စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday182
mod_vvisit_counterYesterday169
mod_vvisit_counterThis week838
mod_vvisit_counterLast week1243
mod_vvisit_counterThis month1563
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51818

Online Guests: 10
Your IP: 38.107.191.88
,
Today: Sep 09, 2010
အစ်မကြီးကျန်း (အခန်းနှစ်)

၎၊ ကျောင်းနေဘက် သူငယ်ချင်း ‘ဟယ်လီလိ’



မိဘမဲ့ဂေဟာမှာ ကျန်းကျူကျွန်းဟာ ကျောင်းနေဘက် အများအပြားနဲ့ သိရှိခွင့်ရခဲ့တယ်။ အထူးရင်းနှီးလှတဲ့ ကျောင်းနေ ဘက်တွေလည်း ရှိလာတယ်၊ အဲဒါကတော့ သူနဲ့တတန်းတည်း ကျောင်းနေဘက် ‘ဟယ်လီလိ’ ပါပဲ။

သူတို့ချင်း ချစ်ခင်ရင်းနှီးရတဲ့ အကြောင်းရင်းက ရိုးရိုးးရှင်းရှင်းလေးပါ။

ပထမအချက်ကတော့ သူတို့ဟာ ကျောင်းစာဘက်မှာ နှစ်ယောက်လုံး အထူးကြိုးစား အားထုတ်ကြခြင်းပါပဲ။ ကျန်း ကျူကျွန်းဟာ အတန်းထဲမှာ အတန်းခုန်တက်လာသူဖြစ်သလို ဟယ်လီလိဟာလည်း အတန်းခုန်တက်လာသူ ဖြစ်ပါတယ်၊ သူတို့ဟာ အတန်းခုန် တက်ပြီးနောက် ကျောင်းစာမှာ အခက်ကြုံရတာတွေ ရှိပါတယ်။  အတန်းခုန်လိုက်ရတော့ ဗြုန်းစားကြီးမို့ ဂဏန်းသင်္ချာမှာ့ အားစိုက်လုပ်နေရတယ်လို့ ခံစားကြရတယ်။ သူနဲ့ ဟယ်လီလိတို့ကတော့ ဒီနေ့ သင်လိုက်တဲ့သင်ခန်းစာကို ဒီနေ့ တစုံတရာနားလည်သွားအောင် သင်ယူ လေ့လာကြတယ်။ ဒီနေ့ပေးတဲ့ သင်္ချာပုစ္ဆာ ဒီနေ့ မပြီးရင် ဘယ်တော့မှ ကျောင်း ခန်းထဲက မခွာကြေးလို့ စိန်ခေါ်ထားကြတယ်၊

ဒုတိယအချက်က သူတို့နှစ်ယောက်လုံးဟာ စာပေဗဟုသုတ ပိုများများလေ့လာရေးကို စိတ်အားထက်သန်ကြတယ်။ အထူးသဖြင့်ဒီကျောင်းရဲ့  အတန်းကြီးတွေရဲ့ စာသင်ခန်းတွေကို ဝင်သွားတဲ့အခါ စာသင်ခန်းထဲက အဲဒီသင်ရိုးစာအုပ် တွေရဲ့ အတွင်းသဘောတွေက သူတို့ကို ကျေနပ်တင်းတိမ်နေဖို့ ပိုမိုခက်လာစေတယ်။ ဗဟုသုတ ရှာမှီးလိုစိတ် ပိုမိုပြင်း ထန်လာ စေတယ်။ သူတို့ဟာ ဆရာ့ထံ ချိန်းဆိုသွားရောက်ပြီး သင်ကြားပေးဖို့ မေတ္တာာရပ်ခံကြတယ်။ ကျောင်းစာအပြင် တခြားစာ အုပ်တွေကိုလည်း ငှားရမ်းဖတ်ရှုကြတယ်။ ဘယ်ဆရာ့ထံမှာ ဘာစာအုပ်ရှိသလဲဆိုတာကို စုံစမ်းပြီး ဘယ်လိုစာအုပ်ဖြစ်ဖြစ်။ ထူထူပါးပါး သူတို့နှစ်ယောက် ကတော့ နည်းနာရှာ သွားငှားပြီးဖတ်တော့တာပါပဲ။

တတိယအချက်ကတော့ အတတ်ပညာ ဗဟုသုတ တိုးပွားလာတာနဲ့အမျှ သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ဂရုစိုက်မှုဟာ ကျယ်ပြန့် သထက် ကျယ်ပြန့်လာတယ်။ ညီညွတ်သထက် ညီညွတ်လာတယ်။


သူတို့မှာ တူညီတဲ့ ဝါသနာတွေလည်း အများကြီးရှိပါတယ်၊ ကဗျာဖတ်တာကို ဝါသနာထုံကြသလို ကဗျာစပ်နည်း ကိုလည်း လေ့လာလိုက်စားလိုကြတယ်။ ဟယ်လီလိက သီချင်းဆိုရတာကို စွဲလမ်းနှစ်သက်သလို ကျန်းကျူကျွန်းကလည်း သီချင်းဆိုရတာကို နှစ်သက်တယ်။ တခါတရံ သူတို့ဟာ မြစ်ဘေးကို အပြေးအလွှားသွားပြီး တလိမ့်လိမ့်စီးဆင်းနေတဲ့ မြစ်ရေပြင်ကို မျက်နှာမူကာ အသံ ကောင်းကောင်းနဲ့ အားရပါးရ သီချင်းဆိုတတ်တယ် ....

တဖြည်းဖြည်း အမြင်ကျယ်လာတာနဲ့အမျှ သူတို့ဟာ ကျောင်းနေဘက်တွေအကြားက ပြဿနာအမြောက်အမြားကို ရှုမြင် သုံးသပ်ရုံလောက်မကတော့ဘဲ ဘယ်ဆရာက ဘယ်လို။ ချုံကင်းမြို့က လမ်းကြီးလမ်းငယ်အသွယ်သွယ်ဟာ ဒီလို ဘာကြောင့် ပေါ်လာရတာလဲ။ ဒီလို ဘာကြောင့် ပြောင်းလဲကုန်ရတာလဲစသဖြင့် ငြင်းခုန်ရင်း သူတို့အကြား လွတ်လွတ်လပ် လပ် ဆွေးနွေးငြင်းခုန်မှု လမ်းပွင့် သွားခဲ့တယ်။

တကယ်တော့ ဒီအကြောင်းရင်းတွေက သူတို့နှစ်ဦးကို အစဉ်အမြဲစုစည်းလာမိစေတယ်။ သူတို့နှစ်ဦးအကြား ပြော စရာတွေ ခုလို များများစားစား ရှိတယ်လို့ ခံစားလာမိစေတယ်။ အပြန်အလှန် ယုံကြည်တဲ့။ အပြန်အလှန် အားထားတဲ့ ချစ်ခင် ရင်းနှီးတဲ့ ကျောင်းနေဘက် ဖြစ်လာစေတော့တယ်။



၅။ ဆရာတင့်



ဒါဟာ  လူတွေကို ရဲစိတ်ရဲမာန် တက်ကြွကြီးထွားလာစေတဲ့ ခေတ်တခေတ်ဖြစ်သလို လူအများ နာကြည်းမှုတွေ၊ အ ကျပ်ဆိုက်မှုတွေ ဖြစ်စေတဲ့ ခေတ်လို့လည်း ဆိုနိုင်ပါတယ်။

သမိုင်းသင်ခန်းစာတွေက ကျန်းကျူကျွန်းတို့တတွေကို အလွန့်အလွန် အမြင်ကျယ်စေပါတယ်။ အင်္ဂလိပ်နယ်ချဲ့ သ မားက စတင်ခဲ့တဲ့ တရုတ်ပြည်ကျူးကျော်ရေး ဘိန်းစစ်ပွဲ၊ မဟာမိတ် ၈ နိုင်ငံက ပီးကင်းကို ထိုးစစ်ဆင် ခြောက်ချလုပ်ကြံမှု၊ တရုတ်ပြည်မှ လျော်ကြေးငွေကို အဆမတန်တောင်းဆိုမှု၊ တရုတ်ပြည်ရဲ့ အချုပ်အခြာ အာဏာာပိုင်မှုအပေါ် ခေါင်းပုံဖြတ် အညွန့်ခူးတဲ့ လုပ်ရပ်တွေဟာ သူတို့ နှစ်ဦးကို စိတ်မချမ်းမြေ့ဖွယ်ရာ နာကြည်းခံပြင်းမှုတွေ တနုံ့နုံ့ ခံစားမိစေပါတယ်။ ဂျပန် နယ်ချဲ့သမားက ထိုင်ဝမ်ကို အတင်းအားဓမ္မ သိမ်းပိုက်သွားမှု၊ တရုတ်ပြည် မြောက်ပိုင်း ၃ ပြည်နယ်ကို အတင်း အားဓမ္မ လုယူသွားမှု၊ တဆက်တည်း တရုတ်ပြည်မြောက်ပိုင်းသို့ ချဉ်းနင်းဝင်ရောက် လာပြီး အရူးအမူး ကျူးကျော်လာတဲ့ လှုပ်ရှား မှုတွေက သူတို့နှစ်ဦးကို ရဲစိတ်ရဲမာန် တက်ကြွလာစေတယ်။ အမျိုးသား ပျက်သုဉ်းတော့မယ့် အန္တရာယ်မှ ကယ်တင်လိုစိတ် တွေ လှုပ်ရှားနိုးထလာစေတယ်။ တိုင်းပြည်နစ်နာ ဆုံးရှုံးမှုတွေကို ဆေးကြောပစ်လိုတဲ့ တာဝန်ယူစိတ်တွေ တဖွားဖွားဖြစ်ပွား လာစေတယ်။ ဒါပေမဲ့ ကျောင်းဥယျာဉ်ထဲမှာ၊ ချုံကင်းမှာကိုပဲ ဆင်းရဲဒုက္ခနာကြင်မှုတွေ၊ စိတ်မချမ်းသာစရာတွေကို အမြဲမြင် တွေ့ ခံစားနေရပါတယ်။

ကျောင်းသင်ခန်းစာထဲမှာ ရှင်းပြထားတာကတော့ တရုတ်အမျိုးသားတွေဟာ နယ်ချဲ့အင်အားကြီးနိုင်ငံတွေရဲ့ နိုင် ထက်စီးနင်း ပြုကျင့်မှုတွေနဲ့ ကြုံတွေ့ ရင်ဆိုင်နေရတယ်။ တရုတ်နိုင်ငံဟာ အင်အားကြီးနိုင်ငံတွေရဲ့ အစိတ်စိတ်အမွှာမွှာ ခွဲဝေမှုနဲ့ ထင်သလို ခေါင်းပုံ ဖြတ်မှု ခံနေရတယ်။ ဒါပေမဲ့ ဒါတွေဟာ ကျောင်းသင်ခန်းစာထဲမှာ ရှင်းလင်းသင်ပြရုံ သက်သက် လောက်သာ ဖြစ်နေခဲ့တယ်။ ဘယ့်နှယ် လုပ်မလဲ၊ ကျောင်းဥယျာဉ်ထဲမှာတော့ တိတ်ဆိတ်ငြိမ်သက်နေပြီး၊ ဒါတွေအားလုံးနဲ့ နည်းနည်းလေးမှ မဆက်စပ်သလိုလိုပါပဲ။

ဒီလောက် ကြီးမားလှတဲ့ ချုံကင်းမြို့ကြီးတမြို့လုံးဟာလည်း ဒါတွေအားလုံးနဲ့ နည်းနည်းမှ မဆက်စပ်သလို ဖြစ်နေရုံ မက ကျောင်းနဲ့ကပ်နေတဲ့ ထုံယွင်မင် မြို့ရိုးပေါ်က အနီအစိမ်းသင်္ဘောဆေးတွေနဲ့ ဆွဲထားတဲ့ ပိုစတာကြီးက လူတွေကို တခြားပြဿနာများကိုသာ စဉ်းစားကြဖို့ ထုတ်ဖော် လမ်းလွှဲပေးနေသယောင်ယောင်။

အဲဒီ ပိုစတာကြီးကြောင့် သူတို့နှစ်ဦးရဲ့ စိတ်ထဲမှာ စွဲကျန်နေတာကတော့ ရင်တလှပ်လှပ်နဲ့ စိုးရိမ်ထိတ်လန့်စေတဲ့ ရုပ်ပုံလွှာာ တွေသာ ဖြစ်တယ်။ ပိုစတာပေါ်မှာ ဆွဲထားတာက အလွန်ကြီးမားလှတဲ့ ညိုပြာပြာမျက်နှာကြီးနဲ့ အစွယ်တငေါ ငေါထွက်နေတဲ့ မကောင်းဆိုးဝါးကောင်ပုံ ဖြစ်တယ်။ သူ့မျက်နှာပေါ်မှာ မျက်ခုံးမွေးအနီတွေ ပေါက်နေပြီး မျက်လုံးက စိမ်းစိမ်း၊ အစွယ်တငေါငေါနဲ့။ ဒါ့အပြင် အရုပ်ကြီးက လမ်းသွားလမ်းလာတွေကို တည့်တည့်ကြီးစိုက်ကြည့်နေတယ်။ သူတို့ နှစ်ယောက်ခမျာ ကမ္ဘာပေါ်မှာ ဒီလို မကောင်းဆိုးဝါး ကောင်ကြီး အမှန်တကယ် ရှိမရှိဆိုတာကို မသိပါဘူး။ လူတွေပြော သံကြားရတာကတော့ ဒါဟာ “ကွန်မြူနစ်ပါတီ”တဲ့။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ “ချူမော်”လို့ ခေါ်တယ်တဲ့။ “သူတို့ရဲ့ ပါးစပ်ဟာ တရုတ်တင်းတောင်းလောက်ကြီး ရှိသတဲ့။ တနေ့တနေ့ ကလေးတွေ အများကြီးကုန်အောင် စားပစ်နိုင်တယ်”တဲ့၊ “သူတို့ဟာ လူသတ် မီးရှို့၊ ပစ္စည်းဥစ္စာတွေကိုလည်း ဘုံပစ္စည်းအဖြစ် သိမ်းပိုက်သလို မယားတွေကိုလည်း ဘုံမယားအဖြစ် သိမ်းပိုက်ပြီး၊ မကောင်းမှုဒုစရိုက်မှန်သမျှအကုန် လုပ်သတဲ့”။

ကျန်းကျူကျွန်းတို့တသိုက်လည်း ကျောင်းထဲမှာ သတင်းစကားအမျိုးမျိုးကို တဆင့်စကားတဆင့် တဖြည်းဖြည်း ကြားလာရတယ်။ ဒါပေမဲ့ လမ်းမပေါ်မှာ ပြောနေတာတွေနဲ့ မတူ၊ နည်းနည်းကွဲပြားမှုတော့ ရှိတယ်။ အဲဒီ ပိုစတာဟာ စစ်ချွန်း-ရှန်းဆီးဆိုဗီယက် ဒေသက အလုပ်သမား၊ လယ်သမားတပ်နီတော်ကို ရည်ညွှန်းထားတာတဲ့။ အဲဒါ ကွန်မြူနစ်ပါတီရဲ့ တပ်မတော်တဲ့။ ဆင်းရဲသားတွေ သွားရောက်ပါဝင်ကြသတဲ့။ သူဌေးသူကြွယ်တွေကတော့ ဒီတပ်မတော်ကို သေလောက် အောင် ကြောက်ကြသတဲ့.... လို့ ပြောကြဆို ကြပါတယ်။

လမ်းပေါ်မှာ သူတပါး တုန်လှုပ်ခြောက်ခြားအောင် ပြောနေတဲ့ အဲဒီပိုစတာဟာ ကျောင်းအတွင်း ပြောနေတဲ့ ပါးစပ် သတင်းတွေနဲ့ကတော့ အဲဒီလိုကို ကွာခြားချင်တိုင်း ကွာခြားနေပါတယ်။ ဂျပန်နယ်ချဲ့သမားက တရုတ်ပြည်ကို အကြီးအကျယ် အင်အားတိုးချဲ့ ကျူးကျော်လာနေတဲ့ ဒီနေ့လို ကာလမျိုးမှာ ဘာကြောင့် ဒီလိုထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ သတင်းစကားတွေ ပျံ့လွင့်လာနေရတာလဲ။ နိုးကြားအုံကြွ ခုခံဆန့်ကျင်ရေး၊ အမျိုးသားပျက်သုဉ်းမယ့် ဘေးအန္တရာယ်ကယ်တင်ရေး၊ သူရဲကောင်း သတင်းတွေများ မရှိရော့လေသလား။ ကျန်းကျူကျွန်း သဘောမပေါက်သလို ဟယ်လီလိလည်း နားမလည် ဖြစ်နေတယ်။ သူတို့ နှစ်ယောက်စလုံး တောက်လျှောက် အတွေးမပေါက် ခြာခြာ လည်နေတော့တယ်။

ဒါပေမဲ့ သူတို့ သဘောမပေါက် ပေါက်အောင် စဉ်းစားအဖြေရှာကြတယ်၊ အဲဒီတုန်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် တစုံတယောက်သောသူကို သူတို့ သတိရလိုက်ပါတယ်၊ အဲဒီသူကတော့ သူတို့ရဲ့ အတန်းပိုင်ဆရာ ‘ဆရာတင့်’ပါပဲ။ သူတို့ကို ဖတ်စာ သင်တဲ့ဆရာ။ သူတို့ကို နယ်ချဲ့အင်အားကြီးနိုင်ငံတွေ တရုတ်ပြည်အား ကျူးကျော်မှုသမိုင်းကို သိအောင်သင်ပေး တဲ့ဆရာ၊ သူတို့ကို ‘ချိုကျင်’ ‘ကုကျင့်ဟုန်’ ‘လျိုဟယ်ချင်း’ တို့ရဲ့ သူရဲကောင်းဇာတ်လမ်းတွေကို ပြောပြပြီး သူတို့အား ရင်တဖိုဖို လှိုက်လှဲတက်ကြွမှုတွေကို ဖြစ်ပေါ်စေတဲ့ ဆရာ။ ကျောင်းသင်ခန်းစာနဲ့ မဆိုင်တဲ့ ပြင်ပစာတွေကို ဖတ်ဖို့စဉ်းစားဖို့ သူတို့ကို ပထမဦးဆုံး စာအုပ်ငှားပေးလိုက်သူဟာလည်း သူပဲ မဟုတ်ပါလား။

မူလတန်းကျောင်းက ဆရာတချို့ လမ်းပေါ်ကပိုစတာအတိုင်း ကွန်မြူနစ်ပါတီကို ဆဲဆိုနေကြတဲ့အချိန်မှာ ဆရာတင့် ကတော့ နားပဲထောင်နေတယ်။ ကွန်မြူနစ်ပါတီကို အပြစ်တင်တဲ့စကား တခွန်းမှမပြောတာကို သူတို့ပြန်သတိရမိကြတယ်။

ဒါတွေအပြင် သူတို့နှစ်ယောက် သတိရနေတာတွေ ရှိနေသေးတယ်။ ဆရာတင့်ဆီ သူတို့ စာအုပ်ငှားဖတ်ဖို့ သွားတုန်းက ဘယ်နှစ်အုပ်ပဲငှားငှား ဆရာက ချက်ချင်းလှိုက်လှိုက်လှဲလှဲ ခွင့်ပြုတာချည်းပဲ။ ဒါပေမဲ့ ၃-၄ ကြိမ်ရှိလာတော့ ဆရာတင့်က အံဆွဲထဲက နတ်စုံးကဝေဝတ္ထုအဖုံးများနဲ့ ဖုံးထားတဲ့ စာအုပ် ၃-၄ အုပ် ဆွဲထုတ်လာပြီး သူတို့ရှေ့မှာ အသာအရာ ချပေးရင်း “ဒီမှာပဲဖတ်၊ ယူသွား လို့ မဖြစ်ဘူး”လို့ တည်ကြည်လေးနက်စွာ ပြောပြီး နေရာမှာတင် ဖတ်ခိုင်းတယ်။ သူတို့နှစ်ယောက် အဲဒီနတ်စုံးကဝေဝတ္ထုအဖုံးတွေကို လှန်လိုက်တော့မှ အထဲမှာ ကူမိုးကြိုးရဲ့ “ဓားပြဂိုဏ်းကို ဂုဏ်ပြုတေး”၊ လူရွှန်းရဲ့ “အရူးမှတ်တမ်း”၊ ကျန်းကျွန်းစစ်ရဲ့ “ယာလုမြစ်ပြင်ပေါ်ဝယ်”စာအုပ်တွေကို အဖုံးဖုံးထားတာ ဖြစ်နေတာကို တွေ့ လိုက်ရတော့တယ်။

ဆရာတင့်နဲ့ ပတ်သက်လို့ သူတို့နှစ်ယောက် နောက်ထပ်သတိရလာပြန်တာတွေကတော့ ဆရာတင့်ရဲ့ အခန်းမှာ သူတို့ နားလည်တာတွေရော နားမလည်တာတွေပါ စာအုပ်မှန်သမျှကို အာသာငမ်းငမ်း ဖတ်နေတဲ့အချိန်မှာ သူတို့အား ဆရာတင့်က စိတ်ရှည်လက်ရှည် ရှင်းပြရင်း သူတို့ဂရုမစိုက်လို့ မဖြစ်တဲ့ကိစ္စတွေကို ပြောပြပါတယ်။ အဲဒါတွေကတော့ သူတို့ဟာ လူဆိုးတွေ၊ သူလျှိုတွေ၊ အထူးစုံထောက်တွေ နောက်ရောင်ခံလိုက်မှုကို သတိထားရမယ်။ လျှိ့ဝှက်ကြံစည် လုပ်ဆောင်မှုတွေကို ဖော်ထုတ်ဖွင့်ချသွားရမယ်ဆိုတာ ပါပဲ။

ကျန်းကျူကျွန်းတို့ကတော့ မသိနိုင်သေးဘူးပေါ့။ အဲဒီတုန်းက စစ်ချွမ်းးဟာ ဒီလိုကွေ့ကောက် ရှုပ်ထွေးတဲ့ အပြောင်း အလဲ သမိုင်းဖြစ်ရပ်တွေ ဖြစ်ပွားနေတယ်။ တရုတ်အလုပ်သမား လယ်သမားတပ်နီတော် အမှတ် ၄ စစ်မျက်နှာ တပ်မ တော်ဟာ ၁၉၃၂ ခု၊ ဆောင်းရာသီမှာ ဟူပေ၊ ဟိုနန်၊ အန်းဟွေးနယ်စပ်ကနေ စစ်ချွမ်းး-ရှန်းဆီးဆိုဗီယက်ဒေသကို တည် ဆောက်နေပါတယ်။ စစ်ချွမ်းးက စစ်ဘုရင် ကြီးကြီးငယ်ငယ် အားလုံးဟာ မိမိတို့ကာကွယ်စောင့်ကြပ်ထားတဲ့ ဒေသများ ခြိမ်းခြောက်ခံရမှာကို အလွန်ကြောက်ရွံ့ နေကြပါတယ်။ မိမိကိုယ်ကိုယ် တပ်နီတော်ရဲ့ ပြိုင်ဘက်အဖြစ် ကြည့်နေရုံနဲ့ မပြီးသေးပါဘူး။ စစ်ချွမ်းမှာ အကြီးဆုံးစစ်ဘုရင်ဖြစ်တဲ့ ‘လျူရှန်း’ ဟာ တပြည်လုံးရဲ့ စစ်ဘုရင်ခေါင်ချုပ်ဖြစ်တဲ့ ချိန်ကေရှိတ်အား ဗဟိုတပ်မတော်ကို စစ်ချွမ်းသို့စေလွှတ်ပေးပြီး၊ အတူပူးပေါင်းကာ ကွန်မြူနစ်များအား ချေမှုန်းသုတ်သင်ရေးကို ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ရေးကို တင်ပြတော့တယ်။ တကယ်တော့ ဒါဟာ ချန်ကေရှိတ် အာသာငမ်းငမ်းဖြစ်နေတဲ့ ကိစ္စပါပဲ။ ဒါ ကြောင့် သူ့ရဲ့ စစ်အကြံပေး ထောက်လှမ်းရေးတပ်ဖွဲ့တွေကို စစ်ချွမ်းသို့ စေလွှတ်လိုက်တယ်။ ဗဟိုတပ်မတော်လည်း တပါ တည်း စစ်ချွမ်းသို့ ဝင်လာပါတော့တယ်။

ဒါပေမဲ့ အဲဒီတုန်းက ချုံကင်းလမ်းမကြီးတွေပေါ်မှာ နေ့စဉ်မိုးမလင်းခင် လူအများအပြားဟာ သားရေဖိနပ် ရှည်ကြီး တွေစီးကာ “၁-၂-၃-၄”ဆိုတဲ့ အသံကို ကျယ်ကျယ်လောင်လောင် အော်ဟစ်နေတဲ့ တပ်ဖွဲ့တဖွဲ့ ရှိနေတယ်။ အဲဒီတပ်ဖွဲ့ဟာ ထောက်လှမ်းရေး တပ်ဖွဲ့ဖြစ်တယ်ဆိုတာကို ကျန်းကျူကျွန်းတို့တတွေက သိနေကြတယ်။ ထုံယွင်မင် မြို့ရိုးပေါ်မှာ ဆေးရောင် စုံဖြင့် ညိုပြာပြာမျက်နှာနဲ့ အစွယ်တငေါငေါထွက်နေတဲ့ မကောင်းဆိုးဝါးပုံတွေကို ဆွဲထားတယ်။ အဲဒါကို ဆွဲသူတွေဟာ ဒီထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေပဲပေါ့။

ဒီတချီ ကျန်းကျူကျွန်းတို့ ဆရာတင့်ဆီသွားမေးမြန်းဖို့ဆိုရင်တော့ အထူးသတိမထားလို့ မဖြစ်တော့ဘူး။ သူတို့ဟာ ဆရာတင့်ဆီသွားရင် အလွန်ကို သတိထားပြီး အလောတကြီးကသုတ်ကရက် သွားနေရတယ်။ ဘေးဘီမှာလည်း ထောက် လှမ်းရေးလို့ ထင်ရတဲ့လူ ရှိမရှိ အကဲခတ်ရတယ်။

ကံဆိုးချင်တော့ မိဘမဲ့ဂေဟာ မူလတန်းကျောင်းဆရာများရဲ့ အိပ်ဆောင်နဲ့ မျက်နှာချင်းဆိုင်တောင်ကုန်းလေးပေါ်မှာ အဝါရောင် စစ်အင်းကျီဝတ်ထားပြီး၊ သားရေးဖိနပ်ရှည်ကြီးတွေစီးထားတဲ့ ထောက်လှမ်းရေး ၂ ကောင်ဟာ အေးဆေး ဆေးဆေး ရပ်နေ တာမဟုတ်ဘဲ။ ကျီးကန်းတောင်းမှောက် ဟိုကြည့်ဒီကြည့် ဘာများလုပ်နေပါလိမ့်။

ဆရာတင့်ကိုတော့ သတိထားဖို့ မုချကို ပြောရမှာပဲ။ ဒါပေမဲ့ ဒီအချိန် သွားလို့ကလည်း မဖြစ်ဘူး။ ဒီ ၂ ကောင် ထွက်သွားတဲ့ အထိစောင့်ရမှာပဲ။ အဲဒီတော့မှ ဆရာတင့်ဆီ သွားနိုင်တော့မှာပါပဲ။

စောင့်ရင်းစောင့်ရင်း သူတို့ဟာ သစ်ပင်ကြီးတပင်အောက်မှာ ထိုင်ချလိုက်တယ်။ နောက်ပြီး ကျောင်းသင်ခန်းစာကို တခေါက် ပြန်နွှေးကြတယ်။ ဟို ထောက်လှမ်းရေး ၂ ကောင်ကလည်း ဟိုကြည့်ဒီကြည့် လုပ်မြဲလုပ်နေတယ်။ သူတို့ ကျောင်း စာကို ၅ ခေါက်အထိ နွှေးပြီးတော့ မိုးကချုပ်တော့မယ်။ အဲဒီတော့မှ ဟို ၂ ကောင် ထွက်သွားတာ တွေ့ရတယ်။ အဝေးကြီးထိ သူတို့သွားကြပါပြီ။

ဆရာတင့်အိမ်ထဲကို ရင်တထိတ်ထိတ်နဲ့ တိတ်တိတ်ကလေးဝင်သွားကာ သူတို့မျက်မြင်ကိုယ်တွေ့တွေကို ပြောပြကြ တယ်။

“ဆရာတင့်- ဆရာက ကျွန်မတို့ကို ထောက်လှမ်းရေးတပ်ရဲ့ လျှို့ဝှက်လုပ်ကြံမှုတွေကို သတိထားကြ၊ လှည့်ကွက်ဆင် ကြလို့ ပြောခဲ့တယ် မဟုတ်လား” ကျန်းကျူးကျွန်းက ဆရာ့ကို တိုးတိုးလေးမေးကြည့် မိတယ်။

“ဟုတ်တယ်လေ”။ ဒါပေမဲ့ ဆရာတင့်က ဒီတခါ သူတို့ပြောတဲ့ကိစ္စကို သိပ်ဂရုစိုက်ဖို့မလိုသလိုလို ပါပဲ။ ဒါ့အပြင် “သူတို့ အဲဒီမှာ လှုပ်ရှားနေတာကို စောစောကတည်းက တွေ့နေတယ်။ ဒီကောင်တွေ လာလာနေတာ ၃-၄ ကြိမ် ရှိသွားပြီ။ ကြည့်ရတာ ဒီတ ကြိမ်တော့ ဘာမှ ထူးခြားမယ့်ပုံ မတွေ့ရသေးဘူး”လို့ ဆရာတင့်က ပြန် ရှင်းပြပါတယ်။

ကျန်းကျူးကျွန်း အိမ်ပြန်ရောက်တော့လည်း ဒီပြဿနာဟာ အာရုံထဲက ပျောက်မသွားဘူး။ ဆက် စဉ်းစားနေမိတယ်။

နောက်တနေ့ ကျောင်းဆင်းတဲ့အချိန်မှာ သူက ဂရုမစိုက်ပေမယ့် ထောက်လှမ်းရေး ၂ ကောင် ၃ ကောင်ဟာ အဲဒီတောင်ကမူ လေးပေါ်မှာ လှုပ်ရှားနေတဲ့ လူရိပ်လူယောင် ရိပ်ခနဲ တွေ့နေရတယ်။

နောက် ၂ ရက်လောက်ကြာတော့၊ မိုးကလည်းရွာ၊ မြူတွေကလည်း အကြီးအကျယ်အုံ့ဆိုင်းလာတယ်။ အဲဒီ နေ့မနက်ပိုင်း ကျောင်းတက်တော့ ဆရာတင့် သင်ကြားပေးလိုက်တဲ့ ဖတ်စာနဲ့ သမိုင်းသင်ခန်းစာဟာ အလွန်အရေးကြီး ပါ တယ်။

ကျန်းကျူကျွန်း ကျောင်းခန်းထဲဝင်သွားတယ်၊ အတန်းသားအားလုံးလည်း စာသင်ခန်းထဲ ရောက်နေကြပြီ၊ ပျော်ပျော်ပါးပါး ထိုင်နေကြတယ်။ ကျောင်းတက်ခေါင်းလောင်း ထိုးပါပြီ။ ဆရာတင့် လာတော့မှာပဲ။ ဒါပေမဲ့ အချိန်ကြာ သွား လည်း ဆရာတင့်ရဲ့ အရိပ်အယောင် ကို မမြင်ရသေးပါဘူး။

ဆရာတင့် နေထိုင်မကောင်းများ ဖြစ်နေရော့သလား။ ဘာပြဿနာများ ပေါ်နေပါလိမ့်။ ကျန်းကျူးကျွန်း မသိနိုင်သလို။ ဟယ်လီလိလည်း မသိပါဘူး။ ကျန်းကျူကျွန်းဟာ ဟယ်လီလိရဲ့ မျက်ဝန်းတွေထဲမှာ “မပြောကောင်း ပြော ကောင်း ကိစ္စများပေါ်နေပြီလား”ဆို တဲ့ ခံစားချက်မျိုးကို တွေ့နေတယ်။

မိဘမဲ့ဂေဟာ မူလတန်းကျောင်း ကျောင်းအုပ် ရောက်လာပြီး ဒီစိတ်တထင့်ထင့်ဖြစ်နေရမှုကို လာရောက် ရှင်းပြသွားပါတော့ တယ်။ နောက်သင်ခန်းစာတွေကို တခြားဆရာက သင်ပေးလိမ့်မယ်လို့ ဆရာကြီးက ပြောပါတယ်။

“ဆရာတင့်ကရော ....”အတန်းသားတွေက အော်လိုက်တယ်။

“ဆရာတင့် နောက်ထပ်လာပြီး သင်မပေးနိုင်တော့ဘူး”

“ဘာလို့လဲ။ ဘာလို့လဲ”

“သူဟာ ကွန်မြူနစ်ပါတီနဲ့ ပတ်သက်သူလို့ ယုံမှားသံသယ ရှိနေတာကြောင့် ထောက်လှမ်းရေးတပ်ဖွဲ့က သူ့ကို ဖမ်းသွား တယ်၊ ချုံကင်းစစ်ကော်မရှင်။ စစ်ဦးစီးရုံးက ကျောင်းကို တရားဝင် အကြောင်းကြားလာတယ်”

အတန်းသားတွေဟာ တညီတညာတည်း အလန့်တကြား ထပ်ပြီး အော်လိုက်ကြပြန်တယ်။

ကျန်းကျူကျွန်းဟာ အစားထိုးဝင်ရောက်လာပြီး သင်တဲ့ဆရာ သင်ကြားပို့ချသွားသမျှကို ဘာတွေပြောလို့ ပြောသွား မှန်းတောင် မသိတော့ပါဘူး။

ကျောင်းဆင်းသွားပြီးနောက် အစားလာသင်တဲ့ဆရာ ကျောင်းခန်းနဲ့ ဝေးဝေးရောက်သွားမှ အတန်းသားတွေဟာ ဟိုတပေါက် ဒီတပေါက် ဆွေးနွေးငြင်းခုန်နေကြတာတွေကို ကျန်းကျူကျွန်း မြင်နေရကြားနေရတယ်။

“ဟ-ဆရာတင့်က ကွန်မြူနစ်ကိုး။ ဒါဖြင့် ကွန်မြူနစ်ဆိုတော့ အကောင်းဆုံးလူ ဖြစ်မှာပေါ့။ ဒါကြောင့် အကောင်းဆုံး ဆရာ မဟုတ်ဘူးလား။ ဒီလိုဆို အကောင်းဆုံးဆရာကို ဖမ်းသွားတဲ့လူတွေဟာ တကယ်တော့ အဆိုးဆုံးလူတွေ မဟုတ် ဘူးလား”

အဲဒီနေ့ကစပြီး ကျန်းကျူကျွန်းနဲ့ ဟယ်လီလိတို့ ဆုံမိတိုင်း ဆရာတင့်အကြောင်းကိုပဲ ပြောဆိုဆွေးနွေးမိကြတယ်။ ဒီလိုနဲ့ သူတို့ဆရာတင့်ကို သွားတွေ့ကြဖို့ စဉ်းစားမိကြတယ်။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ ချုံကင်းမြို့မှာ ဆရာတင့်ရဲ့ အရိပ်အ ယောင်ကို ဘယ်မှာသွားရှာလို့ တွေ့နိုင်ပါ့မလဲ။

နောက်တော့ သူတို့ စုံစမ်းလေ့လာရင်း သဘောပေါက်သွားတယ်။ ဆရာတင့်ကို ချုံကင်းစစ်ဦးစီးရုံး၊ ထောက်လှမ်း ရေးတပ်ဖွဲ့က လျှို့ဝှက်ဖမ်းဆီးသွားတာ၊ ချုံကင်းစစ်ဦးစီးရုံး၊ ထောက်လှမ်းရေးတပ်ဖွဲ့ လျှို့ဝှက်စခန်းတနေရာရာမှာ ချုပ်နှောင် ထားတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လျှို့ဝှက်အကျဉ်းထောင်ဟာ ဘယ်မှာရှိတယ်ဆိုတာကိုလည်း သူတို့ဘယ်လိုမှ လေ့လာ စုံစမ်း လို့ မရပါဘူး။

ကျန်းကျူကျွန်းတို့ အဲဒီကျောင်းကနေ ကျောင်းပြီးသွားတဲ့အထိ ဆရာတင့်ရဲ့ သတင်းကို နည်းနည်းမှ အစအန မရ ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာ အဲဒီနောက် ဘယ်ကိုသွားသွား ဆရာတင့်ကို ရှာဖို့ နည်းနာစဉ်းစားရမယ်။ ဘယ်သူက အရင် တွေ့ သလဲ။ တွေ့တဲ့လူက ကျန်တဲ့သူကို အဲဒီသတင်း အမြန်ဆုံး ပြောရမယ်လို သတ်မှတ်ကတိစကား ထားခဲ့ကြ တယ်။



၆၊ မျှော်လင့်ချက်



ကျန်းကျူကျွန်းနဲ့ ဟယ်လီလိတို့ဟာ တကယ့်ကို စိတ်အားထက်သန်စွာ ဆရာတင့်နေတဲ့အရပ်ကို အပြေးအလွှား သွားပြီး ဆရာတင့်ကိုရှာ၊ စာအုပ်ငှားဖတ်ကြတဲ့ အဲဒီရက်တွေအတွင်းမှာပဲ ကျန်းကျူကျွန်းမေမေက မျက်ရည်တွေအဝိုင်း သားနဲ့ သူ့ကိုပြောပြတယ်။ မေမေတို့ တတိယ ဦးလေးအိမ်ကနေ ကွမ်ယင်ကျောက်ဆောင်အနီးရှိ လင်ဟွာလမ်းက အိမ်တလုံးကို ပြောင်းပြီးနေရတော့မယ်။

“ဘယ်တော့ပြောင်းမလဲ မေမေ”

“မနက်ဖြန်”

“မေမေ။ ကျွန်မ ဆရာထံက ခွင့်တောင်းပြီး မေမေ့ကို ကူညီရွှေ့ပြောင်းပေးမယ်”။ ကျန်းကျူကျွန်းဟာ ဒီလောက်မြန်မြန်ကြီး အိမ်ပြောင်းသွားရတဲ့ အကြောင်းရင်းတွေကို မေးမြန်းမနေတော့ပါဘူး။

ဒီအကြောင်းရင်းတွေကလည်း ပေါ်တင်ကြီးမို့ သူသိပြီးသားပါ။ တတိယ ဦးလေနဲ့ သူ့အမေတို့ဟာ အလွန်ပေသီးခေါက်သူ။ တွန့်တိုသူတွေလို့ ဆိုရမှာပါ။ ကျန်းကျူကျွန်းတို့သားအမိတတွေကို သူတို့ဆီပြောင်းရွှေ့လာပြီး အတူနေဖို့ ခေါ်ကြတုန်းက သူတို့သား တွေအတွက် ကြည့်ရှုစောင့်ရှောက်မယ့်သူ လိုလို့၊ ဘာမှ အဖိုးအခပေးစရာမလိုတဲ့ မိသားစုဆရာနဲ့ ကလေး ထိန်းလိုလို့ ခေါ်တာပါ။ အခု သူတို့သားတွေက ကြီးလာကြပြီ၊ ကျန်းကျူကျွန်းရဲ့ အမေ ထိန်းနေစရာ မလိုတော့ပါဘူး။ မျက်နှာရိပ်မျက်နှာကဲ အမျိုးမျိုးလုပ်ပြပြီး ကျန်းကျူကျွန်းရဲ့ အမေကို မောင်းထုတ်နေတော့တယ်။ ဒီလိုနဲ့ မေမေက စောစော စီးစီး ပြောင်းသင့်လို့ ပြောင်းလိုက်ရတာပါ။

ကျန်းကျူကျွန်းရဲ့ မေမေက “သမီးနဲ့မောင်လေးတို့ ကျောင်းက ခွင့်ယူစရာမလိုပါဘူး။ ကျောင်းသာတက်ပါ။ မေမေ တို့မှာ ဘာပစ္စည်းမှ များများစားစား ရှိလှတာမှ မဟုတ်ဘဲ။ မေမေ့ဘာသာ ပြောင်းသွားလို့ ရပါတယ်။ သမီးတို့သာ နောက်အိမ်ပြန်လာရင် မေမေ့ကို လင်ဟွာလမ်းမှာ လာရှာဖို့ သိထားဖို့ ပြောချင်တာပါ”လို့ ဆိုပါတယ်။

မေမေဟာ လင်ဟွာလမ်းကို ပြောင်းသွားပါပြီ။ လမ်းဘေးမှာ ဈေးဆိုင်ကလေးတဆိုင်  ခင်းထားတယ်။ ဈေးဆိုင် ကလေးရဲ့ တဖက်မှာ သွပ်ကြိုးနဲ့ရက်လုပ်ထားတဲ့ တောင်းတတောင်း ချထားတယ်။ အခြားတဖက်မှာ စီးကရက်ဘူးတင် ရောင်း ဖို့ စင်ချထားတယ်။ သွပ်ကြိုးနဲ့ ရက်လုပ်ထားတဲ့တောင်းဟာ အကြွေစေ့များထည့်ဖို့၊ ဖောက်သည်အများစုဟာ ကာယ အ လုပ်သမားတွေမို့ စီးကရက်အညံ့ စားတချို့ကို စီးကရက်စင်မှာ တင်ထားပေးတယ်။

မေမေဟာ ညဘက်မှာ အချုပ်အလုပ်နဲ့ အဝတ်တပုံတခေါင်းကြီး လျှော်တဲ့အလုပ် လုပ်ပါတယ်။ ဘဝဟာ အလွန် ခက်ခဲပေမယ့် တတိယဦးလေးအိမ် နေထိုင်စားသောက်ရတဲ့ဘဝထက် အများကြီး နေသာထိုင်သာ ရှိပါတယ်။ ကျန်းကျူကျွန်းကလည်း ကျောင်းစာဘက် မှာ သိပ်ကြိုးစားတာတွေ့ရတော့ မေမေဟာ စိတ်ရွှင်လန်းပြီး ကျန်းမာရေးဟာ အရင်ကထက် အများကြီး သိသိသာသာ ကောင်းလာတယ်။

မိဘမဲ့ဂေဟာ မူလတန်းကျောင်းက မူလတန်းအောင်ပြီးထွက်လာတဲ့ ၁၉၃၆ ခုနှစ် ဆောင်းရာသီမှာ ကျန်းကျူကျွန်း ဟာ အလယ်တန်းကျောင်းကို ဆက်တက်ပါတယ်။ သူတို့ရဲ့ တတိယ ဦးလေးဟာ ဒီဆင်းရဲတဲ့ဆွေမျိုးတွေရဲ့ နှစ်တချို့ လုပ်အား အတွက် အနည်းအကျဉ်း ပြန်ဆပ်ဖို့ ပြန်လည်သတိရသွားပြီး ကျန်းကျူကျွန်းကို နန်အန် အလယ်တန်းကျောင်းတကျောင်းမှာ သွားတက်ဖို့ သူကိုယ်တိုင် မိတ်ဆက်ပေးပါတယ်။ အလွန်ကို အဆင်သင့်ချင်တော့ သူ့ရဲ့အတန်းဖော် ကျောင်းနေဘက်သူ ငယ်ချင်းကောင်း ဟယ်လီလိ ဟာလည်း အဲဒီကျောင်းမှာ တက်နေပါတယ်။

သူတို့ နန်အန်အလယ်တန်းကျောင်းကို သွားတက်တယ်ဆိုရပေမယ့် အဲဒီကျောင်းဟာ ချုံကင်းနဲဏ္ဍ ယန်စီမြစ်သာ ခြားတာပါ၊ ဒါပေမဲ့ သူတို့ကျောင်းသွားတက်လို့ သိပ်မကြာခင်မှာဘဲ ချုံကင်းနဲ့ တနိုင်ငံလုံးရဲ့ အခြေအနေဟာ အကြီးအကျယ် ပြောင်းလဲသွားတော့ မှာပဲဆိုတဲ့ ပြောဆိုသံတွေ ကျောင်းမှာ ကြားလာရတယ်။

“ဆရာတင့်ဟာ ယုံကြည်ချက်ကြံ့ခိုင်သူဖြစ်လို့ လွတ်မှ လွတ်လာပါ့မလား”

ကျန်းကျူးကျွန်းနဲ့ ဟယ်လီလိတို့ဟာ မြစ်တဖက်ကမ်းကို ရင်တလှပ်လှပ်နဲ့ကမန်းကတန်း ကူးလာပြီး မြို့ထဲရဲ့ အခြေ အနေတွေကို သိချင်နေကြတယ်။

အဲဒါ ၁၉၃၆ ဒီဇင်ဘာလ ၁၃ ရက်။ သူတို့ ယန်စီဖြစ်ကို ကူးတို့နဲ့ ဖြတ်ကူးလာစဉ်မှာ လူတချို့က မြစ်တဖက်ကမ်း ကနေ အော်ပြောနေသံ ကြားနေရတယ်၊ “ ချန်ကေရှိတ်က ဗိုလ်ချုပ် ကျန်းရွှယ်လျန်နဲ့ ဗိုလ်ချုပ် ရန်ဟူချိန်တို့ကို ဖမ်း သွားပြီ ဟေ့”။

ဒီအော်ဟစ် ပြောဆိုသံဟာ မြူတွေပိန်းပိတ်အောင် ဖုံးလွှမ်းနေတဲ့ အကြားက မြစ်တဖက်ကမ်းကို ထိုးဖောက်ပီး တောင် တွေကြားကနေ ရုတ်တရက် ပဲ့တင်သံလို တသီတတန်းကြီးသော စကားသံများအဖြစ် “ဟေး ........... ချန်ကေရှိတ်.......... ဖမ်းသွား ပြီ” လို့ ပြောင်းလဲ မြည်ဟည်းသွားတော့တယ်။

ကမ်းပေါ်မှာ လူတွေ တသီတတန်းကြီး ကျိတ်ကျိတ်တိုးနေတုန်း ကျန်းကျူကျွန်းတို့လည်း ချုချိမင်လမ်းထိပ်သို့ တက်လာခဲ့ တယ်။ ရုတ်တရက် ရှေ့ဘက်မြူတွေ မသဲမကွဲ ဝိုးတဝါးဖြစ်နေတဲ့ လမ်းထိပ်မှာ စစ်မီးလောင်တော့မယ့် အန္တရာယ် ကို မြင်တွေ့လိုက် ရတယ်။

လမ်းဘေးမှာ စုဝေးကြည့်ရှုနေတဲ့ လူတွေက တီးတိုးပြောနေတာကို သူတို့ ရှင်းရှင်းလင်း ကြားသိလာရတယ်။ လမ်းရဲ့ ဟို အဝေး စစ်ဦးစီးရုံး - ရုံးစိုက်ထားတဲ့နေရာကိုတော့ သံဆူးကြိုးများနဲ့ ပိတ်ဆို့ထားပြီး၊ လမ်းကို အဆက်ဖြတ်ထား တယ်။ သံဆူးကြိုးများရဲ့ နောက်မှာတော့ သဲအိတ်တွေ ပုံထားတယ်။ သဲအိတ်များပေါ်မှာလည်း စက်သေနတ်တွေ။ အဝါရောင်စစ်ဝတ်စုံ ဝတ်ထားတဲ့ ဗဟိုစစ် အင်ဂျင်နီယာတပ်ဖွဲ့ဝင် အများအပြားဟာ တိုက်ပွဲဝင်ဖို့ အသင့်စောင့်ဆိုင်းနေတယ်။ လမ်းရဲ့ ဟိုအဝေးမှာ ဗဟိုတပ်မတော်နဲ့ အတိုင်အဖောက်ညီညီ တိုက်ပွဲဝင်ဖို့ လက်မှာ သေနတ်တွေကိုကိုင်ထားပြီး ခြေထောက်မှာ မြက်ဖိနပ်တွေစီးထားတဲ့ စစ်ချွမ်းတပ်မတော်။

စစ်ဘုရင်တွေ လုံးထွေးတိုက်ခိုက်သတ်ဖြတ်နေတဲ့ နှစ်ကာလတွေအတွင်း ကြီးပြင်းလာခဲ့ရတဲ့ သူတို့တတွေဟာ အစောပိုင်းကတည်းက စစ်ဘုရင်တွေ၊ စစ်တပ်တွေ မြို့တွင်းလမ်းကြားတိုက်ပွဲ အဖြစ်အပျက်တွေကို တကြိမ်မက ကြုံဖူး ကြား ဖူး နေကြတာပါ။

ဒါပေမဲ့ ဒီတကြိမ်ကတော့ သူတို့ မျက်မြင်ကိုယ်တွေ့ ဖြစ်နေပါပြီ။

လက်နက်အပြည့်အစုံ ကောင်းကောင်းမွန်မွန် တပ်ဆင်ထားတဲ့ ဗဟိုတပ်မတော်ဟာ အလွန်တင်းမာနေပါတယ်။ သူတို့ဟာ သဲအိတ်တွေနောက်မှာ ပုန်းအောင်းနေကြတယ်။ သံခမောက်ဆောင်းထားတဲ့ ခေါင်းတလုံးသာ မကြာမကြာ ပေါ်ပေါ်လာပြီး ကျီးကန်း တောင်းမှောက် တဖက်ရဲကိ အရိပ်အကဲ ကြည့်နေတယ်။ ကြည့်ပြီးတာနဲ့ အဲဒီသံခမောက် ဆောင်း ထားတဲ့ ခေါင်းလည်း ပြန်ပျောက်သွားတယ်။ သူတို့ အရေအတွက်ကတော့ စစ်ချွမ်းတပ်ထက် သိသိသာသာ လျော့နည်း လှတယ်။ မြက်ဖိနပ်စီးထားတဲ့ စစ်ချွမ်းတပ်မတော်ဟာ ဗဟိုတပ်မတော်ထက် အရေအတွက်အရ အများကြီး ကွာခြားလှတယ်။ လူတိုင်းဟာ သေနတ်ကိုင်ထားပြီး ဟန်ရေးတပြပြနဲ့ ဘေးနားမှာ လွန်းထိုးအကဲခတ်ရင်း စစ်အင်အားပြလျက်ရှိတယ်။ အချိန်မ ရွေး ထိုးစစ်ဆင်တိုက်ခိုက်ပစ်နိုင်တယ်ဆိုတဲ့သဘောနဲ့ တဖက် အင်အားစုကို လွှမ်းမိုးထားတယ်။

“ချန်ကေရှိတ်ဟာ ဖမ်းဆီးမှုတွေ လုပ်လာနေတယ်။ ဒုစရိုက်မကောင်းမှုတွေကို တသီတတန်းကြီးလုပ်နေတဲ့ ထောက် လှမ်းရေးတွေကိုရော မဖမ်းသင့်ဖူးလား”

အနီးအနားက ဖြတ်သန်းသွားလာနေတဲ့ လူတွေရဲ့ ပြောဆိုဝေဖန်သံတွေကို ကြားနေရတယ်။ ကျန်းကျူကျွန်းတို့ဟာ ဒါကို ဂရုမစိုက်အား။ လမ်းမပေါ်က ပိတ်ထားတဲ့ ဆိုင်တဆိုင်ရဲ့ တံခါးပေါ်မှာ အားလုံးမြင်အောင် ကပ်ထားတဲ့ ပိုစတာတခုကို ကြည့်နေမိတယ်။

အဲဒီပိုစတာဟာ အစိမ်းရောင်၊ အနီရောင် စာရွက်တွေနဲ့ ရေးထားတဲ့ ပိုစတာတွေပါ။ ကျန်းရွှယ်လျန်နဲ့ ရန်ဟူချိန်၊ ဗိုလ်ချုပ် ၂ ဦး ကို ချန်ကေရှိတ်က ရှီအန်မှာ ဖမ်းချုပ်ထားတဲ့ အကြောင်းရင်းတွေပါ။ ချန်ကေရှိတ်ဟာ အမျိုးသားပျက်သုဉ်းမယ့် ဘေးန္တရာယ်ကို မငဲ့။ ဖျောင်းဖျပြောဆိုမှုတွေကို နားမထောင်ဘဲ ပြည်တွင်းစစ်ကိုသာ သဲကြီးမဲကြီးတိုက်နေတယ်လို့ ဖော်ပြ ထားပြီး အဲဒီပိုစတာမှာ တိုင်းပြည် ကယ်တင်ရေး လုပ်ငန်းတာဝန် ၈ ရပ်ကိုလည်း တင်ပြထားတယ်။

ကျန်းကျူကျွန်းဟာ ပိုစတာပေါ်က တောင်းဆိုချက်တွေကို ကြည့်ရင်းကြည့်ရင်း.... သူ့အကြည့်တွေဟာ အလိုလို ရပ်တံ့သွား တော့တယ်။

“ပြည်တွင်းစစ်တိုက်နေတာ အားလုံးကို ရပ်စဲပစ်”။ စိတ်ထဲမှာ ဒါဟာ ကွန်မြူနစ်တွေကို အကုန်အစင် ချေမှုန်းပစ်ရေးဆိုတဲ့ စစ်ပွဲကို ရပ်စဲပစ်ပြီး ကျူးကျော်ရေးသမားတွေဘက်ကို သေနတ်ပြောင်းအားလုံး တညီတညွတ်တည်း လှည့်လိုက်ကြဖို့ပဲ မဟုတ်လားလို့ ကျန်းကျူကျွန်း စဉ်းစားနေမိတယ်။

“နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေး”။ ကျန်းကျူကျွန်းရဲ့ အမြင်အာရုံမှာ လက်ခနဲတချက် ဖြစ်သွားတယ်။ ဟယ်လီလိ ဟာလည်း အဲဒီစာကြောင်းကို စိုက်ကြည့်နေတာ သူတွေ့လိုက်တယ်။ သူဟာ မချုပ်တည်းနိုင်တော့ဘဲ ရင်းနှီးလှတဲ့ သူ့မိတ်ဆွေကို “ဒီလိုဆိုရင် ဆရာတင့် တို့တတွေဆီ ပြန်ရောက်လာနိုင်တယ် မဟုတ်လား”လို့ လှိုက်လှဲတက်ကြွစွာ တိုးတိုးလေး ပြောပြနေတယ်။

အဲဒီအချိန်ကစပြီး သူတို့ရှေ့မှာ မျှော်လင့်ချက်သစ်တရပ် ပေါ်ထွက်လာသလို ခံစားနေမိတယ်။ ပိုစတာထဲက ပြောတဲ့အတိုင်း တကယ်သာ ဖြစ်လာမယ်ဆိုရင် ဆရာတင့်ကို ရှာလို့တွေ့ပါလိမ့်မယ်။ စစ်ချွမ်းတပ်မတော်က ထောက်လှမ်း ရေးတပ်တွေကို အနိုင်တိုက်နိုင်မယ်ဆိုရင် ဆရာတင့်ကိုလည်း ကယ်တင်နိုင်လိမ့်မယ် မဟုတ်လား။

တကယ့်ကို အဲဒီလိုစဉ်းစားမိတာကြောင့် ကျန်းကျူကျွန်းဟာ နေ့တိုင်းလောက်နီးနီး မြို့ထဲကို သွားချင်နေပြီး ဒီကိစ္စ တွေ ဘယ်လိုအဆုံးသတ်သွားသလဲဆိုတာကို စုံစမ်းနေပါတော့တယ်။

လဝက်လောက် ကြာသွားပါပြီ။ ကျန်းကျူကျွန်း နန်အန်မှ မြစ်ကို ဖြတ်ကူးပြီး ချုချိမင် ဆိပ်ကမ်းကို သွားခဲ့တယ်။ ရုတ်တရက် မြို့တွင်းမှာ နားကွဲလုမတတ် ဗျောက်အိုးဖောက်တဲ့အသံတသံ ပေါ်ထွက်လာတယ်။

ကျန်းကျူကျွန်းဟာ လမ်းမပေါ်သို့ ကမန်းကတန်းတက်လိုက်တယ်။ စစ်ဦးစီးရုံးးကို ဝိုင်းထားတဲ့ စစ်ချွမ်းတပ်မတော် က စစ်သားတွေ မရှိတော့သလို ထောက်လှမ်းရေးတပ်တွေ လမ်းမပေါ်မှာ ချထားတဲ့ အတားအဆီးတွေ၊ သဲအိတ်တွေ မရှိတော့တာကို ရုတ်တရက် တွေ့လိုက်ရတယ်။

လမ်းဘေးမှ ကသုတ်ကရက် သွားလာနေသူတွေ အချင်းချင်းတီးတိုးပြောဆိုသံတွေထဲမှာ “ချန်ကေရှိတ် နန်ကင်း ပြန်သွားပြီ။ ထောက်လှမ်းရေးတပ်တွေကလည်း ထပ်ပြီး ဟိတ်ဟန်ထုတ်နေပြန်ပြီ”ဆိုတဲ့ ပြောဆိုသံတွေ ကျန်းကျူကျွန်း နားထဲသို့ ဝင်လာတယ်။ ဒီ အတိုင်းသာဆို ဆရာတင့်လည်း လွတ်မလာနိုင်ပါဘူး”လို့ မျှော်လင့်ချက်မဲ့စွာ သူ့ဘာသာ ပြော နေမိတယ်။



၇။ သူ့အားတော်လှန်ရေးလမ်းကြောင်းကို ညွှန်ပြသူ




၁၉၃၇ ဇူလိုင် ၇ ရက်၊ လူကိုးတံတားက သေနတ်သံဟာ တပြည်လုံးက ပြည်သူတွေရဲ့ မြင့်တက်လာနေတဲ့ ဂျပန်ခုခံဆန့်ကျင်ရေးဒီလှိုင်းများအတွင်း နောက်ဆုံးမှာ ဂျပန်ခုခံဆန့်ကျင်ရေး ကြီးမြတ်တဲ့စစ်ပွဲ ဖြစ်ပွားလာစေခြင်းဖြစ်တယ်။

ကျန်းကျူကျွန်းကို စိတ်လှုပ်ရှားတက်ကြွပြီး ရင်ထဲတလှပ်လှပ်ဖြစ်စေတဲ့ သတင်းတွေ တခုပြီးတခု မဆုံးတော့ဘဲ၊ သူ့ဆီကို အဆက်မပြတ် ပျံ့လွင့်လာနေတယ်၊ ဗိုလ်ချုပ်ကျန်းရွှယ်လျန်၊ ဗိုလ်ချုပ်ရန်ဟူချိန်တို့က စတင်လိုက်တဲ့ ရှီအန်းအရေး အခင်း။ သူတို့ကို ချန်ကေရှိတ်က ဖမ်းဆီးစဉ် တင်ပြခဲ့တဲ့ တိုင်းပြည်ကယ်တင်ရေး လုပ်ငန်းတာဝန်ကြီး ၈ ရပ် အကောင်အထည်ပေါ်သွားတဲ့အလား ကွန်မြူ တွေကို ချေမှုန်းရေးပြည်တွင်းစစ်ဟာ အဆုံးသတ်သွားပါပြီ။ ကူမင်တန်ပါတီ နဲ့ ကွန်မြူနစ်ပါတီတို့ ပူးပေါင်းပြီး ဂျပန်ခုခံဆန့်ကျင်ရေး၊ တရုတ်အလုပ်သမား၊ လယ်သမားတပ်နီတော်ကို အမှတ် ၈ စစ်ကြောင်း တပ်မတော် အမှတ် ၄ တပ်မတော်သစ်တို့အဖြစ် ပြောင်းပစ် လိုက်ပြီး၊ ဂျပန်ခုခံဆန့်ကျင်ရေး ရှေ့ဆုံးစစ်မျက်နှာသို့ အောင်မြင် စွာ ချီတက်သွားလိုက်နိုင်ပါပြီ။

ချုံကင်းတမြို့လုံးဟာ ဒီအတွက်ကြောင့် အလွန်ငယ်ရွယ် နုပျိုသွားပြီး အသက်တည်မြဲရန်အခွင့်နဲ့ ခွန်အားဗလတွေ ခဏ တဖြုတ်လောက်တော့ ပြည့်လျှမ်းသွားပါတယ်။

လမ်းမတွေရဲ့ နေရာတကာမှာ ဂျပန်ခုခံဆန့်ကျင်ရေး ဝါဒဖြန့်တပ်ဖွဲ့တွေချည်းပါပဲ။ နေရာတကာမှာ ရှေ့တန်းစစ်မျက် နှာက တပ်မှူးတပ်သားတွေအတွက် အနွေးထည်အင်းကျီအလှူခံစုဆောင်းနေတဲ့ လူအုပ်တွေ၊ ကျန်းကျူကျွန်းက သီချင်းဆိုဝါဒဖြန့်အဖွဲ့မှာ ပါဝင်ပြီး သူနဲ့ကျောင်းနေဘက် သူငယ်ချင်းတွေ “ရှေ့တန်းသွားမယ်၊ နောက်မဆုတ်နဲ့ သေရေးရှင် ရေးအတွက် နောက်ဆုံးအရေးကြီးတဲ့ အချိန်အခါသမယ ရောက်နေပြီ၊ မွေးချင်းပေါက်ဖော်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေပြီ၊ လယ်ယာမြေတွေလည်း အတင်းအ ဓမ္မအသိမ်းခံနေရပြီ၊ တို့ဆက်လက် သည်းမခံနိုင်တော့ဘူး၊ တို့ဆက် လက် သည်းမခံနိုင်တော့ဘူး” ဆိုတဲ့ သီချင်းကို သီဆိုကြစဉ်မှာ သူဟာအစောကတည်းက မျက်ရည်အဝိုင်းသားနဲ့ပေါ့။ အမျိုး သားပျက်သုဉ်းမယ့် အန္တရာယ် ကယ်တင်ရေးအတွက် အရာရာတို့စွန့်လွှတ်ရန် ဝန်မလေးတဲ့ လှိုက်လှဲတက်ကြွတဲ့စိတ်တွေ ရင်မှာအပြည့်ပိုက်ထားတယ်။

ညရောက်တော့ အိမ်သို့ ပြန်လာပြီး သူတို့ရဲ့ အိမ်သေးသေး၊ ကျဉ်းကျဉ်းလေးရဲ့ မီးရောင်မှိန်မှိန်အောက်မှာ အမြဲဆို သလို အမေနဲ့အတူ အပ်နဲ့အပ်ချည်ကိုယူပြီး ရှေ့တန်းစစ်မြေပြင်က တပ်မှူးတပ်သားများအတွက် ဂွမ်းကပ်အင်းကျီများကို ကျန်းကျူကျွန်းဟာ အဆောတလျင် ရက်လုပ်ပါတော့တယ်၊

ကျန်းကျူကျွန်းကို ဆက်တိုက် စိတ်လှုပ်ရှားတက်ကြွစေတဲ့ ကိစ္စတွေ ရှိသလို သူအကုန်အစင် မတွေ့ရသေးတဲ့ ကိစ္စတွေလည်း ရှိသေးတယ်။ အဲဒါတွေကတော့ အမှတ် ၈ စစ်ကြောင်းတပ်မတော် ချုံကင်းစီမံခန့်ခွဲရေးဌာနကို ချုံကင်းမှာ လာရောက်ထူထောင် လိုက်ခြင်း၊ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့အာဘော် ‘ရှင်ဟွာသတင်းစာ’ လည်း ချုံကင်းသို့ ရွှေ့ ပြောင်းပုံနှိပ်ထုတ်ဝေခြင်း၊ ‘စင်းဟော်’ စာအုပ်ဆိုင်၊ ‘စင်းဟော်’ ပုံနှိပ်လုပ်ငန်း ပညာသင်များ၊ တပြည်လုံးက နာမည်ကျော် ကြားလှတဲ့ ခုခံရေးစစ်ခေါင်းဆောင်များ၊ ယဉ်ကျေးမှုနယ်ပယ်က ပုဂ္ဂိုလ်များအားလုံး ချုံကင်းသို့ ရောက်လာကြ တယ်။

ကျန်းကျူကျွန်းဟာ ဒီပြောင်းလဲမှုအသစ်များရဲ့ အာရုံစွဲဆောင်မှုကို အရူးအမူး ခံနေရတယ်။ မေမေဟာ အဝတ်လျှော် တဲ့ အလုပ်၊ အဝတ်ချုပ်တဲ့အလုပ်၊ လမ်းဘေးဈေးဆိုင်လေးဖွင့်လို့ရတဲ့ အမြတ်ငွေကလေးနည်းနည်းနဲ့ အလွန့်ကို ကျပ်ကျပ် တည်းတည်းနဲ့ နေထိုင်နေရတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ မေမေဟာ သူ့ကို နားလည်ပါတယ်။ သူစာအုပ်အသစ်တွေ ဝယ်ချင်တာ၊ ရှင်ဟွာနေ့စဉ် သတင်းစာကို ကြိုတင်မှာယူ ဖတ်ရှုချင်တာတွေကို မေမေက အမြဲစဉ်းစား နည်းနာရှာပေးပြီး သူ့ကို အထောက်အကူ ပြုပေးပါတယ်။ သူဟာ ရှင်ဟွာနေ့စဉ်သတင်းစာနဲ့ စင်းဟော်စာအုပ်ဆိုင်မှ ဝယ်လာတဲ့ စာအုပ်တွေမှာ အမိပြည်လွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက်ရေး တရားတွေကို အငမ်းမရ ရှာဖွေပါတော့တယ်။

ဒါပေမဲ့ အချိန်တွေ ရွေ့လျားသွားတာနဲ့အမျှ ကျန်းကျူကျွန်းဟာ တဖြည်းဖြည်းနဲ့ လမ်းမတွေပေါ်မှာ ပေါ်ထွက်လာတဲ့ အလွန်များပြားလှတဲ့ အံ့သြဖွယ်ရာအခြင်းအရာတွေကြောင့် ဆိုးဆိုးဝါးဝါး အကျပ်တွေ့ အနှောက်အယှက် ဖြစ်ရပြန်တယ်။ ခုခံဆန့်ကျင်ရေး စစ်ပွဲဟာ တနှစ်ကျော်သွားပါပြီ၊ တရုတ်ပြည်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ တရုတ်ပြည်တောင်ပိုင်း စတဲ့ တရုတ်ပြည်ရဲ့ ကြွယ်ဝလှတဲ့ တကယ့်နေရာတွေဟာ ဆက်တိုက်ဆိုသလို ဂျပန်ကျူးကျော်ရေးသမားရဲ့ သံဖနောင့် အောက်ကို ကျရောက်သွားရတယ်။ နယ်မြေ ဆုံးရှုံ့းသွားလို့ ချုံကင်းသို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ မရေမတွက်နိုင် လောက် အောင် များပြားလှတဲ့ ပြည်သူတွေဟာ အခက်အခဲ ကြုံတွေ့နေရပြီး လမ်းမတွေပေါ်မှာ အိုးမဲ့အိမ်မဲ့ခြေသလုံးအိမ်တိုင် ပြုနေရတော့တယ်။ သေရေးရှင်ရေးနှုတ်ခမ်းဝမှာ ရုန်းကန် နေရတယ်။ ဒါ့အပြင် တချို့ကူမင်တန်အာဏာပိုင်တွေက ကုန်သို လှောင်ပြီး ဈေးကောင်းစောင့်ရောင်း အမြတ်ထုတ်ကြတယ်၊ တိုင်းပြည် ဘေးဒုက္ခကြုံနေရစဉ်အတွင်း တနေ့လုံး အလျံပယ် ငွေဖြုန်းနေကြတယ်။ တချိန်တည်းမှာလည်း စိတ်ပျက်အားငယ်စေတဲ့ အခြေအနေတမျိုး နေရာအားလုံးမှာ ဗြုန်းစားကြီး ပေါ် လာနေတယ်။ လမ်းမတွေပေါ်မှာ ဂျပန်ခုခံဆန့်ကျင်ရေးသီချင်း လှည့်လည်သီဆိုတဲ့အဖွဲ့တွေနဲ့ ရှေ့တန်းစစ်မျက်နှာက တပ်မှူး တပ်သားများအတွက် အနွေးထည်အလှူခံတဲ့ လှုပ်ရှားမှုဟာ တရုတ်ပြည် ခုခံရေးစစ်ကာလရဲ့ အရန်မြို့တော်မှာ မမျှော်လင့်ဘဲ တရားမဝင်တဲ့ လှုပ်ရှားမှုတွေလို ဖြစ်လာလို့ မတတ်သာဘဲ ရပ်ဆိုင်းပစ်လိုက်ရတယ်။ အဆက်မပြတ် ဖတ်နေတဲ့ ရှင်ဟွာ နေ့စဉ်သတင်းစာဟာလည်း ပြစ်တင်ကဲ့ရဲ့မှုတွေနဲ့ ကြုံတွေ့နေရပြီ..... အဲဒါအားလုံးဟာ ကျန်းကျူကျွန်းကို အလွန်စိတ်ညစ် ညူးစေခဲ့တယ်။

ဂျပန်ကျူးကျော်ရေးသမားတွေက ချုံကင်းကို လေကြောင်းက တိုက်ခိုက်မှုတွေ အားဖြည့်လုပ်လာတာနဲ့အမျှ ကျန်းကျူကျွန်း ပညာသင်နေတဲ့ နန်အန် အလယ်တန်းကျောင်းကို အာဏာပိုင်တွေက ကျန်းလွိခရိုင်သို့ ဆုတ်ခွာပြောင်း ရွှေ့ သွားရန် သတ်မှတ် ဆုံးဖြတ်လိုက်တယ်။ ကျန်းကျူကျွန်းဟာ ကျောင်းရွှေ့ပြောင်းသွားတာကို မနာခံလိုတဲ့အလျောက် အများ ပြည်သူနဲ့ဆိုင်တဲ့ကျောင်းမှာ အထက်တန်းပညာဆက်လက် သင်ယူဖို့ စာမေးပွဲဝင်ဖြေပါတယ်။

အဲဒါ ၁၉၃၉ နွေဦးရာသီလို့ ဆိုရမှာပါ။ တရုတ်ပြည် အများဆိုင်ရာ ပြည်သူ့ကျောင်းရဲ့ လက်အောက်ခံ အလယ်တန်း ကျောင်းရဲ့ တည်ရှိရာ  ပါ ခရိုင်၊ ရှင်းလုံချန်ဟာ ချုံကင်းနဲ့ တရုတ်မိုင် ၃ - ၄ ဆယ်လောက်သာ ဝေးပါတယ်။

ရှင်းလုံချန်မြို့ကလေးကို ရောက်တော့ ဒီမှာလည်း ကျန်းကျူကျွန်းဟာ စိတ်ရှုပ်စရာတွေ တွေ့ရပြန်ပါတယ်။ ဒီလောက် ချောင်ကျလှတဲ့ ကျေးရွအုပ်စုများအတွင်းက မြို့ကလေးမှာတောင် ဆရာနဲ့ ကျောင်းသားတွေကို ကြပ်မကြည့်ရှုနေတဲ့ အထူး ထောက်လှမ်းရေးတွေ အများအပြားရှိနေတာကို သူဘယ်လိုမှ စဉ်းစားမပေါက် ဖြစ်နေမိတယ်။ သူတို့ဟာ တိုးတက်တဲ့ စာအုပ်တအုပ် ဖတ်တာမျိုး၊ ဂျ ပန်ခုခံဆန်ဏ္ဍကျင်ရေး၊ အမိနိုင်ငံကို ကျွန်နိုင်ငံမဖြစ်အောင် ကယ်တင်ရေး၊ ဝါဒဖြန့်လှုပ်ရှားမှု တခုခုမှာ ပါဝင်တာမျိုး တွေ့ရှိရင်  အဲဒီလူကို “ထူးဆန်းတဲ့ပါတီတရပ်နဲ့ ပတ်သက်လို့ သံသယရှိသူ”လို့ ဦးထုပ်အနီတလုံးကို သူ့ခေါင်းမှာစွပ်ပေးလိုက်ပြီး၊ သူ့ကို နောက်ယောင်ခံလိုက်ကာ တိတ်တဆိတ် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ပစ်တတ်ပါ တယ် .....

ဟယ်လီလိတယောက်ကတော့ ထုံလျန်သို့ ပညာသင်ယူဖို့ ရောက်သွားပါပြီ။ ကျန်းကျူကျွန်းတဦးတည်း တရုတ်ပြည် အများ ပြည်သူနဲ့ဆိုင်တဲ့ အလယ်တန်းကျောင်းသို့ သွားရောက် ပညာသင်ယူနေပါတယ်။ အဲဒီကာလတွေမှာ သူဟာ တိုးတက် တဲ့စာအုပ်တွေ ဖတ်ပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေချင်စိတ် ဆန္ဒပိုပြင်းပြလာတယ်။ ရှုပ်ထွေးတဲ့ လက်ငင်းအခြေအနေကို ရင်ဆိုင်ပြီး ကျန်းကျူကျွန်းဟာ မိမိကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ သူ့စိတ်ထဲစွဲနေတဲ့ ကျောင်းသင် ခန်းစာနဲ့ မဆိုင်တဲ့စာအုပ်တွေကို ခရတ်စက္ကူ ဒါမှမဟုတ်ရင် စာအုပ်ရဲ့အကြောင်းအရာတွေနဲ့ လုံးဝမသက်ဆိုင်တဲ့ စာအုပ်ဖုံးနဲ့ ဆရာတင့် လုပ်သလို ဖုံးကွယ်ထားလိုက်တယ်၊ ကျောင်းဆင်းရင် သူဟာ အဲဒီစာအုပ်တွေကို အင်္ဂလိပ်။ သင်္ချာစာအုပ်တွေနဲ့ ရောထားလိုက်တယ်။ အဲဒီနောက် အိမ်အပြင် ချောင်ကျတဲ့ နေရာကို သွားကာ အဲဒီနေ့ ပြန်နွှေးးသင့်တဲ့ သင်ခန်းစာတွေကို တကြိမ်အရင်ထပ်လေ့လာပြီးနောက် အဲဒီစာအုပ်တွေ ကိုယူကာ တိတ်တဆိတ် စူးစူးစိုက်စိုက် ဖတ်နေတတ်တယ်။

တရက်ပြီးတရက် အချိန်တွေ ကုန်လွန်သွားခဲ့ပြီ။ ကျန်းကျူကျွန်းဟာ အမှတ်မထင် သူ့ထက်အရပ်မြင့်မြင့်၊ ဆံပင် တိုတိုနဲ့ ‘တိုက်ခက်ယွိ’လို့ခေါ်တဲ့ တတန်းတည်းသား အတန်းဖော် ကျောင်းသူတဦးနဲ့ ရင်းနှီးခဲ့တယ်။ တိုက်ခက်ယွိဟာ သူ့လိုပဲ အိမ်အပြင် တိတ်တဆိတ် ချောင်ကျတဲ့နေရာကိုသွားပြီး စာအမြဲဖတ်လေ့ရှိတယ်။ ကျန်းကျူကျွန်းက ဒီအတန်းဖော်ဟာ သိသိသာသာ မိမိထက် ရင့်ကျက်တာ၊ လူမှုဆက်ဆံရေးဘက်မှာ ကျင်လည်ပါးနပ်တာကိုလည်း သတိထားမိတယ်။ သူစာဖတ် တာနဲ့ တချိန်တည်းမှာ ပတ်ဝန်းကျင်တခုလုံးလိုလို၊ အားလုံးကို ဂရုတစိုက် ကြည့်ရှု မှတ်သားထားလိုက်တယ်။ အသာငမ်းငမ်း တက်နေတဲ့ ရှာဖွေရေးအကြည့်နဲ့ အထူးထောက်လှမ်းရေးတွေ အနီးရောက်လာတာနဲ့တပြိုင်နက် သူဟာ အသံမထွက်တော့ဘဲ မိမိကိုယ်ကိုယ် သတိပေးဥသြသံထုတ်လိုက်တယ်။ သူများ တွေ့မသွားသင့်တဲ့ စာအုပ်မျိုးဆိုရင် မိမိဘာသာ အချိန်မီ သင့်တော် သလို သိမ်းဆည်းထားတတ်တယ်။ သူ မကြားဘူး၊ မဖတ်ဘူးတဲ့ စာအုပ်များဆိုရင် သူဟာ အမြဲဆိုသလို ပွင့်လင်းရိုးသားမှု။ တန်ဖိုးထားမြတ်နိုးမှု၊ အကုန်အစင်နားလည်လိုမှု စိတ်မျိုးနဲ့ မိမိဘာသာ အာရုံစိုက် ဖတ်တတ်ပါတယ်။

ကျန်းကျူကျွန်းဟာ တဖြည်းဖြည်းနဲ့ တိုက်ခက်ယွိဆိုတဲ့ အတန်းဖော် သူ့ဘေးမှာ မရှိရင် တစုံတခုခု လိုနေသလိုလို ခံစားလာမိတယ်။ တိုက်ခက်ယွိ ဖတ်နေတဲ့စာအုပ်တွေဟာ ဘာစာအုပ်တွေများလည်းလို့ သိပ်သိချင်လာတယ်။

တနေ့တော့ ကျန်းကျူကျွန်းဟာ မအောင့်နိုင်တော့တာနဲ့ တိုက်ခက်ယွိဆီ တိတ်တိတ်ကလေးသွားလိုက်တယ်။ တိုက် ခက်ယွိဟာ အစောကြီးကတည်းက ကျန်းကျူကျွန်းလာနေတာကို သိနေပေမယ့် ရယ်ကျဲကျဲလေးလုပ်ပြီး ဖတ်လက်စ စာအုပ် ကို ဖတ်မြဲဆက်ဖတ် နေတယ်၊

“သူ ဘာစာအုပ်များ ဖတ်နေပါလိမ့်”

အနားရောက်သွားတော့မှာ တိုက်ခက်ယွိဟာ တဖက်မှာ အက္ခရာသင်္ချာစာအုပ်ကိုင်ထားပြီး အခြားတဖက်မှာ “အ နောက်သို့ ဘုရားဖူးသွားခြင်း မှတ်တမ်း”စာအုပ် ကိုင်ထားတာကို ကျန်းကျူကျွန်း မြင်လိုက်တယ်။ သူတကယ် အာရုံဝင်စားစွာ ဖတ်နေတာကတော့ အက္ခရာသင်္ချာစာအုပ် မဟုတ်ပါဘူး။ “အနောက်သို့ ဘုရားဖူးသွားခြင်း မှတ်တမ်း”စာအုပ်သာ ဖြစ်ပါ တယ်။ သူဟာ ကျန်းကျူကျွန်းကို အရင်းခံအားဖြင့် ဘာမှ ဖုံးကွယ်ထားချင်ပုံ မပေါ်ပါဘူး။ တိုက်ခက်ယွိလက်ထဲက ဒီ “အ နောက်သို့ ဘုရားဖူးသွားခြင်း မှတ်တမ်း” စာအုပ်ဟာ တိုက်ခက်ယွိက ဖတ်ချင်တယ်ဆိုလို့ ကျန်းကျူကျွန်းကိုယ်တိုင် သူ့ကို ပေးထားတာပါ။

ကျန်းကျူကျွန်းက စာရွက်တွေကို လှန်ကြည့်လိုက်တော့မှ တခြားစာအုပ်တအုပ် ဖြစ်နေပါလားဆိုတာကို ဗြုန်းစား ကြီးတွေ့လိုက်ရတယ်။ အိုက်စိချိရဲ့“လူထုအဘိဓမ္မာ”ဆိုတဲ့စာအုပ်ကို “အနောက်သို့ဘုရားဖူးသွားခြင်း မှတ်တမ်း”စာအုပ်အဖြစ် တိုက်ခက်ယွိ ရုပ် ဖျက်ထားတာဟာ အလွန်ကို ပိရိလှတယ်။ စာအုပ် သူ့လက်ထဲ ရောက်တဲ့အထိတောင် “အနောက်သို့ ဘုရားဖူးသွားခြင်း မှတ်တမ်း” စာအုပ် လိုဲ့ ထင်နေတုန်းပါပဲ။

“တနင်္ဂနွေနေ့” တိုက်ခက်ယွိက ကျန်းကျူကျွန်းအား တခြားပြောစရာစကားသို့ လမ်းလွှဲပစ်လိုက်တယ် “အတန်းသား အများအပြား သွားကြတော့မယ်။ ကျူကျွန်း ရှင်ကော .....”

“ရှင် ဂျပန်ခုခံဆန့်ကျင်ရေး၊ အမိနိုင်ငံ ကျွန်နိုင်ငံမဖြစ်အောင် ကာကွယ်ရေးအတွက် ဝါဒဖြန့်ချိရေးအတွက် သွား ရောက် လုပ်မယ်လို့ ပြောထားတယ် မဟုတ်လား”

“ဟုတ်တယ်”။ တိုက်ခက်ယွိဟာ စောစွာကတည်းက ကျန်းကျူကျွန်းအတွက် စီစဉ်ပြီးသွားသလိုလိုနဲ့ “ကျူကျွန်း ရှင် သီချင်း ဆို မဆိုးပါဘူး။ တကယ်လည်း သီချင်းဆိုမယ့်လူတယောက် လိုနေတယ်။ အဲဒါ တခြားမြို့ကလေးဆိုတော့ ရှင်းလုံး ချန်က ထောက်လှမ်းရေးတွေ အဲဒီကို မရောက်တတ်ပါဘူး။ အဲဒီမြို့ကလေးက ထောက်လှမ်းရေးတွေကလည်း ကျွန်မတို့ကို မသိပါဘူး”လို့ ရှင်းပြပါတယ်။

တနင်္ဂနွေနေ့ရောက်တော့ ကျန်းကျူကျွန်းဟာ တိုက်ခက်ယွိနဲ့အတူ ကျောင်းနေဘက်အတန်းသားတချို့နဲ့ အနီးအနား က တောကျေးလက်ကို သွားကြတယ်။ သူနဲ့အတူ လိုက်ပါလာကြတဲ့ ကျောင်းနေဘက် အတန်းဖော် ကျောင်းသူတွေကို မြင်တွေ့ခံစားနေမိတာကတော့ သူတို့အားလုံးဟာ စိတ်ရင်းစေတနာကောင်းထားကာ သဘောဖြူစင်စွာ တိုင်းပြည်ကို ချစ်တဲ့ လှိုက်လှဲတက်ကြွတဲ့စိတ်ရဲ့ ရဲစိတ်ရဲမာန်များကို ရင်မှာ အပြည့်ပိုက်ထားတဲ့ လူငယ်တွေဖြစ်ကြတယ်ဆိုတာပါပဲ။ နယ်ခံတွေနဲ့ အတူ သူတို့ဟာ “ကျောင်းနေဘက် အတန်းဖော်တွေ ....ကျောင်းနေဘက် အတန်းဖော်တွေ.... စွမ်းအားတွေကို မြန်မြန်ထုတ်ကြ၊ ထမ်းဆောင်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အသက် ရှင်သန်ရေး ....” “တစ္ဆွေသားရဲတွေရဲ့ ခေါင်းကို ဓားမကြီးနဲ့ ခုတ်ပစ်” ဆိုတဲ့ သီချင်းတွေကို ဆိုကြတယ်။ ခုလို သီချင်းတွေဆိုကြစဉ်မှာ သူတို့အားလုံးဟာ မျက်ရည်တွေအိုင်ထွန်းနေပြီး နှလုံးသွေးများ ဆူပွက်လာတယ်။ သူတို့အားလုံးရဲ့ နှလုံးသားတွေဟာ တဒိတ်ဒိတ် ခုန်နေ လို့ ရင်တွေ တုန်ခါနေတယ်။

တနင်္ဂနွေ ၃ - ၄ ပတ် ဆက်တိုက်။ ကျန်းကျူးကျွန်းဟာ တိုက်ခက်ယွိနဲ့ အတူ အနီးအနားက ရွာတွေကို ဂျပန် ခုခံဆန်ဏ္ဍကျင်ရေးဝါဒဖြန့် လုပ်ငန်းကို လုပ်ဆောင်ကြတယ်။ သူဟာ ဒေသခံတစ္ဆေသားရဲ ထိပ်သီးတွေရဲ့ လူတချို့က သူတို့ကို ကွယ်ရာကနေ စောင့်ကြပ်ကြည့်ရှုနေတာကို သတိထားလိုက်မိတယ်။ ဒါပေမဲ့ တိုက်ခက်ယွိက သူ့ကိုပြောတဲ့အတိုင်း ဒီငနဲတွေ သူတို့အားလုံးကို မသိကြပါဘူး။ ဒီ တကြိမ်လောက်နဲ့တော့ ဒီငနဲတွေဟာလည်း သူတို့ဘာတွေလဲဆိုတာ မပြောနိုင် လောက် သေးပါဘူး။

ဝါဒဖြန့်ချိရာက ပြန်လာတိုင်း ကျန်းကျူကျွန်းဟာ မတူကွဲပြားတဲ့ စိတ်လှုပ်ရှားတက်ကြွမှုနဲ့အတူ ရင်ထဲတလှပ်လှပ် ခံစားနေရ တတ်တယ်။ ဒါပေမဲ့ တချိန်တည်းမှာ “နိုင်ငံနဲ့အဝန်း ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်ရှင်သန်ရေး” တာဝန်တွေ ထမ်းဆောင်နေရမှုဟာ လုံးဝ တာဝန်မကျေသေးပါဘူးလို့ သူခံစားနေရတာ ကြာပါပြီ။ ရဲစိတ်ရဲမာန် တက်ကြွနေတဲ့ လူငယ် အမြောက်အမြားဟာ ဂျပန်ခုခံဆန့်ကျင်ရေး ဘူမိနက်သန် ယင်အန်သို့ သွားကြတဲ့ဖြစ်ရပ်တွေကို ကြားသိလာရတော့ အလွန်စိတ်လှုပ်ရှားမိတယ်။ အောင့်အီးမထားနိုင်တော့လို့ တိုက်ခက်ယွိနဲ့ “ကျွန်မ ဆရာတင့်လို တော်လှန်ရေးသမား ဖြစ်နိုင်ပါ့မလား ရှင်ပြောကြည့်စမ်းပါ”လို့  ဆွေးနွေးမိပါတော့တယ်။

“ဖြစ်နိုင်တာပေါ့”

“ကျွန်မ ယင်အန်သွားပြီး ပါတီကို ရှာမယ်။ တကယ့်စစ်မှန်တဲ့ တော်လှန်ရေးပါတီထဲမှာ ပါဝင်မယ်လို့ စဉ်းစား ထား ပြီးပြီ။ ဖြစ်နိုင်မလား ရှင်ပြောပြစမ်းပါ”

တိုက်ခက်ယွိဟာ ခေါင်းတဆတ်ဆတ် ညိတ်ရင်း “ရှင် အမှတ် ၈ စစ်ကြောင်းတပ်မတော်ရဲ့ ချုံကင်းစီမန်ခန့်ခွဲရေး ဌာန၊ ‘ရှင်ဟွာနေ့စဉ်သတင်းစာ’၊ အဲဒီက လူတွေကို ရှင်သိသလား။ အားလုံးဟာ ယင်အန်က လာတဲ့လူတွေ မဟုတ်လား”

“သိတယ်”

“ဒါနဲ့များ ဘာကြောင့် ယင်အန်သွားမှ တော်လှန်ရေးထဲပါဝင်နိုင်တယ်၊ တကယ့်စစ်မှန်တဲ့ တော်လှန်ရေးပါတီ - တရုတ်ပြည် ကွန်မြူနစ်ပါတီကို ရှာဖွေမယ်လို့ စဉ်းစားရတာလဲ”

“အစ်မခက်ယွိ”၊ ကျန်းကျူကျွန်း မျက်လုံးတွေ ဝင်းလက်သွားတယ်။ “ချုံကင်းမှာ ပါတီကို တကယ်ရှာတွေ့နိုင်မလား၊ ရှင် ပြောပြစမ်းပါ”

တိုက်ခက်ယွိက ခေါင်းညိတ်ရင်း ပြုံးလိုက်တယ်။ ကျန်းကျူကျွန်းဟာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး တိုက်ခက် ယွိရဲ့ ပခုံး နှစ်ဖက်ပေါ် တင်ရင်း အနူးအညွတ် တောင်းဆိုတင်ပြလာတယ်။ “အစ်မခက်ယွိ ရှင်ကျွန်မကို ပါတီနဲ့တွေ့အောင် တကယ်ခေါ်သွားပေးမလား ပြောပြစမ်းပါ။ ပါတီရဲ့ ဂုဏ်ရောင်ပြောင်တဲ့ ပါတီဝင်ဖြစ်ဖို့ ကျွန်မ အမျှော်လင့်ကြီး မျှော်လင့် ထားတာ။ အမိနိုင်ငံလွတ်လပ်ရေး၊ အမျိုးသားလွတ်မြောက်ရေး အရေးတော်ပုံကြီးအတွက်။ ပါတီရဲ့ မဟာမျှော် မှန်းချက်ကြီး အတွက် ကျွန်မ လုံးပန်းတိုက်ခိုက်သွားပါ့မယ်”

“ကျူကျွန်း”၊ တိုက်ခက်ယွိက ကျန်းကျူကျွန်းရဲ့ ထက်သန်စိတ်တဖွားဖွားပေါ်နေတဲ့ မျက်နှာကလေးကို ပွေ့ပိုက်ကာ အလွန် စိတ်လှုပ်ရှားတက်ကြွနေတဲ့ သူရဲ့ မျက်လုံးအစုံကို တစိမ့်စိမ့်ကြည့်ရင်း လေသံတိုးတိုးလေးနဲ့ မေးလိုက်တယ်။

“ဒါတွေဟာ အလွန်ကြီးမား ခက်ခဲပြီး အလွန်လည်း အန္တရာယ်ကြီးတဲ့ လုပ်ငန်းတွေဆိုတာ သိရဲ့လား”

“ကျွန်မ မငယ်တော့ပါဘူး။ ကျွန်မ သဘောပေါက်ပါတယ်”။ ကျန်းကျူကျွန်းဟာ ပွင့်လင်းရိုးသားပြီး၊ အလွန်စိတ်အားထက် န်စွာ ပြောလိုက်ပါတယ်။ “အစ်မခက်ယွိ ကျွန်မ စောစောကတည်းက စဉ်းစားထားပြီးပြီ။ ကျွန်မကို ယုံပါ။ ကြီးမားလှတဲ့ ခက်ခဲဆင်းရဲ ပင်ပန်းမှုနဲ့ အန္တရာယ်အားလုံးကို ကျွန်မ မကြောက်ပါဘူး။ ဆုံးခန်းတိုင် ကြံ့ကြံ့ခံသွားမှာပါ။ ကျွန်မ ပါတီကိုရှာဖို့ အကူအညီ ရှင် ပေးနိုင် မလား”

တိုက်ခက်ယွိက ကျန်းကျူကျွန်းရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်ပြီး “ကျွန်မ မုချ အစွမ်းကုန် ကူညီသွား ပါ့မယ်”လို့ အဖြေပေးလိုက်တယ်။

၁၉၃၉ နွေရာသီရဲဏ္ဍ အစောပိုင်းကာလ၊ ကျန်းကျူကျွန်းဟာ တိုက်ခက်ယွိနဲ့ အတူ၊ တသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်းကလေးတခုဘေးမှာ ရဲဘော်တယောက်ကို စောင့်နေတယ်။ ထိန်ထိန်ညီးနေတဲ့ နေရောင်ဟာ ဝါးတောထဲကို ထိုးဖောက်ကျနေပြီး နေရောင်ဟာ ငုပ်ချည်ပေါ်ချည် သူတို့မျက်နှာနဲ့ ကိုယ်ခန္ဓွာများပေါ်ကို ဖြန်းပက်လျက်ရှိတယ်။

တဒင်္ဂအတွင်း ဒီကမ္ဘာလောကကြီးဟာ တိတ်ဆိတ်ငြိမ်သက်လွန်းလှတယ်။ ချမ်းမြေ့ဖွယ်ရာကောင်း လွန်းလှတယ်လို့ ခံစားနေမိတယ်။ တည်ကြည်လေးနက် အမွန်မြတ်ဆုံးအချိန်ကာလဟာ သူ့ထံပါးသို့ ဗြုန်းခနဲ ကျရောက်လာတော့တယ်။ သူဟာ ရဲဘော်တိုက်ခက်ယွိနဲ့ အတူ တည်ကြည်လေးနက်စွာ လက်သီးဆုပ်ထားတဲ့ မိမိရဲ့ ညာဖက်လက်ကို မြှောက်လိုက်ပြီး၊ ပါတီကို မွန်မြတ်စွာ သစ္စာအဓိဋ္ဌာန် ပြုလိုက်ပါတယ်။ “မိမိရဲ့ ဆန္ဒအရ ကျွန်မ တရုတ်ပြည်ကွန်မြူနစ်ပါတီကို ဝင်ပါတယ်။ ပါတီရဲ့ဆုံးဖြတ်ချက်များကို စွဲစွဲမြဲမြဲဆောင်ရွက် သွားပါ့မယ်။ ပါတီစည်းကမ်းများကို လိုက်နာပါ့မယ်။ အခက်အခဲကို မကြောက်၊ သေမှာ မကြောက်ဘဲ ကွန်မြူနစ်ဝါဒကို အကောင်အထည်ဖော်ရေးအတွက် အသက်ထက်ဆုံး လုံးပန်းတိုက်ခိုက်သွားပါ့မယ်”

ပါတီဝင်ပြီးတဲ့နောက် ကျန်းကျူကျွန်း တကိုယ်လုံး ခွန်အားတွေ တရှိန်ရှိန်တိုးလာတယ်လို့ ခံစားရတယ်။ သူဟာ အလွန်ထက် သန်တက်ကြွနေပြီး၊ ဒီသတင်းအား သူနဲ့အတူ “ဆရာတင့်ကို မုချ ရှာတွေ့ရမယ်”လို့ ချိန်းဆိုထားခဲ့တဲ့ သူငယ်ချင်းကောင်း ဟယ်လီလိကို ချက်ချင်းစာရေးပြောလိုက်တယ်။ အဲဒီစာဟာ ခုလို အလွန် ရိုးရိုးရှင်းရှင်းလေး တကြောင်း တည်း ရေးထားပါတယ်။

“ဆရာတင့်ကို သတိရသေးရဲ့လား။ သူ့ကို ရှာတွေ့ပြီလား”တဲ့၊

ဟယ်လီလိရဲ့ ပြန်စာကလည်း အလွန်ရိုးရှင်းပြီး တကြောင်းတည်းပါ။

“လမ်းအသွယ်သွယ် ရောမကို ပေါက်နေပြီလေ”တဲ့။

“ဟယ်.... လီလိလည်း ပါတီဝင် ဖြစ်နေပြီပဲ”လို့ ကျန်းကျူကျွန်းဟာ ဝမ်းသာအားရနဲ့ အော်မိတော့မလို့ နည်းနည်းပဲ လိုတော့တယ်။



(ဆက်လက်ဖော်ပြပါမည်)

မင်းနိုင်ထွန်း



 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်