စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday68
mod_vvisit_counterYesterday169
mod_vvisit_counterThis week724
mod_vvisit_counterLast week1243
mod_vvisit_counterThis month1449
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51704

Online Guests: 12
Your IP: 38.107.191.86
,
Today: Sep 09, 2010
တယ်ဟုတ်တဲ့ကောင်




ပြည်တွင်းစစ် ဈေးဘောင်ကျိုးမှာ
ပွပေါက်တိုးပြီး
အမျိုးချစ်ပြနေလိုက်တာ
တိုင်းပြည်နဲ့ လူမျိုးမှာ
ကုန်းကောက်စရာဆိုလို့
ကျက်သရေနဲ့ သိက္ခာတောင်
မရှိတော့ပါလားဟေ့။

အလှူရေစက်
လက်နဲ့မကွာ
ချစ်စရာ ရိုးရာဓလေ့
ချစ်စရာ ဒို့ဗမာဓလေ့
ပျော်မွေ့ဖွယ်ကောင်းတဲ့ ဒို့တိုင်းပြည်မှာ

ဩော် ..... အခုတော့
ဘုရားတန်ဆောင်း
ကျောင်းပြာသာဒ်အတွင်း
စစ်ဖိနပ်နဲ့နင်း
စစ်တလင်းကြေညာ
ရန်ငါပြတ်
သံဃာသတ်တဲ့
ခေတ်သစ်အဇာတသတ်တွေပါလားဟေ့။

၂၀၀၈ မှာ .....
နာဂစ်နဲ့အနာဖြစ်ရတဲ့
ပြည်သူတွေ လည်မျိုညှစ်
ဥပဒေအတည်ဖြစ်အောင် လုပ်ရဲတဲ့
တကယ့်သူရဲကောင်းတွေပါလားဟေ့။

လာမယ့် ၂၀၁၀ မှာ
ရွေးကောက်လည်းငါ
မရွေးကောက်လည်းငါ
သဒ္ဒါကြေးနဲ့
မဲပေးလဲငါ
မဲမပေးလဲငါ
မဟာဘုန်းသမ္ဘာရှင်

နေပြည်တော်ဆောက်
အပယ်မကြောက် ငရဲမကြောက်တဲ့
တယ်ဟုတ်တဲ့ ဗိုလ်ချုပ်များပါလားဟေ့။ ။

ဝင့်မော် (RTC - Mdy)

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်