စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday184
mod_vvisit_counterYesterday169
mod_vvisit_counterThis week840
mod_vvisit_counterLast week1243
mod_vvisit_counterThis month1565
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51820

Online Guests: 12
Your IP: 38.107.191.85
,
Today: Sep 09, 2010
ဆယ်စုသုံးစုရဲ့တေးသံ (သို့မဟုတ်) အနာဂတ်အိပ်မက် ရေးသူ- နိုင်လူ

 




ဆယ်စုသုံးစုရဲ့တေးသံ (သို့မဟုတ်) အနာဂတ်အိပ်မက်


ရေးသူ- နိုင်လူ


သွေးမြစ်ရေဆန်မှာ

လှိုင်းထန်နေတဲ့

မုန်တိုင်းထဲကို

ငါစီးဝင်ခဲ့။

ဆိတ်ဖလူးနံ့

သင်းနေတဲ့

သူရဲကောင်းတို့ရဲ့

ပြတိုက်အကျဉ်းမှာ

နေ့ညမသိ

တံခါးနှစ်ထပ်

အခန်းလုံပိတ်

လုံးတီးဆန်ပဲစားရင်း

ခရီးဆက်ခဲ့။

ဖူး- ချေ- ကင်း- အိ

မင်း- ထွိုင်း- ဟိုင်း

တို့ရဲ့တေးသံ

ကျားပါးစပ်လှောင်အိမ်

နံရံကို ရိုက်ခတ်

ငါရဲ့နှလုံး

သွေးကြောထဲ

ယှက်ဖြာစီးပျော်ခဲ့။

လွတ်လပ်ခွင့်

လူ့အခွင့်အရေး

ညီမျှခြင်းရှိတဲ့

မြို့ပြရဲ့ နိုင်ငံတခုမှာ

ငါကျင်လည်ခဲ့ရ။

မိုးရာသီရဲ့

ရက်တရက်မှာ

"စီ-ဗွီ-တီ" ဌာန

တခုကိုငါ

ရောက်ခဲ့ရ။

'နရသိန်' အကျဉ်း

မှအပြန်

နွေးထွေးနေတဲ့

အမေ့အိမ်ထဲ

ပြန်သလို ခံစားရ။

ညှင်းပန်းနှိပ်စက်

ခံရသူတို့ရဲ့

ကွန်းခိုရာဖြစ်တဲ့

စခန်းတခုမှာ

ငါနားခွင့်ရခဲ့။

နှစ်တနှစ်ရဲ့

ကာလတခုမှာ

'ဓူဝံ'ကြယ်ဟာ

ငါ့ကို လမ်းပြသူဖြစ်ခဲ့။

ရာသီစက်ဝန်း

ခြောက်ခုအကြာ

ပျောက်သောလမ်းကို

ရှာဖွေတွေ့ရှိခဲ့။

ဆည်းဆာသစ်နဲ့

အာရုဏ်ဦးရဲ့

အိပ်မက်ဟာ

တောက်ပနေဆဲ။


နိုင်လူ။


ဇွန် ၁၆၊ ၂၀၀၉ခု၊ ညနေ ၅း၃၀။

[မှတ်ချက်-"စီဗွီတီ" ဌာန= C.V.T. Center for Victims of Torture

ဖူး- ဂျူးလီးယပ်ဖူးချစ်၊

ချေ- ချေဂွေဗားရား

ကင်း- မာတင်လူသာကင်း

အိ- ချောအိမန်

မင်း- ဟိုချီမင်း

ထွိုင်း- ငုယင်ဗန်ထွိုင်း

ဟိုင်း- အိုယန်ဟိုင်း]

{ဗမာပြည်က စစ်အစိုးရအကျဉ်းစခန်းမှာ ၁၉၇၅ မှ ၁၉၈၀ ထိ ငါးနှစ်ကြာ ပထမအကြိမ်၊ ၁၉၈၉ မှ ၂၀၀၅ ထိ ၁၆ နှစ်ကြာ ဒုတိယအကြိမ်၊ စုစုပေါင်း ၂၁ နှစ် ကြာ နှစ်ကြိမ်တိုင်တိုင် အကျဉ်းကျခံခဲ့ရရှာသော နိုင်ငံရေးအကျဉ်းသား တဦးရဲ့ ရင်တွင်းဖြစ် ကဗျာတပုဒ် ဖြစ်ပါတယ်။}

 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်