စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday196
mod_vvisit_counterYesterday169
mod_vvisit_counterThis week852
mod_vvisit_counterLast week1243
mod_vvisit_counterThis month1577
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51832

Online Guests: 8
Your IP: 38.107.191.85
,
Today: Sep 09, 2010
အရှေ့မိုးကောင်းကင် ပုံပြင် (၃)




၁၀။ ဘာကြောင့် အရပ်လေးမျက်နှာကို သွားကြသလဲ


လူတချို့က အာဖန်ထီးကို “ မနက်မိုးလင်းတာနဲ့ လူတွေဟာ အိမ်တံခါးကထွက်ပြီးနောက် အ ရပ်မျက်နှာ တခုတည်းကို ဦးတည် မသွားကြဘဲ အရပ်လေးမျက်နှာကို ဘာကြောင့်သွားကြတာတုန်း” လို့ မေးကြသတဲ့။
“ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုန် ဖြစ်မသွားအောင် လူတွေဟာ နှစ်ယောက်တတွဲ သုံးယောက် တတွဲ တွဲပြီး အရပ်လေးမျက်နှာကို ဦးတည် သွားကြတာပေါ့”လို့ အာဖန်ထီးက ဖြေလိုက်ပါသတဲ့။

၁၁။ ဘယ်သူဟာ ငတ်ကြီးအကျဆုံးလဲ


တခါတုန်းက အာဖန်ထီးကို ကျီစားချင်တာနဲ့ မြေရှင်ကြီးတယောက်ဟာ စင်ကျန်ပြည်နယ် ထွက် နာမည်ကြီး သခွားတမျိုးဖြစ်တဲ့ ဟာမိသခွားသီးတွေကို အများကြီး ၀ယ်လိုက်ပြီး အာဖန်ထီးနဲ့ အိမ်နီးချင်းမိတ်ဆွေများကို လာစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ မြေရှင်ကြီးက မိတ်ဆွေတွေ ရောက် လာပြီးနောက် သခွားသီးတွေနဲ့ ဧည့်ခံပါတယ်။ အားရပါးရတ၀ကြီးစားကြဖို့ တောက်လျှောက် ပြောဆိုဧည့်ခံရင်း ကိုယ်တိုင်လည်း တရစပ်စားနေပါတယ်။ စားရင်းလည်း သူစားထားတဲ့ သခွားသီး အခွံတွေကို အာဖန်ထီးဘက်ကို မသိမသာကလေး တိုး,တိုးပေးနေပါတယ်။ သခွားသီးတွေ စားလို့ ကုန်တဲ့အချိန် ရောက်မှ မြေရှင်ကြီးဟာ အဆန်းတကျယ် တအံတသြနဲ့....
“ကိုယ့်လူတို့ ကြည့်ကြစမ်းပါဦး၊ အာဖန်ထီးရှေ့မှာ သခွားခွံတွေ များလိုက်တာ တပုံကြီးပါလား! သူဟာ တို့အားလုံးထက် ပိုစားနိုင်တာပဲ၊ ဒီကောင် တော်တော် ငတ်ကြီးကျတာပဲ”လို့ အော်ပြောလိုက်ပါ တယ်။
အားလုံးဟာ တ၀ါးဝါး တဟားဟား ပွဲကျသွားတော့တယ်။
“ဟားဟား..... ဘယ်သူဟာ ငတ်ကြီးအကျဆုံးလဲဆိုတာ အားလုံး ကြည့်လိုက်ကြစမ်းပါဦး” “ကျုပ်က သခွားသီးစားတာ အခွံ ချန်နိုင်သေးတယ်။ မြေရှင်ကြီးက သခွားခွံတောင် မချန်နိုင်ဘူး၊ အား လုံး မျိုချပစ်တာ။ ကိုယ့်လူတို့ တွေ့တဲ့အတိုင်းပဲလေ၊ သူ့ရှေ့မှာ သခွားခွံဆိုလို့ တစလေးတောင်မှ မကျန် ဘူးမဟုတ်လား”လို့ အာဖန်ထီးက ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်ပါသတဲ့။



၁၂။ တခြားလူတွေအတွက် မီးအိမ်မြှောက်ထားတာပါ


အာဖန်ထီး မျက်စိမှုန်သွားပြီးနောက် တရက်မှာ တလက်လက်လင်းနေတဲ့ မီးအိမ်တလုံးကို မြှောက်ထားပြီး သွားနေတာကို မိတ်ဆွေတယောက်က တွေ့တာနဲ့ .....“အာဖန်ထီး နေ့ခင်းကြီး တောင်မှ ဘာလို့ မီးအိမ်ကို မြှောက်ထားရတာတုန်း။ မင်းမျက်စိ မှုန်သွားလိုက်တာ အလင်းရောင် တောင် မတွေ့ရတော့ဘူးလား”လို့ မေးလိုက်ပါတယ်။
“ ကျုပ်က သူများတွေ ကျုပ်ကို ၀င်တိုးမိမှာ စိုးလို့ပါ။ တခြားလူတွေအတွက် ကျုပ်က မီးအိမ်ကို မြှောက်ထားတာပါ”လို့ အာဖန်ထီးက ဖြေလိုက်ပါသတဲ့။ 

၁၃။ လုပ်နိုင်တဲ့ ကိစ္စတွေကတော့


တရက်မှာ အာဖန်ထီးဟာ ဆိတ်တကောင် ၀ယ်ချင်တာနဲ့ ဈေးဘက်ကို ထွက်လာခဲ့တယ်။ အခန့်သင်ချင်တော့ ဈေးမှာ ဆိတ်တကောင်ကို ဆွဲပြီး ရပ်နေတဲ့ ကောင်ကလေးတယောက်နဲ့ တွေ့ ပါတယ်။ ဒါနဲ့ အာဖန်ထီးက “ကောင်လေး ဒီဆိတ်ကို ရောင်းမလား”လို့ မေးလိုက်တယ်။
“ရောင်းမယ်” လို့ ကောင်လေးက ဖြေလိုက်ပြီးနောက် “မဟုတ်ဘူး။ မရောင်း ပါဘူး”လို့ ကမန်း ကတန်းနဲ့ ဖြေလိုက်ပြန်ပါတယ်။
ကောင်လေးပြောတဲ့စကားတွေဟာ ရှေ့နောက် မညီဖြစ်နေတာ တွေ့ရတော့ အာဖန်ထီးက အံ့အားသင့်သွားပြီး “မင်းဘာဖြစ်လို့ မ၀ံ့မရဲ ပြောနေတာလဲ။ ရောင်းမှာပဲ မဟုတ်လား”လို့ မေးလိုက်ပြန် တယ်။
အာဖန်ထီးက အဲဒီလို မေးလိုက်တော့မှ ကောင်လေးက “ကျွန်တော့် အဖေက ဒီဆိတ်ကို ရောင်းပစ်လိုက်ပြီး ရောင်းလို့ရတဲ့ငွေနဲ့ နံပြား ၃ ချပ်၊ အသား ကီလိုဝက် ၀ယ်၊ အဲဒီနောက် ဆိတ်ကို ဆွဲပြီး အိမ်ပြန်လာခဲ့လို့ ကျွန်တော့်ကို ခိုင်းလိုက်တာပါ။ ကမ္ဘာပေါ်က ဉာဏ်အကောင်းဆုံးဆိုတဲ့ သူတောင် ဒီကိစ္စကို လုပ်နိုင်မှာမဟုတ်ပါဘူးဗျာ”လို့ အာဖန်ထီးအား တကယ့်အဖြစ်မှန်ကို ပြောပြ လိုက်ပါတယ်။
“သြော် ဒီလိုကိုး!” “ကောင်လေး မင်းဘာမှ မပူနဲ့။ ဒီကိစ္စ လုပ်လို့ ရပါတယ်ကွ”လို့ အာဖန်ထီး က ဆိုလိုက်ပါတယ်။
ကောင်လေးက အာဖန်ထီးစကားကို ကြားလိုက်တာနဲ့ “ ဦးလေးကြီး ခင်ဗျားမှာ ဘယ်လို နည်း နာတွေများ ရှိနေတုန်း။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခပ်မြန်မြန်လေး ပြောပြပေးပါလားဗျာ”လို့  တလေး တစား ရိုးရိုးသားသား ပြောလိုက်ပါတယ်။
အာဖန်ထီးက “ကောင်လေး၊ ဒီဆိတ်က အမွေးတွေကို သွားညှပ်ပစ်လိုက်ကွာ။ ညှပ်လို့ရတဲ့ အမွေးတွေကို ကြိုးကျစ်လိုက်ပြီး အဲဒီကြိုးကို ရောင်းလို့ရတဲ့ငွေနဲ့ နံပြား ၃ ချပ်၊ အသားကီလိုဝက် ၀ယ် ပြီး ဆိတ်ကို ဆွဲ အိမ်ပြန်သွားလိုက်ရင် မင့်အဖေပြောတဲ့ ကိစ္စ လုပ်လို့ပြီးသွားတာပဲ မဟုတ်လား”လို့ ရှင်းပြလိုက်ပါတယ်။
အဖြေကို ကြားလိုက်တာနဲ့ ကောင်လေးဟာ ပျော်ရွှင် မြူးတူးသွားတော့တယ်။ ကောင်လေးက ကျေးဇူးစကားတောင် မဆိုလိုက်ရသေးပါဘူး၊ အာဖန်ထီးဟာ ကြက်ပျံမကျ စည်ကားလှတဲ့ လူအုပ်ထဲ တိုးဝင် ပျောက်ကွယ်သွားတော့တယ်။ 

၁၄။ အရသာ အတူတူပါပဲ


အာဖန်ထီးဟာ စပျစ်သီးတောင်းတတောင်းကို ဆွဲပြီး ဈေးမှာ ရောင်းဖို့ သွားတုန်း၊  လမ်းမှာ က လေးတသိုက်နဲ့ တွေ့ပါတယ်။ ကလေးတွေက သူသွားတဲ့လမ်းကို တားထားပြီး “အာဖန်ထီး  ကျွန်တော် တို့ အားလုံးကို ခင်ဗျားစပျစ်သီး တခိုင်စီပေးရင် ကောင်းမှာပဲ”လို့ ပြိုင်တူ ပြောလိုက်ကြပါတယ်။
အာဖန်ထီးက ဒီလောက်များတဲ့ ကလေးတွေကို ကြည့်ပြီး ကလေးတွေရဲ့ တောင်းဆိုချက်ကို ကျေနပ်အောင် ပေးမယ်ဆိုရင်လည်း စပျစ်သီးဟာ မလောက်ပါဘူး။ ဒါကြောင့် စပျစ်သီးတခိုင်ယူလိုက် ပြီး ကလေးတိုင်းကို တလုံးစီဖြုတ်ပေးလိုက်ပါတယ်။
အဲဒီတော့ ကလေးတွေက  “အာဖန်ထီး ခင်ဗျားဟာ တကယ်ကို နှမျှောတွန့်တိုတာပဲ၊ နည်း နည်းတိုးပေးပြီး ကျွန်တော်တို့ကို မြည်းကြည့်ခိုင်းပါဦး”လို့ ဆူဆူညံညံအော်ဟစ် တောင်းနေကြတော့ တယ်။
ဒါနဲ့ အာဖန်ထီးက “ငါ့ ကောင်တွေကလည်းကွာ ... စပျစ်သီးတခိုင်လုံး စားရရင်လည်း ကောင်း သလို စပျစ်သီး တလုံးတည်း စားရရင်လည်း အရသာက အားလုံး အတူတူပဲလေ”လို့ ရယ်ရယ်မော မောနဲ့ ရှင်းပြလိုက်ပါတယ်။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်