စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday52
mod_vvisit_counterYesterday169
mod_vvisit_counterThis week708
mod_vvisit_counterLast week1243
mod_vvisit_counterThis month1433
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51688

Online Guests: 6
Your IP: 38.107.191.87
,
Today: Sep 09, 2010
နိုင်ငံတကာအခြေအနေကို ပြန်လည်သုံးသပ်ကြည့်ခြင်းနဲ့ အနာဂတ်ကို မျှော်ကြည့်ခြင်း

 





လှုပ်ရှားနေတဲ့ ကမ္ဘာ (၁)

နိုင်ငံတကာအခြေအနေကို ပြန်လည်သုံးသပ်ကြည့်ခြင်းနဲ့

အနာဂတ်ကို မျှော်ကြည့်ခြင်း

၂၀၀၉ ခုနှစ် အတွင်း ကမ္ဘာ့အခင်းအကျင်း အပြောင်းအလဲ

၂၀၀၉ ခုနှစ်ဟာ ကမ္ဘာ့အခင်းအကျင်း သိသိသာသာ ပြောင်းလဲသွားတဲ့ နှစ်တနှစ်ဖြစ်တယ်။ ၂၀၀၉ ခုနှစ် အတွင်း ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲသွားတယ်ဆိုပေမယ့် ၁၉၄၉၊ ၁၉၇၉၊ ၁၉၈၉ ခုနှစ်တွေနဲ့ မတူပါဘူး။ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ အကဲခတ်သမားများအနေနဲ့တော့ အမြဲ အမှီလိုက်နေရပါတယ်။

(၁)

၂၀၀၉ ခုနှစ် ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲသွားမှုကို ထောင့် ၃ ထောင့်ကနေ ဆန်းစစ်အကဲဖြတ်နိုင်ပါ တယ်။ (၁) အရှေ့အနောက် အင်အားအချိုးအစား ပြောင်းလဲသွားမှု (၂) စီးပွားရေးပထ၀ီအနေအထား ပြောင်းလဲ သွားမှုနဲ့ (၃) နိုင်ငံတကာ နိုင်ငံရေးအင်အား ဖွဲ့စည်းမှု ပြောင်းလဲသွားခြင်းတို့ ဖြစ်တယ်။

ဒီနေရာမှာ ပြောဆိုနေတဲ့ အနောက်ဆိုတာ ဥရောပနဲ့ အမေရိကန်ကို အမြုတေအဖြစ်ထားတဲ့ ဖွံ့ဖြိုး ပြီးနိုင်ငံများကို ဆိုလိုတာဖြစ်တယ်။ အရှေ့ဆိုတာကတော့ အနောက်နိုင်ငံမဟုတ်တာတွေကို ဆိုလိုခြင်းဖြစ်တယ်။ တနည်းပြောရရင် ကျယ်ပြောလှတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆိုလိုတာပါပဲ။ ဒီလိုဆိုလို့ အာရှနိုင်ငံတွေချည်း သက်သက် ဆိုလိုတာမဟုတ်သလို ဆိုရှယ်လစ်နိုင်ငံတွေချည်းလို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။

အရှေ့အနောက် ဆက်ဆံမှုနဲ့ အင်အားအချိုးအစား ပြောင်းလဲမှုအရ ပြောရရင် မျက်မှောက်ကမ္ဘာဟာ နှစ် ၅၀၀ အတွင်း မကြုံဖူးသေးတဲ့ အခြေအနေပြောင်းလဲမှုကြီးမျိုးကို ရောက်နေတာပါ။ အနောက်တိုင်းက ရှေ့ဆောင်တဲ့ တိုက်ကြီးတွေ တွေ့ရှိမှုနဲ့ စက်မှုတော်လှန်ရေး ပြီးတဲ့နောက် ၎င်းဟာ နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ တောက်လျှောက် အချက်အချာနေရာက ရှိနေခဲ့တယ်။ အရှေ့တိုင်း နိုင်ငံတွေကတော့ ကိုလိုနီပြုခံရခြင်း၊ လုယက် ခံရခြင်း၊ ဖိနှိပ်ခံရခြင်း ဘ၀မျိုးကို ရောက်ခဲ့ကြရတယ်။ ဒါ့အပြင် နိုင်ငံတကာ ဇာတ်ခုံပေါ်မှာလည်း ဘေး ရောက်နေခဲ့ရတယ်။ အခုအခါမှာတော့ အရှေ့တိုင်းနိုင်ငံတွေဟာ ကမ္ဘာ့ဇာတ်ခုံပေါ်ရဲ့ အချက်အချာနေရာမှာ စတင်ပြီး သွက်သွက်လက်လက် လှုပ်ရှားနေပါပြီ။ အပေါ်လွင်ဆုံး ကိုယ်စားပြုမှု ဖြစ်ရပ်ကတော့ G 20 ထိပ် သီးအစည်းအဝေးပါပဲ။ နိုင်ငံတကာ ငွေကြေးအကျပ်အတည်းကို ဖြေရှင်းရေးမှာ အဓိကကျတဲ့ ဇာတ်ခုံအနေနဲ့ G 20 မှာ အဖွဲ့ဝင် တ၀က်ဟာ အရှေ့တိုင်းနိုင်ငံများ ဖြစ်ပါတယ်။ G 20 ထိပ်သီး အစည်းအဝေး ၃ ကြိမ်မှတဆင့် အရှေ့တိုင်း နိုင်ငံတွေဟာ နိုင်ငံတကာ စီးပွားရေးအရေးကိစ္စများအတွင်း ပြောရေးဆိုခွင့် သိသိသာသာ တိုးပွား လာခဲ့တယ်။ ဥပမာ - အရှေ့တိုင်းနိုင်ငံတွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အတွင်း မဲထည့်ခွင့် ၅ ရာခိုင်နှုန်း မြှင့်တင်ပေးရေးကို G 20 က သဘောတူခဲ့တယ်။ ကမ္ဘာ့စီးပွားရေးအတွင်း အရှေ့တိုင်းရဲ့ အဆင့်နေရာနဲ့ အခန်း ကဏ္ဍဟာ အသိအမှတ်ပြုမှုနဲ့ ဂရုစိုက်မှုတွေ ရရှိနေပါပြီ။ အရှေ့တိုင်းနိုင်ငံတွေရဲ့ စီးပွားရေးအဆင့်နေရာ မြင့် တက်လာမှုက ၎င်းရဲ့ နိုင်ငံရေးအဆင့်နေရာမြင့်တက်လာရေးကို မုချတွန်းဆော်ပေးပါလိမ့်မယ်။


အရှေ့အနောက် အင်အားအချိုးအစား ပြောင်းလဲသွားမှုရဲ့ နောက်ထပ် အမှတ်လက္ခဏာဆောင်တဲ့ ဖြစ်ရပ်တခုကတော့ ကိုပင်ဟေဂင် ရာသီဥတုဆိုင်ရာ အစည်းအဝေးဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ အရှေ့ တိုင်းနိုင်ငံတွေဟာ တညီတညွတ်တည်းစည်းလုံးညီညွတ်ကြပြီး အနောက်တိုင်းနိုင်ငံတွေရဲ့ တဖက်သတ်ကျတဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ကာ မိမိတို့ရဲ့ အကျိုးစီးပွားကို ပြတ်ပြတ်သားသားကာကွယ်ခဲ့ကြတယ်။ အရှေ့တိုင်းနိုင် ငံတွေဟာ အနောက်တိုင်းနိုင်ငံတွေရဲ့ ဖိအားကို အညံ့မခံလို့ အနောက်တိုင်းနိုင်ငံတွေဟာ မိမိတို့ရဲ့ အလိုဆန္ဒ အတိုင်း မလုပ်နိုင်ကြတော့ပါဘူး။ ဒါမျိုးကို အရင်က တွေ့ရခဲပါတယ်။


အာရှတိုက်ဟာ အရှေ့တိုင်းရဲ့ အမြုတေပါပဲ။ အရှေ့တိုင်းရဲ့ တကယ့်အင်အား တောင့်တင်းလာမှုနဲ့ အ ပြန်အလှန် ဆီလျော်စွာ ကမ္ဘာ့စီးပွားရေး ပထ၀ီအနေအထားဟာလည်း နက်ရှိုင်းစွာ အပြောင်းအလဲတွေ ဖြစ်ပေါ် နေတယ်။ စောစွာကတည်းက တည်ရှိခဲ့တဲ့ ဥရောပ၊ အမေရိကန်၊ အာရှစီးပွားရေး ၀င်ရိုး ၃ ခုမှာ အာရှတိုက်မှ တရုတ်ပြည်စတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ဘဏ္ဍာငွေကြေးအကျပ်အတည်းကို ဖြေရှင်းရေးအတွင်းမှာ အလွန်ထူးချွန် စွာ ဖော်ပြခဲ့တဲ့အလျောက် အာရှတိုက်ဟာ ကမ္ဘာ့စီးပွားရေးအတွင်း ပါဝင်မှု အချိုးအစားဟာ တဆင့်တက် ကြီးမား လာတယ်။ ဒါပေမဲ့ အခြားဝင်ရိုး ၂ ခုကတော့ နိုင်းယှဉ်ခြင်းအားဖြင့် လျော့ကျလာနေတယ်။ ဒီအချက်ကို G 20 ဖွဲ့ စည်းမှုမှာလည်း အထင်းသားတွေ့မြင်နိုင်ပါတယ်။ တကယ်လို့ သြစတြေးလျကို ထည့်တွက်ရင် အာရှနိုင်ငံ ၈ နိုင်ငံ ရှိပါတယ်။ ဥရောပကို တွက်ရင် EU အဖွဲ့ အဖွဲ့ဝင်တွေကိုပါ တွက်ရင် ၅ နိုင်ငံ ရှိပါတယ်။ အမေရိကတိုက်ကလည်း ၅ နိုင်ငံသာ ရှိပါတယ်။


ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းသက်သက်အရ ပြောရင် နိုင်ငံတကာ ဘဏ္ဍာငွေကြေး အကျပ်အတည်းနဲ့ အကျပ်အတည်း ဖြေရှင်းရေးအတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဟာ ဗဟုဝင်ရိုးဖြစ်ထွန်းရေးနဲ့ ၀င်ရိုးမ ဟုတ်တဲ့အင်အားများ ဖြစ်ထွန်းရေး တွန်းဆော်မှုကို မုချအကျိုးရှိပါလိမ့်မယ်။ ယခုအခါ အမေရိကန်ရဲ့ “အင်အား လွန်နိုင်ငံကြီး တနိုင်ငံ” အဆင့်နေရာဟာ ယိုယွင်းပျက်ဆီးနေပြီလို့ ကြိုတင်နိမိတ်ဖတ်နေပေမယ့် ဗဟုဝင်ရိုးစနစ် ဟာ ဖြစ်တည်ဖို့ စောလွန်းနေသေးတယ်။ ဒါပေမဲ့ အိုဘားမားအစိုးရရဲ့ “နိုင်ငံခြားဆက်ဆံရေးအသစ်” ကို ဖော်ပြခဲ့ပြီးပါပြီ။ အမေရိကန်ဟာ သူရင်ဆိုင် ကြုံတွေ့နေရတဲ့ အမျိုးမျိုးသော အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းမှုအတွင်း တခြားအင်အားကြီးနိုင်ငံတွေနဲ့ အလယ်အလတ် အင်အားရှိတဲ့ နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက် မှုကို ပိုမို မှီခိုနေရပေမယ့် ကမ္ဘာကြီးကို ဦးဆောင်မယ်ဆိုတဲ့ မဟာရည်မှန်းချက်ဟာ မူလအတိုင်း ရှိမြဲရှိနေပါ တယ်။ ဒီကနေ ကောက်ချက်ချ ပြောရရင် “ အင်အားလွန်နိုင်ငံကြီးတနိုင်ငံ” နဲ့ “ အင်အားကြီးနိုင်ငံ အများအပြား” အကြား နှိုင်းယှဉ်ခြင်းအားဖြင့် တကယ့်အင်အား အချိုးအစား အပြောင်းအလဲဟာ ၂၀၀၉ ခုနှစ်မှာ ပိုမို ထင်ရှားလာပါတယ်။ တချို့လူတွေက မျက်မှောက်အခင်းအကျင်းဟာ “အင်အားလွန်နိုင်ငံကြီး တနိုင်ငံနဲ့ အင်အား ကြီးနိုင်ငံ အများအပြား” ဆိုတဲ့ အခြေအနေကနေ “ အင်အားကြီးနိုင်ငံ အများအပြားနဲ့ အင်အားလွန်နိုင်ငံကြီး တနိုင်ငံ” ဆိုတဲ့ အခြေအနေသို့ ပြောင်းလဲသွားခဲ့ပြီလို့ ပြောဆိုနေကြပါပြီ်။ ဒါဟာ တစုံတရာ ကြိုးကြောင်းဆီ လျော်မှု ရှိပါတယ်။ နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ “ အင်အားကြီးနိုင်ငံ အများအပြား” ဆိုတဲ့ အခြေအနေဟာ ပိုမိုထင်ရှားပေါ်လွင်လာနေပြီး “ အင်အားလွန်နိုင်ငံကြီး တနိုင်ငံ” ရဲ့ ပေါင်းစပ်ပါဝင်နေတဲ့ အရေအတွက်တွေ ကတော့ လျော့ပြီးရင်း လျော့ကျလာနေပါတယ်လို့လည်း ပြောကြပါတယ်။ ဗဟုဝင်ရိုးအင်အားစုတွေ အင်အား တောင့်တင်းလာတာနဲ့ တချိန်တည်းမှာ ၀င်ရိုးမဟုတ်တဲ့အင်အားစုတွေကလည်း သိသိသာသာ မြင့်တက်လာပါ တယ်။ G 20 အတွင်းက အချို့ အဖွဲ့ဝင်တွေဟာ ဗဟုဝင်ရိုးအင်အားစုတွေ မဟုတ်ဘဲ ၀င်ရိုးမဟုတ်တဲ့ အင်အား စုတွေ ဖြစ်တယ်။ ၀င်ရိုးမဟုတ်တဲ့ အင်အားမျာ့းဖြစ်ထွန်းရေးနဲ့ ဗဟုဝင်ရိုး ဖြစ်ထွန်းရေးတို့ဟာ အချင်းချင်းအမှီ သဟဲပြုပြီး တိုးတက်နေတယ်။

ချုပ်ပြီးကြည့်ရင် ကမ္ဘာ့အခင်းအကျင်း ဘက် ၃ ဘက်ကနေ တပြိုင်တည်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေ တယ်။ (၁) နိုင်ငံတကာ အင်အားဟာ အနောက်တိုင်းမှ အရှေ့တိုင်းသို့ ရွှေ့ပြောင်းမှု အရှိန်အဟုန် တိုးလာ တယ်။ (၂) ဥရောပ၊ အမေရိကန်၊ အာရှ ဆိုတဲ့ စီးပွားရေး ၀င်ရိုး ၃ ခုအကြား နိုင်ငံတကာ အင်အားဟာ အာရှသို့ ရွှေ့ပြောင်းမှု အရှိန်အဟုန် တိုးလာတယ်။ (၃) “ ၀င်ရိုးတခုတည်း” “ဗဟုဝင်ရိုး”နဲ့ “ ၀င်ရိုးမဟုတ်တဲ့အင်အာ့း” ဆိုတဲ့ ၃ မျိုးအကြား “၀င်ရိုးမဟုတ်တဲ” အင်အားများ မြင့်တက်မှုဟာ အမြန်ဆုံးဖြစ်ပြီး၊ “ ဗဟုဝင်ရိုး” က ဒုတိ ယဖြစ်ကာ “ ၀င်ရိုးတခုတည်း” က တော့ ကျဆင်းနေတယ်။

ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲဖြစ်တည်နေတဲ့ ဘက် ၃ ဘက်စလုံးဟာ တရုတ်ပြည်အတွက် အကြီးအ ကျယ် အကျိုးရှိစေပါတယ်။ တရုတ်ပြည်ဟာ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တယ်။ အာရှတိုက်မှ အကြီးဆုံး နိုင်ငံ လည်းဖြစ်တယ်။ တဟုန်ထိုးတိုးတက်နေတဲ့ နိုင်ငံကြီးလည်း ဖြစ်တယ်။ တရုတ်ပြည်ဟာ ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲဖြစ်တည်လာရေးရဲ့ အဓိက တွန်းဆော်သူဖြစ်တယ်။ အမေရိကန် မီဒီယာတခုက “ တရုတ်ပြည်ရဲ့ တဟုန်ထိုး တိုးတက်မှု” ဟာ ၁၀ နှစ်အတွင်း တကမ္ဘာလုံးမှာ လူတွေစိတ်အ၀င်စားဆုံး သတင်းတရပ် ဖြစ်လာနေ ပြီး အီရတ်စစ်ပွဲ၊ “ ၉-၁၁ အရေးအခင်း” အာဖဂန်စစ်ပွဲနဲ့ ဘဏ္ဍာငွေကြေးစူနာမီစတာတွေကို ကျော်သွားပြီလို့ စူးစမ်းလေ့လာ ဖော်ထုတ်ခဲ့တယ်။


(၂)

ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲသွားမှုအရ ပြောရရင် အကျပ်အတည်းဆိုတာ အခွင့်အလမ်းတွေ ပါဝင် တတ်တာမို့ အကျပ်အတည်းကြီးလေ အခွင့်အလမ်းကြီးတွေ ပါဝင်လေဖြစ်ပါတယ်။ ၁၉ ရာစုအကုန် ၂၀ ရာစု အစ ပိုင်း အနောက်တိုင်းနိုင်ငံတွေရဲ့ အဆင့်အတန်း သာလွန်မှုဟာ အထွတ်အထိပ် ရောက်သွားပါတယ်။ ကမ္ဘာကြီး တခုလုံးကို အနောက်တိုင်း အင်အားကြီးများရဲ့ ခွဲဝေမှု အဆုံးသတ်ခဲ့တယ်။ ဒါပေမဲ့ အရှေ့တိုင်းနိုင်ငံများကတော့ အနောက်တိုင်းရဲ့ ကိုလိုနီနယ်မြေနဲ့ ကိုလိုနီတပိုင်းနယ်မြေအဖြစ် သူတို့ပြုသမျှ နုရတဲ့ဘ၀မျိုးကို ကျရောက်ခဲ့ရ တယ်။ “မဟာမိတ် ၈ နိုင်ငံတပ်တွေ” ဟာ ၂၀ ရာစု အစပိုင်းမှာ တရုတ်ပြည်အား ၀င်ရောက်ကျူးကျော်မှု ဖြစ်ပွားခဲ့ တယ်။ ပထမကမ္ဘာစစ်ဟာ ကိုလိုနီစနစ် စတင်ပြိုကွဲမှု ဖြစ်ခဲ့တယ်။ နိုင်ငံတကာ အာဏာရဲ့ ဗဟိုချက်မဟာ ဥရော ပတိုက်ရဲ့ အပြင်သို့ ပြောင်းရွှေ့သွားတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးက ကိုလိုနီစနစ်ကို အကုန်အစင် ပြိုပျက်သွားစေ ပြီး နိုင်ငံတကာ အာဏာဟာ တဆင့်တက်ကာ တကမ္ဘာလုံးသို့ ပြန့်ကျဲသွားတော့တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံပေါ်သို့ တစတစတက်လာပြီး တရုတ်ပြည်ဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ အဖွဲ့ဝင်ဖြစ်လာတယ်။


အမေရိကန်က စတင်ခဲ့တဲ့ နိုင်ငံတကာ ဘဏ္ဍာငွေကြေးအကျပ်အတည်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ စီး ပွားရေးအားလုံးအပေါ် ရိုက်ခတ်မှုကို ဖြစ်စေခဲ့တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေလည်း ဘေးဆိုးက မလွတ်ကင်းနိုင်ပါဘူး။ ဒါပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကတော့ အကျပ်အတည်းဖြစ်ပေါ်စေတဲ့ နေရာဖြစ်ပြီး ဗဟိုချက်မဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေဟာ ပိုမိုဆိုးဝါးပါတယ်။ အထူးသဖြင့် အကျပ်အတည်းကို ဖြေရှင်းရေးဖြစ်စဉ်အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မရှာလို့ မဖြစ်ပါဘူး။ “ တလှေတည်းစီး တခရီးတည်း သွား” ဆိုတဲ့ ဒီပကတိဘာဝအခြေအနေပေါ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ နိုင်ငံတကာအဆင့်နေရာ မြှင့်တင်ရေး အတွက် အခြေအနေ အကြောင်းအချက်တွေကို ဖန်တီးပေးပါတယ်။ G 20 ဟာ ၁၉၉၉ ခုနှစ်က ထူထောင်ခဲ့တာ ဖြစ်ပေမယ့် ထူထောင်ပြီး ၁၀ နှစ်အတွင်း ဆွဲဆောင်မှု သိပ်မရှိလှပါဘူး။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေကြေး အကျပ်အတည်း ဖြစ်ပေါ်လာပြီးနောက် တနှစ်မတိုင်မီအတွင်း G 20 ထိပ်သီးအစည်းအဝေး ၃ ကြိမ် ကျင်းပခဲ့တယ်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေကြေးအကျပ်အတည်း ပြဿနာကို အထူးတလည် ဆွေးနွေးကြပါ တယ်။ ထိပ်သီးအစည်းအဝေးမှာ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား နိုင်ငံအချင်းချင်း အလွန်ကြီးမားတဲ့ ကွဲလွဲချက်တွေ တည်ရှိနေကြပေမယ့် ဦးတည်ချက်ကြီးတွေမှာတော့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ တူညီတဲ့ အသိအမြင်တွေ အထင်အရှား ရှိနေကြပြီး “ မြင်ရခဲတဲ့ စည်းလုံးညီညွတ်မှု” အခြေအနေ ပေါ်ထွက်ခဲ့တယ်။ ၀ါရှင်တန် ထိပ်သီးအစည်းအဝေးပဲဖြစ်ဖြစ်၊ လန်ဒန် ထိပ်သီးအစည်းအဝေးပဲဖြစ် ဖြစ်၊ ပိစဘက်ထိပ်သီးအစည်းအဝေးပဲဖြစ်ဖြစ် နက်နက်ရှိုင်းရှိုင်း အာရုံစွဲထင်စေတဲ့ အချက်ကတော့ ထွန်းသစ်စ စီးပွားရေးစနစ်ဟာ အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တယ်။ G 20 ထိပ်သီးအစည်းအဝေးဟာ ကမ္ဘာ လုံးဆိုင်ရာ ဘဏ္ဍာငွေကြေးအကျပ်အတည်း အခြေအနေကြီးနဲ့ ကမ္ဘာ့အသွင်ဆောင်မှုအခြေအနေကြီးအောက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားသထက် အလေးထားလာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လိုလားကြပါတယ်။


G 20 ထိပ်တန်းရောက်လာမှု ပကတိဘာဝ အခြေအနေပေါ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ကလပ်ဖြစ်တဲ့ “ ၇ နိုင်ငံအုပ်စု” (G 7) နဲ့ “ ၈ နိုင်ငံအုပ်စု” (G 8) တို့ကို နှိုင်းယှဉ်ကြည့်တော့ ညံ့ဖျင်းမှုတွေ တွေ့ရပါတယ်။ လော လောဆယ်ဆယ် နှစ်များအတွင်း G 8 ထိပ်သီးအစည်းအဝေးအချိန်များအတွင်း “ အစည်းအဝေးပြင်ပမှ အစည်း အဝေးများ” ကို တပြိုင်နက် ကျင်းပလေ့ရှိပါတယ်။ ဆိုလိုတာက G 8 ဟာ ဖွံ့ဖြိုးဆဲနိုင်ငံအချို့က ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြတယ်။ (ယေဘုယျအားဖြင့် G 8 + 5 ဖြစ်ပါတယ်) ။ ဒါပေမဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ ၅ နိုင်ငံဟာ လက် အောက်ခံအဆင့်နေရာမျိုးသာ ဖြစ်ပါတယ်။ လက်ဦးမှုမရှိပါဘူး။ စည်းကမ်းဥပဒေတွေ ရေးဆွဲချမှတ်ရာမှာ ပါဝင် ဆွေးနွေးခွင့်မရှိပါဘူး။ ဒါပေမဲ့ G 20 နဲ့တော့ သိပ်ကွာခြားပါတယ်။ ဒါဟာ ကုလသမဂ္ဂ ဘောင်အတွင်းမှာ မဟုတ် ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပထမဆုံးအကြိမ် ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ တန်းတူရည်တူထိုင်ပြီး ပြဿနာတွေကို အတူတကွ ဆွေးနွေးညှိနှိုင်း ကြခြင်းဖြစ်ပါတယ်။ ဂျာမနီက“ဂလိုဘယ်သတင်းစာ” မှာ “ G 7 သေသွားပြီ” “ G 20 သက် တော်ရာကျော် ရှည်ပါစေ” လို့ ဆိုတဲ့ လူထုအော်သံကို တချို့မီဒီယာတွေက ကူးယူဖော်ပြထားမှုဟာ လက် တွေ့ကို ရောင်ပြန်ဟပ်နေတယ်။ အနောက်တိုင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေက စိုးမိုးထားတဲ့ ကမ္ဘာ့စီးပွားရေး ကံကြမ္မာ ခေတ်ဟာ ပြန်နာလန်မထူစတမ်းသွားပါပြီ။


G 20 အပြင် ကုလသမဂ္ဂ၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အေပက်၊ ရှန်ဟဲ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့စတဲ့ နိုင်ငံတကာအဖွဲ့အစည်းအားလုံးကလည်း ဘဏ္ဍာငွေကြေးအကျပ်အတည်း ရင်ဆိုင်ဖြေရှင်းရေးမှာ အရေးပါတဲ့ ဆွေးနွေးစရာအကြောင်းအရာအနေနဲ့ နိုင်ငံတကာဘက်စုံပူးပေါင်းဆောင်ရွက်ရေးဇာတ်ခုံရဲ့ အခန်း ကဏ္ဍကို ထုတ်ဖော်ကြရပါမယ်။ ဒါပေမဲ့ ဒီနိုင်ငံတကာ အဖွဲ့အစည်းများအတွင်း ဖွံဖြိုးဆဲနိုင်ငံတွေဟာ အရေးပါ အရာရောက်တဲ့နေရာတွေကို ရရှိထားပါတယ်။ ၎င်းတို့အနက် အများတကာ့အများစုဟာ ၀င်ရိုးမဲ့အင်အားစုဝင် တွေ ဖြစ်ပါတယ်။


နိုင်ငံတကာ ဘဏ္ဍာငွေကြေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရေး အခြေအနေကြီးအောက်မှာ နိုင်ငံ တကာ လူ့အဖွဲ့အစည်းရဲ့ စောင့်ကြည့်မှုကို စောစွာကတည်းကခံနေရတဲ့ BRIC (ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်) တို့ဟာလည်း ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးကို ကျင်းပလိုက်ခြင်းကြောင်း နိုင်ငံ တကာအဖွဲ့အစည်း အသစ်တခု ပေါ်ပေါက်လာပြန်တယ်။ BRIC ၄ နိုင်ငံ ထိပ်သီး အစည်းအဝေးက ထွန်းသစ်စစီး ပွားရေးစနစ် ဒါမှမဟုတ် “ အနောက်တိုင်းမဟုတ်တဲ့” နိုင်ငံကြီးတွေဟာ စီးပွားရေး၊ နိုင်ငံရေး တကယ့်အင်အား မြင့်တက်လာတာနဲ့ တချိန်တည်းမှာ အချင်းချင်းအကြား အားဖြည့်တဲ့ ထိန်းညှိမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ကို စတင်လိုက်တယ်။ အဲဒီလိုနဲ့ ပူးပေါင်းဆောင်ရွက်ရေးစွမ်းအားတွေ၊ ၎င်းတို့ရဲ့ အထွေထွေတကယ့်အင်အား တွေ တိုးပွားလာတယ်။


ဘဏ္ဍာငွေကြေးအကျပ်အတည်း ရင်ဆိုင်ဖြေရှင်းရေးအပြင် တခြား ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသလုံခြုံရေး ပြဿနာတွေမှာလည်း နိုင်ငံတကာ လူ့အဖွဲ့အစည်းဟာ ပူးပေါင်းဆောင်ရွက်မှုများ အင်အားကောင်းလာတယ်။ ၎င်းတို့အနက် ရာသီဥတု ပြောင်းလဲသွားမှုဟာ လူတွေအာရုံအစိုက်ဆုံးဖြစ်တယ်။ ကိုပင်ဟေဂင်မှာ ကျင်းပတဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ညီလာခံဟာ ၂ ပတ်ကြာပြီး ကုန်ကျစရိတ်လဲ အလွန်များခဲ့တယ်။ ကာဗွန်ထုတ်လွှတ်မှု များလာတဲ့ အန္တရာယ်ကြောင့် ဒီညီလာခံဖြစ်လာခဲ့ပေမယ့် ကျေနပ်လောက်ဖွယ် အကျိုးရလဒ် မရရှိခဲ့ပါဘူး။ အဓိ က အကြောင်းရင်းကတော့ ကမ္ဘာ့ပုံစံအားဖြင့် မတူကြတဲ့ နိုင်ငံတွေဟာ ရာသီဥတုပြောင်းလဲသွားမှုပြဿနာပေါ် မှာလည်း အကျိုးစီးပွားကွာဟမှုဟာ သိပ်ကြီးမားနေခြင်းကြောင့် ထိန်းညှိရေးခက်ခဲခြင်း၊ အထူးသဖြင့် ဒီပြဿနာ ပေါ်မှာ အဓိကတာဝန်ရှိပြီး ရှေ့ဆောင်အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ရမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ စေတနာ သန့်သန့်နဲ့ တာဝန်ကျေသင့်သလောက် တာဝန်မကျေခဲ့ခြင်းတို့ ဖြစ်ပါတယ်။ ဒီလိုဆိုလို့ ကိုပင်ဟေဂင်ညီလာခံဟာ လုံးဝ အကျိုးမရှိတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ ရာသီဥတုပြောင်းလဲသွားမှုကို ရင်ဆိုင်ဖြေရှင်း ရေး ဦးတည်ချက်ကြီးနဲ့ အဓိက မူတွေမှာတော့ သဘောတူညီချက်တွေ ရရှိလိုက်ပါတယ်။ ကိုပင်ဟေဂင်သဘော တူညီချက်မှာ ရာသီဥတုပြောင်းလဲသွားမှုဆိုတဲ့ လူသားတရပ်လုံး ပြုတ်ပြုတ်ပြုန်းသွားနိုင်စေတဲ့ ဒီပြဿနာရဲ့ ခြိမ်းခြောက်မှုရှေ့မှောက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာ ပူးပေါင်းဆောင်ရွက်ပြီး အတူတကွရင်ဆိုင်သွားလိုကြောင်း ဖော်ပြထားပါတယ်။ ရာသီဥတု ပြောင်းလဲသွားမှုကို ရင်ဆိုင်ဖြေရှင်းရေး အရင်းခံနည်းနာကတော့ နိုင်ငံတကာ ပူး ပေါင်းဆောင်ရွက်ရေးကို အားဖြည့်သွားရေးပါပဲ။ ဒါကလွဲလို့ တခြားမရှိပါဘူး။ အနောက်တိုင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေအ ဖို့ပြောရရင် မတူတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရာသီဥတုပြောင်းလဲရေးကို ရင်ဆိုင်ဖြေရှင်းရေး ဆိုတာဟာ သစ်ပင်ပေါ်တက် ငါးရှာနေတာနဲ့ အတူတူပါပဲ။


ကမ္ဘာ့လူဦးရေ အများစုရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ တခြားကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေမှာ ဥပမာ- အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ နျူကလီးယားပြန့်ပွားမှု ဆန့်ကျင်ရေး၊ ပင်လယ်ဓားပြချေမှုန်းရေး၊ စွမ်းအင်လုံခြုံမှု ကာကွယ်စောင့်ရှောက်ရေး၊ ၀က်တုပ်ကွေးရင်ဆိုင်ရေး၊ ဒေသလုံခြုံမှုကို ထိန်းသိမ်းကာကွယ်ရေးစတာတွေ.... မှာ လည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ဆောင်ရွက်မြဲဆောင်ရွက်နေပါတယ်။ တချို့ကို အင် အားဖြည့် တိုးချဲ့ဆောင်ရွက်မှုတွေ ရရှိနေပါပြီ။ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဗဟုဝင်ရိုးနဲ့ ၀င်ရိုးမဟုတ်တဲ့ အင်အားစုတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကျိုးရှိပါတယ်။

(အပိုင်း ၃-၄ ကို ဆက်လက်ဖော်ပြသွားပါမည်)

ဘိုကေသောင်း

 

 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်