စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday187
mod_vvisit_counterYesterday169
mod_vvisit_counterThis week843
mod_vvisit_counterLast week1243
mod_vvisit_counterThis month1568
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51823

Online Guests: 11
Your IP: 38.107.191.87
,
Today: Sep 09, 2010
အရှေ့ မိုးကောင်းကင် ပုံပြင်များ အမှတ် (၂)



(၅) လမင်းနဲ့ ကြယ်တာရာတွေ


တနေ့မှာ အာဖန်ထီးကို လူ ၃-၄ ယောက်က “ အာဖန်ထီး လဆန်းရက်ရောက်လို့ ဆန်းစလကွေးကွေး လေး အသစ်ပေါ်လာရင် မူလရှိနေတဲ့ လ အဟောင်းကြီးက ဘယ်ရောက်သွားသလဲ”လို့ မေးကြသတဲ့။
ဒီတော့ အာဖန်ထီးက “လဆန်းရက်ရောက်လို့ ဆန်းစလကွေးကွေးလေး ပေါ်လာရင် မူလရှိနေတဲ့ လ အဟောင်ကြီးက ကြေမွသွားပြီး ကြယ်တာရာတွေ ဖြစ်ကုန်တာပေါ့”လို့ ဖြေလိုက်ပါတယ်။

(၆) ပင်လယ်ရေ

လူတချို့က အာဖန်ထီးကို “ပင်လယ်ရေ ဘာကြောင့်ငန်နေတာလဲ”လို့ မေးကြသတဲ့။
ဒီတော့ အာဖန်ထီးက “ပင်လယ်ထဲမှာ ငါးတွေ ဒီလောက်တောင် များနေတော့ အဲဒီ ငါးတွေကို မပုပ်မ သိုးသွားအောင် ရှေးကဘိုးဘေးဘီဘင်တွေက ပင်လယ်ထဲကို ဆားတွေ ဖြန်းခဲ့လို့ ပင်လယ်ရေတွေ ငန်နေတာ ပေါ့”လို့ အာဖန်ထီးက ဖြေလိုက်ပါတယ်၊

(၇) သိုးသားဝယ်ခြင်း


တနေ့မှာ အာဖန်ထီး ဈေးသွားပြီး သိုးသားဝယ်ပါတယ်။ ဈေးရောက်တော့ သိုးသားရောင်းနေတဲ့ သိုး သားသည်ကြီးကို ငွေ ၈ ကျပ် လှမ်းပေးလိုက်ပြီး အာဖန်ထီးက“ ဆရာကြီး သိုးသား (၁) ကီလိုဂရမ်ပေးပါ” လို့ ပြောလိုက်တယ်။
သိုးသားရောင်းနေတဲ့ သိုးသားသည်ကြီးက ဈေးတင်ပြီး ရောင်းချင်တော့ “ သိုးသား ဈေးတက်သွားပြီ။ (၁) ကီလိုဂရမ်ကို ၈ ကျပ်နဲ့ မရောင်းနိုင်တော့ဘူး”လို့ ပြန်ဖြေလိုက်ပါတယ်။
“ဘယ်တုန်းက ဈေးတက်သွားတာတုန်း”
“ဒီနေ့မနက်ပဲ ဈေးတက်သွားတာ”
“ဒီလိုဆိုရင်လည်း မနေ့က ဈေးမတက်သေးတဲ့ သိုးသား (၁) ကီလိုဂရမ် ကျွန်တော့်ကို့ ရောင်းပေးပါ”လို့ အာဖန်ထီးက ပြောလိုက်သတဲ့။

(၈) ဘာကိုမှတ်ထားပြီး ဘာကိုမေ့ပစ်ရမှာလဲ


အာဖန်ထီးဟာ ဉာဏ်ထက်မြက်တယ်။ ဒါကြောင့် အနီးပတ်ဝန်းကျင်က လူတွေ သူ့ထံလာရောက် ပညာ ဆည်းပူကြတယ်ဆိုတဲ့သတင်းကို ကြားသိနေတဲ့ လူတယောက်ဟာ အာဖန်ထီးကို တွေ့လိုက်တာနဲ့.....
“ချစ်ခင်လေးစားရတဲ့ အာဖန်ထီးခင်ဗျား.... ဘယ်လိုကိစ္စမျိုးကို စွဲစွဲမြဲမြဲ မှတ်ထားသင့်ပြီး ဘယ်လိုကိစ္စ မျိုးကိုတော့ မေ့ပစ်ထားသင့်ပါသလဲ”လို့ မေးကြည့်ပါတယ်။
အာဖန်ထီးက စဉ်းစားလိုက်ပြီး “သူတပါးက ခင်ဗျားအတွက် ကောင်းမှုတခုလောက် ပြုထားဖူးတယ်ဆို ရင် အဲဒါကို ကောင်းကောင်းမှတ်ထားရမယ်။ ခင်ဗျားက သူတပါးကို ကောင်းမှုတခုလောက် ပြုထားဖူးတယ်ဆိုရင် တော့ ဒါမျိုးကို ခင်ဗျားလုံးဝ မေ့ထားသင့်ပါတယ်”လို့ ဖြေလိုက်ပါသတဲ့။

(၉) ဒယ်အိုးက သားဖွားခြင်း


တခါတုန်းက အာဖန်ထီးဟာ မြေရှင်ကြီးတယောက်အိမ်သွားပြီး ဒယ်အိုးတလုံးကို ငှားရမ်းယူလာပါ တယ်။ ရက်တချို့ ကြာတော့ အာဖန်ထီးက အဲဒီဒယ်အိုးထဲကို ဒယ်အိုးအသေးလေးတလုံးထည့်ပြီး မြေရှင်ကြီးကို ပြန်ပေးလိုက်ပါတယ်။ မြေရှင်ကြီးဟာ  ဒယ်အိုးသားအမိကို ၀မ်းပန်းတသာ အသာတကြည် လက်ခံယူထား လိုက် ပါတယ်။ ဒါပေမဲ့ အထူးအဆန်းလိုဖြစ်နေတော့ မြေရှင်ကြီးက “ဟဲ့ .... အာဖန်ထီး ဘယ်နဲ့ ဒယ်အိုးအသေးလေးတ လုံး တိုးလာရတာတုန်း”လို့ အာဖန်ထီးကို မေးလိုက်ပါတယ်။
“သခင်ကြီး ငှားပေးလိုက်တဲ့ ဒယ်အိုးဟာ ကိုယ်ဝန်ဆောင်နေတဲ့ ဒယ်အိုးမကြီးပါ။ ကျွန်ုပ်အိမ်ရောက်လို့ တရက်နှစ်ရက်လောက်ပဲ ရှိသေးတယ့် ဒယ်အိုးမကြီးက ဒယ်အိုးကလေးတခု မွေးချလိုက်ပါတယ် သခင်ကြီး။ အခု ကျွန်ုပ် ဒယ်အိုးမကြီးနဲ့ သူ့ကလေးကို သခင်ကြီးထံ ယူလာပြီး ပြန်ပေးတာပါ”လို့ ရှင်းပြလိုက်သတဲ့။
ဒီတော့ မြေရှင်ကြီးက “ကောင်းပါလေ့ကွာ။ နောင် မင်း အိုးသုံးဖို့ လိုနေရင်လည်း လာယူပေါ့”လို့ ကျေကျေနပ်နပ် ပြောဆိုပြီး အိုးအားလုံးကို လက်ခံထားလိုက်ပါတယ်။
နောက် ၂ ရက်လောက်ကြာတော့ အာဖန်ထီးက အိုးငှားဖို့ မြေရှင်းကြီးအိမ် ထပ်မံရောက်လာပါတယ်။ အိမ်မှာ ရောက်လာတဲ့ ဧည့်သည်တွေကလည်း မနည်းဘူး။ သခင်ကြီးအိမ်မှာ ရှိနေတဲ့ အိုးတွေအနက် အကြီးဆုံး ဒယ်အိုးကို ငှားပေးမှ အသုံးတည့်မှာမို့ အကြီးဆုံး ဒယ်အိုးကို ငှားပေးဖို့ မြေရှင်ကြီးကို ရှင်းပြပါတယ်။ အာဖန်ထီး အခုလို အိုးလာငှားတော့ မြေရှင်ကြီးဟာ ငှားပေးချင်လို့ အငမ်းမရ ဖြစ်နေပါတယ်။ အိမ်မှာ ရှိနေတဲ့ အကြီးဆုံး ဒယ်အိုးကိုလည်း ချက်ချင်း ငှားပေးလိုက်ပါတယ်။
ရက်သတ္တတပတ် ကြာသွားပါပြီ။ နောက်ထပ် တပတ် ကြာသွားပြန်ပါပြီ။ ဘာလိုလိုနဲ့ တလပြည့်တော့ မယ်။ အာဖန်ထီးဟာ ဒယ်အိုးကြီးကို ပြန်လာမပေးသေးပါဘူး။ မြေရှင်ကြီးဟာ စောင့်ရင်းစောင့်ရင်းနဲ့ စိတ်ပူလာ တယ်။ အာဖန်ထီးအိမ်ထိ လိုက်ပြီး အိုးပြန်ယူဖို့ ပြင်ဆင်နေတုန်းမှာပဲ အာဖန်ထီးဟာ မြည်းစီးပြီး ငိုမဲ့မဲ့မျက်နှာနဲ့ မြေရှင်ကြီး အိမ်တခါးမရှေ့ကို အခန့်သင့် ရောက်လာပါတယ်။
အာဖန်ထီးဟာ ဟင်းကနဲ သက်ပြင်းတချက် ချလိုက်ပါတယ်။ “သခင်ကြီးခင်ဗျာ.... တကယ့်ကို စိတ်မ ကောင်းစရာပါပဲ။ သခင်ကြီး ငှားပေးလိုက်တဲ့ ဒယ်အိုးကြီးက ကျွန်ုပ်အိမ်ရောက်လို့ ၂ ရက်တောင် မကြာလိုက် ပါဘူး၊ သေဆုံးသွားပါတယ်။ အခု ကျွန်တော်မျိုး တကူးတက လာရောက် အကြောင်းကြားတာပါခင်ဗျား”လို့ ရှင်းပြလိုက်ပါ တယ်။
“ပေါက်ကရတွေ ပြောနေတဲ့အကောင်။ ငါ့ကို စိတ်သောကရောက်အောင် လာ ကျီစားမနေနဲ့။ ဒယ်အိုးဆို တာ သံနဲ့ လုပ်ထားတာ ဘယ်လိုလုပ် သေတတတ်မလဲ”လို့ မြေရှင်ကြီးက အော်ဟစ်ငေါက်ငမ်းပစ်လိုက်တယ်။
“သခင်ကြီး တရားနည်းလမ်းမကျတာတွေ ဘယ်နဲ့ ပြောနေတာလဲ။ ဒယ်အိုးမက သားဖွားတယ်ဆိုတော့ သခင်ကြီးက လက်ခံပြီး ဒယ်အိုး သေသွားတတ်တယ်ဆိုတာကိုတော့ ဘာလို့ အသိအမှတ် မပြုနိုင်ရတာလဲ ခင်ဗျား” လို့ အာဖန်ထီးက ပြန်ပြောလိုက်ပါသတဲ့။

အောင်သိန်းလွင်
၂၀၀၉ အောက်တိုဘာ ၁၅။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်