စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday202
mod_vvisit_counterYesterday169
mod_vvisit_counterThis week858
mod_vvisit_counterLast week1243
mod_vvisit_counterThis month1583
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51838

Online Guests: 12
Your IP: 38.107.191.85
,
Today: Sep 09, 2010
ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းအတွင်းက ကမ္ဘာ့အခြေအနေ (အပိုင်း-၁)

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းအတွင်းက ကမ္ဘာ့အခြေအနေ (အပိုင်း-၁)

 

 

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း ပေါ်ပေါက်လာပြီးတဲ့နောက် ကမ္ဘာ့တ၀န်းလုံးမှာ ဘက်စုံ နိုင်ငံခြား ဆက်ဆံရေးဟာ အရင်ကထက် ပေါ်ပေါ်လွင်လွင် ပိုမိုအသက်ဝင်လှုပ်ရှားလာတယ်။ G 20 ထိပ်သီး အစည်းအဝေးမှ အနောက်တိုင်း G 8 နှင့် ထွန်းသစ်စစီးပွားရေးအင်အားများ အပြန်အလှန်ဆွေးနွေးပွဲများ အထိ၊ အင်အားကြီး (BRIC) ၄ နိုင်ငံ ထိပ်သီးအစည်းအဝေးမှ တရုတ်၊ အမေရိကန်၊ ဂျပန် ၃ နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲအထိ၊ ဒီဘက်စုံနိုင်ငံခြားဆက်ဆံရေး လှုပ်ရှားမှုတွေကို ကမ္ဘာ့ပြည်သူတွေက အလွန်အာရုံဝင်စားနေ ပါပြီ။ နိုင်ငံအသီးသီးရှိ မီဒီယာလောကက ဂရုစိုက်အလေးထားနေတဲ့အချက်လည်း ဖြစ်လာနေပါပြီ။ မျက်မှောက် ကာလမှာ ဘက်စုံဝါဒဟာ အကျယ်အပြန့် ကျင့်သုံးနေတဲ့ လမ်းကြောင်းဖြစ်လာနေတယ်။ ဘက်စုံဝါဒ ခေတ်စား လာနေမှုက ကမ္ဘာ့စနစ်အပေါ် နက်ရှိုင်းတဲ့ ရိုက်ခတ်မှု ရှိပါတယ်၊ ခန့်မှန်းသုံးသပ်ကြည့်ချက်များအရ ဘက်စုံဝါဒရဲ့ တွန်းဆော်မှုအောက်မှာ “ဗဟုဝင်ရိုးဖြစ်ထွန်းရေး”နဲ့ “၀င်းရိုးမဟုတ်တဲ့အင်အားများဖြစ်ထွန်းရေး”တို့ဟာ တဆင့် တက် ဖြစ်ထွန်းတိုးပွားလာလို့ အမေရိကန်ရဲ့ တခုတည်းသော အင်အားလွန်နိုင်ငံကြီး အဆင့်နေရာဟာ ထပ်မံ ကျဆင်းလာပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့အခြေအနေသစ် ပေါ်ပေါက်လာရေးဟာ အချိန်ကာလ လိုအပ်ပါတယ်။ ကမ္ဘာ့အခြေအနေ ပြောင်းလဲရေးဆိုတာ ဖြည်းဖြည်းချင်း ပုံစံပေါ်တာမျိုးဖြစ်ပြီး ရုတ်တရက် ပေါ်ထွက်လာတမျိုး မဟုတ်ပါဘူး။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးကပ်က ဘက်စုံဝါဒကို တွန်းဆော်ပေးခြင်း

ဘက်စုံဝါဒဟာ အရာကိစ္စသစ်မဟုတ်ပါဘူး။ လူသားလူ့အဖွဲ့အစည်း တိုးတက်လာတာနဲ့အမျှ ဘက်စုံဝါဒ ရဲ့ သြဇာသက်ရောက်မှု ရှိလာလေလေပါပဲ။ ထိုနည်းတူ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသလက္ခဏာဆောင်တဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေ တိုးများလာလေလေပါပဲ။ အထူးသဖြင့် စစ်အေးခေတ် အဆုံးသတ်သွားပြီးနောက် ဘက်စုံ ၀ါဒကို မိမိနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးပေါ်လစီရဲ့ ဦးတည်ချက်အဖြစ်ထားတဲ့နိုင်ငံ များသထက်များ လာပါ တယ်။ ဘက်စုံဝါဒဟာ အကျယ်အပြန့် ကျင့်သုံးနေတဲ့ လမ်းကြောင်းဖြစ်လာနိုင်ခြင်းမှာ အဓိကအားဖြင့် ကမ္ဘာ မှုပြုတဲ့ ခေတ်ကာလဖြစ်သလို နိုင်ငံအသီးသီးအကြား ဘုံအကျိုးစီးပွား များသထက်များလာနေပြီး ဘက်စုံပူး ပေါင်း ဆောင်ရွက်ရေး လိုအပ်မှု တိုးပွားပြီးရင်း တိုးပွားလာနေလို့ ဖြစ်တယ်။

အမေရိကန် ဝေါလမ်းမက စတင်လိုက်တဲ့ စီးပွားရေးစူနာမီလှိုင်းဟာ တကမ္ဘာလုံးကို အလွန်လျင်မြန်စွာ ၀ါးမျိုသွားပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံ အများတကာ့အများစုကြီးဟာ ဒီကပ်ရဲ့ ဆိုးကျိုးများကို နက်ရှိုင်းစွာ ခံကြ ရတယ်။ ကမ္ဘာတ၀န်းလုံးမှာ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ဖြစ်၊ အရင်းရှင်နိုင်ငံဖြစ်ဖြစ် ဆိုရှယ်လစ် လမ်း ကြောင်းကို စွဲစွဲမြဲမြဲလျှောက်လှမ်းနေတဲ့ နိုင်ငံဖြစ်ဖြစ် ကမ္ဘာမှုပြုတဲ့ ဒီလှိုင်းကြီးအတွင်းမှာ ပျော်ဝင် သွားကြတာမို့ အားလုံးဟာ မိမိတဦးတည်းသီးခြား ကောင်းမွန်နေချင်လို့ မရနိုင်ပါဘူး။ တကမ္ဘာလုံးလက္ခဏာဆောင်တဲ့ အကျပ် အတည်းမျိုးကို ကမ္ဘာ့နိုင်ငံအသီးသီးက ရင်ဆိုင်နေရတဲ့အချိန်မှာ ညီညာဖြဖြ ဆောင်ရွက်သွားကြရန် လိုအပ်ပါ တယ်။ အတူတကွ လုံးပန်းအားထုတ်သွားကြရန် လိုအပ်ပါတယ်။ နိုင်ငံတနိုင်ငံ နှစ်နိုင်ငံ လောက်ရဲ့ အင်အား လောက်နဲ့ ပြဿနာကို ဖြေရှင်းလို့မရနိုင်ပါဘူး။ ဒါကြောင့် G 20 အထူးအစည်းအဝေး ၂ (ယခုအခါ ၃ ကြိမ် ကျင်းပပြီးသွားပါပြီ) ကြိမ်လောက်နဲ့ ဘယ်လိုလုပ်ပြီး ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနိုင်မှာလဲ။ ဒါကြောင့် G8 နဲ့ ထွန်းသစ်စ စီးပွားရေး နိုင်ငံများရဲ့ တွေဆုံဆွေးနွေးပွဲမှာ ဘဏ္ဍာရေးအကျပ်အတည်း ဖြေရှင်း ရေးဟာ အရေးကြီးတဲ့ ဆွေးနွေးဖွယ်ရာ အကြောင်းအရာ ဖြစ်ခဲ့တာပါ။

G20 ဟာ ၁၉၉၉ ခုနှစ်က ထူထောင်ခဲ့တာဖြစ်ပေမယ့် လူတွေက သိပ်အာရုံမပြုမိကြပါဘူး။ ကမ္ဘာလုံး ဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း အခြေအနေအောက်မှာ G 20 ဟာ နိုင်ငံတကာ ဇာတ်ခုံကြီးပေါ်မှာ လှုပ်ရှား အသက်ဝင်လာပါတယ်။ ၀ါရှင်တန် အစည်းအဝေးမှာဖြစ်ဖြစ် လန်ဒန်အစည်းအဝေးမှာဖြစ်ဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံအဖွဲ့ ၀င်တွေရဲ့ G 20 အတွင်း အဆင့်နေရာဟာ သိသိသာသာ မြင့်တက်လာခဲ့တယ်။ G 8 အဖွဲ့ဝင် နိုင်ငံတွေ၊ တရုတ်၊ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက်ဆီကို၊ ဆော်ဒီအာရေဗျနိုင်ငံ၊ တောင်အာဖရိ က၊ တောင်ကိုးရီးယား၊ တူရကီနှင့် EU အဖွဲ့ဝင် နိုင်ငံတွေ ပါဝင်ဖွဲ့စည်းထားတဲ့ G 20 ဟာ လူဦးရေအားဖြင့် ကမ္ဘာ့ လူဦးရေရဲ့ ၃ ပုံ ၂ ပုံရှိပြီး၊ စီးပွားရေးစုစုပေါင်း တန်ဖိုးဟာ ကမ္ဘာကြီးရဲ့ ၈၅ ရာခိုင်နှုန်းရှိပါတယ်။ G 20 နဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို အားဖြည့်လိုက်ခြင်းဟာ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်လာရေးနဲ့ ငြိမ်းချမ်းရေးဖြစ်ထွန်းလာရေး အ တွက် အကြီးအကျယ် သြဇာသက်ရောက်မှုကို ဖြစ်ပေါ်စေပါတယ်။

နိုင်ငံတကာဇာတ်ခုံပေါ်မှာ တလျှောက်လုံး တက်တက်ကြွကြွလှုပ်ရှားနေတဲ့ G 8 ဟာ ထွန်းသစ်စနိုင်ငံ တွေနဲ့ ညီညာဖြဖြ လှုပ်ရှားဆောင်ရွက်ရေးကို အလေးထားသထက် အလေးထားလာပါတယ်။ ၂၀၀၂ ကနေဒါမှာ ကျင်းပတဲ့ G 8 နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတချို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြီးသွားတဲ့နောက် ဒီလိုပုံစံမျိုးတွေကို G 8 အစည်းအဝေးတိုင်းမှာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ၎င်းတို့ရဲ့ အစည်းအဝေးတိုင်းမှာ “အစည်းအဝေးပြင်ပ အစည်းအဝေးများ” ရှိခဲ့တယ်။ ဆိုလိုတာက G 8 ခေါင်းဆောင်များရဲ့ အစည်းအဝေး အပြင်မှာ G 8 နဲ့ ဖွံ့ဖြိုးဆဲနိုင် ငံတချို့ပါဝင်တဲ့ မြောက်နဲ့တောင် တွေ့ဆုံဆွေးနွေးပွဲများလည်း ရှိပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံအရေအတွက်နဲ့ နိုင်ငံတွေဟာ တကြိမ်နဲ့တကြိမ် မတူကွဲပြားပေမယ့် အခြေခံအားဖြင့် စီးပွားရေးဖွံ့ဖြိုး တိုး တက်မှုမှာ နှိုင်းယှဉ်ခြင်းအားဖြင့် လျင်မြန်တဲ့၊ နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ နှိုင်းယှဉ်ခြင်းအားဖြင့် သြဇာကြီးတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။ ၂၀၀၃ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှ စတင်ပြီး  တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်တဲ့ ဖွံဲ့ဖြိုးဆဲနိုင်ငံတွေမှာ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ တောင်အာဖရိကနဲ့ မက်ဆီကိုစတဲ့ ၅ နိုင်ငံဖြစ်တယ်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပေါ်ပြီးနောက်မှာ အကဲခတ်သမား အမြောက်အမြားက G 8 ရဲ့ အခန်းကဏ္ဍနဲ့ ဖြစ်ထွန်းတိုးတက်မှု အလားအလာကို မကောင်းမြင်လာကြပြီး ၎င်းရဲ့ သြဇာဟာ ချည့်နဲ့ပြီးရင်း ချည့်နဲ့လာနေတယ်လို့ ယူဆကြတယ်။ ဒါကြောင့် တောင်မြောက် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ဘောင်အတွင်းမှာ G 8 ရဲ့ အရေးပါ အရာရောက်မှုကွက်လပ်ဟာ ရှိမြဲရှိနေသေးပါတယ်။

ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်ရုံမက ဘဏ္ဍာ ရေးအကျပ်အတည်းကို ပူးပေါင်းဖြေရှင်းနေတဲ့ ဖြစ်စဉ်အတွင်းမှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာ အသိဉာဏ်နိုးကြားမှု တွေလည်း ရရှိပါသေးတယ်။ ဆိုလိုတာက တကယ့်လက်တွေ့မှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာ နယ်ပယ်အများအပြား မှာ ဘုံအကျိုးစီးပွားတွေ တည်ရှိနေတာမို့ ပူးပေါင်းဆောင်ရွက်ရေးဟာ လိုအပ်နေပါတယ်။ ပြဿနာအများအပြား ဟာ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဖြေရှင်းရေးမှာ အကျိုးသက်ရောက်မှု မရှိနိုင်ပါ။ ဥပမာ- ရာသီဥတု ပြောင်းလဲ သွားမှု၊ နျူကလီးယား ပြန့်ပွားလာမှုကို တားဆီးရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ ရိက္ခာပြဿနာဖြေရှင်းရေး စသည်....။ နိုင်ငံအချင်းချင်းအကြား အကျိုးစီးပွားအရ ကွဲပြားမှုတွေ ရှိနေပေမယ့် ပူးပေါင်းဆောင်ရွက်ခြင်းရှိမှသာ ထိန်းချုပ်ရေးနဲ့ ပြေလည်အောင်ဖြေရှင်းရေးတို့မှာ အကျိုးသက်ရောက်မှု ရရှိနိုင်ပါတယ်။ ဘယ်လို ငါတကောကော ရေးဝါဒပုံစံနဲ့ဖြစ်ဖြစ် မိမိနိုင်ငံရဲ့ အကျိုးစီးပွားကို အပြည့်အ၀ရရှိရေး မျှော်လင့်ကြံစည်မှုမျိုးကတော့ တခြားနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာအောင် လုပ်တဲ့  ကြိုးပမ်းမှုဖြစ်စေပြီး နောက်ဆုံးရလဒ်ဟာ ပြဿနာဖြေရှင်းရေးကို အထောက်အကူမဖြစ်ဘဲ ပဋိပက္ခကို ပြင်းထန်လာစေတတ်သလို အရေးကိစ္စများလည်း ပိုမိုပြင်းထန်လာ စေတတ် ပါတယ်။ တရုတ်၊ အမေရိကန်၊ ဂျပန် သုံးဦးသုံးဖလှယ် အပြန်အလှန်ပြောဆိုဆွေးနွေးရေးဖြစ်စဉ် ထူထောင်လိုက် ခြင်းဟာ တစုံတခုသော အဓိပ္ပာယ်အရ ပြောရရင် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းရဲ့ တွန်းဆော်မှု အောက်မှာ လက်တွေ့ အကောင်အထည်ပေါ်လာတာ ဖြစ်တယ်။ တရုတ်၊ အမေရိကန်နဲ့ ဂျပန်တို့ဟာ ကမ္ဘာမှာ  စီးပွားရေးအင်အားအကြီးဆုံး ၃ နိုင်ငံဖြစ်တယ်။ ပထ၀ီနိုင်ငံရေးနဲ့ အတွေးအခေါ်အယူအဆပိုင်းအရ အကျိုးစီးပွား ပဋိပက္ခတွေကို လျစ်လျူရှုထားနိုင်ပြီး သုံးဦးသုံးဖလှယ် တွေ့ဆုံဆွေးနွေးရေးကို အတူလျှောက်လှမ်းရင်း အရှေ့ အာရှဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးကို တွန်းဆော်ပေးပါတယ်။ ဒီလိုနဲ့ အလွန်အရေးပါတဲ့ အပြု သဘောဆောင်တဲ့ အခန်းကို ပေါ်ထွန်းစေခဲ့တယ်။

ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းတဲ့ဖြစ်စဉ်အတွင်း နိုင်ငံတော်ရဲ့ ပကတိဘာဝချင်း နီးစပ် တဲ့ အချို့နိုင်ငံတွေမှာ ၄င်းတို့ရဲ့ ဘုံအကျိုးစီးပွားဟာ အထူးပေါ်လွင်စေနိုင်လို့ ညီညာဖြဖြပူးပေါင်းဆောင်ရွက်ရေး ကို စတင်အားဖြည့်ဆောင်ရွက်နေပါပြီ။ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှား ၄ နိုင်ငံဖွဲ့စည်းထားတဲ့ “အင်အားကြီး (BRIC) ၄ နိုင်ငံ”  ဟာ ၂၀၀၉ မတ်လက ဗြိတိန်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးပြီးနောက် ဆက်လက်ပြီး   ခေါင်းဆောင်များ တရားဝင် ပထမဆုံးအကြိမ်ဆွေးနွေးပွဲကို ရုရှားမှာ ဇွန်လက တွေ့ဆုံဆွေး နွေးကြပါတယ်။ “အင်အားကြီး  ၄ နိုင်ငံ”ဟာ လက်ဦးမှုရှိရှိ အားဖြည့်ဆောင်ရွက်ပြီး အပြန်အလှန်ဖလှယ်ရေး စနစ် ဖြစ်ပေါ်လာရေးကို   အလွန့်အလွန် အာရုံစိုက်ကြပါတယ်။ G 8, G 20 စတဲ့ ကမ္ဘာ့လက္ခဏာဆောင်တဲ့ အဖွဲ့ အစည်းများ ပြီးနောက် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးတို့မှာ စနစ်တကျရှိနေပြီး သြဇာတိက္ကမကြီးတဲ့ ပေါ်ထွန်းစ နိုင်ငံတကာ အဖွဲ့အစည်း တခု ဖြစ်တယ်။

ဗဟုဝင်ရိုးဖြစ်ပေါ်ရေးဟာ သမိုင်းအခွင့်အခါသစ်နဲ့ကြုံတွေ့နေရခြင်း

ဘက်စုံဝါဒဟာ ဗဟုဝါဒ ဖြစ်ထွန်းတိုးတက်ရေးအတွက် အကျိုးရှိပါတယ်။ တကယ့်လက်တွေ့အရ ဗဟုဝါဒ ဖြစ်ထွန်းရေးနဲ့ ဘက်စုံဝါဒတို့ဟာ အပြန်အလှန် အထောက်အကူပြု၊ အပြန်အလှန်အကျိုးပြုနေကြတာပါ။ အပြန်အလှန်လည်း တွန်းဆော်နေကြပါတယ်။ များပြားလှတဲ့အင်အားစုများ တန်းတူအတူတကွတည်ရှိရေးဟာ ဗဟုဝါဒ ဖြစ်ထွန်းရေးရဲ့ အချက်အချာကျလှတဲ့ ရှေးဦးလိုအပ်ချက်ဖြစ်တယ်။ ဒါဟာ ဘက်စုံဝါဒရဲ့ အရင်းခံ စိတ်ဓာတ်နဲံ အပြန်အလှန် ထပ်တူကျနေပါတယ်။ မျက်မှောက် ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်ဖြေရှင်းရေး အရှေ့လေကို စီးပြီး ရှင်သန်တက်ကြွလာနေတဲ့ ဘက်စုံဝါဒအဖို့ပြောရရင် ၎င်းဟာ ဗဟုဝါဒဖြစ်ထွန်းရေးအတွက် သမိုင်းအခွင့်အခါသစ်ကို ဆောင်ကြဉ်းလာသူဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံရေးစနစ်မှာ ဗဟုဝါဒဖြစ်ထွန်းရေးအလားအလာဟာ ဒုတိယကမ္ဘာစစ်အပြီး ဖြစ်တည်လာတဲ့ ၀င်ရိုး ၂ ခုစနစ်အခြေခံပေါ်မှာ တစတစ ဖြစ်ထွန်းတိုးတက်လာတာဖြစ်တယ်။ ၂၀ ရာစု ၆၀ ခုနှစ်များ နှောင်းပိုင်းနဲ့ ၇၀ ခုနှစ်များ အစောပိုင်းမှာ ကမ္ဘာ့ အမျိုးမျိုးသော နိုင်ငံရေးအင်အားစုတွေဟာ ရှည်ကြာလှတဲ့ အင်အား ယှဉ် ပြိုင်ခြင်းနဲ့ တိုက်ခိုက်ခြင်းတို့ကို ကျော်ဖြတ်ပြီး ပြင်းထန်တဲ့ ကွဲထွက်မှုနဲ့ ပြန်လည်ဖွဲ့စည်းမှုများ ဖြစ်ပေါ်ခဲ့တယ်။ စစ်ပြီးနောက် အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုများ အုံကြွလာတယ်။ တတိယကမ္ဘာဟာ လွတ်လပ်တဲ့ နိုင်ငံရေး အင်အားစုအနေနဲ့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပေါ်ထွက်လာတယ်။ တရုတ်ပြည်ဟာ လွတ်လပ်တဲ့၊ အမှီခိုကင်း တဲ့ နိုင်ငံခြားရေးပေါ်လစီကို လိုက်နာကျင့်သုံးရင်း တဖြည်းဖြည်းနဲ့ နိုင်ငံတကာဇာတ်ခုံပေါ်မှာ လွတ်လပ်တဲ့ အင် အားစုတရပ် ဖြစ်လာတယ်။ နယ်ချဲ့အုပ်စုအတွင်းမှာ ပြင်သစ်က “ဒီဂေါဝါဒ” ကို လက်တွေ့ကျင့် သုံးခြင်း၊ ဂျာမနီက “အရှေ့မျှော်ပေါ်လစီသစ်” တင်ပြလာပြီး ဂျပန်က “ဘက်စုံအမှီခိုကင်းတဲ့ နိုင်ငံခြားရေးပေါ်လစီ” လိုက်နာကျင့်သုံး လာခြင်းတို့ကြောင့် ကွဲအက်လာတော့တယ်။ အမေရိကန်ဟာ ဗီယက်နမ်ကျူးကျော်ရေးစစ်ကြောင့် ပြည်တွင်း ပြည်ပ ဆက်ဆံရေးမှာ အကျပ်အတည်း ကျရောက်နေပြီး ကမ္ဘာကြီးအား ဗိုလ်ကျလွှမ်းမိုးရေးအခွင့်အာဏာ လု ယက်မှုအခြေအနေမှာ အရင်က အမေရိကန်က ထိုးစစ်၊ ဆိုဗီယက်က ခံစစ်အနေအထားမှ ဆိုဗီယက်က ထိုးစစ်၊ အမေရိကန်က ခံစစ်သို့ ပြောင်းသွားခဲ့တယ်။ အမေရိကန်ရဲ့ ဗိုလ်ကျလွှမ်းမိုးရေး အဆင့်နေရာဟာ စတင်ယိုယွင်း ပျက်သုဉ်းလာတယ်။ ဒီအခြေအနေအောက်မှာ အမေရိကန်သမ္မတ နစ်ကဆင်က “ ဗဟိုချက်မ အင်အားကြီး ၅ ရပ် ”ဆိုတဲ့ သဘောတရားကို တင်ပြလိုက်လို့ ဗဟုဝါဒဖြစ်ထွန်းရေးဟာ စစ်အေးတိုက်ပွဲကာလမှာကတည်းက အရိပ်အမြွက် ပေါ်ထွက်နေခဲ့ပြီဆိုတာကို ဖော်ပြနေပါတယ်။

စစ်အေးတိုက်ပွဲ အဆုံးသတ်သွားပြီးနောက် ဗဟုဝင်ရိုးနဲ့ ၀င်ရိုးတခုတည်းရဲ့အင်အား နှိုင်းယှဉ်ခြင်းဟာ တလျှောက်လုံး နိုင်ငံတကာနိုင်ငံရေးအတွင်းက အဓိကလိုင်းတခု ဖြစ်နေခဲ့တယ်။ အမေရိကန်ဟာ ၀င်ရိုးတခု တည်းကမ္ဘာ တည်ဆောက်ရေးကို အစွမ်းကုန်လုံးပန်းအားထုတ်ပါတယ်။ ဒါပေမဲ့ ပကတိဘာဝက “အင်အားလွန် နိုင်ငံကြီးတနိုင်ငံနဲ့ အင်အားကြီးနိုင်ငံအများအပြား”ဆိုတဲ့ အခြေအနေ ဖြစ်တည်နေတာပါ။ တခုလုံးအရ ကြည့်ရင် “အင်အားကြီးနိုင်ငံအများအပြား” ဖြစ်ထွန်းတိုးတက်မှု အခြေအနေဟာ “အင်အားလွန်နိုင်ငံကြီးတနိုင်ငံ” ဆိုတာ ထက် ပိုမိုပေါ်လွင်နေတယ်။ စစ်အေးတိုက်ပွဲ အဆုံးသတ်သွားပြီးကာစက “အင်အားကြီးနိုင်ငံအများအပြား”ဆိုရာ မှာ အဓိကအားဖြင့် တရုတ်၊ ရုရှား၊ ဥရောပသမဂ္ဂ နဲ့ ဂျပန်တို့ဖြစ်ကြတယ်။ ဒီ “အင်အားကြီး ၄ ရပ်” အတွင်း ဂျပန်ကလွဲရင် တခြား “အင်အားကြီး ၃ ရပ်”နဲ့ အမေရိကန်ရဲ့ တကယ့်အင်အား ကွာခြားမှုအားလုံးဟာ သေးကျုံ့ လာပါတယ်။ ၂၁ ရာစုထဲ ၀င်ရောက်သွားပြီးနောက် အိန္ဒိယက အမီလိုက်လာပြီး၊ နိုင်ငံတကာ အကဲခတ်သူများ အတွင်း “မြင်းမဲ” ဖြစ်လာတယ်။ “အင်အားအများအပြား”ဆိုတဲ့ တပ်ဖွဲ့ထဲကို ပါဝင်လာတယ်။ ဒီကနေ တွေ့နိုင် တာက မျက်မှောက် ကမ္ဘာကြီးမှာ တရုတ်၊ ရုရှား၊ ဥရောပသမဂ္ဂ ၊ ဂျပန်၊ အိန္ဒိယတို့ဟာ ဗဟုဝင်ရိုးဖြစ်ထွန်းရေးရဲ့ အဓိက တွန်းဆော်သူများ ဖြစ်တယ်ဆိုတာပါပဲ။ နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ ဘက်စုံဝါဒနဲ့ ဘက်စုံ နိုင်ငံခြား ဆက်ဆံရေး ဒီလှိုင်းသစ်တချီဟာ အမေရိကန်အပါအ၀င်ဖြစ်တဲ့ ပါဝင်တဲ့နိုင်ငံ အားလုံး အကျိုးခံစားခွင့်ရရှိစေရုံမက တခုလုံးအနေနဲ့ကြည့်ရင် “အင်အားကြီးနိုင်ငံအများအပြား” အတွက် ပိုအ ကျိုးရှိပါတယ်။

ဦးစွာအားဖြင့် ဘက်စုံနိုင်ငံခြားဆက်ဆံရေးအသစ်တချီပေါ်ထွန်းမှုဟာ တရုတ်ပြည်ငြိမ်းချမ်းစွားတဟုန် ထိုးတိုးတက်ရေးအတွက် အကျိုးရှိပါတယ်။      ။ G 20 ပဲဖြစ်ဖြစ်၊ G 8 တောင်မြောက်တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖြစ် ဒါ မှမဟုတ် “BRIC ၄ နိုင်ငံ”က ခေါင်းဆောင်များ အစည်းအဝေးနဲ့ တရုတ်၊ အမေရိကန်၊ ဂျပန် သုံးဦးသုံးဖလှယ် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ပဲဖြစ်ဖြစ် တရုတ်ပြည် မပါဝင်ရင် မဖြစ်ပါဘူး။ ဒါနဲ့တချိန်တည်းမှာလည်း ဒီဘက်စုံနိုင်ငံ ခြားဆက်ဆံရေး လှုပ်ရှားမှုအားလုံးဟာ တရုတ်ပြည် တဆင့်တက်တိုးတက်ကောင်းမွန်ရေးနဲ့ သက်ဆိုင်ရာ နိုင်ငံ များနဲ့ ဆက်ဆံရေးကို အကျိုးရှိစေပါတယ်။ တရုတ်ပြည်ရဲ့ နိုင်ငံတကာအဆင့်နေရာ မြှင့်တင်ရေးအတွက် အကျိုး ရှိစေပါလိမ့်မယ်။ တရုတ်၊ အမေရိကန်၊ ဂျပန် သုံးဦးသုံးဖလှယ် ဆွေးနွေးပွဲဖြစ်စဉ်အရ ပြောရရင် တရုတ်နဲ့အမေရိ ကန်၊ တရုတ်နဲ့ ဂျပန်ဆက်ဆံရေးတို့ တိုးတက်ကောင်းမွန်ရေးအတွက် အကျိုးရှိမှုကို အသိအမှတ်ပြုနိုင်ပါတယ်။ တချိန်တည်းမှာ အမေရိကန်၊ ဂျပန်မဟာမိတ်က တရုတ်ပြည်ရဲ့ ပြည်ပပတ်ဝန်းကျင်လုံခြုံရေးနဲ့ ပတ်သက်လို့ ဖြစ် ပေါ်လာတဲ့ အကျိုးမရှိတဲ့ ရိုက်ခတ်မှုများကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သုံးဦးသုံးဖလှယ် တွေ့ဆုံဆွေးနွေးမှု ဖြစ်စဉ်က အရှေ့အာရှ အလယ်အလတ်နိုင်ငံများ၊ နိုင်ငံငယ်များနဲ့တကွ တခြားပတ်ပတ်လည်ရှိ နိုင်ငံများနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက်ပါ အကျိုးရှိပါတယ်။ ဒါ့အပြင် သုံးဦးသုံးဖလှယ် တွေ့ဆုံဆွေးနွေး ပွဲဖြစ်စဉ်များက တခြားနိုင်ငံကြီးများနဲ့ တရုတ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းဆော်ပါလိမ့်မယ်။ နိုင်ငံ တနိုင်ငံ တဟုန်ထိုး တိုးတက်လာတဲ့ဖြစ်စဉ်အတွင်း တခြားနိုင်ငံကြီးများရဲ့ စိတ်ထဲမှာ ဟန်ချက်ညီမှုပျောက်ဆုံး သွားခြင်းနဲ့ သေနင်္ဂဗျူဟာယုံမှားသံသယဖြစ်မှုများ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါဟာ ကမ္ဘာ့သမိုင်းမှာ တွေ့နေမြင် နေကျကိစ္စ ဖြစ်တယ်။ လောလောဆယ်ဆယ် နှစ်များအတွင်း နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ တရုတ်ပြည် ငြိမ်း ချမ်းစွာ တဟုန်ထိုး တိုးတက်လာမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုများအတွင်း တချို့နိုင်ငံကြီးတွေနဲ့ နိုင်ငံအုပ်စု တွေဟာ တရုတ်ပြည်နဲ့ ဆက်ဆံမှုမှာ မူမမှန်တဲ့ ပြုမူလုပ်ဆောင်ချက်များကို ဖြေရှင်းခဲ့ကြရတယ်။ ဒါတွေ အားလုံးက “တရုတ်ပြည် တဟုန်ထိုး တိုးတက်လာမှု အထွေထွေကပ်ရောဂါ” ရဲ့ အရေးပါအရာရောက်မှုကို ဖော်ပြလိုက်တာဖြစ်တယ်။ ဒါပေမဲ့ အမေရိကန်ဟာ တခုတည်းသော အင်အားလွန်နိုင်ငံကြီး တနိုင်ငံအနေနဲ့ “တရုတ်ပြည် တဟုန်ထိုး တိုးတက်လာမှု အထွေထွေကပ်ရောဂါ” ရဲ့ ရိုက်ခတ်မှုက ဦးစီးရှေ့ဆောင် ရုန်းထွက်ခဲ့ တယ်။ ဒါကြောင့် “အကျိုးစီးပွားလျှို့ဝှက်ချက်” သဘောတရား၊ “တရုတ်အမေရိကန် တလှေတည်းစီး တခရီး တည်းသွား” သဘောတရား၊ “တရုတ် အမေရိကန် ၂ နိုင်ငံအုပ်စု” သဘောတရား စတာတွေဟာ အမေရိကန် အနေနဲ့ တဟုန်ထိုး တိုးတက်လာနေတဲ့ တရုတ်ပြည်နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ကောက်ချက်ကို ဖော်ပြနေတယ်။ အမေရိကန်၊ ဂျပန်တို့ရဲ့ ပြုမူဆောင်ရွက်ချက်တွေက တခြားနိုင်ငံကြီး ပေါ်ပေါက်လာမှုနဲ့ ပတ် သက်တဲ့ စံထားလောက်တဲ့ အကျိုးသက်ရောက်မှုတွေကို အသိအမှတ်ပြုရပါလိမ့်မယ်။ တရုတ်ပြည်ရဲ့ ပြည်ပ ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာမှုဟာ တဆင့်တက် တဟုန်ထိုးတိုးတက်ရေးကို အကျိုးရှိရုံမက တရုတ် ပြည် တဟုန်ထိုးတိုးတက်မှုဟာ ဗဟုဝင်ရိုး ဖြစ်ထွန်းရေးမှာ အရေးပါတဲ့ အကြောင်းရင်းဖြစ်ပါတယ်။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်