စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday182
mod_vvisit_counterYesterday169
mod_vvisit_counterThis week838
mod_vvisit_counterLast week1243
mod_vvisit_counterThis month1563
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51818

Online Guests: 10
Your IP: 38.107.191.87
,
Today: Sep 09, 2010
ဗမာပြည်ကွန်မြူနစ်ပါတီ အနှစ် ၇၀ ပြည့်ကို အထိမ်းအမှတ်ပြုခြင်း

 



(ဂုဏ်ရောင်ပြောင်တယ် ပစ္စည်းမဲ့တို့ ပါတီရယ် x စာဖွဲ့ရမယ် သီကုံးလို့ရယ် x သွေးလှူ ပေးအပ်ထားတဲ့ ချစ်မိခင် ပါတီမြတ်ရယ်)၂ အူသည်းလှိုက်ဆူ (ဂုဏ်ယူမိတယ်)၂ x ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်xxx မာက့်စ်လီနင်မော်အတွေးအခေါ် ဦးထိပ်ပန်လို့ရယ် x ရင့်ကျက်သံမဏိနှယ် ကျောက်စိုင်ပမာသို့ကွယ် ခိုင်မာ တယ်x အောင်လံနီစိုက်ကာ လွှင့်မယ်x ရန်သူကို တိုက်ကာ ခွင်းမယ် x ပြည်သူကို ခေါင်းဆောင်လို့ရယ် x အောင်ပွဲသို့သာချီကာရယ် x အာ ဏာနီ ထူမယ် x အာဏနီ ထူမယ် x လက်နက်စွဲလို့ x တိုက်ကြပါစို့ကွယ်x အာဏာနီထူမယ်x အာဏာနီထူမယ်x ရဲရဲတောက်နီ ဆန္ဒပြုတယ် x အမှန်ပင် အောင်မြင်စေရမယ် xxxxx အဓွန့်ရှည်ပါစေလို့ မိခင်ပါတီ အလီလီ x ကြွေးကြော်တယ် xxx
(သံပြိုင်)---- သဘောတရားရေးက ရှေ့ဆောင်တယ် လက်တွေ့နဲ့ရယ် ပေါင်းစပ်မယ် x လက်နက်ကိုင် ကြီးပြင်းခဲ့လို့ လူလားမြောက်တဲ့ ဒီအချိန်ခါဝယ် အသက်နဲ့...ထပ်တူချစ်ခင်ရမယ် xxx သွေးနဲ့ရင်းကာ သစ္စာပြု မယ် xxx တူတံစင်ရွှေရောင်အဆင်းနဲ့ x လမ်းပြတံခွန်ကြယ် x ရဲဘော်အပေါင်းရယ် x လွှင့်ထူစို့ကွယ် အဓိဌာန်ပြုမယ် x အောင်စေဖွယ် x ဗမာပြည် ပြည်သူအပေါင်းတို့x လွတ်မြောက်စေမယ် x အလေးနီx အလေးနီ x အလေးနီx အဓိဋ္ဌာန်ပြုပါတယ် xxx
အို xxxx ရဲဘော် x ချစ်ရဲဘော်ရယ် xxxxxx ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် x အောင် ရမယ် x တနေ့တလံ ပုဂံဘယ်ပြေးမယ် xxxxxx ဟုတ်တယ် x ဟုတ်တယ် x ဟုတ်တယ် x ဟုတ်တယ် xxx မာ့က်စ်လီနင်ဝါဒ အောင်ပွဲရတဲ့ ခုချိန်ဝယ် x အနာဂတ်ကို တို့ပိုင်တယ် x တို့ပိုင်တယ် x အနာဂတ်ကို တို့သာပိုင်ရမယ် xxxxx
တို့တတွေ x ပေးအပ်ထားတဲ့ တာဝန်ရယ် x မဆုတ်မနစ်ကြိုးစားလို့ဖြင့် x အောင်စေရမယ် x အောင်စေ ရမယ် x သံမဏိစည်းကမ်း လိုက်နာလို့ရယ် xxx ပါတီတောင်းဆိုချက်ကို x ပြည့်စုံစေမယ် x ကိုယ်ကျိုး မဖက်တယ် x အသက်ကိုယ်ပင် x ပေးလှူဖြူစင်ကြယ် xxx
(သဘောတရားရေးက ရှေ့ဆောင်တယ်--------အဓိဋ္ဌာန်ပြုပါတယ်) xxx


ဒါလွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ကာလ ကျွန်တော်တို့တတွေ ဗမာပြည်ကွန်မြူနစ်ပါတီ စတင် သိရှိနား လည်စဉ်ကာလက စွဲစွဲလမ်းလမ်း ဆိုခဲ့ကြတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ သီချင်း နာမည်က “မိခင်ပါတီ”တဲ့။ ရေးတဲ့သူက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ဖြစ်ပါတယ်။ (ဗိုလ်ဇေယျဆိုတာ ခုခေတ် လူငယ်များ သိချင်မှ သိမှာ ပါ။ ဒါပေမဲ့ သူတို့ကို ဟေမာနေ၀င်း၊ ရာဇာနေ၀င်း၊ အိန္ဒြာကျော်ဇင်တို့ရဲ အဘိုးလို့ပြောလိုက်ရင်တော့ မသိတောင် မှ မှတ်မိသွားမယ်ထင်ပါတယ်။) အဲဒီ ဗိုလ်ဇေယျဆိုတာ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သလို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်ခဲ့တယ်။ ၁၉၆၀ ခုနှစ်များ နှောင်းပိုင်း ဗမာပြည် ပဲခူးရိုးမ တနေရာမှာ ရန်သူမဆလ တပ်များနဲ့ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရသူဖြစ်ပါတယ်။
ဒီသီချင်းကို ဗမာပြည်ကွန်မြူနစ်ပါတီက ပါတီမွေးနေ့ဂုဏ်ပြု အစီအစဉ်တခုမှာ စတင် အသံလွှင်ခဲ့တာလို့ မှတ်မိနေပါတယ်။ ဒါပေမဲ့ အချိန်တွေကလည်း ကြာခဲ့ပြီမို့ ခုနှစ်တွေကို မမှတ်မိတော့ပါဘူး။ သေချာမှတ်မိတာ ကတော့ ပါတီမွေးနေ့ ဂုဏ်ပြုအစီအစဉ်မှာ အနှေးကူး အဖြစ်နဲ့ အသံလွှင့်ပေးခဲ့လို့ လိုက်ကူးပြီး အလွတ်ဆို နေနိုင် ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။
ပထမ ဒီသီချင်းကို အမျိုးသမီးအသံနဲ့ သီဆိုထုတ်လွှင့်ခဲ့ပါတယ်။ နောင်မှာတော့ အမျိုးသားအသံနဲ့ သီဆိုထားတာပါ အသံလွှင့်ခဲ့တယ်။
၁၉၇၀ ခုနှစ်များ အစောပိုင်းကာလတွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို ရှာတွေ့ပြီး ကျွန်တော် ပါတီရဲ့ မြေအောက်အစုဝင် ဖြစ်လာတယ်။ အစုဝင်တယောက်အနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့အသံအစီ အစဉ်များကို ကူးယူရေးတာဝန် ထမ်းဆောင်ရတော့ ပြည်သူ့အသံကို နားမထောင်လို့ကို မဖြစ်တော့ပါဘူး။ အမြဲနားထောင်နေရတာပါ။ ဒီသီချင်းကလည်း မကြာ မကြာ လာတာမို့ လိုက်ဆိုဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ဒီသီချင်းကို ရင်းနှီးနေရသလို ခုလို မြေအောက်ကာလမှာ ပါတီနဲ့ ကိုယ်နဲ့က ဗြောင်ဆက် ဆံနေကြရတာမျိုး မဟုတ်တော့ ရင်ထဲမှာ ပါတီရှိသလို ဒီသီချင်းကလည်း ရှိနေခဲ့ပါတယ်။
ကျွန်တော်တခါက ရေးထားခဲ့ဖူးသလို ကျွန်တော်တို့မှာ ပါတီကသီချင်းတိပ်ကြိုးတွေ၊ စီဒီအခွေတွေ ရှိနေပေမယ့် ဒီသီချင်းက ကျွန်တော့်မှာ ရှိတဲ့တိပ်တွေ၊ စီဒီတွေထဲမှာလည်း မပါဘူး။ တိုင်းတပါးမှာ နေရင်းထိုင် ရင်း တချို့ သီချင်းလေးတွေ ပြန်ဆို၊ ကက်ဆက်နဲ့ အသံသွင်းဖြစ်ကြတော့လည်း ဒီသီချင်းက မပါဘူး။ ဒါကြောင့် ပျောက်သွားမှာ စိုးရိမ်လာတယ်။
မကြာမီမှာ ဗမာပြည်ကွန်မြူနစ်ပါတီသက်တမ်း ၇၀ ပြည့်ပါတော့မယ်။ ကျွန်တော်တို့ တိုင်းတပါးမှာ ပါတီရဲ့ မြေအောက်ကေဒါများအဖြစ် နေထိုင်ရင်း ဇနီးမောင်နှံ ပါတီ အနှစ် ၇၀ နေ့ကို ဘယ်လိုကျော်ဖြတ်ကြမလဲ စဉ်းစားလိုက်မိတော့ ဒီသီချင်းကို ပြန်လည်ဖော်ထုတ် ရေးသားပြီး ရဲဘော်တွေဆီကို အနှစ် ၇၀ မြောက်ပါတီ မွေးနေ့ အထိမ်းအမှတ်အဖြစ် ပေးပို့ဖို့ စဉ်းစားမိပြီး အခုလို ရေးထားလိုက်မိတာပါ။      

(၂)
ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၃၀၀ ပြည့်အရေးတော်ပုံ၊ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး တိုက်ပွဲများနဲ့ ဗမာပြည်အတွင်း ရင့်မှည့်လာနေတဲ့ လူတန်းစားတိုက်ပွဲများ ဖြစ်ပေါ်တိုးတက်လာနေတဲ့ ရုပ်ဘ၀ အခြေအနေများအရ ပေါ်ပေါက်လာတာဖြစ်တယ်။
နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုအရ ပြောရရင် ၁၉၁၇ ရုရှား မဟာအောက်တိုဘာ တော်လှန်ရေးရဲ့ ရိုက်ခတ်ချက်နဲ့ ၁၈၄၈ ခုမှာ မာ့က်စ်၊ အိန်ဂယ်တို့ ရေးသားပြုစုခဲ့တဲ့ “ကွန်မြူနစ်ပါတီကြေညာစာတမ်း” ထွက်ပေါ် လာခဲ့ပြီးနောက် ၉၁ နှစ်အကြာ ၁၉၃၉ သြဂုတ် ၁၅ ရက် နေ့မှာ စတင်တည်ထောင်ခဲ့တာပါ။
လာမယ့် ၂၀၀၉ သြဂုတ် ၁၅ မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အနှစ် ၇၀ တင်းတင်း ပြည့်ပါတော့မယ်။
ပါတီဟာ ဗမာပြည်မှာ သက်တမ်း အရှည်ဆုံးပါတီ တရပ်ဖြစ်တယ်။
ဗမာပြည် အလုပ်သမားလူတန်းစားရဲ့ တခုတည်းသော တပ်ဦးပါတီ ဖြစ်တယ်။
မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်ကို ပါတီရဲ့ လမ်းညွှန်အတွေးအခေါ်အဖြစ် စတင် တည်ထောင်စဉ်မှ ကနေ့အထိ စွဲစွဲမြဲမြဲ ကျင့်သုံးနေတဲ့ ပါတီဖြစ်တယ်။
ပါတီဟာ စုပေါင်းခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုမူကို မိမိရဲ့ စည်းရုံးရေးမူ အဖြစ် ဒီနေ့အထိ တလျှောက်လုံး ကျင့်သုံးခဲ့ ကျင့်သုံးဆဲဖြစ်တယ်။
ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ သက်တမ်း အနှစ် ၇၀ ပြည့်သွားမှုဟာ အလွန် အဖိုးထိုက်တန်ပြီး လူတယောက်ရဲ့ သက်တမ်း နှစ် ၇၀ ပြည့်သွားတာနဲ့ လုံးဝ ခြားနားပါတယ်။
ပါတီတရပ်ရဲ့ အနှစ် ၇၀ ဆိုတာ စုပေါင်းခေါင်းဆောင်မှုနဲ့ စုပေါင်းစဉ်းစားမှု၊ စုပေါင်းအသိ ညဏ်၊ စုပေါင်း လုပ်ဆောင်မှုတွေက ပေါ်ထွက်လာတဲ့ အတွေ့အကြုံရဲ့ အသီးအပွင့်တွေ ဖြစ်တယ်။ ဆိုလိုတာက ပြင်းထန်တဲ့ အမျိုးသားရေးတိုက်ပွဲများ၊ လူတန်းစားတိုက်ပွဲများကို ဖြတ်ကျော်ရင်း ကြွယ်ဝတဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာ တွေရပြီး ရင့်ကျက်တဲ့ ပါတီတခုဖြစ်လာခဲ့တာပါ၊ ဒါကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ် အနှစ် ၇၀ ပြည့်သွားတယ် ဆိုတော့ ကျွန်တော်တို့ ပါတီဝင်တွေ၊ ကေဒါတွေနဲ့ ဗမာပြည် အလုပ်သမားလူတန်းစားတရပ်လုံးအတွက် အလွန် ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စရပ်ကြီးဖြစ်ပါတယ်။
ဒီလိုဆိုလို့ ဗမာပြည်ကွန်မြူနစ်ပါတီ ဖြတ်သန်းလာခဲ့တဲ့ အနှစ် ၇၀ အတွင်းမှာ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ခဲ့ပါသလား။ မဟုတ်ပါဘူး။ ပါတီမှာလည်း အမှားဆိုတာ ရှိခဲ့တာ ပါပဲ။ တကမ္ဘာလုံးမှာ ဘယ်ကွန်မြူနစ်ပါတီ ပဲဖြစ်ဖြစ်၊ ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် မမှားဖူးတာ ရယ်လို့ မရှိပါဘူး။ အမှားကြီးတာနဲ့ ငယ်တာပဲ ကွာခြားပါ တယ်။ ကွန်မြူနစ်ပါတီမှန်ရင် အမှား မှားမိရင်လည်း အဲဒီအမှားထဲက သင်ခန်းစာထုတ် အမှားပြင်ပြီး နောက်ဆုံး ရည်မှန်းချက်ပန်း တိုင်ကို ချီတက်ခဲ့ကြတာချည်းပါပဲ။

(၃)
လွန်ခဲ့တဲ့ အနှစ် ၇၀ အတွင်း ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆို ရင် -----
စတင်တည်ထောင်တဲ့ ၁၉၃၉ ခု သြဂုတ်လမှ ၁၉၄၅ မေလအထိ ပါတီဟာ မြေ အောက်ပါတီဖြစ်ခဲ့တယ်။ အဲဒီမြေအောက်ပါတီကာလကိုလည်း ခုလို ၂ ပိုင်း တွေ့နိုင်တယ်။ ၁၉၃၉ မှ ၁၉၄၁ အထိကာလကို ပထမပိုင်း။ အဲဒီကာလမှာ အဓိ ကအားဖြင့် အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်တဲ့ ဗမာပြည်လုံးဝ လွတ်လပ်ရေးတိုက်ပွဲ အတွက် စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့တယ်။ ဒုတိယပိုင်းက ၁၉၄၂ မှ ၁၉၄၅ အထိ။ ဒီကာလမှာ ပါတီဟာ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး အတွက် စည်းရုံးလှုံ့ ဆော်ပြီး ၁၉၄၅ မတ်လ ၂၇ ဖက်ဆစ်ဂျပန်များကို လက်နက်ကိုင် တိုက်ခိုက်ရာမှာ ခေါင်းဆောင်ခဲ့တယ်။ တချိန်တည်းမှာ ပါတီဟာ ဗမာ့တပ်မတော်၊ ပြည်သူ့ အရေးတော်ပုံပါတီ၊ အာရှလူငယ်များ၊ ကရင်အမျိုးသား အဖွဲ့ချုပ်နဲ့ တခြားပြည် ချစ်ပုဂ္ဂိုလ်များ ကို စည်းရုံးခေါင်းဆောင်ပြီး အမျိုးသားအသီးသီး လူတန်းစားအသီးသီး အပါအ၀င် ဗမာပြည် ပြည်သူလူထုတရပ်လုံးကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးခေါင်းဆောင်ပြီး ဖက်ဆစ်ဂျပန်တော် လှန်ရေး အောင်ပွဲအရယူနိုင်ခဲ့တဲ့ ဂုဏ်ရောင်ပြောင်တဲ့အခန်းက ပါဝင်ခဲ့ပါတယ်။
၁၉၄၅ မှ ၁၉၄၈ မတ်လအထိ အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှာ လုံးဝ လွတ် လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့တယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်တွေရဲ့ ဒီမိုက ရေစီ ရရှိရေးတိုက်ပွဲတွေကို စွမ်းစွမ်းတမန် ရှေ့ဆောင်ခဲ့တယ်။ ဒီကာလအတွင်း ပါလီမန်တွင်း တိုက်ပွဲလည်း ဆောင်ရွက် နိုင်ခဲ့တယ်။
၁၉၄၈ မတ်လ ၂၈ ရက်နေ့မှ ၁၉၈၉ ဧပြီလ နယ်စပ်လူမျိုးများ ပုန်ကန်တဲ့ အရေးအခင်းအထိ ပါတီဟာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တယ်။
၁၉၈၉ ဧပြီလမှ ဒီနေ့အထိ ပါတီဟာ မြေအောက်ပါတီအဖြစ် ဆက်လက်ရပ် တည်ရင်း ဗမာ ပြည်ဒီမိုကရေးစီရေးတိုက်ပွဲမှာ ပါဝင်တိုက်ပွဲဝင်နေတယ်။
ချုပ်လိုက်ရင် ဗမာပြည်ကွန်မြူနစ်ပါတီဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ် မြေရှင်ဆန့်ကျင် ရေး၊ ဗျူရိုကရက် အရင်းရှင်အပါအ၀င် စစ် ၃ စစ် ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ မြေပေါ်မြေ အေက်တိုက်ပွဲများ၊ ဥပဒေတွင်း ဥပဒေ ပတိုက်ပွဲများ၊ လက်နက်ကိုင်တိုက်ပွဲနဲ့ အခြားတိုက်ပွဲ သဏ္ဌာန်များကို ပေါင်းစပ်အသုံးပြုခဲ့တဲ့ အတွေ့ အကြုံကြွယ် ၀တဲ့၊ ရင့်ကျက်တဲ့၊ သက်တမ်းအရှည်ဆုံးပါတီဖြစ်တယ်။

(၄)
ပါတီဟာ ၁၃၀၀ ပြည့် ဗမာပြည် ပထမ နိုင်ငံရေးမျိုးဆက်မှ ကနေ့ အထိ မျိုးဆက်တ ဆက်ပြီးတဆက်၊ တဗိုလ်ကျ တဗိုလ်တက်စနစ်အရ မိမိပါတီရဲ့ အလံတော်ကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ပါတယ်။
၁၉၃၉ ခု သြဂုတ်လ ၁၅ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်စိုး၊ သခင်ဗတင် (ရဲဘော်ဂိုရှယ်) တို့ စတင် တည်ထောင်ခဲ့တယ်။
ပါတီစတင် တည်ထောင်စဉ်က သခင်အောင်ဆန်းဟာ ပါတီ အထွေထွေအ တွင်းရေးမှူး တာဝန်ကို ယူခဲ့တယ်။
၁၉၄၂ မှ ၁၉၄၅ အထိ သခင်စိုးက ပါတီ အထွေထွေအတွင်းရေးမှူးတာဝန် ယူခဲ့တယ်။
၁၉၄၅ မှ ၁၉၄၇ ဇန်န၀ါရီအထိ သခင်သိန်းဖေက ပါတီ အထွေထွေအတွင်း ရေးမှူး တာဝန် ယူခဲ့တယ်။
၁၉၄၇ ဇန်န၀ါရီမှ ၁၉၅၁ အထိ သခင်သန်းထွန်းက ပါတီ အထွေထွေအတွင်း ရေးမှူး တာဝန်အဖြစ်လည်းကောင်း၊ ၁၉၅၁ မှ ၁၉၆၈ စက်တင်ဘာအထိ ပါတီဥက္ကဋ္ဌအဖြစ် လည်း ကောင်း တာဝန်ယူခဲ့တယ်။
၁၉၆၈ စက်တင်ဘာမှ ၁၉၇၅ အထိ သခင်ဇင်က ပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တယ်။
၁၉၇၅ မှ ၁၉၈၉ အထိ သခင်ဗသိန်းတင်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ တယ်။
၁၉၈၉ မှ ကနေ့အထိ ရဲဘော်ကျင်မောင်က ပါတီ အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူလျက်ရှိတယ်။

(၅)
ပါတီ အနှစ် ၄၀ မြောက်အခမ်းအနားကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လွတ်မြောက်ဒေသ ဗဟိုဌာန ချုပ်ရှိရာ ပန်ဆန်း ဘော့လုံးကွင်းကြီးထဲမှာ ၁၉၇၉ သြဂုတ် ၁၅ မှာ ကျင်းပခဲ့တယ်။ အဲဒါ ကျွန်တော် လက်နက် ကိုင်တော်လှန်ရေးအတွင်း ပထမဆုံး တက်ရောက်ဖူးတဲ့ ပါတီနေ့ အခမ်းအနားပါပဲ။   ညဘက်တွေမှာ “ဒီရေမြင့် သစ်ကိုကြိုဆိုကြ”ဆိုတဲ့ အော်ပရာကြီးကို တပတ် ကျော်ကျော် တင်ဆက်ကပြခဲ့တယ်။ (ပါတီနေ့ ၈၁၅ နေ့တိုင်းကို ကျွန်တော်တို့ လက်နက်ကိုင်တိုက်ပွဲများအတွင်း သဏ္ဌာန်မျိုးစုံနဲ့ ကျင်းပခဲ့ပါတယ်။ အခု မြေအောက် ရောက်တော့လည်း ကိုယ့်ဘာသာကိုယ် စိတ်ထဲမှာ ကျင်းပနေဆဲပါပဲ။ ရင်ထဲကနေ ပါတီနေ့ကို အထိမ်းအမှတ်ပြု နေကြဆဲပါပဲ။)
အဲဒီပါတီနေ့ အခမ်းအနားမှာ ဥက္ကဋ္ဌ သခင်ဗသိန်းတင်က “ပါတီ အသက် အနှစ် ၄၀ အ တွင်းမှာ ပါတီ၊ တော်လှန်ရေး၊ လူထုအတွက် ကျနော်တို့ ပါတီဝင်တွေ၊ ကွန်မြူနစ်လူငယ်ဝင် တွေ၊ ကေဒါတွေ၊ တပ်မတော်သား၊ အဖိနှိပ်ခံပြည်သူတွေ စွန့်လွှတ်ခဲ့တဲ့ အသက်ပေါင်းဟာ မ နည်းပါဘူး။ သူတို့ ကျခဲ့တဲ့ချွေး၊ သွေးတွေဟာ အားလုံးပေါင်းလိုက်ရင် ဧရာဝတီမြေရေအလျင် ထက်မနည်းပါဘူး။ သူတို့တတွေရဲ့ အရိုးတွေကို စုပုံလိုက်ရင် ပုပါး တောင်ထက် ပိုမြင့်ပါလိမ့် မယ်”လို့ ပြောခဲ့ဖူးပါတယ်။
အာဇာနည် သူရဲကောင်းတွေဟာ အဖိနှိပ်ခံပြည်သူတရပ်လုံးအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်ရေး ဆိုတဲ့ မူကို ဆုပ်ကိုင်ပြီး တိုက်ပွဲဝင်ရင်း အသက်သွေးချွေးကို စတေးကာ ပါတီရဲ့ တူတံစဉ်အလံတော်ကို နီသ ထက်နီးစွေးသွားအောင် ခြယ်မှုန်းသွားခဲ့ကြပါပြီ။
ကျွန်တော်တို့ဟာ အသက်သွေးချွေးစတေးသွားခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို မမေ့အပ်သင့်ပါ ဘူး။ သူတို့ သွေးနဲ့ခင်းခဲ့တဲ့ လမ်းကြောင်းအတိုင်း ကျွန်တော်တို့ဟာ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ကို ရောက်တဲ့အထိ ဆက်လက် ချီတက်သွားရပါလိမ့်မယ်။ ဒါမှသာ ကျွန်တော်တို့ဟာ အာဇာနည်များကို သစ္စာစောင့် သိရာ ရောက်ပါလိမ့်မယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ အဓွန့်ရှည်ပါစေ။       
ကျရောက်လာတော့မယ့် ပါတီရဲ့ အနှစ် ၇၀ မြောက်နေ့ကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြု လိုက်ပါတယ်။        ။
ကံသိန်းမောင်
၈-၈-၀၉။

ကိုးကား။     ။ ပါတီမော်ကွန်းတိုက်ရှိ ဥက္ကဋ္ဌသခင်ဗသိန်းတင်ရဲ့ ပါတီနေ့မိန့်ခွန်းများ

 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်