စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday182
mod_vvisit_counterYesterday169
mod_vvisit_counterThis week838
mod_vvisit_counterLast week1243
mod_vvisit_counterThis month1563
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51818

Online Guests: 10
Your IP: 38.107.191.86
,
Today: Sep 09, 2010
အရှေ့မိုးကောင်းကင် ပုံပြင်များ

အရှေ့မိုးကောင်းကင် ၀က်ဆိုဒ်ကို တက်ရောက်ဖတ်ရှုနေကြသော ချစ်စွာသော စာဖတ်ပရိသတ်များခင်ဗျား....

ကျွန်တော်တို့တတွေဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ရင်း စစ်အာဏာရှင် အဆက်ဆက်ကို တိုက်ပွဲဝင်နေကြပါရတယ်။ ဒီလို ဘ၀ အမော တွေကို ပြေစေဖို့အတွက် “ဉာဏ်ကြီးရှင် အာဖန်ထီး” ပုံပြင်များကို တင်ဆက်လိုက်ပါတယ်။



၁။ ငွေအဿပြာနဲ့ အမှန်တရား




တရက်မှာ ဘုရင်ကြီးက အာဖန်ထီးကို “ အာဖန်ထီး မင်းရှေ့မှာ တဖက်မှာ ငွေအဿပြာ၊ အခြားတဖက်မှာ အမှန်တရား ကို တွေ့နေရင် မင်း ဘာကို ရွေးမလဲ”လို့ မေးလိုက်တယ်။

“ကျွန်တော်မျိုးကတော့ ငွေအဿပြာကိုပဲ ရွေးပါမယ်ဘုရား”လို့ အာဖန်ထီးက ဖြေလိုက် တယ်။

ဒီတော့ ဘုရင်ကြီးက “မင်းဘာလို့ ဒီလိုဖြစ်ရတာလဲ” လို့ အာဖန်ထီးကို မေးပါတယ်။ “ငါသာ ဆိုရင်တော့ အမှန်တရားကို မုချ ရွေးမှာပဲ။ ငွေအဿပြာကို လုံးဝ မယူဘူး။ ငွေအဿပြာဆိုတာ ဘယ် လောက်များ ထူးဆန်းလို့လဲ။ အမှန်တရားဆိုတာက ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူး မဟုတ်လား” လို့ ဘုရင် ကြီးက ရှင်းပြပါတယ်။

ဒီတော့ အာဖန်ထီးက “ ဘယ်သူဖြစ်ဖြစ် မိမိမှာဘာမရှိသလဲ၊ မရှိတာကိုပဲ ယူမှပေါ့ အရှင်မင်း ကြီးဘုရား။ အရှင်မင်းကြီး ယူလိုက်တဲ့ပစ္စည်းဟာ တကယ်တော့ အရှင်မင်းကြီးမှာ အလိုအပ်ဆုံး ပစ္စည်းဖြစ်လို့ နေမှာပေါ့”လို့ ပြန်ပြောလိုက်ပါသတဲ့။               ။



၂။ ဘုရင်ကြီးမှာ ခြေလေးချောင်းရှိတယ်



တခါမှာ အာဖန်ထီးဟာ မျက်စိနာရောဂါ ဖြစ်နေလို့ မျက်စိ ကြည့်လို့မကောင်းဖြစ်နေတယ်။

ဒါကြောင့် ပစ္စည်းတွေ ကြည့်တဲ့အခါ မရှင်းမလင်း မသဲမကွဲ ဖြစ်နေသတဲ့။ အဲဒီသတင်းကို ကြားတော့ ဘုရင်ကြီးဟာ အာဖန်ထီးကို ရှေ့တော် ၀င်ရောက်ခစားဖို့ ဆင့်ခေါ်လိုက်တယ်။ အာဖန် ထီးရောက်လာတော့ ဘုရင်ကြီးက အာဖန်ထီးကို ဟိုဟာ ကြည့်စမ်း၊ ဒီဟာ ကြည့်စမ်းနဲ့ ခိုင်းပြီး ရယ်စရာ လုပ်နေတယ်။ “ မင်း ဘာကြည့်ကြည့် အရာတိုင်းဟာ တခုကနေ ၂ ခု ဖြစ်နေတယ်ပေါ့။ ဟုတ်တယ်မဟုတ်လား။ မင်းက နဂိုကတည်းက ဆင်းရဲသားဆိုတော့ မြည်း တကောင်တည်းရှိနေတာ အခုတော့ မြည်း ၂ ကောင် ဖြစ်နေပြီပေါ့လေ”လို့  ဘရင်ကြီးဟာ  ငေါ့တော့တော့ ပြောရင်း တဟား ဟား ရယ်နေပါတော့တယ်။

“အရှင်မင်းကြီးဘုရား အခုတော့ အဲဒီတိုင်း မှန်ပါတယ်ဘုရား။ ဥပမာ ဆိုပါစို့ အခု ဘုရင်မင်း မြတ်ကြီးကို ကြည့်လိုက်တော့လည်း ကျွန်တော်မျိုးက ခြေလေးချောင်းတွေ့နေရပါတယ် ဘုရား”လို့ လျှောက် ထားလိုက်ပါသတဲ့။





၃။ နေနဲ့လ



လူတယောက်က အာဖန်ထီးကို “ နေနဲ့လ ဘယ်ဟာက ကောင်းသလဲ”လို့ မေးလိုက်ပါတယ်။

“လက ကောင်းတာပေါ့”လို့ အာဖန်ထီးက ဖြေလိုက်ပါတယ်။

ဒီတော့ အဲဒီလူက “ဘာဖြစ်လို့လဲ”လို့ ထပ်မေးပြန်ပါတယ်။

“နေ့ခင်းဆိုတာ နေမရှိလည်း ကမ္ဘာကြီးဟာ ထိန်ထိန်လင်းမြဲလင်းနေတာလေ။ ဒါပေမဲ့ ညဆိုတာ လ မရှိရင်တော့ ကမ္ဘာကြီးတခုလုံးဟာ မည်းမှောင်သွားမှာပေါ့”လို့ အာဖန်ထီးက ဖြေလိုက် သတဲ့။



၎။ ကောင်းလိုက်တာ



တနှစ်ဆောင်းရာသီမှာပေါ့။ အာဖန်ထီးဟာ အအေးဓာတ်လုံတဲ့အခန်းတခုကို ပြင်ဆင်ပြီး အဲဒီအခန်း ထဲမှာ သခွားမွှေး စိုက်လိုက်ပါတယ်။ သခွားမွှေးတွေ မှည့်လာတော့ အာဖန်ထီးဟာ သခွားသီး ကောင်း ကောင်း ၃-၄ လုံးရွေးပြီး ဘုရင်ကြီးထံ သွားရောင်းရင် ငွေ ၃-၄ ကျပ်တော့ ရမှာပဲလို့ စဉ်းစားမိတာနဲ့ ဘုရင်ကြီးထံ သွားရောင်းလိုက်ပါတယ်။ ဘုရင်ကြီးက သခွားသီးတွေကို လက်ခံလိုက်ပြီးနောက် သူ့ကို နိုင်ငံသားကောင်းပေပဲလို့ ချီးကျူးကာ “ကောင်းလိုက်တာ”ဆိုတဲ့ စကား ၃ ခွန်းသာ ပြောနေတယ်။ နောက်ဆုံးမှ ငွေမပေးတော့ပါလားဆိုတာ သဘောပေါက်သွားပါတယ်။

အာဖန်ထီး ဘုရင့်နန်းတော်က ပြန်ထွက်လာတယ်။ ဗိုက်ကလည်း ဆာလွန်းလို့ တကြုတ် ကြုတ် မည်နေပါပြီ။ သူ့မှာ ငွေ တပြားတချပ်မှ မပါပါဘူး။ သူစဉ်းစားလိုက်ပါတယ်။ စဉ်းစားပြီးတာနဲ့ ထမင်းဆိုင် တခုထဲ ၀င်ပြီး သိုးသားပေါက်စိ အလုံး ၂၀ မှာပြီး စားပါတော့တယ်။

အာဖန်ထီးဟာ စားလို့ ၀တဲ့အခါ “ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ”ဆို တဲ့ စကား ၃ ခွန်းကို အော်လိုက်တယ်။ ပြီးတဲ့နောက် “ကောင်းလိုက်တာ”လို့ ပြောကာ ထလိုက်တဲ့ပြီး ဆိုင်ပြင်ကို ထွက်သွားတော့တယ်။

ထမင်းဆိုင်ပိုင်ရှင်က “ငွေပေးဦးလေ”၊ “ခင်ဗျား ငွေမပေးရသေးဘူး”လို့ အော်ပြီး ပေါက်စိဖိုး တောင်းပါတယ်။

“ဘာလဲ၊ ခုနက ခင်ဗျားကို ငွေးပေးပြီးပြီ မဟုတ်လား”လို့ အာဖန်ထီးက ပြောလိုက်တယ်။

 



ဆိုင်ရှင်ဟာ ဘာမှ ပြောမနေတော့ဘဲ အာဖန်ထီး လက်ကိုဆွဲပြီး ဘုရင်ထံ ၀င်သွားပါတော့ တယ်။ ဘုရင်ကြီးလည်း အာဖန်ထီးဟာ ပေါက်စီစားပြီး ငွေမပေးဘူးဆိုတဲ့ ရှင်းပြတာကို ကြားလိုက် တာနဲ့ “မင်း သူတပါး ပေါက်စိကို ဘာကြောင့်များ အလကားစားချင်ရတာလဲ”လို့ ဆဲဆိုကြိမ်းမောင်းပါ တော့တယ်။

“ကျွန်တော်မျိုး မမှားပါဘူး အရှင်မင်းကြီးဘုရား”၊ “ဒီဆိုင်ပိုင်ရှင်ဟာ လောဘဇောတိုက်နေတာ ပါ၊ ကျွန်တော်မျိုး သူ့ရဲ့ ပေါက်စိ အလုံး ၂၀ စားပြီးနောက် အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ သခွားသီး များ ၀ယ်ပြီးနောက် ပေးချေလိုက်တဲ့ ကောင်းလိုက်တာ ဆိုတဲ့ စကား ၃ ခွန်းလုံးကို သူ့ကို ပေးထား ခဲ့ပါပြီ။ သူဘယ်နှယ့် ငွေ ထပ်ယူချင်နေသေးတာပါလိမ့်”လို့ အာဖန်ထီးက ရှင်းပြလိုက်ပါတယ်။

အာဖန်ထီး ရှင်းပြတာကို ကြားလိုက်တာနဲ့ ဘုရင်ကြီးလဲ နှုတ်ဆိတ်သွားတော့တယ်တဲ့။   ။

အောင်သိန်းလွင် (၂၀၀၉ စက်တင်ဘာ)

 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်