စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday66
mod_vvisit_counterYesterday169
mod_vvisit_counterThis week722
mod_vvisit_counterLast week1243
mod_vvisit_counterThis month1447
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51702

Online Guests: 11
Your IP: 38.107.191.89
,
Today: Sep 09, 2010
နိုင်ငံတကာအခြေအနေကို ပြန်လည်သုံးသပ်ကြည့်ခြင်းနဲ့ အနာဂတ်ကို မျှော်ကြည့်ခြင်း (အဆက်)
နိုင်ငံတကာ့အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ခြင်းနဲ့  အနာဂတ်ကို မျှော်ကြည့်ခြင်း (အဆက်)
(၃)
အရာကိစ္စတိုင်းရဲ့ ပြောင်းလဲမှုတိုင်းမှာ အရေအတွက်မှ အရည်အချင်းပြောင်းလဲမှု ဖြစ်စဉ်ဆိုတာ ရှိစမြဲပဲလို့ အနုပဋိလောမက ကျွန်တော်တို့ကို သင်ကြားထားပါတယ်။ ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲမှုဟာလည်း ဒီအတိုင်းပါပဲ။ ၂၀၀၉ ခုနှစ် ကမ္ဘာ့ အခင်းအကျင်းဟာ ဒီလိုကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ရေခဲတွေ ၃ ပေလောက် ထူလာတယ်ဆိုတာ အချိန်တိုအတွင်း အေးခဲမှုမဟုတ်ပါဘူး။ ဥပမာ သမိုင်းကို ပြန်လည်စစ်ဆေး ကြည့်ရင် တွေ့နိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အလားအလာ ၃ ရပ်ဟာ တကယ်တော့ စောစွာကတည်းက တည်ရှိနေခဲ့တာပါ။ ဒါပေမဲ့ မျက်မှောက်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကြီးများအတွင်း တဆင့်တက် အင်အား ကောင်းလာတာ ဖြစ်တယ်။

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုက ဖွံ့ဖြိုးဆဲနိုင်ငံ အမြောက်အမြား ပေါ်ပေါက်ခဲ့တာဖြစ်ပြီး တတိယကမ္ဘာဆိုတာ ကံအားလျော်စွာ ပေါ်ပေါက်လာပါတယ်။ ဒါဟာ ကမ္ဘာ့အခင်းအကျင်း ကို အကြီးအကျယ် ပြောင်းလဲသွားစေပါတယ်။ စစ်အေးလွန်ခေတ်ရောက်လာတော့ တတိယကမ္ဘာဟာ တဆင့် တက် အားကောင်းလာပါတယ်။ နိုင်ငံတကာ ဇာတ်ခုံပေါ်မှာလည်း သြဇာသက်ရောက်မှုစွမ်းအား အဆက်မပြတ် ကြီးထွားလာပါတယ်။ အပေါ်လွင်ဆုံး ဖော်ပြချက်ကတော့ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဟာ မိမိတို့ရဲ့အကျိုးစီးပွားကို ကြံ့ကြံ့ခိုင်ခိုင် ကာကွယ်ထိန်းသိမ်းခဲ့မှုပါပဲ။ ကြီးမားတဲ့ အောင်မြင်ချက်လည်း ရရှိ လိုက်ပါတယ်။ ၂၀၀၅ ဟာ ကုလသမဂ္ဂရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေးနှစ်ဖြစ်တယ်။ ပြုပြင်ပြောင်းလဲရေးရဲ့ အရေးပါတဲ့ အကျိုးရလဒ်တခုကတော့ စက်တင်ဘာလက ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးက အတည်ပြုလိုက်တဲ့ “ အကျိုးရလဒ်စာတမ်း” ပါပဲ။ “ အကျိုးရလဒ်စာတမ်းမူကြမ်း” ရေးဆွဲတဲ့ဖြစ်စဉ်အတွင်း အမေရိကန် ကိုယ်စားပြုတဲ့ အနောက်တိုင်းနိုင်ငံတွေနဲ့ ကျယ်ပြောလှတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပြင်းထန်တဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့တယ်။ အငြင်းအခုံဖြစ်မှုရဲ့ ရည်မှန်းချက် ကတော့ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံတကာ အစီအစဉ် ဖြစ်ထွန်းတိုးတက်ရေးရဲ့ ရှေ့ဆောင်ခွင့်အာဏာ ဖြစ်ပါတယ်။ နောက်ဆုံးအတည်ပြုလိုက်တဲ့ “ အကျိုး ရ လဒ်စာတမ်း” ဟာ အဖက်ဖက်မှာ စေ့စပ်အလျှော့ပေး၊ ကျားထိုးပြီးမှ ရလာတဲ့ အထွက်ပစ္စည်းဖြစ်ပေမယ့် ဖွံ့ဖြိုး ဆဲနိုင်ငံတွေဟာ အကြမ်းဖျင်းအားဖြင့် သာလွန်မှုရှိခဲ့လို့ မိမိတို့ရဲ့ အခြေခံအကျိုးစီးပွားကို ကာကွယ် ထိန်းသိမ်း ထားနိုင်ခဲ့ပါတယ်။ “အကျိုးရလဒ်စာတမ်း” အရ နောက်တနှစ်မှာ ပေါ်ထွက်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီဟာ အခြေခံအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဆန္ဒအတိုင်း ထူထောင်ခဲ့တာဖြစ်တယ်။ အမေရိကန်ကတော့ ၎င်းအဖွဲ့အစည်း ထူထောင်လိုက်တဲ့ပုံစံကို မကျေနပ်တာကြောင့် ပါဝင်ဖို့ လျှောက်လွှာမတင်ပါဘူး။ လူအခွင့်အရေးကောင်စီ အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများစု ပါဝင်တာမို့ အနောက်တိုင်း ဖွံ့ဖြိုးပြီး နိုင်ငံတွေ ထိန်းချုပ်လုပ်ကိုင်ဖို့ အင်အားမရှိ တော့ပါဘူး။ ၂၀၀၈ မတ် ၂၅ လူ့အခွင့်အရေးကောင်စီရဲ့ သတ္တမအကြိမ်မြောက် အစည်းအဝေးပိတ်တဲ့နေ့မှာ အမေရိကန်နဲ့ EU စတာတို့က တရုတ်ပြည်တိဘက်မှာ ဖြစ်ပွားခဲ့တဲ့ “လူ့အခွင့်အရေးချိုးဖောက်မှုပြဿနာ” ဆိုတာကို တယောက်ပြီးတယောက် တင်ပြကြတယ်။ ဒါပေမဲ့ အဖွဲ့ဝင်အများစုရဲ့ ဟန့်တားမှုနဲ့ ရင်ဆိုင်သွား ခဲ့ရတယ်။ ဒါကို အနောက်တိုင်း နိုင်ငံတွေဟာ ဒေါသထွက်ကြပေမယ့် ဘယ်လိုမှ မတတ်နိုင်တော့လို့ လက်မှိုင်ချ သွားရတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ နိုင်ငံရေးသြဇာ တိုးပွားလာတဲ့ နောက်ထပ် အရေးပါတဲ့ ဖော်ပြချက်တခုကတော့ ၎င်း တို့ကို အဓိကမဏ္ဍိုင်အဖြစ်ထားတဲ့ ဒေသလက္ခဏာဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ပေါ်ထွက်လာခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာမှုဖြစ်တယ်။ အာဖရိကနိုင်ငံများသမဂ္ဂ၊ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)၊ ရေနံ ထုတ်လုပ်တင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့ (အိုပက်)၊ အာရပ်နိုင်ငံများအဖွဲ့ချုပ်စတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများ မပါဝင်တဲ့ အဖွဲ့အစည်းများရဲ့  နိုင်ငံတကာအရေးကိစ္စများအတွင်း သူတို့ရဲ့အခန်းကဏ္ဍဟာ ကြီးမားသထက် ကြီးမား လာနေတယ်။  ၂၀၀၅ ခု လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများ ပါဝင်တဲ့အဖွဲ့များ အတွင်းမှာလည်း ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ အခန်းကဏ္ဍဟာ တိုးပွားလာနေတယ်။ ၂၀၀၂ ဧပြီ ၁၂ ရက်က ဗင်နီဇွဲလားမှာ အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။ အမေရိကန်ကို ဆန့်ကျင်တဲ့ ချာဗက်စ်ရဲ့ နိုင်ငံရေးအာဏာကို တွန်းလှန်ပစ်တဲ့ ဖြစ်ရပ်ပါ။ အမေရိကန်က နိုင်ငံရေးအာဏာသစ်ကို ထောက်ခံလိုတဲ့ စိတ်ဆန္ဒရှိပါတယ်။ အမေရိ ကန်မှအပ အမေရိကတိုက်နိုင်ငံများအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်က အတည်ပြုထားခဲ့တဲ့ “ အမေရိကတိုက် ဒီမိုကရေစီ ပဋိညာဉ်” ကို ချက်ချင်း ဆောင်ရွက်ကျင့်သုံးပြီး အာဏာသိမ်းမှုလုပ်ဆောင်ခဲ့သူများကို စတင်ပြစ်တင်ရှုတ်ချပါတယ်။ တရားဥပဒေနဲ့ ကိုက်ညီတယ်လို့ အသိအမှတ် မပြုကြပါဘူး။ အာဏာသိမ်း မှုကို အကျပ်ကိုင်နည်းဖြင့် အဖျားရှူးသွားစေခဲ့တယ်။ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ချာဗက်စ်ဟာ နိုင်ငံရေးအာဏာ ပြန်လည်ရရှိသွားခဲ့တယ်။

စက်မှုလုပ်ငန်းဖြစ်ထွန်းရေး၊ ခေတ်မီရေး ဖြစ်စဉ်အတွင်း အာရှတိုက်ဟာ  နောက်ကျခဲ့တယ်။ ဒါကြောင့် ဥရောပနဲ့ အမေရိကန်ရဲ့ ပြုသမျှ နုရတဲ့ ဘ၀ကို ရောက်ခဲ့ရတယ်။ ဂျပန်ဟာ ဥရောပနဲ့ အမေရိကန်ရဲ့ စော်ကားမော်ကား နိုင်ထက်စီးနင်းပြုကျင့်ခံရမှုက ပထမဆုံး လွတ်မြောက်ခဲ့တဲ့ အာရှတိုက်က နိုင်ငံဖြစ်တယ်။ ဒီလို နဲ့ သူဟာ အင်အားကြီးနိုင်ငံများတပ်ဖွဲ့ထဲကို အလွန်လျင်မြန်စွာ ၀င်ရောက်သွားခဲ့တယ်။ ၎င်းတို့နဲ့အတူ တခြား အာရှနိုင်ငံများကို စော်ကားမော်ကား နိုင်ထက်စီးနင်းပြုကျင့်တော့တယ်။ ဒုတိယကမ္ဘာစစ်ပြီးတာနဲ့ တောက် လျှောက် အာရှနိုင်ငံအများအပြားဟာ အမျိုးသားလွတ်လပ်ရေးရရှိလိုက်ပါတယ်။ တရုတ်ပြည်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာတယ်။ အမှီခိုကင်းစွာ ကိုယ့်ဘာသာ ဆုံးဖြတ်ခွင့်အဆင့်အတန်း ကို ရရှိထားတဲ့ အာရှတိုက်က နိုင်ငံအများအပြားဟာ အားကြိုးမာန်တက် ကိုယ်ဒူးကိုယ်ချွန် လုံးပန်းအားထုတ်ခဲ့ ကြလို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ထွန်းပြောင်တဲ့အောင်မြင်မှုများကို ရရှိခဲ့ကြတယ်။ ဦးစွာအားဖြင့် နဂါး ၄ ကောင်ဟာ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်ခဲ့ကြပြီး အဲဒီနောက်မှာ ဆက်လက်ပြီး တရုတ်ပြည်ဟာ တဟုန်ထိုး ဖွံ့ဖြိုးတိုး တက်ခဲ့ပြန်တယ်။ ဂျပန်က ဥရောပအမေရိကန်ကို အတုံးလိုက်အတစ်လိုက် ကူးချထားတဲ့ ပုံစံဖြစ်တယ်။ ဂျပန်နဲ့ မတူတဲ့ အချက်ကတော့ တရုတ်နဲ့ အာရှနိုင်ငံ အများအပြားဟာ မိမိလမ်းကို မိမိဘာသာ သွားတာဖြစ်ပြီး၊  “ အာ ရှတန်ဖိုး” ကို ကြံ့ကြံ့ခိုင်ခိုင် ဆုပ်ကိုင်ထားတာဖြစ်တယ်။ အာရှတိုက် တဟုန်ထိုး ဖြစ်ထွန်းတိုးတက်လာတာဟာ ၂၀ ရာစု နောက်ပိုင်းရာစု နှောင်းပိုင်း နိုင်ငံတကာ နိုင်ငံရေးအတွင်းက ကြီးမားတဲ့ကိစ္စရပ်တခုဖြစ်တယ်။ ၂၀ ရာစု ၉၀ ခုနှစ်များကာလက အာရှဘဏ္ဍာငွေကြေးအကျပ်အတည်းဟာ တချို့အာရှနိုင်ငံများရဲ့ စီးပွားရေးကို အထိနာ စေခဲ့ပြီး ၎င်းတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားစေပါတယ်။ ဒါပေမဲ့ အာရှတိုက် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုဖြစ် စဉ်ကို အရင်းခံအားဖြင့် ဆိုးဆိုးရွားရွားဖြစ်မသွားစေပါဘူး။

၂၀ ရာစု ၆၀ ခုနှစ် နှောင်းပိုင်းမှာ အမေရိကန်သမ္မတ နစ်ကဆင်က “ ကမ္ဘာ့အဓိအက အင်အားကြီး ၅ ရပ် ” ဆိုတာကို တင်ပြလိုက်တယ်။ သူက အင်အားလွန်နိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဆိုဗီယက်အပြင် တရုတ်၊ အနောက်ဥရောပနဲ့ ဂျပန်၊ အဓိက အင်အား ၃ ခုတည်ရှိနေသေးတယ်လို့ ထင်မြင်ယူဆကြောင်း ရှင်းပြ ခဲ့တယ်။ ဒါဟာ ဗဟုဝင်ရိုးဖြစ်ပေါ်ရေးမှာ ကနဦးပေါ်ထွက်လာတဲ့ အစအနဖော်ပြေချက်များအဖြစ်လို့ ပြောနိုင်ပါ တယ်။ စစ်အေးခေတ် အဆုံးသတ်သွားတဲ့အခါ ဆိုဗီယက်ပြည်ထောင်စုဟာ ပြိုကွဲသွားတယ်။ အမေရိကန်ဟာ တခုတည်းသော အင်အားလွန်နိုင်ငံကြီးတနိုင်ငံဖြစ်လာတယ်။ သူက ၀င်ရိုးတခုတည်းကမ္ဘာကို တည်ဆောက်လို ပေမယ့် ဗဟုဝင်ရိုးဖြစ်ပေါ်မယ့် အလားအလာဟာ ပျောက်ပျက်သွားတာ မဟုတ်ဘူး။ ၀င်ရိုးတခုနဲ့ ဗဟုဝင်ရိုး အားပြိုင်မှုရဲ့ အကျိုးဆက်ရလဒ်ဖြစ်တဲ့ “ အင်အားလွန်နိုင်ငံကြီး တနိုင်ငံနဲ့ အင်အားကြီး နိုင်ငံအများအပြား” ဆို တာ ဖြစ်တည်လာတယ်။ “ အင်အားလွန်နိုင်ငံကြီး တနိုင်ငံ” နဲ့ “ အင်အားကြီး နိုင်ငံအများအပြား” ဆိုတာက လည်း အပြန်အလှန် ချုပ်ကိုင်၊ ယှဉ်ပြိုင်နေကြပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိန်းညှိမှုတွေလည်း ရှိ နေတယ်။ တရုတ်ပြည် တဟုန်ထိုး တိုးတက်လာမှု၊ ရုရှ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမှု၊ EU ကျယ်ပြန့်လာမှု၊ ဂျပန်ရဲ့ အားထုတ်လုံးပန်းမှုတွေဟာ နိုင်ငံရေးအရ အင်အားကြီး နိုင်ငံတွေဖြစ်လာတာနဲ့အမျှ ဗဟိုဝင်ရိုး ဖြစ်ထွန်း ရေးဟာ ထင်ရှားသထက် ထင်ရှားလာတယ်။ အမေရိကန်ရဲ့ နှိုင်းရအင်အားကတော့ ကျဆင်းနေတယ်။

ဝင်ရိုးမဟုတ်တဲ့အင်အားများ ဖြစ်ပေါ်မှု အလားအလာဟာ စစ်အေးကာလက စတင်ခဲ့တာပါ။ တတိယ ကမ္ဘာဟာ လွတ်လပ်တဲ့အင်အားစုတရပ် ဖြစ်ပေမယ့် စည်းလုံးညီညွတ်မှုမရှိတဲ့ အင်အားတရပ်ဖြစ်တယ်။ တရုတ် ပြည်မှတပါး တတိယကမ္ဘာနိုင်ငံတွေဟာ “ ၀င်ရိုးမဟုတ်တဲ့” အင်အားအဖြစ် ပေါ်ထွက်လာတာဖြစ်ပြီး ၀င်ရိုးမဲ့အင် အားများ ဖြစ်ပေါ်ရေးဟာလည်း စတင်ပေါ်လွင်လာတယ်။ အီရတ်စစ်ပွဲ ၂ ကြိမ်၊ ရေနံတင်ပို့နိုင်ငံများအဖွဲ့ (အိုပက်) ရဲ့ ရေနံကိုလက်နက်အဖြစ် အသုံးချမှုနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများ ဆင်နွှဲတဲ့တိုက်ပွဲ၊ ဒါတွေအားလုံးဟာ ၀င်ရိုးမဟုတ်တဲ့ အင်အားများက နိုင်ငံတကာဇာတ်ခုံပေါ်မှာ မိမိတို့ရဲ့ အစွမ်းအစကို ထုတ်ဖော်ပြလိုက်တဲ့ ဖြစ်ရပ်ဖြစ်တယ်။ တရုတ် ပြည် ကုလသမဂ္ဂမှာ ပြန်လည်ရောက်ရှိလာမှုဟာ ၀င်ရိုးမဟုတ်တဲ့အင်အားများအတွက် အလွန်အတိုင်းအတာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ၂၆ ကြိမ်မြောက် ကုလသမဂ္ဂအစည်းအဝေးမှာ   ဆုံးဖြတ်ချက် အ မှတ် ၂၇၅၈ အရ တရုတ်ပြည်ကို ထောက်ခံတဲ့ ၇၆ နိုင်ငံအနက် ၆၂ နိုင်ငံအဟာ အာရှ၊ အာဖရိကနဲ့ လက်တင်အ မေရိက နိုင်ငံတွေဖြစ်တယ်။ တနည်းပြောရရင် “ အဓိက အင်အားကြီး ၅ ရပ် ” မဟုတ်တဲ့ နိုင်ငံတွေ ဖြစ်တယ်။ မော်စီတုန်းက တရုတ်ပြည် ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်သွားရတာဟာ “အဓိကအားဖြင့် တတိယကမ္ဘာက ညီနောင် တွေက ကျွန်တော်တို့ကို ထမ်းတင်ပေးလိုက်တာဖြစ်တယ်” လို့ သရုပ်သကန်ပါပါ ပြောခဲ့ဖူးတယ်။ စစ်အေးခေတ် အဆုံးသတ်သွားပြီးတော့ ၀င်ရိုးမဟုတ်တဲ့အင်အားစုတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပိုမိုလျင်မြန်လာတယ်။ ၀င်ရိုးမ ဟုတ်တဲ့အင်အားစုများ ဖွံ့ဖြိုးတိုးတက်မှုဟာ  ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ အင်အားကောင်းလာမှုနဲ့ တညီတညွတ်တည်း ဖြစ်ပါတယ်။ ၀င်ရိုးမဟုတ်တဲ့ အင်အားစုများဟာ နိုင်ငံတော်က ပြုမူဆောင်ရွက်တဲ့ပုံစအပြင် နိုင်ငံတော်က ပြုမူ ဆောင်ရွက်တာမဟုတ်တဲ့ ပုံစံလည်း ရှိသေးပြီး နိုင်ငံတကာအဖွဲ့အစည်း ( အထူးသဖြင့် ၀င်ရိုးအင်အားများ မပါတဲ့ နိုင်ငံတကာအဖွဲ့အစည်း၊ ဥပမာ-အာဖရိကနိုင်ငံများသမဂ္ဂ၊ အိုပက်၊ အာဆီယံ) နယ်ကျော်ကုမ္ပဏီများ၊ အစိုးရမ ဟုတ်တဲ့အဖွဲ့အစည်းများ (NGOs) ၊ အမျိုးမျိုးသော အကြမ်းဖက်အဖွဲ့အစည်းများနဲ့ အပြစ်ညှိစွန်းနေတဲ့ အဖွဲ့ အစည်းများနဲ့တကွ ထူးခြားတဲ့ တဦးချင်းပုဂ္ဂိုလ်များ ပါဝင်ပါတယ်။ ဘဏ္ဍာငွေကြေး ဂုဏ်အရှိန်အ၀ါကြီးသူ ဆိုလပ်စ်ဟာ အာရှဘဏ္ဍာငွေကြေးအကျပ်အတည်းအတွင်း အကျိုးဆောင်မှုဟာ နိုင်ငံအမြောက်အမြားရဲ့ ပြုမူ ဆောင်ရွက်ချက်ပုံစံတွေထက် သာလွန်ခဲ့ပါတယ်။ အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့က အမေရိကန်မှာ “၉.၁၁” အ ကြမ်းဖက်အလစ်တိုက်ခိုက်မှုဟာ အမေရိကန်နဲ့ ကမ္ဘာကြီးကို ဂယက်ရိုက်ခတ်သွားရုံမက ၀င်ရိုးအင်အားတွေအ ပေါ် အောင်ပွဲခံသွားတယ်။ မျက်မှောက်ကမ္ဘာမှာ အဓိအ အချင်းပွားနေမှုတွေဟာ ခေါ်ဆိုလေ့ရှိတဲ့ ၀င်ရိုးအချင်း ချင်းအကြား ဖြစ်ပွားခဲ့တာမဟုတ်ဘဲ ၀င်ရိုးနဲ့ ၀င်ရိုးမဟုတ်တဲ့ အင်အားတွေအကြား ဖြစ်ပွားခဲ့တာပါ။ စစ်အေး ခေတ်အဆုံးသတ်သွားပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ စစ်ပွဲအချို့ (ပင်လယ်ကွေ့စစ်ပွဲ၊ ကိုဆိုဗိုစစ်ပွဲ၊ အာဖဂန်စစ်ပွဲ၊ အီရတ် စစ်ပွဲ) ဟာ ၀င်ရိုးအချင်းချင်းအကြား ဖြစ်တဲ့စစ်ပွဲများမဟုတ်ပါဘူး။ ကိုဆိုဗိုစစ်ပွဲမှာ နိုင်ငံကြီးတွေရဲ့ ယှဉ်ပြိုင်မှု အရိပ်အယောင် (အမေရိကန် ဦးဆောင်တဲ့ နေတိုးက ရုရှားရဲ့ သေနင်္ဂဗျူဟာ ကွက်လပ်ကို ဖိညှစ်ပစ်တာမျိုး) ကို ရှာဖွေတွေရှိနိုင်ရုံမှတပါး  တခြား တိုက်ပွဲတချို့မှာ နိုင်ငံကြီးတွေရဲ့ အခြေအနေကို တွေ့ဖို့ အလွန်ခဲယဉ်းပါတယ်။ အားလုံးဟာ ၀င်ရိုးမဟုတ်တဲ့အင်အားတွေနဲ့ “အင်အားလွန်နိုင်ငံကြီးတနိုင်ငံ” အကြား ယှဉ်ပြိုင်မှုတွေ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ မျက်မှောက်ကာလမှာ အမေရိကန်ကို ခေါင်းကိုက်စေတာကတော့ ၀င်ရိုးတခုတည်းကို တိုက် ရိုက်စိန်ခေါ်မှုဖြစ်စေတာကတော့ အဲဒီဝင်ရိုးတွေ မဟုတ်ဘဲ အလယ်အလတ် နိုင်ငံ၊ နိုင်ငံငယ်တွေနဲ့ အကြမ်းဖက် အဖွဲ့အစည်းစတဲ့ ၀င်ရိုးမဟုတ်တဲ့အင်အားစုတွေဖြစ်ပါတယ်။

(၄)
ကမ္ဘာ့အခင်းအကျင်းဟာ အပြောင်းအလဲ ဖြစ်ပေါ်နေဆဲကာလဖြစ်တယ်။ တစိတ်တပိုင်း အရည်အချင်း ပြောင်းလဲမှု ဖြစ်ပေါ်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လုံးဝ အရည်အချင်း ပြောင်းလဲမှုအဆင့် ရောက်ဖို့ ဝေးပါ သေးတယ်။ အမေရိကန်ရဲ့ တခုတည်းသော အင်အားလွန် နိုင်ငံကြီး အဆင့်နေရာကို အစားထိုးနိုင်မယ့် အချိန် ကာလဟာ ခန့်မှန်းပြောဆိုဖို့ ခက်ပါတယ်။ အာရှတိုက်ရဲ့ တဟုန်ထိုး တိုးတက်လာမှုဟာ ဥရောပနဲ့ အမေရိကန် ပျက်သုဉ်းသွားပြီလို့ ဆိုလိုတဲ့သဘောမဟုတ်ပါဘူး။ ဥရောပနဲ့ အမေရိကန်ရဲ့ ကမ္ဘာ့စီးပွားရေးအတွင်း ရှေ့ဆောင် အဆင့်နေရာဟာ အနာဂတ်မှာလည်း ဆက်လက်တည်မြဲသွားလိမ့်ဦးမယ်ဆိုတာကို ကြိုတင်တွေ့မြင်နိုင်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေ အနောက်တိုင်း ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ လုံးဝတန်းတူအဆင့်နေရာကို ရရှိဖို့ဆိုရင် အ တော်အတန် ရှည်ကြာတဲ့ အချိန်လိုအပ်ပါသေးတယ်။

G 20 ထိပ်သီးအစည်းအဝေးဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှိုင်းယှဉ်ခြင်းအားဖြင့် လျင်မြန်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့ ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ တန်းတူအခွင့်အရေးရရှိလိုက်ပေမယ့် အစည်းအဝေး ၃ ကြိမ်စလုံးရဲ့ အခြေအနေကို ကြည့်ရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ရှေ့ဆောင်မှုအခန်းဟာ အရေးပါအရာရောက်မြဲ ရောက်နေတယ်။ G 20 ရဲ့ ဖွံ့ဖြိုး တိုးတက်ရေး အလားအလာဟာ ပြဿနာ ရှိမြဲရှိနေသေးတယ်။ ဘဏ္ဍာငွေကြေးအကျပ်အတည်း ကျော်လွန်သွား ပြီးနောက် ဖွံ့ဖြိုးပြီးနိုင်ငံတွေက အလေးထားပါဦးမလား။ တခုလုံးအရ ကြည့်ရရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အထွေ ထွေအင်အားအရ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန်ကွာခြားနေဆဲဖြစ်ပါတယ်။ “BRIC ၄ နိုင်ငံ” ကို ဥပမာ ထား ပြောရရင် မျက်မှောက်ကာလမှာ ၄ နိုင်ငံအုပ်စုရဲ့ GDP ဟာ ကမ္ဘာ့ရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်ပြီး အမေရိကန် တ နိုင်ငံတည်းက ၂၅ ရာခိုင်နှုန်းရှိနေပါတယ်။ ဥရောပသမဂ္ဂ ၂၇ နိုင်ငံရဲ့ စီးပွားရေးစုစုပေါင်းတန်ဖိုးဟာ အမေရိကန် ကို ကျော်လွန်သွားပါပြီ။ အနောက်တိုင်းနိုင်ငံတွေဟာ ပြည့်ဝကုန်လုံတဲ့ သိပ္ပံနဲ့ နည်းပညာအင်အားတွေကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး အဆင့်မြင့်သိပ္ပံနဲ့ နည်းပညာစက်မှုလုပ်ငန်း၊ ထွန်းသစ်စစက်မှုလုပ်ငန်းများ သုတေသန ပြုမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအရ သိသိသာသာ သာလွန်မှုရှိပါတယ်။ တကယ့်အင်အားအရ ကွာခြားမှုဟာ ဘက်တ ဘက်သာ ဖြစ်ပါတယ်။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုမှာ  ဖွံ့ဖြိုးဆဲနိုင်ငံများဟာ ညီညာဖြဖြ ဆောင်ရွက်ရေး မှာ ဖွံ့ဖြိုးပြီးနိုင်ငံများကို မမီပါဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံများဟာ မိမိဘာသာ အကျိုးသက်ရောက်မှုရှိတဲ့ ပူးပေါင်းဆောင် ရွက်မှု၊ ညီညာဖြဖြ ဆောင်ရွက်တဲ့ နည်းစနစ် အမြောက်အမြား ရှိပါတယ်။ ဥပမာ-စစ်ရေးအရ နေတိုးနဲ့ အမေရိ ကန်- ဂျပန်မဟာမိတ်ရှိတယ်။ နိုင်ငံရေးအရ အနောက်တိုင်း G 7အုပ်စုရှိပါတယ်။ စီးပွားရေးအရ “ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (OECD) အဖွဲ့” ရှိတယ်။

ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖွဲ့ဝင် တရပ်လုံး လက်ခံနိုင်တဲ့ စည်းလုံးညီညွတ်တဲ့အဖွဲ့အစည်း ဒါမဟုတ် ယန္တရား မရှိပါဘူး။ တချို့ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကြွယ်ဝလာပြီးနောက် အကျိုးစီးပွားအတွက်  ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ဆက်ဆံချဉ်းကပ်ရုံမက ဖွံ့ဖြိုးပြီးနိုင်ငံများ အဖွဲ့အစည်းမှာ ပါဝင်ကြတယ်။ ဥပမာ-တောင်ကိုးရီးယား။ ၎င်းနိုင်ငံဟာ စီးပွားရေးပူးပေါင်းဆောင်ရွာက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) မှာ ပါဝင်ခဲ့တယ်။ တချို့ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အနောက်တိုင်းဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နိုင်ငံရေးအရ နီးစပ်မှုရှိရုံမက စနစ်အရလည်း ဆင်တူရိုးမား အကောင်အထည်ဖော်ဆောင်ကြတယ်။ ယဉ်ကျေးမှု အရလည်း အနောက်တိုင်းနိုင်ငံတွေနဲ့ အလွန်နက်ရှိုင်းတဲ့ ရေသောက်မြစ်အရပါ ဆက်စပ်မှုရှိနေတယ်။ လုံခြုံ ရေးအရ အနောက်တိုင်းနိုင်ငံကြီးတွေရဲ့ အစောင့်အရှောက်ကိုသာ ခံယူလိုတဲ့ဆန္ဒပိုရှိနေပြီး ပတ်ဝန်းကျင်က ဖွံ့ဖြိုးဆဲနိုင်ငံကြီးတွေအပေါ်မှာတော့ မယုံကြည်တဲ့ သဘောထားမျိုးကို ဆုပ်ကိုင်ထားတယ်။ စီးပွားရေးအရ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေနဲ့ ပိုမိုနီးစပ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ စီးပွားရေးအရ ကူညီထောက်ပံ့မှုတွေကို လက်ခံတယ်။ တချို့ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား နယ်မြေ၊ ဘာသာရေး၊ လူမျိုးစတဲ့ ဘက်တွေမှာ အငြင်းပွားမှုတွေ ရှိနေရုံမက မကြာခဏ ၎င်းတို့အကြား အချင်းပွားမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလိုနဲ့ အနောက်တိုင်းနိုင်ငံတွေက ကြားဝင် ဆောင်ရွက်ပေးပြီး ၀င်ရောက် စွက်ဖက်ရေးအခွင့်အလမ်းများကို ရရှိသွားစေပါတယ်။ တချို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက နိုင်ငံတကာအဖွဲ့အစည်းကို ၀ိုင်းပယ်လိုတဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းကြတယ်။ ဥပမာ-အိန္ဒိယ၊ ဘရာဇီးလ်၊ တောင်အဖရိက ၃ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေဟာ ၂၀၀၃ ဇွန်လက တောင်အာဖရိကမှာ ၃ နိုင်ငံဆွေးနွေး ရေးဖိုရပ်ကို ထူထောင်လိုက်ကြောင်း ကြေညာခဲ့တယ်။ အကဲခတ်သမားများက “ ရှင်သန်စွမ်းအားတွေပြည့်ဖြိုး နေတဲ့ ဒီမိုကရေစီနိုင်ငံ” ၃ နိုင်ငံက ဖွဲ့စည်းလိုက်တဲ့ “၃ နိုင်ငံအုပ်စု” လို့ အမည်ပေးလိုက်ကြတယ်။ “ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ ကမ္ဘာလုံးဆိုင်ရာအဆင့် ပြောရေးဆိုခွင့်ရှိသူ” ဖြစ်လာရေး မျှော်မှန်းခဲ့တာပါ။ ဒါပေမဲ့ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ကတော့ နိုင်ငံရေးစနစ် ကွာခြားနေမှုကြောင့် “ ၃ နိုင်ငံအုပ်စု” ထဲပါဝင်ရေးမှာ အလွန်ခက်ခဲနေပါတယ်။

မျက်မှောက် ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲမှုဟာ ငြိမ်းချမ်းတဲ့ပုံစံနဲ့ အကောင်အထည်ပေါ်လာမှာပါ။ ဒါ ဟာ အတိတ်က စစ်ပွဲ သို့မဟုတ် စစ်အေးတိုက်ပွဲပုံစံနဲ့ အကောင်အထည်ပေါ်လာတာနဲ့တော့ အလွန်ကွာခြားပါ လိမ့်မယ်။ ငြိမ်းချမ်းတဲ့ပုံစံနဲ့ အကောင်အထည် ပေါ်လာလိမ့်မယ်ဆိုတာဟာ အတော်အတန်ရှည်ကြာတဲ့ တဖြည်း ဖြည်းချင်းမြှင့်တက်လာတဲ့ ဖြစ်စဉ်လို့ ဆိုလိုတဲ့သဘောဖြစ်ပါတယ်။

ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲလာမှုက တရုတ်ပြည်အတွက် အခွင့်အလမ်းများကို ဆောင်ကြဉ်းလာသ လို စိန်ခေါ်မှုများကိုလည်း ဆောင်ကြဉ်းလာပါတယ်။ တရုတ်ပြည်ရဲ့ အထွေထွေနိုင်ငံတော်အင်အားများ တိုးပွား လာပါတယ်။ နိုင်ငံတကာ အဆင့်နေရာလည်း မြင့်တက်လာပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက တရုတ်ပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုအလားအလာကောင်းကို တွေ့မြင်တာကြောင့် တရုတ်ပြည်နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လိုလားကြ ပါတယ်။ ဒါဟာ အခွင့်အလမ်းတွေပါပဲ။ တရုတ်ပြည်ဟာ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ပြီး တက်တက်ကြွကြွ ဖြစ်ဖြစ်မြောက်မြောက် စွမ်းဆောင်လုပ်ကိုင်သွားသင့်တယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း တရုတ်ပြည်ဟာ နိုင်ငံ တကာ အဆင့်နေရာ မြင့်တက်လာမှုက အန္တရာယ်အမြောက်အမြားကို ဆောင်ကြည်းလာပါလိမ့်မယ်။ တဟုန်ထိုး တိုးတက်နေတဲ့နိုင်ငံတွေဟာ အများတကာက ၀ိုင်းတိုက်စရာ ပစ်မှတ်ဖြစ်လာဖို့ အလွန်လွယ်ပါတယ်။ “ တရုတ် ပြည်ရဲ့ တာဝန်ဝတ္တရား ဆိုတဲ့သဘောတရား” “ တရုတ်အမေရိကန် ၂ နိုင်ငံအုပ်စုဆိုတဲ့သဘောတရား” တွေမှာ “ ယိမ်းထိုးလှုပ်ရှားနေတဲ့” “မြှောက်ပင့်သတ်ဖြတ်တဲ့” စိတ်ကူးစိတ်သန်းတွေပါဝင်နေတယ်။ ကျွန်တော်တို့ဟာ ဂုဏ်မဖော်ရေးစိတ်ဓာတ်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားသင့်ပြီး အန္တရာယ်က လွတ်ကင်းအောင် ရှောင်တတ်ရမယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာ အခင်းအကျင်းအတွင်း မိမိကိုယ်ကိုယ် နိုင်ငံတကာ ပဋိပက္ခရဲ့ ပစ်မှတ် ဖြစ်မ လာစေဘဲ မိမိရဲ့ နေရာမှန်ကို ရှာသင့်တယ်။             ။

ဘိုကေသောင်း

ကိုးကား။ တလတကြိမ်ထုတ် “မျက်မှောက်ကမ္ဘာ” ဂျာနယ်မှာ ဖော်ပြထားတဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုပါတီကျောင်း နိုင်ငံတကာ သေနင်္ဂဗျူဟာ သုတေသနဌာန၊ ဒုဌာနမှူး ပါမောက္ခ လျှိုကျင့်ဖေရဲ့ ဆောင်းပါး။
Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်