စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday180
mod_vvisit_counterYesterday169
mod_vvisit_counterThis week836
mod_vvisit_counterLast week1243
mod_vvisit_counterThis month1561
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51816

Online Guests: 8
Your IP: 38.107.191.86
,
Today: Sep 09, 2010
ဆောင်းနှောင်း မြို့နာ ၏ ဖြစ်စဉ်
 အလွှာတွေ
ကွာကျ သွား သလိုတော့
အမြင်မှာ ရှိသပေါ့.............

အမှန်က
အလွှာတွေနစ်ဝင်သွားလိုက်တာ
အပေါ်ယံမှာ ပြည်တ၀င်းဝင်း
အဲဒီရှင်သန်ခြင်းတွေနဲ့ အသားနု ကို မတက်နိုင်တဲ့နေရာ
အဲဒီ ငါ့ဇာတိမြို့လေးဟာလေ
နွေဆို ဖုန်ထ
ဆောင်းဆို တုန်ပြတတ်သေးယုံနဲ့
ဖုတ်လှိုက်ဖုတ်လှိုက် ကုံလုံကြွယ်ဝနေတာပ....

နန်နို စကေး ထိ အောင် စာရိတ္တတွေ ကျစ်လျစ်နေပုံကလဲ
ရှာကြံကြွား ချင်လောက်အောင်ကိုပါပဲ
ဂုဏ်ယူစရာဖြစ်တယ်ဆိုရင်ပေါ့...

ဂုဏ်ယူစရာတကယ်ဖြစ်တယ်ဆိုရင်ပေါ့............

ဒီဇယ်စွမ်းအင်နဲ့ ပုခုန်းအားကောင်းခဲ့ဖူးတဲ့ကားအိုကြီးတစင်း
ဆောင်းတွင်းမနက်တွေမှာ အနှိုးရခက်သလိုလဲ
သူက အိပ်ချင်ယောင်ဆောင်သေးတယ်

ဒီမယ်.... ဇာတိမြေရေ
နွေည ၀ါးလှည်းတွေ တကျွီကျွီဖြတ်ရင်
ဘုရားကြီးလမ်းက ဖရဲသီးဆိုင်တန်းတွေ မီးတိုင်ငြိမ်းရင်
တမြို့လုံးမီးမှိတ်လို့ အိပ်မောကျသွားပြီဆိုရင်
ဘာကိုမှမငြိုငြင်စိတ်နဲ့အိပ်ချင်ယောင်မဆောင်ပါနဲ့
အနာငမ်းဝင်ပြီး လွမ်းချင်တိုင်းလွမ်း....


သိပ်တော့ မဆန်းလှပါဘူးလေ
 စင်ဒရဲလားရဲ့ဖိနပ်
ကတ္တရာလမ်းဘေးကောက်သူမဲ့ တာ ဘာဟုတ်သေး
ဘူတာရုံလေးက တောင်
ရထားယောင်ဆောင်တဲ့ ကားတွေကို မရှောင် တတ်ခဲ့တာ
 
ဟောသမှာ
ပျော်သလိုသာ အိပ်နေခဲ့ခြင်းဟာ
သူ့ အဘိဓမ္မာများလားတောင်ထင်ရ
ခုတော့...........
ယောင်ပြနှင်းကြွင်းတွေကြားမှာ ပုဝါခြုံလို့ 
သူ့ ခမြာ ငမ်းဖမ်းလို့ တုန်...........။           ။

ကိုထွေးညို (တမာတန်း)
Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်