စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday53
mod_vvisit_counterYesterday169
mod_vvisit_counterThis week709
mod_vvisit_counterLast week1243
mod_vvisit_counterThis month1434
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51689

Online Guests: 7
Your IP: 38.107.191.88
,
Today: Sep 09, 2010
အာဆီယံအဖွဲ့ နဲ့ လူထုအခြေပြုလူ့အဖွဲ့အစည်း ပြဿနာ

အာဆီယံကို စတင်ဖွဲ့စည်းတဲ့ နိုင်ငံတွေမှာ အာဆီယံကို စတင်ဖွဲ့စည်းတဲ့အချိန်မတိုင်မီကတည်းက ကွန်မြူနစ် ပါတီ တွေကို မတရားသင်းအဖြစ်ကြေညာထားပြီကွန်မြူနစ်တွေကို ရန်သူအဖြစ်သတ်မှတ်ပြီး စစ်ရေးအရပါ ချေမှုန်းနေတဲ့ နိုင်ငံ တွေ ဖြစ်ပါတယ်။





အာဆီယံအစည်းအဝေးတွေမှာ လူထုအခြေပြုလူ့အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုရေးပြဿနာဟာ အင်မတန် နက် ရှိုင်းတဲ့ အရင်းခံအကြောင်းတွေရှိပါတယ်။ ဒါကြောင့်ဒီပြဿနာဟာ လွယ်လွယ်နဲ့ဖြေရှင်းဖို့ မဖြစ်နိုင်ပါ။ လက်ရှိသမိုင်းခေတ် ကာလမှာ ဖြစ်တည်နေရတဲ့ အင်အားစုတွေရဲ့ အနေအထားအရ ဘယ်လိုမှ အပြီးအပြတ် ဖြေရှင်းနိုင်မှာမဟုတ်ပါ။ ရေရှည်ကိုင် တွယ်ဖြေရှင်းရမယ့် ပြဿနာတခုဖြစ်ပါတယ်။

ဒီပြဿနာဟာ ဒီမိုကရေစီပြဿနာဆိုလည်းဟုတ်တယ်။ နိုင်ငံရေးပြဿနာဆိုလည်းဟုတ်တယ်။ လူ့အခွင့်အရေး ပြဿနာဆိုလည်းဟုတ်ပါတယ်။ အာဆီယံ စတင်ဖွဲ့စည်းကတည်းက ဒီပြဿနာ အစပျိုးတာဖြစ်ပါတယ်။ အာဆီယံအဖွဲ့မှာ စတင်ဖွဲ့စည်းစဉ်ကတည်းက ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ ပထမ ရည်ရွယ်ချက်က အရှေ့တောင်အာရှရှိ ကွန်မြူနစ်မဟုတ် တဲ့နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုတို့ကို ပူးပေါင်းဆောင်ရွက်ကြပြီး မြှင့်တင်သွားကြဖို့၊ ဒုတိယ ရည်ရွယ်ချက်ကတော့ အာဆီယံနိုင်ငံများနဲ့ ကမ္ဘာ့တခြားနိုင်ငံများ ကုန်သွယ်ရေးတိုးမြှင့်သွားရန်ဆိုတာတွေ ဖြစ်ပါတယ်။ အင်ဒိုနိရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မြို့မှာ တွေ့ဆုံကြပြီး ဒေသ တွင်း အဖွဲ့အစည်းတခု ကိစ္စဆွေးနွေး သဘောတူညီမှုရခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေက လက်မှတ်ရေးထိုးပြီး ဘန် ကောက်သဘောတူညီချက်ဆိုတာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီက အာဆီယံ အဖွဲ့ဆိုတာ ပေါ်လာပါတယ်။ ၁၉၆၇ သြဂုတ်လ ၈ ရက်နေ့မှာပါ။ ပထမဆုံးထိပ်သီးအဖွဲ့ဝင် ၆ နိုင်ငံဖြစ် လာပြီး၊နောက်ပိုင်းမှာ ကမ္ဘောဒီးယားနဲ့အတူကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ လော နိုင်ငံတွေပါ အဖွဲ့ဝင်ဖြစ်လာတယ်။ ဗမာပြည်လို စစ်အာဏာရှင်ကြီးစိုးတဲ့နိုင်ငံလည်း ၁၉၉၇ ခုနှစ်မှာအဖွဲ့ဝင် ဖြစ်လာပါတယ်။

အာဆီယံကို စတင်ဖွဲ့စည်းတဲ့ နိုင်ငံတွေမှာ အာဆီယံကို စတင်ဖွဲ့စည်းတဲ့အချိန်မတိုင်မီကတည်းက ကွန်မြူနစ် ပါတီ တွေကို မတရားသင်းအဖြစ်ကြေညာထားပြီကွန်မြူနစ်တွေကို ရန်သူအဖြစ်သတ်မှတ်ပြီး စစ်ရေးအရပါ ချေမှုန်းနေတဲ့ နိုင်ငံ တွေ ဖြစ်ပါတယ်။ အဲ့ဒီလို ကွန်မြူနစ်ပါတီကို မတရားသင်းကြေညာထားပြီး ကွန်မြူနစ်တွေကို ချေမှုန်းနေတဲ့ ပြည်တွင်းစစ် တိုက်နေတဲ့ အစိုးရအာဏာရတဲ့ နိုင်ငံတွေကို ဒီမိုကရေစီနိုင်ငံလိုပြောနေကြပါတယ်။ တကယ်တော့ ဒီမိုကရေစီမရှိလို့ ပြည် တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေချည်းပဲဆိုတာ တွေ့ရမှာပဲ။

အရှေ့တောင်အာရှနိုင်ငံတွေမှာရှိနေတဲ့ ကွန်မြူနစ်ပါတီအားလုံးဟာ နယ်ချဲ့ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ရှေ့တန်းက အမြဲပါခဲ့တဲ့ပါတီတွေချည်းပါပဲ။ ဒါပေမဲ့ နယ်ချဲ့စစ်ပွဲတွေ ပြီးဆုံးတဲ့အခါမှာ ကွန်မြူနစ်ပါတီတွေဟာ ရရှိသင့်ရရှိထိုက်တဲ့ ဒီမို ကရေစီအခွင့်အရေးကို မရရှိကြပဲအကြမ်းဖက်နှိမ်နင်းတာ၊ မတရားသင်းကြေညာတာ ခံရပါတယ်။ ကွန်မြူနစ် ပါတီတွေမှာ ဒီမိုကရေစီ အခွင့်အရေးဆုံးရှုံးခဲ့တာ အဲ့ဒီကတည်းကပဲ။ ဒါကြောင့် ကွန်မြူနစ်ပါတီတွေဟာ ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲ ဝင်ရတာ အဲ့ဒီကတည်းကပဲ။ ဒါပေမဲ့ ကွန်မြူနစ်ဆိုရင် အာဏာရှင်ပဲ၊ ကွန်မြူနစ်စနစ်ဆိုရင် အာဏာရှင်စနစ်ပဲဆိုပြီး ကွန်မြူနစ် တွေမှာ အစွပ်အစွဲခံနေရတယ်။ ပိုဆိုးတာကတော့ ဗမာပြည်က စစ်အာဏာရှင်စနစ်ကျင့်သုံးနေတဲ့ နအဖ စစ်အစိုးရကို ကွန်မြူ နစ်အစိုးရတွေနဲ့အတူတူပဲဆိုပြီး သဘောထားတာပါပဲ။ တကယ်တော့ ဗမာပြည်က စစ်အစိုးရအဆက်ဆက်ဟာ ကွန်မြူနစ် ဆန့်ကျင်ရာမှာ အရှေ့တောင်အာရှဒီမိုကရေစီနိုင်ငံတွေထက်သာချင် သာ သာမယ် လျော့တော့မလျောာ့ပါဘူး။

ကွန်မြူနစ်ပါတီတွေကို မတရားအသင်းအဖြစ်ကြေညာထားတဲ့ ဒီမိုကရေစီနိုင်ငံပါလို့ ကိုယ့်ကိုယ်ကို ကြေညာထားတဲ့ နိုင်ငံတွေမှာ အာဏာရနဲ့အတိုက်အခံနိုင်ငံရေးပါတီစနစ်ကို ကျင့်သုံးပါတယ်။ အဲဒါဟာ တကယ်အတိုက်အခံ မဟုတ်ပါဘူး။ မတူတဲ့နိုင်ငံရေး ပါတီတွေအလှည့်ကျအာဏာယူတဲ့စနစ်ပဲဖြစ်ပါတယ်။ အဲ့ဒါဟာ တကယ်အတိုက်အခံလုပ်မယ့် အင်အားစု ကိုတော့ မတရားသင်းကြေညာထားတာပဲ။ အဲ့ဒီလိုနိုင်ငံတွေမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ရှိပါတယ်။ အများအားဖြင့် အဲ့ဒီအဖွဲ့အစည်းတွေဟာ နိုင်ငံရေးနဲ့မပတ်သက်တော့တာဖြစ်လေ့ ရှိပါတယ်။ ဗမာပြည် စစ်အစိုးရမှာတော့ အဲဒီလောက်တောင်လွတ်လပ်ခွင့်မပေးပြန်ပါဘူး။

ကွန်မြူနစ်နိုင်ငံတွေမှာက အာဏာရနဲ့ အတိုက်အခံနိုင်ငံရေးစနစ်မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်တဲ့စနစ်နဲ့ လူ့အဖွဲ့ အစည်းကိုတည်ဆောက်ထားတယ်။ လူတွေဟာ အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းတွေအလိုက် သူ့အသင်းအဖွဲ့ နဲ့သူဖွဲ့စည်းထားတယ်။ အလုပ်သမား၊ လယ်သမား၊ ကုန်သည်ပွဲစား၊ ကျောင်းသူကျောင်းသား စသည်ဖြင့်နေရာဒေသ၊ ဌာနအလိုက် အသင်းအဖွဲ့တွေဖွဲ့တယ်။ တခါ ဒီအသင်းအဖွဲ့တွေထဲမှာ ကွန်မြူနစ်ပါတီဝင်တွေ ရှိချင်ရှိမယ်၊ မရှိချင်မရှိဘူး။  ဒါပေမဲ့ ဒီအသင်းအဖွဲ့ဝင်အားလုံးဟာ နိုင်ငံရေးအသိမြင့်မားနေရတယ်။ ဆိုလိုတာက ပြည်သူလူထုတရပ်လုံးဟာ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်နဲ့ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးလမ်းညွှန်မှုကို ကိုယ်ပိုင်အသိနဲ့ခံယူလှုပ်ရှားနေတာဖြစ်တယ်။ ဒီတော့ကွန် မြူနစ်နိုင်ငံတွေက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဟာ နိုင်ငံရေးအမြင်မှာ တူညီလေ့ရှိပြီး နိုင်ငံရေးအသိမြင့်မားလေ့ရှိပါ တယ်။ ဒါပေမဲ့ ဒါကို လူတချို့က ကွန်မြူနစ်နိုင်ငံတွေက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆိုတာ ကွန်မြူနစ်ပါတီရဲ့လက် ကိုင်တုတ်ပဲလို့ထင်နေကြပါတယ်။ အဲ့ဒါကြောင့် နအဖနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆိုတဲ့ နအဖ လက်ကိုင်တုတ် အဖွဲ့အစည်တွေနဲ့ ကွန်မြူနစ်နိုင်ငံတွေက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ရောထွေးကြည့်မြင်လိုက်ကြပြန်ပါတယ်။

အာဆီယံအဖွဲ့ဟာ အာဏာရ အစိုးရတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အစိုးရအာဏာမရှိတဲ့ အင်အားစုတွေက တက်ရောက်ဆွေးနွေးဆုံးဖြတ်ခွင့်ရှိတာမှ မဟုတ်တာ။ အခုအာဆီယံပဋိဉာဉ်အရ လူထုအခြေပြု လူ့အ ဖွဲ့အစည်းကိစ္စပေါ်လာတော့ ပြဿနာကို ဘယ်ကစကိုင်မှန်းမသိတော့ဘူး ဖြစ်ကုန်ပါတယ်။ အာဆီယံမူလနိုင်ငံတွေမကျင့် သုံးတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံရေးနဲ့မပတ်သက်တဲ့ လူမှုရေးအသင်းအဖွဲ့တွေကိုပဲ လူထုအခြေပြု အဖွဲ့အစည်းလို့သဘော ထားပြီး ကွန်မြူနစ်နိုင်ငံတွေက ကျင့်သုံးတဲ့ အသင်းအဖွဲ့တွေဟာ အစိုးရနဲ့ပတ်သက်တဲ့ လူ့အဖွဲ့အစည်းတွေဖြစ်တယ်၊ လူ ထုအခြေပြု လူ့အဖွဲ့အစည်းမဟုတ်ဘူးလို့ သဘောထားကြရင် အာဆီယံရဲ့လူထုအခြေပြုလူ့အဖွဲ့အစည်းပြဿနာဟာ ရှုပ်ထွေးနေဦးမှာပဲဖြစ်ပါတယ်။ တချိန်တည်းမှာအာဏာရှင်စနစ်နဲ့ ထိန်းချုပ်ထားတဲ့ အစိုးရမဟုတ်တဲ့ အင်အားစုတွေကိုလည်း ကွန်မြူနစ်နိုင်ငံက လူထုအခြေပြုအင်အားစုတွေနဲ့ ရောထွေးထားနေသရွေ့ အာဆီယံမှာ လူထုအခြေပြုလူ့အဖွဲ့ အစည်း ပြဿနာဟာ သပွတ်အူလည်နေဦးမယ်ဖြစ်တယ်။

စင်္ကာပူနိုင်ငံဟာ တခြားကွန်မြူနစ်မဟုတ်တဲ့ အာဆီယ်ံနိုင်တွေကျင့်သုံးတဲ့ ဒီမိုကရေစီမျိုးမရှိပါဘူး။ ဒါပေမဲ့ စင်္ကာပူဟာ အာဏာရှင်စနစ်နိုင်ငံမဟုတ်ဘူးလို့ဆိုကြတယ်။ လော၊ ဗီယက်နမ်။ ကမ္ဘောဒီးယားတို့မှာမှ လာပြီးပြဿနာ ဖြစ် တယ်လို့ဆိုတယ်။ တခါ ဗမာပြည်စစ်အစိုးရ ပြဿနာကိုလည်း လော၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားပြဿနာလို တတန်းတည်း ထားပြန်တယ်။ ဒီလိုကြည့်နေသမျှတော့ အာဆီယံမှာ လူထုအခြေပြုလူ့အဖွဲ့အစည်းကိုယ်စားပြုရေး ပြဿနာဟာ ပြေလည်နိုင် မှာ မဟုတ်ပါ။

အာဆီယံမှာ အရင်းရှင်ဒီမိုကရေစီနိုင်ငံတွေ၊ ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံတွေနဲ့ နအဖ စစ်အာဏာရှင်စနစ်ကျင့် သုံး တဲ့ နိုင်ငံတွေ စုဖွဲ့နေတာဖြစ်တယ်ဆိုတာ ပထမမြင်ဖို့လိုပါတယ်။ ဘယ်ဒီမိုကရေစီကိုပဲကျင့်သုံး၊ ကျင့်သုံး အာဆီယံမှာ ဒီမို ကရေစီထွန်းကားဖို့ အဓိကဆိုတဲ့အမြင်ကို စိုက်ထူပြီး စစ်အာဏာရှင်စနစ်ကို ဖျက်ပြီး အာဆီယံအဖွဲ့ဝင်အားလုံးမှာ ဒီမို ကရေစီ ထွန်းကားအောင်လုပ်မယ်ဆိုမှသာ လူထုအခြေပြုလူ့အဖွဲ့အစည်းကိုယ်စားပြုရေး ပြဿနာတစုံတရာပြေလည်စရာ အကြောင်း ရှိတယ်။

အခုအာဆီယံမှာ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့ပြောပါတယ်။ တကယ် လူ့အခွင့်အရေး ပြဿနာ ကို အာဆီယံဟာ ဖြေရှင်းနိုင်ဖို့ ဖြစ်နိုင်ခြေမရှိပါ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေးကော်မရှင်လိုပဲ လေ့ လာရေး တွေလုပ်၊ အစီရင်ခံစာတွေတင်၊ လိုက်နာအကောင်အထည်ဖော်ရန်မလိုတဲ့ ဆုံးဖြတ်ချက်တွေချ စတာတွေနဲ့ပဲ လုံးချာလည် နေမှာပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ ကမ္ဘာ့ပြဿနာတွေကို အခြေခံကျကျ ဘာတခုမှ မဖြေရှင်းနိုင်သလိုပဲ အာဆီယံ အဖွဲ့ဟာလည်း ဒေသပြဿနာတွေကို ဘာတခုမှ အခြေခံကျကျ ဖြေရှင်းနိုင်မှာမဟုတ်ပါ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ အဆောက်အအုံတခုဖြစ်ပြီး အဲ့ဒီအဆောက်အအုံမှာ ဗျူရိုကရေစီယန္တရာားနဲ့လည်ပတ်နေတာဖြစ်တယ်။ အဲ့ဒီဗျူရိုကရေစီ ယန္တရားထဲမှာ အမည်အမျိုးမျိုးနဲ့ တာဝန်ခံအမျိုးမျိုးဟာ၊ ပြဿနာဖြစ်ပါတယ်ဆိုတဲ့နေရာတွေကို ကုလသမဂ္ဂအဖွဲ့ ကြီးရဲ့ စရိတ်နဲ့သွားချီလာလှည့်လုပ်ရင်း အပျော်ခရီးထွက်သလိုတောင်ဖြစ်နေပါတယ်။ အာဆီယံအဖွဲ့ကလည်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးလိုပဲ အဖွဲ့တာဝန်ခံတွေဟာ အဖွဲ့ရဲ့စရိတ်နဲ့အပျော်ခရီးထွက်၊ တွေ့ဆုံဆွေးနွေး၊ စားသောက်တာကလွဲပြီး ဘာပြဿနာ မှ မယ်မယ်ရရ ဖြေရှင်းနိုင်ခဲ့တာမတွေ့ရပါဘူး။

တကယ်တော့ အာဆီယံဟာ အာဏာရအစိုးရတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတာဖြစ်သလို အာဏာရ အစိုးရ ချင်းဖြစ်တဲ့ပြဿနာတွေသာ ဆွေးနွေးဖြေရှင်းတာပဲ အလွန်ဆုံးလုပ်နိုင်မှာပါ။  လူထုပြဿနာ၊ လူထုကိစ္စတွေကို ဆွေးနွေးဖို့ စိတ်အားထက်သန်မှုမရှိကြပါ။ ဒါကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေပဲဖြစ်ဖြစ်၊ ဝန်ကြီးအဆင့်အစည်း အဝေးတွေပဲ ဖြစ်ဖြစ် လူထုကိုယ်စားလှယ်တွေ ဘယ်လိုမှတက်ရောက်ဆွေးနွေးခွင့်ရှိမှာမဟုတ်ပါ။

စောမိုးသာ

၂၇၊ ၁၁၊ ၂ဝဝ၉။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်