှေနံကို ကိုင်ရင်း
မသိစိတ်မှာ ပေါ်လာတဲ့ အကြောက်တရားကို
သွားစမ်းကွာ ဒါမျိုး လာလုပ်မနေနဲ့
မောင်းထုတ်ကာ ရင်ကိုမတ်
စိတ်ဓာတ်ကို အဆုံးစွန်အထိ မြှင့်တင်ရင်း
သေမင်းခံတွင်း
လှိုင်းလုံး ဘီလူးခေါင်းကြီးခံတွင်း
ရှောင်ကွင်းမရတဲ့ ရည်ရွယ်ချက်တခုအတွက်
ခေါင်းထိုးသွင်းရင်း ဝင်လိုက်တယ်။         ။

၂၀၀၈ ဇူလိုင်။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်