စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday196
mod_vvisit_counterYesterday169
mod_vvisit_counterThis week852
mod_vvisit_counterLast week1243
mod_vvisit_counterThis month1577
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51832

Online Guests: 8
Your IP: 38.107.191.85
,
Today: Sep 09, 2010
၂၀၁၀

 

၂၀၁၀


*နှစ်သာတနှစ် ပြောင်းသွားတယ်

အဟောင်းတွေက တပွေ့တပိုက်ကြီးပဲ


*၂၀၁၀ ဟာ

ညာသံပေးရင်း ချွတ်နင်းနဲ့ ၀င်လာတယ်

၂၀၁၀ ဟာ

ကိုယ်ထောင်တဲ့ မိုင်းကွင်း ကိုယ်ပြန်နင်းတော့မယ်

၂၀၁၀ ဟာ

တောင်ကုန်းဖြင့် မသိမ်းရသေးဘူး

အလံက ထူချင်နေပြီ


* မုန်တိုင်းနဲ့ ငလျင်

ဆူနာမီနဲ့ တောမီး

ကမ္ဘာကြီးက အပြင်းဖျား

ချမ်းတုန်အေးစက် အပူတက်နေတယ်


* ရာသီဥတုနှင်းခဲပျော်ချိန်

မီးတောင်တွေလဲ တလုံးပြီးတလုံးပေါက်ကွဲ


* တချို့က

ပင်လယ်ရေအောက် အစည်းအဝေးထိုင်

တချို့က

ဟိမ၀န္တာတောင်ပေါ် ဆွေးနွေးပွဲလုပ်

ဗိုလ်ချုပ်ကြီးများကတော့

လိုဏ်ခေါင်းထဲ ကတုတ်တူး ဘ၀ကူးဖို့ပြင်နေရဲ့


* ဒီလိုနဲ့ ၂၀၁၀ ဟာ

ခပ်ညံ့ညံ့မျက်လှည့်ဝိုင်းလို

ရိုးအီနေပြီဖြစ်တဲ့

ဖန်တရာတေပြကွက်နဲ့ ပွဲထွက်တော့မယ်


* ဒီလိုနဲ့ ၂၀၁၀ ဟာ

ဗာရာဏသီနဲ့ ဗြဟ္မဒတ်

ထိုးဇာတ်နဲ့ နေမြင့်

ဒို့အရေးသုံးပါး လုပ်စားခဲ့တာ ကြာလှပေါ့


* ဒီလိုနဲ့ ၂၀၁၀ ဟာ

တိမ်ကြားမင်းခေါင်လို့အော်ရင်း

ပုဆိုးခြုံပြီး ချုံပုတ်ထဲက ထွက်လာတယ်


* ၂၀၁၀ ရေ .... မင်းဟာ

သေမယ့်နှစ် စစ်ထဲလိုက်

မြေပုံပေါ် မှတ်တိုင်စိုက်တော့မှာလား


* ၂၀၁၀ ရေ .... မင်းဟာ

ဝါတာလူးစစ်ပွဲမှာ

နပိုလီယံ ဘိုနာပတ် တပ်ပျက်တဲ့နှစ်လား


* ၂၀၁၀ ရေ .... မင်းဟာ

အဒေါ့ဗ်ဟစ်တလာ

ဘာလင်မြေအောက်ဂူထဲမှာ

ကိုယ့်ကိုယ်ကိုယ် စီရင်သွား ပြဿဒါးနှစ်လား


* ၂၀၁၀ ရေ .... မင်းဟာ

ပုဂံရာဇ၀င်ထဲက တရုတ်ပြေးမင်း

ဟင်းခွက်တရာနဲ့ ပွဲတော်မတည်နိုင်ရှာလို့

ဝမ်းနည်းပူဆွေး ငိုကြွေးတဲ့နှစ်လား


* ဘယ်လိုဖြစ်ဖြစ်

ဘာဘဲဖြစ်နေနေ

ဘယ်သူတွေကဘဲ မင်းရဲ့ဂုဏ်ပုဒ်

သေးနုတ်အောင်လုပ်ပါစေ

ပြည်သူ့အင်အား ညီညွတ်နိုးကြား

တိုက်ပွဲများနဲ့ ကြိုဆိုပါတယ် ၂၀၁၀ ။




အောင်ငြိမ်း

(၁၅ ဇန်န၀ါရီ ၂၀၁၀)

 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်