စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday194
mod_vvisit_counterYesterday169
mod_vvisit_counterThis week850
mod_vvisit_counterLast week1243
mod_vvisit_counterThis month1575
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51830

Online Guests: 10
Your IP: 38.107.191.89
,
Today: Sep 09, 2010
ဘုရားသခင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗမာပြည်

(၁)

ဘုရားသခင်က စေလွှတ်လို့ ရောက်လာတဲ့ အမေရိကန် ကိုယက်တောကို ဗိုလ်ချုပ်မှူး ကြီး သန်းရွှေက ထောင်ဒဏ် ၇ နှစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီး၊ အရေးယူပိတ်ဆို့မှု ကို ဆန့်ကျင်တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝပ်နဲ့အတူ ပြန်ထည့်ပေးလိုက် တယ်။ ကိုယက်တောက အမေရိကန် ပြန်ရောက်ပြီး ဂျင်ဝပ်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိတ်ဆို့မှု ဖယ်ရှားခြင်းကို မကန့်ကွက်ဘူးဟု ထင်မြင်ယူဆကြောင်း ပြောတယ်။ ဒေါ်အောင် ဆန်းစုကြည်ကတော့ ထောင်ဒဏ် ၃ နှစ်မှ ဗိုလ်ချုပ်မှူးသန်းရွှေရဲ့ သက်ညှာခွင့် ဆိုတာနဲ့အတူ အိမ်ချုပ်တနှစ်ခွဲ ကျနေပါတယ်။

မစ္စတာ ဘန်ကီမွန်းရဲ့ ခရီးစဉ်၊ ASEAN-ARF နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေး နွေးပွဲ၊ ကုလလုံခြုံရေးကောင်စီတွင်း ဗမာပြည်ကိစ္စ၊ မြောက်ကိုရီးယား-ဗမာနျူကလီးယား ပြဿနာ၊ ဂျင်ဝပ်ရဲ့ ဗမာပြည်ခရီးစဉ်များနဲ့ ယခုတလော ဗမာပြည်အရေး ပြည်တွင်းပြည်ပမှာ လှုပ်လှုပ်ရွ ရွ ရှိလှတယ်။

စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ အဟန့်အတားဖြစ်နေတဲ့ အဓိက အတိုက်အခံခေါင်းဆောင်လည်းဖြစ်၊ အဓိကနိုင်ငံရေးအကျဉ်းသားလည်းဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်ကို ဗမာပြည်နိုင်ငံရေးဇာတ်ခုံမှ ဖယ်ရှားရေး နအဖစစ်အစိုးရရဲ့ အကြံအစည်ဟာ ရှုပ်ရှုပ်ထွေးထွေးနဲ့ တစိတ်တပိုင်း အထမြောက်နေတယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ ပွဲက မပြီး သေးဘူး။ တိုင်းပြည်ကို စစ်ကျွန်ပြုလိုတဲ့ စစ်အစိုးရကတဖက်၊ စစ်ကျွန်အပြုမခံတဲ့ လူမျိုးပေါင်း စုံ ပြည်သူများကတဖက် ဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခမှာ အဓိက ကစားသမားတွေတင်မက ပြင်ပမှာ လောင်းကြေးထပ်သူ၊ ဘေးကနေ ဘိုင်ပွတ်ပွတ်နေသူ၊ အကောက်ကောက်သူ၊ ဘောက်ဆူး တောင်းသူတွေနဲ့ ပွဲဆူနေတယ်။ ဘော့လုံးစကားနဲ့ပြောရရင် ပြစ်ဒဏ်ဘော(foul) များတဲ့ပွဲမှာ ဒိုင်လူကြီးက တမျိုး၊ ငွေရင်းမတည် ကမကထပြုသူ (Sponsor) ကတဖုံ၊ ပွဲကြည့်ပရိသတ်က တနည်း၊ ဘောပွဲလောင်းသူတွေက တဘာသာဆိုသလိုဖြစ်နေတယ်။



(၂)

ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ ASEAN-ARF နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ (၂၃-၇-၀၉) မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရင် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု ရရှိမယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ဒါဟာ အိုဘားမား အ စိုးရရဲ့ ASEAN နဲ့ အာရှအပေါ်ထားတဲ့ ပေါ်လစီအပြောင်းအလဲနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ယခင် သမ္မတဟောင်း ဘုရှ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်တို့က ARF အစည်းအဝေး မတက် ဘူး။ (ဘုရှ်က တကြိမ်၊ ရိုက်စ်က နှစ်ကြိမ်)။ ဒေါ်ကလင်တန်ရဲ့ ပထမအကြိမ် အာရှလေးနိုင်ငံ (ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား) ခရီးစဉ် (၂၀၀၉ ဖေဖော်ဝါရီ) အတွင်း စမတ် ပါဝါဆိုတာကို ပြောတယ်။ ဗမာပြည်အရေး ပိတ်ဆို့မှုလည်း မထိရောက်၊ အပြုသဘောဆက် ဆံရေးလည်း မထိရောက်။ စီးပွားရေးပိတ်ဆို့မှုအပါအ၀င် နည်းလမ်းပေါင်းစုံ US မှ စဉ်းစားနေ ကြောင်းပြောတယ်။

ဒုတိယခရီးဖြစ်တဲ့ ARF ခရီးမှာ ဒေါ်ကလင်တန်က မီးစတဖက် ရေမှုတ်တဖက်ကိုင် လာ တယ်။ မြောက်ကိုရီးယား-ဗမာနျူကလီးယားဆက်စပ်မှုဆိုတာနဲ့ ASEAN-US ချစ်ကြည်ရေးနဲ့-ပူး ပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေးထိုးတာဖြစ်တယ်။ ယခင်က US က ဒီစာချုပ်ကို ဗမာပြည်ပါနေတဲ့ အကြောင်းတကြောင်းကြောင့် လက်မှတ်မထိုးဘူး၊ ဒီအချိန်မှာ စစ်အစိုးရနိုင် ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို မြောက်ကိုရီးယား နျူကလီးယား အရေး ကုလလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်လို့ ပြောလိုက်တယ်။ ဦးဉာဏ်ဝင်းက စစ်အစိုးရနဲ့ ရင်းနှီးတဲ့ တရုတ်တို့၊ ထိုင်းတို့ကို မပြောဘဲ ဂျပန်ကို ဘာလို့ပြော သလဲ။ ဂျပန်ကိုပြောရင် US ကို ပေါက်မှာမို့ပဲ။ မြောက်ကိုးရီးယား-ဗမာနျူကလီးယားကိစ္စကို ဆူဆူပူပူလုပ်နေတာကလည်း US ပဲ။ ဒီအခါ ဒေါ်ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရင် အမေရိကန် အရင်းအနှီး ၀င်မယ်လို့ ပြောလိုက်တာပါပဲ။

ဒေါ်ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို နာမည်တပ်ပြောတယ်။ ဘန်ကီမွန်းက နိုင်ငံရေးအကျဉ်းသားများ လွှတ်ဖို့ ပြောတယ်။ ကုလဆိုင်ရာ ဗမာသံအမတ် ဦးသန်းဆွေက အကျဉ်းသားများ လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောတယ်။ ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် သံတမန် ဆန်ဆန် ပြောနေကြတာပါ။

တဆက်တည်း ပြောဖို့ ရှိတာက ARF အစည်းအဝေးအတွင်း သတင်းစာရှင်းလင်းပွဲလုပ် ရာမှာ ဒေါ်ကလင်တန်က စစ်အစိုးရကို ASEAN လုပ်ငန်းစဉ်ထဲက ဖယ်ထားရမယ်။ ASEAN မှ ထုတ်ပယ်ရမယ်လို့ပြောတယ်။ တရုတ်ကိုယ်စားလှယ်က ASEAN ဥက္ကဋ္ဌဖြစ်တဲ့ထိုင်းကို ဒါ ASEAN အတွင်းရေးဝင်စွက်တာ ဖြစ်ကြောင်း ထောက်ပြတယ်။ ဒီအခါ ထိုင်းဝန်ကြီးချုပ်က ဗမာ ကို ASEAN က ထုတ်မှာ မဟုတ်၊ အရေးယူပိတ်ဆို့မှု လုပ်မှာမဟုတ်လို့ ပြောလာတယ်။ ဒေါ်က လင်တန် ပြောတုန်းက ငုံ့ခံလာပြီး အိမ်ပြန်ရောက်တော့မှ ၂၆-၇-၀၉ ဗမာသတင်းစာများမှာ စစ် အစိုးရကို ASEAN လုပ်ငန်းစဉ်ထဲမှ ဖယ်ထားရမယ်ဆိုတဲ့ ဒေါ်ကလင်တန်ရဲ့ အပြောအပေါ် တုန့်ပြန်ဝေဖန်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရင် အမေရိကန် အရင်းအနှီး တွေ ၀င်မယ်ဆိုတဲ့ အပြောအပေါ် တလုံးတပါဒမှ မဖော်ပြဘူး။

ဒိအရင်ကတည်းက အမေရိကန်-ဗမာကြိတ်ဝိုင်းတွေ၊ ဘေးတီးဝိုင်းတွေ လုပ်နေခဲ့တာ ပါ။ ဗိုလ်သိန်းစိန် အင်ဒိုနီးရှားခရီး၊ ဂိုချုပ်ထောင် ဗမာပြည်ခရီး၊ ထိုင်းဝန်ကြီးချုပ် ဗမာပြည်ခရီး၊ ဗိုလ်မောင်အေးတရုတ်ပြည်ခရီး၊ အမေရိကန် အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးစတီ ဗင်ဘလိတ် ဗမာပြည်ခရီး၊ ထိုင်းမှာ အမေရိကန်-ဗမာအလယ်အလတ်အဆင့်ကိုယ်စားလှယ် ခြင်း တွေ့ဆုံခြင်း.... ယခုနောက်ဆုံး ဂျင်ဝပ်ရဲ့ခရီးစဉ်။

စစ်အစိုးရလိုချင်တာက အမေရိကန်ရဲ့ ပိတ်ဆို့မှု ပြန်ဖွင့်စေချင်တာဖြစ်တယ်။

(၃)

စစ်အစိုးရလိုချင်တာက အမေရိကန်ရဲ့ ပိတ်ဆို့မှု ပြန်ဖွင့်စေချင်တာဖြစ်တယ်။ အမေရိ ကန်ကို မျက်စပစ်နေတာ ကြာပြီ။ ဒီပဲယင်းအပြီး ဗိုလ်ခင်ညွန့် ဖြုတ်ပြီးကတည်းက ဂနာမငြိမ် ဖြစ်နေတာပါ။ ဂမ်ဘာရီရဲ့ ၇ ကြိမ်မြောက်ခရီး (၃-၂-၀၉) မှာကတည်းက စီးပွားရေးနဲ့ ဗီဇာပိတ် ဆို့မှု ပြန်ဖွင့်ဖို့ တိုက်တွန်းပေးစေလိုကြောင်း ပြောလိုက်တာပါ။ နအဖ ၁/၂၀၀၇(၄-၁၀-၂၀၀၇) ကြေညာချက်မှာလည်း ကြိုတင်စည်းကမ်းသတ်မှတ်ချက် ၄ ချက် NLD ကို တောင်းဆိုရာမှာ စီး ပွားရေးပိတ်ဆို့မှု စွန့်လွှတ်ဖို့ဆိုတာ ပါတယ်။ ဒီရည်မှန်းချက်အတွက် အမေရိကန်ပေါ်လစီအ ပြောင်းအလဲမှာ စစ်အစိုးရအတွက် ကစားကွက်နဲ့ သံခင်တမန်ခင်းလှုပ်ရှားမှုများ ပေါ်ပေါက် လာတာ ဖြစ်တယ်။

အမေရိကန်ရဲ့ အာရှနဲ့ ထဲထဲဝင်ဝင် ဆက်ဆံလာတဲ့ စမတ်ပါဝါ နိုင်ငံခြားရေးပေါ်လစီ အရ ဗမာအစိုးရနဲ့ ဆက်ဆံရေးပြောင်းဖို့ ပုံဖော်နေတဲ့ ကာလလည်း ဖြစ်တယ်။ ASEAN +3+3 (အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်) ရှိနေရာမှ အမေရိကန်က ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင် ရွက်ရေးလက်မှတ်ထိုးလိုက်တော့ ASEAN +3+4 ဖြစ်သွားပါတယ်။ ASEAN ဆိုင်ရာ အမေရိကန် သံအမတ်ကြီး တဦးလည်း ခန့်အပ်ထားရှိတယ်။ ဒီအခင်းအကျင်းမှာ ASEAN ဟာ ဒေသဆိုင်ရာ ကြားနေဥက္ကဋ္ဌအဖြစ် အရေးပါတဲ့ အခန်းက ရှိနေပါတယ်။ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယာ၊ အိန္ဒိယ၊ အမေရိကန်အင်အားကြီးတွေအကြား အာရှရဲ့ ပုဏ္ဏတိုင်အဖြစ် ရှိနေတယ်။ စီးပွားပျက် ကပ်လွန်မှာ အာရှဟာ စီးပွားရေးအင်အားကြီးဖြစ်လာနိုင်တဲ့ အလားအလာလည်း ရှိတယ်။ ထိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူတို့ဟာ အမေရိကန်ရဲ့ မဟာမိတ်တွေပါ။ အင်ဒိုနီးရှားက လူဦးရေအရ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်အရ အရေးပါတဲ့ မူဆလင်နိုင်ငံဖြစ်မှုအရ အရေးပါတဲ့ နိုင်ငံဖြစ် တယ်။ ဒါကြောင့် အာရှအဖွဲ့အစည်းအတွင်း အမေရိကန်ပါဝင်လာမှုဟာ (ဥရောပ+အမေရိ ကန်=နေတိုး NATO) လို (ASEAN+အမေရိကန်=SETO) မဖြစ်ဖို့ တရုတ်က သတိထားပါတယ်။ တဖက်ကလည်း ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်း G 20 တို့ BRIC (ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်) တို့နဲ့အတူ G 2 (အမေရိကန်-တရုတ်မဟာဗျူဟာ စီးပွားရေး ဆွေးနွေးပွဲ၊ ၀ါရှင်တန် ၂၈-၇-၀၉) ဆိုတာ ပေါ်လာတယ်။ G 2 အဖွင့် မိန့်ခွန်းကို အိုဘားမားပြောကြားရာမှာ ၂၁ ရာစု ကို အမေရိကန်-တရုတ်ဆက်ဆံရေးက ပြဋ္ဌာန်းလိမ့်မယ်ဆိုတယ်။

နိုင်ငံတိုင်းက သူ့အကျိုးစီးပွားနဲ့သူ ဗမာပြည်အရေး စိတ်ဝင်စားကြတာဖြစ်တယ်။ ဗမာ ပြည်သူတွေရဲ့ ဒီမိုကရေစီရေးတို့၊ ဖွံ့ဖြိုးတိုးတက်ရေးတို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ ဆိုတာတွေကို သူတို့က ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ဘူး။ ပထ၀ီနိုင်ငံရေးအရ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြီး နှစ်ခုကြားမှာရှိပြီး အန္ဒိယသမုဒ္ဒရာနဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်း (၁၃၈၀မိုင်) ရှိ ကာ အရှေ့တောင်အာရှ ကျွန်းဆွယ်ထဲက ASEAN နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗမာပြည်ဟာ အာရှက နေ ဖယ်ချန်ထားခဲ့လို့ ရတာမဟုတ်ဘူး။ အာရှကို နိုင်ငံကြီးတွေ ဘယ်လို ပုံဖော်မလဲ။ အိမ်နီး ချင်းတွေ ဘယ်လိုပုံဖော်မလဲ။ ဒီပေါ်ကနေ သူတို့နိုင်ငံခြားရေးပေါ်လစီတွေ ပေါက်ဖွားလာတာ ဖြစ်တယ်။ သူတို့နိုင်ငံခြားရေးပေါ်လစီအရ ဗမာအစိုးရကို ဆက်ဆံမယ်။ အတိုက်အခံကို ဆက် ဆံမယ်။ ပြည်သူကို ဆက်ဆံမယ်။

ဗမာပြည်အရေးကို ဗမာပြည်သူတွေကပဲ ဖန်တီးရမှာဖြစ်တယ်။ ဗမာပြည်မှာ အာဏာ ရနေတာက စစ်အစိုးရဖြစ်တယ်။ ပြည်သူ့အစိုးရမဟုတ်ဘူး။ အုပ်စိုးသူ၊ ဖိနှိပ်သူ၊ သွေးစုပ်သူက စစ်အစိုးရ။ အုပ်စိုးခံ၊ ဖိနှိပ်ခံ၊ သွေးစုပ်ခံက ပြည်သူ။ ဗမာပြည်ရဲ့ အဓိက ပဋ္ဋိပက္ခက စစ်အစိုးရ နဲ့ ပြည်သူကြားက ပဋ္ဋိပက္ခဖြစ်တယ်။ ၂၀၁၀ အတွက် လမ်းရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရက်တောကိစ္စနဲ့ ရုံးတင်တရားစွဲတော့ အတိုက်အခံများကြား ပြည်သူများကြား အုန်းအုန်းကျွက် ကျွက် ဖြစ်လာတယ်။ ဒါဟာ နိုင်ငံရေး လုပ်ကြံမှုဆိုတာ အသိဉာဏ်ရှိသူတိုင်း သိတယ်။ သွေး ရိုးသားရိုး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း သိတယ်။

ဗမာပြည် နိုင်ငံရေးအကျပ်အတည်း (စီးပွားရေး အကျပ်အတည်း မဟုတ်ဘူး) ကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပြည်သူတွေရဲ့ အခွင့်အာဏာ လွှဲအပ်ခြင်းခံထားရတဲ့ ကိုယ်စားလှယ်ပဲ။ ၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက အခွင့်အာဏာ Mandate ပေးထားတာပဲ။ ဘာကို တွေ့ဆုံဆွေးနွေးမှာလဲ။ စစ်တပ်က ပြည်သူ ရဲ့ အထက်မှာ ရှိနေတာကို (တကယ်ကစစ်အုပ်စုပါ) ပြင်ဖို့ဆွေးနွေးမှာပဲ။ (တပ်နဲ့ပြည်သူတ သားတည်း ရှိဖို့ဆွေးနွေးမှာပဲ။) စစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးလမ်းကို ငြင်းပယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှား၊ အတိုက်အခံတွေကို ကွဲပြဲအောင်လုပ်၊ တတိယလိုင်း ပုဏ္ဏားဖြူပုဏ္ဏားညိုတွေကို ပွဲထုတ်၊ ပြည်သူကိုလှည့်စား....ရိုးအီနေပြီဖြစ်တဲ့ ကလီရှေးနည်း ဟောင်းတွေ ပြန်သုံးနေတယ်။ ဒါ့ထက်အရေးကြီးတာက စစ်အစိုးရက ၂၀၁၀ လွန် ဗမာပြည် ဟာ ပိုမိုကြီးမားတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ အုံကြွမှုတွေ မုချပေါ်ပေါက်လာမှာ ဖြစ်တယ်။

မိမိတို့ရဲ့ နိုင်ငံခြားရေးပေါ်လစီအရ ဗမာပြည်အရေးကို ကြားဝင်နေတဲ့ နိုင်ငံများက လည်း ဒီအခြေအနေကို သိတာပါပဲ။ ဒါ့ကြောင့်လည်း စစ်အစိုးရခံသာအောင် အတိုက်အခံများ ကလည်း ကျေနပ်နိုင်မယ့် သံတမန်စကားလုံးလေးတွေ သတိထားရွေးသုံးနေတာပဲ ဖြစ်တယ်။ နိုင်ငံရေးဆိုတာ ပရိယာယ်များပါတယ်။ သံတမန်ဆိုတာ စကားလုံးဖောင်းပွပါတယ်။နောက်ဆုံး တော့ သူတို့လိုချင်တာ ရအောင် ယူသွားတာပါပဲ။ အထွေထွေတိမ်းညွှတ်မှုကတော့ အမေရိ ကန်နဲ့ စစ်အစိုးရ ဆက်ဆံရေးသစ်ဖွင့်ဖို့ အစပျိုးနေပါတယ်။

ဒါ အထူးအဆန်း မဟုတ်ပါဘူး။ ဖြစ်နေကျပါ။ အထူအဆန်းလို့ ထင်နေသူတွေကတော့ ခြံခုန်တာ၊ ဘက်ပြောင်းတာ၊ တစင်ထောင်တာ၊ ခြေသလုံးဖက်တာတွေ ဖြစ်ကြပါလိမ့်မယ်။ reality တို့ possibility တို့alternative တို့ ၀ှက်ဖဲတို့စတဲ့ ဆွံ့အနေတဲ့ကျည်ဆံတွေနဲ့ ပစ်ကြခတ် ကြပါလိမ့်မယ်။

စစ်ကျွန်မခံလိုတဲ့ အမျိုးသားပေါင်းစုံ ပြည်သူလူထုကြီးအနေနဲ့ ရှုပ်ထွေးတဲ့ ဗမာပြည် နိုင်ငံရေး အခြေအနေအောက်မှာ စစ်အစိုးရရဲ့ ကောက်ကျစ်တဲ့ ခြေလှမ်းကို သိမြင်ဖို့နဲ့ ‘တွေ့ဆုံ ဆွေးနွေးရေး’တိုက်ပွဲနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းပိတ်သွားခဲ့သော် ‘တိုက်ပွဲသဏ္ဌာန်သစ်’  နဲ့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်ထားကြရပါလိမ့်မယ်။      ။

သန်းမြရွှေ

(၁၈ သြဂုတ် ၂၀၀၉)




Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်