စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday46
mod_vvisit_counterYesterday169
mod_vvisit_counterThis week702
mod_vvisit_counterLast week1243
mod_vvisit_counterThis month1427
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51682

Online Guests: 10
Your IP: 38.107.191.87
,
Today: Sep 09, 2010
အစ်မကြီးကျန်း(အခန်းသုံး)

 

ကွန်မြူနစ်ဆန့်ကျင်ရေး ဒီလှိုင်းရဲ့ ရိုက်ခတ်မှုအောက်မှာ မနည်းလှတဲ့ ကျောင်းနေဘက် အတန်းဖော် တွေဟာ ဆုတ်ယုတ်ကျ ဆင်းကုန်တယ်။ လုပ်ရဲကိုင်ရဲရှိတဲ့ ကျောင်းနေဘက် အတန်းဖော်တချို့ဟာ ဒီကာလမှာ နှုတ်ဆိတ်ကုန်တယ်

ဂ။ မြို့တွင်းရပ်ကွက်သစ်ရဲ့ ဒေသကော်မတီ ကော်မတီဝင်

ကျန်းကျူကျွန်းဟာ ပါတီဝင်ဖြစ်ပြီးနောက် ပါတီအတွက် လုပ်ငန်းတွေကို စဉ်းစားတဲ့အခါ အမြဲစိတ်သော ကရောက်ပြီး မတည်မငြိမ် ဖြစ်လေ့ရှိပါတယ်။

သူ့မှာ လုပ်စွမ်းရည် မရှိတာ၊ သတ္တိမရှိတာတော့ မဟုတ်ပါဘူး။ ပါတီရဲ့ တောင်းဆိုမှုအတိုင်း လူထုထံ သွား ရောက်ဆက်သွယ်တာ၊ လူထုကို ဝါဒဖြန့်တာ၊ မိတ်ဆွေများနဲ့ စည်းစည်းလုံးလုံး ရှိပေမယ့် တောင်ပေါ်မြို့ ချုံကင်းရဲ့ လက်တွေ့ အခြေအနေဟာ သူ့အတွက် အလွန်ခက်ပါတယ်။ ကွန်မြူနစ်ဆန့်ကျင်ရေး ဒီလှိုင်းတွေ လှိမ့်တက်လာနေတာမို့ သူ့ဘေးမှာ ဆိုးသွမ်းယုတ်မာလှတဲ့ ဒီလှိုင်းတွေ တလုံး ပြီး တလုံးဟိန်းညံနေတယ်။

ရှင်ဟွာနေ့စဉ်သတင်းစာဟာ ချုံကင်းမှာ ရိုက်နှိပ်ဖြန့်ဝေနေဆဲပါ။ ဒါပေမဲ့ လေးစားဖွယ်ကောင်းတဲ့ သတင်းစာ ရောင်းတဲ့ လူငယ်တွေဟာ သတင်းစာကို ကျောပိုး လမ်းမတွေပေါ်မှာ လှည့်လည်ရောင်းချနေစဉ်မှာ ကူမင်တန် တပ်ထိန်းတွေ၊ ပလိပ်တွေရဲ့ လိုက်လံ ရိုက်နှက်တာကို မကြာခဏ ကြုံတွေ့နေရတယ်။ သတင်းစာ ရောင်းတဲ့ လူငယ်တွေလက်ထဲက သတင်း စာတွေကို မကြာခဏ သိမ်းယူနေတယ်။ စုတ်ဖြဲပစ်နေတယ်။

သတင်းစာ ဆင်ဆာအဖွဲ့ အရာရှိက ရှင်ဟွာသတင်းစာက ရိုက်နှိပ်တဲ့စာမူတွေအပေါ် ဆင်ဆာလုပ်မှုဟာ အထူး ရက်စက် လွန်းလှတယ်။ တကယ့်အခြေအနေနဲ့ တရားမျှတတဲ့ အော်ဟစ်သံတွေကို ယောင်ပြန်ဟပ်တဲ့ စာတွေကို ဖြုတ်ပေးဖို့ သတင်းစာတိုက်ကို နေ့တိုင်းလိုလို တောင်းဆိုနေတယ်။ သတင်းစာဟာ “အမိန့်အရ ရှောင်ကွင်း ထည့်သွင်းနေရတဲ့” ရှင်းလင်းချက်မျိုးလောက်သာ ကျန်တော့တဲ့ စက္ကူလွတ်သာ ဖြစ်သွားရတော့ တယ်။ လမ်းမလမ်းသွယ် အစွန်အဖျားသာမက ကြက်ပျံမကျ စည်ကားလှတဲ့ ရပ်ကွက်တွေမှာတောင် အချိန် မရွေး၊ မျက်မှန်အနက်တပ်၊ သေနတ်နဲ့ လက်ထိတ်ကို လျှို့ဝှက်ကိုင်ဆောင်ထားတဲ့ ထောက်လှမ်းရေးတွေ ခြေချင်း လိမ်နေတယ်။ လူဖမ်းရေး စီမံကိန်းများအတွက် နောက်ယောင်ခံ လိုက်နေတယ်။

အဲဒီအုပ်စုတွေဟာ အမျိုးမျိုးအဖုံဖုံ ဝတ်ဆင်ကာ ငန်းငန်းတက်အကြည့်နဲ့ လူတွေကို လှမ်းကြည့်လျှို့ဝှက် ထောက်လှမ်းနေကြတာများ မြေကြီးထဲက ရုတ်တရက် အဆိပ်ပြင်းပြင်း မွေတကောင်ကောင် ထွက်လာတော့မှာ လိုပဲ။ တောင်ပေါ်မြို့ ချုံကင်းရဲ့ ထောင့်ကြိုထောင့်ကြားမကျန် နေရာအနှံ့ ခြေချင်းလိမ်နေပါတယ်။

ကျောင်းတွေမှာ သီချင်းဆိုတာ၊ နံရံကပ်စာစောင် လုပ်ကြတာ၊ ကျောင်းသင်ခန်းစာနဲ့ မဆိုင်တဲ့ ပြင်ပစာ တွေ ဖတ်ကြတာစတဲ့ လှုပ်ရှားမှုတွေကို ပြောင်ပြောင်းတင်းတင်း ကြပ်မတ်စစ်ဆေးတာ ခံနေရလို့ မလုပ်နိုင်တော့ ဘူး။ ဒါ့အပြင် ဆင်ခြေဖုံးရပ်ကွက်များသို့ သွားရောက်လည်ပတ်တဲ့ကိစ္စမျိုးကိုတောင် ဂရုစိုက်စောင့်ကြည့်တာ ခံရ လို့ အလည်မသွားနိုင်ကြ တော့ပါဘူး။

 

 



ကွန်မြူနစ်ဆန့်ကျင်ရေး ဒီလှိုင်းရဲ့ ရိုက်ခတ်မှုအောက်မှာ မနည်းလှတဲ့ ကျောင်းနေဘက် အတန်းဖော် တွေဟာ ဆုတ်ယုတ်ကျ ဆင်းကုန်တယ်။ လုပ်ရဲကိုင်ရဲရှိတဲ့ ကျောင်းနေဘက် အတန်းဖော်တချို့ဟာ ဒီကာလမှာ နှုတ်ဆိတ်ကုန်တယ်။

ဘယ့်နှယ်လုပ်ရပါ့မလဲ။ ကျန်းကျူကျွန်း မွန်းကျပ်အကြံအိုက်သလို ခံစားမိတယ်။ ဒါနဲ့ သူ့ကို ပါတီဝင် အဖြစ် သိမ်းသွင်းရေးမှာ မိတ်ဆက်ပေးသူကို သွားရှာဖို့ စဉ်းစားမိတယ်။

မမျှော်လင့်ဘဲ ပါတီကလာပ်စည်းတာဝန်ခံက လက်ဦးမှုယူပြီး သူ့ကိုလာရှာတာနဲ့ ကျန်းကျူကျွန်း ကြုံပါတယ်။ တဖက်သားက သူ့ရင်ထဲရှိတာတွေကို ကြည့်လိုက်တာနဲ့ သူ့မျက်နှာပေါ်မှာ အထင်းသားတွေ့နေရ တော့  “ရဲဘော် အခု ကျောင်းမှာ အလုပ်လုပ်ရတာ သိပ်အခက် ကြုံနေတယ် မဟုတ်လား”လို့ သူ့ကို မေးမြန်းလာ တော့တယ်၊

“ဟုတ်တယ်”

“အထက်အဖွဲ့အစည်းက အစောကတည်းက ဒီအချက်ကို စဉ်းစားမိတယ်။ ရဲဘော်ကို နေရာပြောင်း ပေးသင့်တယ်။ နေရာသစ်တခုကို သွားခိုင်းမယ်။ ရဲဘော်ကျန်းကျူကျွန်း သဘောတူသလား”

“အဖွဲ့အစည်းက ကျွန်မကို ဘယ်သွားခိုင်း သွားခိုင်း၊ ကျွန်မ သဘောတူပါတယ်”

“ဒါဖြင့် ကောင်းပြီ”။ ကလာပ်စည်းတာဝန်ခံက သူ့ကို “မှတ်ထား။ နက်ဖြန် ညနေ ၃ နာရီ၊ ‘စန့်ချင်းစစ်’ ကားဂိတ်ကို ရဲဘော် သွားပါ။ လက်ထဲမှာ ဟောဒီစာအုပ်ကို ကိုင်သွား။ လာပြီးဆက်သွယ်မယ့်သူ တွေ့လိမ့်မယ်” လို့ မှာကြားပါတယ်။

ကလာပ်စည်းတာဝန်ခံက ကျန်းကျူးကျွန်းအား ဓာတုဗေဒစာအုပ်တအုပ် ပေးပါတယ်။ သူက ဂရုတစိုက် လက်ခံ သိမ်းဆည်းထားပါတယ်။

ကျန်းကျူကျွန်းဟာ ဘယ်တုန်းကမှ ဒီလိုသွားပြီး၊ အချင်းချင်းမသိတဲ့ရဲဘော်က ကြိုဆိုတာ မခံရဖူးပါ။ သူတွေ့ရ မယ့်လူဟာ အမျိုးသမီးရဲဘော်လား။ အမျိုးသားရဲဘော်လားဆိုတာ သူကိုယ်တိုင်လည်း မသိပါဘူး။ အဖွဲ့အစည်းက သူ့ကို ဘယ်လိုပတ်ဝန်းကျင်မှာ သွားပြီး ပါတီလုပ်ငန်းလုပ်ဖို့ စီစဉ်တယ်ဆိုတာကို သူမသိပါဘူး။ ကျန်းကျူကျွန်းဟာ ရတက် မအေးနိုင်ရှာဘဲ၊ ချင်းစစ်ကားဂိတ်ကို အချိန်အတိအကျ သွားလိုက်တယ်။ ဟို ဓာတုဗေဒစာအုပ်ကို လက်ကကိုင်ရင်း ကား ဂိတ်ထဲကို သူ ဝင်သွားသွားချင်းပဲ အရပ်ထောင်ထောင်မောင်းမောင်း၊ အသားအရည် ဖြူစင်သန့်ပြန့်ပြီး၊ ကိုယ်အားဉာဏ်အား သန်မာပြည့်ဖြိုးတဲ့ လူငယ်တယောက် သူ့ဆီလာနေတာကို မမျှော်လင့်ဘဲ တွေ့နေရတယ်။ အဲဒီလူငယ်ဟာ လက်မှာ “စက်ယန္တရား အခြေခံမူများ”ဆိုတဲ့စာအုပ်ကို ကိုင်ထား တယ်။ နှင်းလိုဖြူဆွတ်နေတဲ့ ရှပ်အင်္ကျီပေါ်မျာ အပြာရောင် အင်္ကျီရှည် တထည် စွပ်ထားတာမို့ ကြည့်လိုက်ရင် အတတ်ပညာရှင်တဦးပုံ ပေါက်နေတယ်။

“ဟား - အစ်မကြီးကျန်း”။ အဲဒီလူငယ်က ပြုံးပြုံးရွှင်ရွှင်နဲ့ “မြို့ထဲကို ကားစီးသွားကြမလား။ အစ်ကို ဝမ်းကွဲဟာ စန့်ချင်းစစ်ကို ရောက်နေပြီ။ သူ အစ်မကြီးကို စောင့်နေတယ်။ သွားမယ်မဟုတ်လား”လို့ ဆွေးနွေး တိုင်ပင်ပါတယ်။

အဲဒီလူငယ်ဟာ ကျန်းကျူကျွန်းကို (ညိုကျောင်ထော်ဟော်) လမ်းမကို ခေါ်သွားတယ်။ သွားရင်း တိုးတိုး တိတ်တိတ်နဲ့ ကျန်းကျူကျွန်းအား “ကျွန်တော့်နာမည် ‘ဝေ့ရှင်းရွှယ်’ပါ။ အခု စက်ရုံတခုမှာ အတတ်ပညာရှင် တဦးအဖြစ် အလုပ်လုပ် နေပါတယ်။ ‘ချွန်းတုန်’အထူးကော်မတီက အစ်ကိုကြီးစုန့် (လောက်စုန့်) က အစ်မကြီးကို အကြိုခိုင်းလို့ လာကြိုတာပါ”လို့ ရှင်းပြတယ်။

ဟိုရှေ့ကဟာက ညိုကျောင်ထော် ဆိပ်ကမ်းပါ။ ကူးတို့လှေကလေးဟာ မြစ်ဖြတ်မယ့်လူတွေအပြည့်နဲ့ ထွက်မယ့်တကဲကဲဖြစ် နေရာက တလှေလုံး အပြည့်တင်ဆောင်ပြီး မြစ်ကိုဖြတ်နေပါပြီ။

မြစ်ကမ်းဘက်မှာ သစ်သားလှေမျိုးစုံ အကြီးရောအငယ်ပါ မခွဲခြားဘဲ အမြီးပြန်ခေါင်းပြန် တိုးဝှေ့ဆိုက် ကပ်ထားလိုက်တာ ကြည့်လို့မဆုံးပါဘူး။ မြစ်ကမ်းဘေးက ကျောက်ဆောင်တွေပေါ်မှာ ၂ ယောက်တတွဲ၊ ၃ ယောက်တတွဲ အနားယူ အပန်း ဖြေနေတဲ့လူများ ထိုင်နေကြတယ်။

ကျန်းကျူကျွန်းဟာ ဝေ့ရှင်းရွှယ်ကိုလက်တွဲပြီး မခွဲနိုင်၊ မခွာရက်ဖြစ်နေတဲ့ လူငယ်စုံတွဲတတွဲလို မြစ်ကမ်း တလျှောက် ဖြေးညှင်းသက်သာစွာ လမ်းလျှောက်လာတယ်။

ဝေးဝေး မလျှောက်လိုက်ရပါဘူး။ ကျန်းကျူကျွန်းဟာ ဝေ့ရှင်းရွှယ်ထက် အသက်ကြီးပြီး၊ မျက်လုံးက ဝင်းလက် တောက်ပကာ လူမှုဆက်ဆံရေးဘက်မှာ သိသိသာသာ ကျင်လည်ပါးနပ်တဲ့ ထက်ထက်မြက်မြက် ချက်ချက်ခြာခြာ ရှိတဲ့ပုံ ပေါက်နေတဲ့ လူတယောက် သူတို့ဆီကို လျှောက်လာနေတာ တွေ့ရတယ်။ ဝေ့ရှင်းရွယ်က “သူဟာ ချွန်းတုန် အထုး ကော်မတီက ရဲဘော်လောက်စုန့်ပဲ”လို့ တိုးတိုး တိတ်တိတ် ပြောပါတယ်။

သူတို့ သုံးဦးသား ကျောက်တုံးကြီးတတုံးပေါ်မှာ ထိုင်ချလိုက်ကြတယ်။ လောက်စုန့်ဟာ ကျားလင်မြစ်ကို ကြည့်ရင်း ကျန်းကျူကျွန်းကို “အဖွဲ့အစည်းက ဒီနေ့ ရဲဘော် ရောက်လာလိမ့်မယ်လို့ အကြောင်းကြားတယ်။ ရဲဘော်ထွက်လာပြီး အရေးကြီးတဲ့ လုပ်ငန်းတာဝန်တရပ်ကို ထမ်းဆောင်ဖို့ ပြောင်းပေးရေးပါပဲ။ ပြီးတော့ ရဲဘော်ရဲ့ထင်မြင်ချက်ကိုလည်း ကြားချင် ပါတယ်”လို့ ရှင်းပြတယ်။

“အလွန်အရေးကြီးတဲ့ လုပ်ငန်းတာဝန်တရပ်ဆိုတော့ ကျွန်မလုပ်နိုင်ပါ့မလား”လို့။ ကျန်းကျူကျွန်းဟာ မစောင့်နိုင်တော့ဘဲ တိုးတိုးလေးတင်ပြ ဆွေးနွေးပါတယ်။

လောက်စုန့်ဟာ ကျန်းကျူကျွန်းပြောလိုက်တဲ့ စကားတွေကို ကြားဟန်မတူပါဘူး။ သူနဲ့ဝေ့ရှင်းရွှယ်တို့ကို “အခုတလော ချုံကင်းမြို့မှာ ရပ်ကွက်တွေ အကြီးအကျယ် တိုးချဲ့နေတယ်။ ရပ်ကွက်သစ်တွေမှာ တို့ပါတီဝင် ရဲ ဘော်တွေ အကြီးအကျယ် တိုးလာနေပြီ။

ထောက်လှမ်းရေးတွေရဲ့ လှုပ်ရှားမှုတွေကလည်း တနေ့ထက်တနေ့ လက်ရဲဇက်ရဲ နိုင်လာတာနဲ့အမျှ၊ ပါတီရဲ့ ဆက်သွယ်ရေးလုပ်ငန်းဟာ အလွန်ကို အရေးကြီးလာနေပြီ။ ပါတီရဲ့ဆက်သွယ်ရေးလုပ်ငန်း အားဖြည့်နိုင် ရေးအတွက် ချွန်းတုန် အထူးကော်မတီက ချုံကင်းရပ်ကွက်သစ် ကော်မတီ ထူထောင်လိုက်ဖို့ ဆုံးဖြတ်ပါတယ်။

ဒီနေ့ရဲဘော်တို့ကို အဲဒီဆုံးဖြတ်ချက် လာ အသိပေးတာပါပဲ။ ဒါဟာ အသေအချာ လျှို့ဝှက်ထားဖို့ လိုသလို အလွန်အရေးကြီးတဲ့ လုပ်ငန်းတာဝန်လည်းဖြစ်တယ်။ အလွန်လည်း အန္တရာယ် ကြီးပါတယ်။ ရဲဘော် တို့ဟာ အထူးကော်မတီရဲ့ မျှော်လင့်ချက်ကို ဖြည့်စွမ်းပေးနိုင်လိမ့်မယ်။ ဒီဂုဏ်ရောင်ပြောင်ပြီး အခက်အခဲ ကြီး လှတဲ့ လုပ်ငန်းတာဝန်ကို တာဝန်ခံနိုင်ပါလိမ့်မယ်”လို့ ဆွေးနွေး ပြောဆိုပါတယ်။

လောက်စုန့်ရဲ့ တည်ကြည်လေးနက်တဲ့ စကားတွေကို ကြားလိုက်တာနဲ့ ကျန်းကျူကျွန်း မျက်လုံး တွေထဲမှာ မျက်စိတမှိတ် လျှပ်တပြက်အတွင်း ဝါးတောထဲက စမ်းချောင်းလေးဘေးမှာ ပါတီဝင်စဉ် သစ္စာအဓိဋ္ဌာန် ဆိုခဲ့တဲ့ မြင်ကွင်းတွေ ပေါ်လာပါတယ်။ သူဟာ လက်အစုံကို ကျစ်ကျစ်ပါအောင် လက်သီးဆုပ်လိုက်တယ်။ တကိုယ်လုံး ရဲစိတ်ရဲမာန်တွေ တက်လာပြီး အခက်အခဲနဲ့ ဘေးအန္တရာယ် မှန်သမျှ၊ ဘာကိုမျှ မမှုဘဲ ပါတီအတွက် မိမိခန္ဒာကိုယ်ကို ပေးလှူမယ်ဆိုတဲ့ စိတ်အားထက်သန်မှုတွေ ပြည့်လျှမ်းလာတော့တယ်။ သူဟာ လောက်စုန့်ကို ရွှန်းရွှန်းစားစား ကြည့်လိုက်တယ်။ ပြီးတော့ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဝေ့ရှင်းရွှယ်ကလည်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်တာကို သူတွေ့လိုက်မိတယ်။

လောက်စုန့်ကလည်း သူနဲ့ဝေ့ရှင်းရွှယ်ကို ယုံယုံကြည်ကြည် ခေါင်းညိတ်ပြလိုက်တယ်။ တဆက်တည်း ဝေ့ရှင်းရွှယ်ကို ရပ်ကွက်သစ်ရဲ့ ရပ်ကွက်ပါတီကော်မတီအတွင်းရေးမှူးနဲ့ ကျန်းကျူကျွန်းကို ရပ်ကွက်ပါတီကော်မ တီရဲ့ ကော်မတီဝင်အဖြစ် တာဝန်ခန့်အပ်ကြောင်း ဆုံးဖြတ်ချက်ကို ကြေညာပါတယ်။

လောက်စုန့်က ရပ်ကွက်သစ်က အမျိုးသမီးပါတီဝင်စာရင်းအပါအဝင် ဟွာလုံချောင်၊ ဆာဖျင်ပ တဝိုက်နဲ့ အချို့ကျောင်းတွေက ပါတီဝင်စာရင်းကို ကျန်းကျူကျွန်းထံအပ်လိုက်တယ်။ “လျှို့လျှို့ဝှက်ဝှက် ထက်ထက် မြက်မြက် လုပ်ကိုင်ရေး၊ ရေရှည်မြှုပ်နှံရေး၊ အင်အားစုဆောင်းရေး၊ အခွင့်အခါကောင်းကို စောင့်ဆိုင်းရေးဆိုတဲ့ လမ်းညွန်နဲ့ တိုက်ရိုက်ဆက်သွယ်ရမယ့် ရဲဘော်တချို့ ရဲ့ အမည်စာရင်းကို ပေးခဲ့တယ်။

လောက်စုန့်က ကျန်းကျူကျွန်းအား အပ်သင့်တဲ့ လုပ်ငန်းတာဝန်များကို ပြောဆိုအပ်နှံပြီးတာနဲ့ တပြိုင် နက် ကျန်းကျူကျွန်း ရဲ့မျက်နှာနဲ့ လည်ကုပ်တို့မှာ ပွတ်တိုက်လိုက်သလို နီးမြန်းသွားပါတယ်။

သူဟာ အခက်အခဲနဲ့ ဘေးအန္တရာယ်ဟူသမျှကို မမှုဘဲ လုံးပန်းတိုက်ခိုက်သွားရေးစိတ်ဓာတ် ရှိနေပေ မယ့် ဘယ်တုန်းကမှ ဒီ လောက်ရှုပ်ထွေးပြီး၊ အရေးကြီးတဲ့ လုပ်ငန်းတာဝန်ကို မလုပ်ဖူးပါဘူး။

ချက်ချင်းတော့ သူ့ပခုံးပေါ်မှာ အလွန်လေးတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရသလို သူခံစားနေရတယ်။ အဲဒီအချိန်မှာ သူက လုပ်မှ လုပ်နိုင်ပါ့မလားလို့ မတွေးမိပါဘူး။ ပါတီကပေးအပ်တဲ့ ဒီအရေးကြီး လုပ်ငန်းတာ ဝန်ကို ဘယ်လိုကောင်းအောင် လုပ်ရပါ့မလဲလို့သာ တွေးမိတာပါ။ ဒါကြောင့် အလွန်ပွင့်လင်း ရိုးသားတည်ငြိမ်စွာ “ရဲဘော်လောက်စုန့် ကျွန်မ အခက်အခဲနဲ့ ဘေးအန္တရာယ်အားလုံး ကို လုံးဝမမှုပါဘူး။ ဒီလောက်အရေးကြီးတဲ့ လုပ်ငန်းတာဝန်ကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးလို့ ကျွန်မကို အခိုင်အမာလမ်းညွန်တွေနဲ့ အကူ အညီတွေ ပေးနိုင် ပါ့မလား”လို့ မေးကြည့်မိပါတယ်။

“ရတာပေါ့”။ လောက်စုန့်က ကျန်းကျူကျွန်းကို ကြည့်ရင်း ဂရုတစိုက် ရှင်းပြပါတယ်။ “ရှောက်ကျန်း- အကူအညီ ပေးနိုင် မပေးနိုင်ဆိုတာ ပြဿနာ မဟုတ်ဘူး။ ဒါဟာ ကျွန်တော့်တာဝန်ပဲလေ။ ကျွန်တော်လည်း အရင်က မြေအောက်လုပ်ငန်းတာဝန်ကို မလုပ်ဖူးပါဘူး။ အထက်အဖွဲ့အစည်းက ကျွန်တော့်ကို သင်ပြပေး တာပါပဲ”။

“လောက်စုန့် သတိပေး အချက်ပြနေပြီ”

ဝေ့ရှင်းရွှယ်က တချက်အော်လိုက်တာနဲ့ လောက်စုန့်နဲ့ ကျန်းကျူကျွန်းတို့ဟာ တဆက်တည်း တဖက် ကမ်း အမြင့်တနေရာကို လှမ်းကြည့်ုလိုက်ပါတယ်။ တဖက်ကမ်းတောင်ပေါ်ကနေ အနီရောင်အလုံးတလုံး တက် လာတယ်။ တဆက်တည်း နောက်ထပ် အနီရောင် အလုံးတလုံးတက်လာပြန်ပါတယ်။

ဒါဟာ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် အချက်ပေးတာ ဖြစ်ပါတယ်။ ဂျပန်လေယာဉ်တွေ ဒီမြို့ကို လေကြောင်းက အလစ် ဝင်ရောက်တိုက်ခိုက်တာ ဘယ်နှစ်ကြိမ်ရှိသွားပြီဆိုတာကိုတောင် မသိတော့ပါဘူး။

နှစ်စဉ်နွေရာသီမှာ ဒီမြို့ဟာ ဗုံးကြဲခံရပြီး မီးလောင်ပြင်ကြီးတခု ဖြစ်လုနီးပါး ဖြစ်သွားရတယ်။ မြူနှင်း တွေကျတဲ့ ရာသီရောက်လို့ မြူနှင်းတွေ ပိန်းပိတ်အောင် ရစ်သိုင်းလွှမ်းခြုံလာလို့ ဒီမြို့ကို ပြန်လာနေထိုင်ကြရတဲ့ အချိန်မှသာ လူတွေဟာ ပြန်လည်ပြုပြင်တည် ဆောက်နေထိုင်ကြရတယ်။

ဂျပန်တပ်တွေဟာ တခါတရံ ဒီမြို့ကို ၇ ရက် ၇ လီဆက်တိုက် “ခြေကုန်လက်ပန်းကျတဲ့အထိ” ဗုံးကြဲတိုက်ခိုက်တတ်ပါတယ်။ ဂျပန်ကျူးကျော်ရေးသမားတွေဟာ မကြာခဏ ရှိသမျှလေယာဉ်အားလုံးနဲ့ ဒီမြို့ကို ကောင်းကင်ယံမှ ဗုံးကြဲ၊ စက်သေနတ်နဲ့ မွှေ့ရမ်း ပစ်ခတ်လေ့ရှိပါတယ်။

လေက်စုန့်ဟာ ခေါင်းလှည့်ပြီး ကျောက်ကမ်းပါးယံဘေးရှိ ဗုံးခိုကျင်းကို ကြည့်လိုက်တယ်။ ၂ ယောက်တတွဲ၊ ၃ ယောက်တတွဲ တည်တည်ငြိမ်ငြိမ် အဆက်မပြတ်လာနေတဲ့ လူတန်းကြီးကို တွေ့ပြီးရင်းတွေ့နေ ရတော့၊ ဝေ့ရှင်းရွှယ်နဲ့ ကျန်းကျူကျွန်းကို “နောက်ထပ် အနီရောင်တလုံး တက်လာနိုင်တယ်။ တို့လည်း အချိန်မီ ဗုံးခိုကျင်းထဲ သွားကြရအောင်။ ရှောက်ဝေ့၊ ရှောက်ကျန်း - ရဲဘော်တို့ နှစ်ယောက်လုံးဟာ ဘယ်တုန်းကမှ ဒီလို အလုပ် မလုပ်ခဲ့ဖူးသေးဘူဆိုတာ သိပါတယ်။ အခု ဒီလုပ်ငန်းတာဝန်တွေကို ဘယ်လိုအကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ကြမလဲဆိုတာကို တို့အားလုံး ဆွေးနွေးညှိနှိုင်းကြည့်ကြတာပေါ့”လို့ လောက်စုန့်က ရှင်းပြပါတယ်။



၉။ အစ်မကြီးကျန်း



အဲဒီအချိန်ကစပြီး ကျန်းကျူကျွန်းဟာ အန္တရာယ်တွေ ပြည့်လျှမ်းနေပေမယ့် စိတ်လှုပ်ရှားတက်ကြွဖွယ် ဘဝကို စိတ်သစ်လူသစ်အဖြစ်နဲ့ စတင်လိုက်တယ်။

သူဟာ နေ့စဉ်နဲ့အမျှ တင်းမာတဲ့ တိုက်ပွဲများအတွင်း ရောက်ရှိနေပါတယ်။ သူရွေးချယ်ထားတဲ့ လူမှုလုပ်ငန်းကတော့ ချုံကင်းက အမျိုးသမီးအဖွဲ့ချုပ်မှာ အမှုထမ်းအဖြစ် လုပ်ကိုင်ပါတယ်။ နေ့စဉ်မနက်တိုင်း သူဟာ ကွမ်ယင်ယန် ရှိ နေအိမ်မှ စိန်းကျားယန်သို့ အလုပ်သွားတက်လေ့ရှိတယ်။ အလုပ်ဆင်းတဲ့အခါ အချိန် ယူပြီး ပါတီအဖွဲ့အစည်းက တဦးချင်းသွားရောက် ဆက်သွယ်ရမယ့် ရဲဘော်များထံ သွားရောက် ဆက်သွယ် ပါတယ်။ စိန်းကျားယန်ဟာ ဆားဖျင်ပ၊ စစ်ချိခိုတဝိုက်နဲ့ ပိုအလှမ်းကွာဝေးတာကြောင့် လိုင်းကားအလွန်ရှားတယ်။ ပွဲတော်ရက်၊ အလုပ်ပိတ်ရက်များမှသာ သွားနိုင်ပါတယ်။

ဟွာလုံချောင်တဝိုက်ကတော့ မြင်းလှည်း အသွားအလာရှိလို့ သွားရလာရတာ လွယ်ကူပါတယ်။ ဒါပေမဲ့ စရိတ်စက ချွေတာ နိုင်ရေးအတွက် သူ အမြဲတမ်း ခြေကျင်ပဲလျှောက်ပါတယ်။

အဲဒီအချိန်ကစပြီး ကျန်းကျူကျွန်းဟာ ဂျပန်ကျူးကျော်ရေးသမားတွေရဲ့ အလစ်အငိုက်တိုက်ခိုက်မှုကို အချိန်မရွေးကာကွယ်နိုင်ရေးသာမက လမ်းတလျှောက်လုံး ဘယ်နေရာဖြစ်ဖြစ် ဗုံးခိုကျင်းရှိပြီး၊ ယာယီ ရှောင်လို့ တိမ်းလို့ ရနိုင်မလဲဆိုတာကို သတိထားနေရတော့တယ်။ အထူးသဖြင့်ကတော့ လမ်းတလျှောက်လုံး ဘယ်နေရာ ဖြစ်ဖြစ် ထောက်လှမ်းရေးရဲ့ လျှို့ဝှက်ချထားတဲ့ စောင့်ကြပ်ကြည့်ရှုရေးကင်းတွေနဲ့ အချိန်မရွေးတိုးနိုင်ခြင်းပါပဲ။ ဒါကြောင့် ဒီထောက်လှမ်းရေးတွေကို ဂရုစိုက်ရေးဟာလည်း အထူးအရေးကြီးပါတယ်။ လောက်စုန့် ညိုကျောင် ထော့မြစ်ကွေ့မှာ သူနဲ့ဝေ့ရှင်းရွှယ်တို့ကို လျှို့ဝှက်ဆွေးနွေးခဲ့တာတောင် ရက်တွေ ကြာသွားခဲ့ပါပြီ။ ဒါပေမဲ့ ရဲဘော်လောက်စုန့်က စိတ်ရင်းစေတနာနဲ့ မှာကြားချက်တွေကတော့ သူ့နားထဲမှာ စွဲနေသလိုပါပဲ။ ပြန်လည် ကြားယောင်နေမိတယ်။ “ရဲဘော် ဘယ်တော့မှ မမေ့နဲ့။ ရဲဘော်ရဲ့ စကားတခွန်းဖြစ်ဖြစ်၊ အလုပ်တခုဖြစ်ဖြစ် အားလုံးဟာ ရဲဘော်လူသိရှင်ကြား ထုတ်ဖော်တင်ပြ လိုက်တဲ့ လူမှုရေးဂုဏ်သိက္ခာနဲ့ အပြန်အလှန် ညီညွတ်ပါစေ။ ရဲဘော်ဟာ ဘယ်လိုလူနဲ့ဖြစ်ဖြစ် တွေ့တဲ့အခါ ရဲဘော်တို့ရဲ့ လူမှုဆက်ဆံရေးဟာ ဘာလဲဆိုတာကို ပထမဆုံး ချိန်း ဆိုရမယ်။ တွေ့ဆုံတဲ့အခါ အဖမ်းခံရမှာကို ထည့်တွက်ရမယ်။ ကောင်းကောင်း ထွက်ဆိုနိုင်ဖို့ ပြင်ဆင်ရ  မယ် ...”တဲ့။

“မတွေ့ရတဲ့ ခေါင်းဆောင်မှုဟာ အကောင်းဆုံး ခေါင်းဆောင်မှု ဖြစ်တယ်” “သူလိုငါလို သာမန်အဖြစ်ဆုံး ရုပ်သွင်ဟာ လျှို့ဝှက်ရေးအတွက် အကောင်းဆုံးသူ ဖြစ်တယ်”။ ရဲဘော်လောက်စုန့်ရဲ့ ဒီစကား နှစ်ခွန်းဟာ ကျန်းကျူကျွန်းကို ဉာဏ်ဖွင့်ပေးရာမှာနဲ့ ပညာပေးရာမှာ အထူးလေးနက်ခဲ့တယ်။ သူဟာ အမြဲဆိုသလို လောက်စုန့်ရဲ့ စကားတွေနဲ့ မိမိကိုယ်ကိုယ် ချိန်ထိုးပါတယ်။ သူဟာ ရဲဘော်တွေထံ စာစောင်သွားရောက် ချပြတာဖြစ်ဖြစ်၊ နှုတ်အားဖြင့် ထင်မြင်ယူဆချက်များကို သွားရောက်ချပြရာမှာဖြစ်ဖြစ် တလုံးမှ မကျန်အောင် အရင်ကျေညက်အောင် ပြင်ဆင်ပြီးမှ သူခရီးထွက်ပါတယ်။ ကျောင်းတွေနဲ့ ဆိုင်တဲ့ ဒေသတွေကို သွားရောက် ဆက်သွယ်မယ်ဆိုရင် တက္ကသိုလ်ကျောင်းသူများ ဝတ်ဆင်သလို သူအမြဲဝတ်ဆင်တယ်။ လူတွေ နည်းနည်းလေး မှ  အာရုံမစိုက်ရအောင် ဝတ်စားဆင်ယင်ပါတယ်။ သူဟာ မြို့တွင်း ရပ်ကွက်သစ် ရပ်ကွက်ကော်မတီဝင်ဖြစ်တယ်။ ဒါပေမဲ့ သူဟာ ရဲဘော်တွေရဲ့ ရှေ့မှောက်မှာ သူတို့ရဲ့ ချစ်ခင်ရင်းနှီးတဲ့၊ နှလုံးသားချင်းသိနေတဲ့ မိတ်ဆွေတယောက် ပမာ  ရဲဘော်တွေအား ဂရုစိုက်၊ ယုယမှုသံယောဇဉ် မေတ္တာတွေ ပြည့်လျှမ်းလာစေပါတယ်။

ကျန်းကျူကျွန်းဟာ သူရဲ့ ကွမ်ယင်ယန် အိမ်မှ စိန်းကျားယန်ရှိ အမျိုးသမီးအဖွဲ့ချုပ်ရုံးနေရာသို့ သွားတဲ့ အခါ ကူမင်တန်ထောက်လှမ်းရေးဌာနချုပ်ကြီး ၂ ခုဖြစ်တဲ့ ကူမင်တန်စစ်ထောက်လှမ်းရေးနဲ့ ဗဟိုထောက်လှမ်း ရေးရဲ့ ပင်မတပ်ရင်းကြီးအားလုံး ဒီ ၂ ကီလိုတောင် မရှိတဲ့ လမ်းတလျှောက်လုံးမှာ မကြုံဖူးလောက်အောင် များပြားစွာ ချထားတယ်။ ကျန်းကျူကျွန်းဟာ စောစွာကတည်းက ဒီထောက်လှမ်းရေးဌာနချုပ် ၂ ခုအတွင်း ဝင်ထွက်နေတဲ့ မျက်နှာတော်တော်များများကို ကျက်မိနေပါတယ်။ သူကတော့ သားရေအိတ်ကို လက်ကဆွဲ သူတို့ရဲ့ရှေ့မှ အိနြေ္ဒမပျက် နေ့စဉ် သွားလာနေခဲ့တယ်။

သိပ်မကြာလိုက်ပါဘူး။ ကျန်းကျူကျွန်းဟာ မြို့တွင်းရပ်ကွက်သစ်၊ ရပ်ကွက်ကော်မတီအတွင်းရေးမှူး ဝေ့ရှင်းရွှယ်နဲ့ တချီတွေ့ရန် လိုအပ်တဲ့အတွက် သူ့ကိုယ်သူ အနည်းငယ် အလှပြင်ဖို့ လိုအပ်နေပါတယ်။ တွေ့ဆုံ ဖို့နေရာကတော့ မကြာခဏ ချိန်းဆိုနေကျ၊ ‘နန်ချွီး’ပြည်သူ့ဥယျာဉ် ပါပဲ။ အဲဒီနေရာဟာ သူတို့ အလုပ်လုပ်တဲ့ နေရာနဲ့ မဝေးပါဘူး။ သူတို့ဟာ လူငယ်ချစ်သူစုံတွဲတတွဲလို လက်ချင်းချိတ်ပြီး ဥယျာဉ်ထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း ဝေ့ရှင်းရွှယ်က ညွန်ကြားချက်တွေကို တဆင့် ပြန်ပြောပြနေတာပါ။ အဲဒီနောက် လုပ်ငန်းအခြေ အနေတွေကို အပြန်အလှန် ဖလှယ်ကြပါတယ်။

နောက်ဆုံးတော့ ကျန်းကျူကျွန်းဟာ ဝေ့ရှင်းရွှယ်နဲ့သူ စန့်ချင်းစစ်ကားဂိတ်မှာ ပထမဆုံး တွေ့တွေ့ချင်း သူ့ကို ‘အစ်မကြီးကျန်း’လို့ ခေါ်လိုက်တဲ့ အကြောင်းရင်းဟာ လောက်စုန့်က သူ့ကို ပြောပြထားလို့ဆိုတာကို ရှင်း လင်းသွားတော့တယ်။ သူက ၂၁ နှစ်။ ဝေ့ရှင်းရွှယ်က ၁၉ နှစ်သာ ရှိသေးတာကိုး။ ဝေ့ရှင်းရွှယ်ဟာ စီးပွားရေးဌာန၊ ဆည်မြောင်းတာတမံလုပ်ငန်း၊ ပစ္စည်းကိရိယာစက်ရုံက အတတ်ပညာသည် ဖြစ်တယ်။ သူက လစဉ်ထုတ် လာတဲ့လခကို စားသောက်စရိတ်မှအပ ကျန်တာအားလုံးကို ပါတီကြေးအဖြစ်ပေးပါတယ်။ ရပ်ကွက် ကော်မတီမှာ အသုံးစရိတ် မရှိပါဘူး။ ပါတီဝင်တွေက ပေးအပ်လာတဲ့ ပါတီကြေးအနည်းအကျဉ်းကို မှီခိုနေရ တာပါ။ ကျန်းကျူကျွန်းလည်း ဝေ့ရှင်းရွှယ်လိုပါပဲ။ လူမှုရေးလုပ်ငန်းက ရတဲ့ လခကို သူ့ လမ်းပန်းဆက်သွယ် ရေးစရိတ်ကို ချန်ထားပြီး ကျန်သမျှကို ပါတီကြေးအဖြစ် ပေးအပ်ပါတယ်။ တခါတရံ သူ့အမေထံက ငွေအနည်း အကျဉ်းတောင်းပြီး ပါတီကြေး ပေးရပါသေးတယ်။

ဝေ့ရှင်းရွှယ်ဟာ အတတ်ပညာသဘောကို နားလည်ပြီး လုပ်ငန်းတွေမှာ စိတ်အားထက်သန်သူ အတတ်ပညာရှင် တဦးဖြစ် တယ်။ ကျန်းကျူကျွန်းက စကားနည်းသူတဦး ဖြစ်ပြီး၊ ဆင်းရဲပင်ပန်းမှုကိုမမှုဘဲ မညည်းမညူ အလုပ်လုပ်တတ်တဲ့ ဝန်ထမ်းဖြစ်တယ်။ သူတို့ဟာ လူမှုရေးအရ အရှင်းလင်းဆုံးနဲ့ သူလိုကိုယ်လို လူများ ဖြစ်ကြတယ်။ တကယ့်ကို လျှို့ဝှက်မှုအရှိဆုံးသူတွေ ဖြစ်တယ်။ မြေအောက်ပါတီရဲ့ မြို့တွင်းရပ်ကွက်သစ်ရဲ့ ရပ်ကွက်ကော်မတီဝင်တွေ ဖြစ်တယ်။ ကျန်းကျူကျွန်းဟာ လူတဖက်သားအပေါ် လှိုက်လှဲ ထက်သန်ပြီး၊ ကူညီ တတ်သူ။ ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး ဆက်ဆံတတ်သူ ဖြစ်တယ်။ ရဲဘော်တွေအားလုံးက သူ့ကို အစ်မကြီး ကျန်း (ကျန်းကျယ်) လို့ ခေါ်ပါတယ်။



၁ဝ။ မဒမ်ဖုန်

“မေမေ ဘယ်များရောက်နေပါလိမ့်”

ကျန်းကျူကျွန်းဟာ အခန်းထဲဝင်သွားတော့ သူ့အမေရဲ့ အရိပ်အယောက်ကို မတွေ့ရတော့ သိပ်ကို အံ့အားသင့်သွားတယ်။ တံခါးက ဖွင့်လျက် မဟုတ်လား။ တံခါးရှေ့ ဈေးဆိုင်လေးနေရာမှာလည်း လူမရှိဘူး။ သူ တချက်ခေါ်လိုက်မှသာ အမေဟာ မည်ဲးမှောင်နေတဲ့ အခန်းထောင့်ကနေ ထွက်လာတယ်။

အမေ့မျက်နှာမှာ တကယ့်ကိုပဲ အပြုံးတွေ ဆင်မြန်းထားတယ်။ ရက်ပေါင်းများစွာ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ သမီးလေး ချောချောမောမော အိမ်ရောက်လာတာမို့ သူ ဒီလို ဝမ်းသာနေတာလား။ ဒါ့အပြင် တခြား အကြောင်းများ ရှိနေသေးလို့လား။

ကျန်းကျူကျွန်းဟာ ဝမ်းသားအားရနဲ့ မေမေ့ကို ဆီးကြိုလိုက်တော့မှ မေမေရဲ့ လျှို့ဝှက်နက်နဲတဲ့ အပြုံး ကလေးကို တွေ့မိပါတယ်။ ပြီးတော့ သူ့လက်ထဲမှာ စာရွက်လိပ်တလိပ်ကို ကိုင်ထားသေးတယ်။ အဲဒီစာရွက် လိပ်ကို ကျန်းကျူကျွန်း ဖြန့်ကြည့်လိုက်တော့မှ အလွန်အရေးကြီးတဲ့စာရွက် တရွက်ဖြစ်နေပြီး၊ မတွေ့ရတာ ကြာလှပြီဖြစ်တဲ့ ရဲဘော်လောက်စုန့် ရေးလိုက်တဲ့ စာဖြစ်နေတာကို တွေ့ရတော့တယ်။ စာရွက်မှာတော့ ခုလို စာ ၂ ကြောင်းသာ ရေးထားတယ်။

“မနက်ဖြန် ၁ဝ နာရီ။ အမျိုးသမီးသမဂ္ဂမှာ သင်တန်းပို့ချမှုတရပ် ရှိတယ်။ ရဲဘော် သွား နားမထောင်ချင် ဘူးလား။

သြော် ... အဲဒီမှာ အသစ်ဖွင့်ထားတဲ့ ကော်ဖီဆိုင်လည်း မဆိုးဘူး ပြောသံကြားရတယ်။ ရဲဘော် မြည်း စမ်း မကြည့်ဖူးသေးဘူးလား”တဲ့။

ကျန်းကျူးကျွန်းဟာ စာလိပ်ကလေးကို ဖတ်ပြီးနောက် စုပ်ဖြဲပစ်လိုက်တယ်။

အမေဟာ ထမင်းချက်ရင်း အလုပ်ရှုပ်နေတယ်။ ဒါကြောင့် ကျန်းကျူကျွန်းက တံခါးရှေ့မှာ ဖွင့်ထားတဲ့ ဆိုင်ကလေးကို ကြည့်ရှု ပေးနေတယ်။ စိတ်ထဲမှာတော့ ဘာရယ်လို့ မဟုတ်ဘူး။ ဟိုတွေးဒီတွေး အများကြီးတွေး နေမိတယ်။

လွန်ခဲ့တဲ့တနှစ်က သူရဲ့ မြို့တွင်းရပ်ကွက်သစ်၊ ရပ်ကွက်ကော်မတီလုပ်ငန်းတွေ အလွန်အဆင်ပြေခဲ့ တယ်။ မမျှော်လင့်ဘဲ မိုးအုံ့ဆိုင်းရွာနေတဲ့ တမနက်မှာ သူ့နဲ့ ဝေ့ရှင်းရွှယ် ခါတိုင်းလိုပဲ နန်ချွီးပြည်သူ့ဥယျာဉ်ထဲက လမ်းကလေးပေါ်မှာ တဖြည်းဖြည်းလျှောက်ရင်း လုပ်ငန်းဆိုင်ရာ ထင်မြင်ယူဆချက်တွေကို ဖလှယ်နေတုန်း၊ ဘဲလျှာဦးထုပ်ဆောင်းထားတဲ့ ငနဲတကောင် တရုတ်နှင်းဆီတောနောက်မှာ ပုံးအောင်းပြီး သူတို့ကို တိတ်တိတ် ကလေး ချောင်းမြောင်းအကဲခတ်နေတာကို ရုတ်တရက် ရိပ်ခနဲ မြင်လိုက်မိတယ်။ သူက ဝေ့ရှင်းရွှယ်ကို သတိပေး လိုက်တာနဲ့ ဝေ့ရှင်းရွှယ်လည်း သတိထားလိုက်မိပါတယ်။ တပတ်လောက်ခြားပြီး သူအဲဒီဥယျာဉ်ကိုသွားပြီး ဝေ့ရှင်းရွှယ်နဲ့ အဆက်အသွယ်လုပ်တဲ့အခါ သူတို့ကို စောင့်ကြပ်အကဲခတ်နေတဲ့ ဟိုငနဲကို သူတို့ ၂ ယောက်လုံး ထပ်မံတွေ့ရပြန်တယ်။ ဒီအခြေအနေကို ရဲဘော်လောက်စုန့်ထံ သူတို့က အစီရင်ခံလိုက်တယ်။ သူနဲ့ ဝေ့ရှင်းရွှယ် ကို လုပ်ငန်းတွေ ချက်ချင်းရုပ်သိမ်းပြီး အဲဒီအချိန်ကစလို့ ဒီနေရာက ထွက်ခွာကြရန် ဆုံးဖြတ်ချက်ချ ပေးလိုက် တယ်။

ဖြစ်လာနိုင်တဲ့ ရှောင်တခင် ဖြစ်ပွားမှုကို ကာကွယ်ဖို့ ကျန်းကျူကျွန်းဟာ ‘ချီကျန်းသံသတ္တုတွင်း’သို့ ပြောင်းရွှေ့ခဲ့ရတယ်။ အဖွဲ့ရဲ့စီမံကိန်းနဲ့ အကာအကွယ်ရရေးအတွက် ဟယ်လီလိနဲ့အတူသွားပြီး နိုင်ငံရေးဌာန အခန်း နံပါတ် ၃ ရှိ သမဝါယမအဖွဲ့မှာ အလုပ် လုပ်ရတယ်။

အခုတော့ လောက်စုန့်က သူ့ကို ရှာပြီး ဆက်သွယ်လာပြန်ပါပြီ။ သူနဲ့ အလွန်အရေးကြီးတဲ့ကိစ္စ ပြောဆို နိုင်ရန် ဖြစ်နိုင်ပါတယ်။ သူဟာ ရဲဘော်လောက်စုန့်နဲ့ အချိန်မှန် တွေ့နိုင်ရေး အဲဒီကို အလျင်အမြန် မုချသွားရပါ မယ်။

ချုံကင်း အမျိုးသမီးလူငယ်သမဂ္ဂဟာ ‘ကျုံစန်’ဥယျာဉ်အနီးမှာ ရှိပါတယ်။ ချုံကင်းဟာ မြစ်နဲ့ကပ်နေပြီး လှိုင်းလုံးကြီးများ တလိမ့်လိမ့်စီးဆင်းနေတဲ့ မြစ်ရေစီးသံကို ကြားနိုင်ပါတယ်။ ပတ်ဝန်းကျင်က သာယာလှပသ လောက် ဒေသခံလူတွေကလည်း ဖော်ရွေပျူငှာတဲ့ အရပ်ဒေသ ဖြစ်တယ်။ အဲဒီနေ့ မနက်ပိုင်း ၁ဝ နာရီမှာ ကျန်း ကျူကျွန်းဟာ အမျိုးသမီးလူငယ်အစည်းအဝေးသို့ အချိန်မီသွား ရောက်ခဲ့တယ်။

အမျိုးသမီးသမဂ္ဂနေရာရဲ့ တံခါးရှေ့မှာ ထင်ထားတဲ့အတိုင်း ဟောပြောပွဲပိုစတာတွေ ကပ်ထားပါတယ်။ ၃-၄-၅ ယောက်တတွဲ၊ အမျိုးသမီး အမျိုးသားလူငယ်တွေ ဟောပြောပွဲကို သွားနေကြတယ်။ ကော်ဖီကဖေး ကတော့ အေးဆေးဆိတ်ငြိမ်နေတယ်။ ကျန်းကျူကျွန်း လှမ်းကြည့်လိုက်တော့ မြစ်ကို မျက်နှာမူထားတဲ့ သေသေ သပ်သပ်ရှိလှတဲ့ အခန်းတခန်းထဲရှိ နောက်မှီကုလားထိုင် မြင့်မြင့်တလုံးပေါ်မှာ လောက်စုန့်ဟာ ကြိုတင် ရောက် ရှိပြီး သူ့ကို စောင့်ဆိုင်းနေတာကို တွေ့ရတယ်။

ကျန်းကျူကျွန်းဟာ လောက်စုန့်နဲ့ မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ဝင်ထိုင်လိုက်တယ်။ စားပွဲထိုးက သူ့အတွက် ကော်ဖီတခွက် လာချပေးတယ်။

လောက်စုန့်ဟာ မြူတွေမသဲမကွဲဖြစ်နေတဲ့ ယန်စီမြစ်ကို တချက်လှမ်းကြည့်ပြီး ခေါင်းပြန်လှည့် လိုက် တယ်။ လူ ၃- ၄ ယောက် သာရှိပြီး ဟာလာဟင်းလင်းဖြစ်နေတဲ့ ကော်ဖီကဖေးရဲ့ ခန်းမကြီးကို ကြည့်ရင်း ကျန်းကျူကျွန်းနဲ့ ဆွေးနွေးပြောဆိုနေတယ်။ “ဟိုကိစ္စဟာ အေးအေးဆေးဆေး ပြီးသွားပြီနဲ့ တူပါတယ်။ ရဲဘော်ကို ဒီနေရာလာဖို့ ချိန်းလိုက်တာကတော့ ရဲဘော်နဲ့ ဆွေးနွေးတိုင်ပင်စရာ ရှိလို့ပါ။ အလွန်အရေးကြီးတဲ့ ကိစ္စလည်း ဖြစ်နေတယ်။ အလွန်ကို ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ရှိုပြီး အလွန်ကိုစေ့စပ်သေချာတဲ့ အမျိုးသမီးရဲဘော်တဦး လတ်တလောချင်း သွားရောက်လုပ်ကိုင်ဖို့ လိုနေလို့ပါ။ ရဲဘော် သဘောတူမှ တူပါ့မလား မသိတော့ဘူး”တဲ့။

“လောက်စုန့်” “ကျွန်မ သွားလုပ်နိုင်တဲ့ ကိစ္စဆိုရင် ကျွန်မ အစွမ်းကုန်လုံးပန်းအားထုတ် မုချပဲသွား ရောက်လုပ်ကိုင်ပါ့မယ်”လို့ ကျန်းကျူကျွန်းက အသံတိုးတိုးလေးနဲ့ အဖြေပေးလိုက်တယ်။

“ဒီကိစ္စဟာ ရဲဘော် မုချလုပ်နိုင်ရုံမက ကောင်းကောင်းလည်း လုပ်တတ်လိမ့်မယ်လို့ ကျွန်တော် ယုံ ကြည်တယ်”

“ဒါဖြင့် ကျွန်မကို ပြောပြပါ”

“ရန်သူ့ သူလျှိုတွေ ဆီလိုအပေါက်ရှာ ဝင်ရောက်ဖျက်ဆီးနေတာတွေကို တားဆီးပစ်ဖို့၊ စည်းရုံးရေးအရ တဆင့်တိုး ထိန်းညှိ ပစ်ဖို့ လိုနေသေးတယ်လို့ ပါတီအဖွဲ့အစည်းက လတ်တလော ဆုံးဖြတ်ထားပါတယ်။ တချို့ ဒေသတွေ၊ ခရိုင်အဖွဲ့အစည်းတွေ ဖျက်သိမ်း ပြီးပြီ။ ပါတီဝင် အမြောက်အမြားကိုလည်း အဆက်အသွယ် ယာ ယီဖြတ်တောက်ပစ်လိုက်ပြီ။ အမာခံ အနည်းအကျဉ်းလောက်သာ ချန် ထားတယ်။ တဦးချင်း၊ တလိုင်းသွား ဆက်သွယ်ရေးပိုက်ကွန်သာ ထူထောင်ထားတယ်။ ရဲဘော်တယောက်ဟာ အလွန်ကောင်းတဲ့ လူမှု ရေးလုပ်ငန်း အကာအကွယ် မိမိဘာသာ ရှိနေမှ သူဟာ ပါတီဝင်အများအပြားကို တာဝန်ယူဆက်သွယ်လို့ဖြစ်မယ်။ သူ့အတွက် ပါတီစိတ်ဓာတ် အလွန်ခိုင်မာတဲ့ လက်ရုံးတယောက်လည်း အပူတပြင်းလိုအပ်နေတယ်။ သူရဲ့ လုပ်ငန်းတာဝန် ကလည်း အလွန်အရေး ကြီးတယ်။ ဒါပေမဲ့ သူ့မှာ ဇနီးမယားမရှိတော့ ဟော်တယ်မှာ တကိုယ်တည်း နေထိုင်နေရတော့ ဆက်သွယ်ရ မလွယ်ဘူး။ အလွယ်တကူ ပေါက်ကြားသွားနိုင်တယ်။ အဖွဲ့အစည်းက အခု ရဲဘော်ကို အဲဒီ ပြောင်းပေးပြီး လင်မယားအတုအဖြစ် လုပ်ပေးလိုက်ပြီး သူ့ကို တကိုယ်တည်းနေထိုင်နေတဲ့ ဟော်တယ်က ထွက်ခိုင်းလိုက်မယ်။ ပြီးတော့ ဆက်သွယ်ရန်လွယ်ကူတဲ့နေရာမှာ ‘အိမ်ထောင်’တခု ထူထောင်ပေး ထားပြီး ဆက်သွယ်ရေးစခန်းအဖြစ် လုပ်သွားမယ်”။ ကျန်းကျူကျွန်းရဲ့ ပါးပြင် နှစ်ဖက်လုံး အလိုလို နီမြန်းသွား တော့တယ်။

လောက်စုန့်ဟာ အဝေးကို ကြည့်နေရာက ပြန်လှည့်လိုက်ပြီး ကျန်းကျူကျွန်းကို အာရုံပြု စူးစိုက် အကဲခတ်ရင်း သူ့ကို သတိပေးသလိုလိုနဲ့ “လုပ်ရဲပါ့မလား ရဲဘော်။ အခက်အခဲ ရှိတယ်ဆိုရင် ပြောပါ”တဲ့။

“ရဲဘော်လောက်စုန့်”။ ကျန်းကျူကျွန်းဟာ အံကိုကြိတ်ရင်း နောက်ဆုံးမှာ ခုလို ပြောလိုက်ပါတယ်။ “ပါတီအဖွဲ့အစည်းက ကျွန်မကို ခန့်ခွဲပေးလာတဲ့အလုပ်ကို ကျွန်မ အစွမ်းကုန် မုချ လုပ်ဆောင်သွားပါ့မယ်”တဲ့။

အဖွဲ့အစည်းက ကျန်းကျူကျွန်းနဲ့ အိမ်ထောင်လုပ်ပေးဖို့ လိုအပ်နေတဲ့ ရဲဘော်ဟာ အဲဒီတုန်းက ချုံကင်းမြေအောက်ပါတီ ချုံကင်းမြို့ကော်မတီဝင် ‘ဖုန်ရုန်းဝူ’ပါပဲ။ သူ ပြောင်အတိအလင်း လူမှုရေးလုပ်ငန်း အဖြစ် လုပ်နေတာကတော့  ဗဟိုထရပ်စ်ဌာနရဲ့ အလယ်အလတ်ဝန်ထမ်းပါ။

ဖုန်ရုန်းဝူဟာ ‘ဇနီး’ရှိုပြီမို့ တကိုယ်တည်း ထရပ်စ်ဌာနရဲ့ အိပ်ဆောင်မှာ နေထိုင်နေရာက ထွက်လာရ တော့တယ်။

အဲဒီအချိန်ကစလို့ ကျန်းကျူကျွန်းဟာ ဖုန်ရဲ့ ဟန်ဆောင် ဇနီးမယား ‘မဒမ်ဖုန်”ဖြစ်လာတယ်။ အဲဒီအိမ် ထောင်ရဲ့ ‘အိမ်ရှင်မ’ ဖြစ်သွားတော့တယ်။

ဒါဟာ တော်လှန်ရေးရဲ့ ထူးခြားတဲ့လိုအပ်မှုအောက်မှာ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်မှုနဲ့ ဖွဲ့စည်းထူထောင် ပေးထားတဲ့ အထူး ‘အိမ်ထောင်’ ဖြစ်တယ်။ တကယ့်လက်တွေ့ကတော့ ဒါဟာ တနေရာမှာ အလွန်လျှို့ဝှက်တဲ့ ပါတီရဲ့လုပ်ငန်းဆိုင်ရာ ရုံးးတခုပါပဲ။ လောက်ဖုန်ဆက်သွယ်ရန် လိုအပ်တဲ့ တချို့ပါတီဝင်တွေဖြစ်စေ၊ လောက် ဖုန်က လုပ်ငန်းဆိုင်ရာထင်မြင်ချက်တွေကို ပြောပြရန် လိုအပ်တဲ့ မည်သူတဦးတယောက်ကိုဖြစ်စေ လောက်ဖုန် ဟာ တခါတရံ လှည့်မကြည့်နိုင်ပါဘူး။ ဒါကြောင့် မကြာခဏဆိုသလို ကျန်းကျူကျွန်းကိုယ်တိုင် သွားရောက် ဆက်သွယ် တဆင့်ပြောပြဖို့ ခိုင်းရပါတယ်။ အထက်အဖွဲ့အစည်း တာဝန်ခံရဲဘော်တွေဟာ လောက်ဖုန်ကို ပြောရန် ဘာတွေ ရှိနေသလဲ။ ကျန်းကျူကျွန်းက တဆင့်လည်း ပြောနိုင်တယ်။ ဒီလိုနဲ့ တိုက်ပွဲအလွန်ပြင်းထန် ရှုပ်ထွေးလှတဲ့ နှစ်တွေမှာ ကျန်းကျူကျွန်းဟာ ဒီလိုအလုပ်တွေကို မအားမလပ်လုပ်နေရတယ်။ မကြာခဏ နေ့ရောညပါ လိုအပ်ရင် မရပ်မနား ပြေးလွှားနေရတယ်။

ကျန်းကျူကျွန်းဟာ အဲဒီတုန်းက ၂၃ နှစ်။ ဒီအသက်အရွယ်လောက်နဲ့ ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီး တဦးအနေနဲ့ နေ့ညမပြတ် အမျိုးသားရဲဘော်တဦးနဲ့ နေထိုင်စားသောက်မှုဘဝမှာ အတူနေရပြီး၊ ဘေးပတ်ဝန်း ကျင်ရှိလူတွေက လင်မယားအတုဆိုတာ မရိပ်မိဖို့၊ တခြားလူတွေ နည်းနည်းမှ သံသယမဝင်အောင် ကြံရဖန်ရ ခက်တဲ့ အကြပ်အတည်းတွေ ဘယ်လောက် ကျော်နင်းခဲ့ရမယ်ဆိုတာ တကယ့်ကို တွက်ဆလို့ခက်ပါတယ်။

ဖုန်ရုန်းဝူဟာ  အကျိုးခံစားခွင့် အထူးများပြားလှတဲ့ ဗဟိုထရပ်စ်ဌာနရဲ့ အလယ်အလတ် အမှုထမ်း တဦးဖြစ်တယ်။ ဒါကြောင့် သူတို့ဟာ ‘အိမ်ထောင်’ကို ဟန်ကျပန်ကျဖြစ်အောင် အတော်အသင့်ကောင်းမွန်တဲ့ အိမ်ကို ငှားရမ်းနေနိုင်တယ်။ အသင့်အတင့် ကောင်းမွန်တဲ့ အိမ်ထောင်ပရိဘောဂများလည်း ထည့်ထားနိုင်တယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ “မဒမ်ဖုန်”ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိ လာပါတယ်။ သူ့ရဲ့ ဝတ်စားဆင်ယင်မှု၊ ထုံးဖွဲ့မှုတွေနဲ့ လူမှုဆက်ဆံပေါင်းသင်းပြောဆိုမှုတွေကိုလည်း မဒမ်ဖုန်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီ အောင် လိုအပ် သလို အကုန်ထိန်းညှိခဲ့ပါတယ်။ သူ့စိတ်သဘောထားအရ ပြောရရင် ခုလိုဝတ်စားဆင်ယင်ထုံးဖွဲ့ နေထိုင်ပြော ဆိုနေရတာတွေဟာ မကြာခဏ အပေါက်အလမ်းမတည့် ဖြစ်ရပါတယ်။ ဒါပေမဲ့ သူဟာ တခုစီတခုစီကို ဟန်မ ပျက်အောင် လုပ်နိုင်ပါတယ်။

မြို့တွင်းကွက်သစ် ကော်မတီလုပ်ငန်းတွေ လုပ်ခဲ့ဖူးတဲ့ ကျန်းကျူကျွန်းဟာ အဲဒီတုန်းက ပါတီရဲ့ အသုံး စရိတ်အားလုံးဟာ ပါတီဝင်တွေက ပေးအပ်တဲ့ ပါတီကြေးအနည်းအကျဉ်းကို မှီခိုပြီး လုပ်ငန်းတွေ အသက် ဆက်ခဲ့ရတာကို စိတ်ထဲမှာ အလွန်သန့်ရှင်းလှပါတယ်။ လောက်ဖုန်ရဲ့ လခဝင်ငွေအားလုံးကို ဒီ အိမ်ထောင် အသက်ဆက်ရေးမှတပါး ပါတီရဲ့ လျှို့ဝှက်လုပ်ငန်းဌာနရဲ့ အသုံးစရိတ်အပြင် ခြိုးခြံ ချွေတာနိုင်သမျှကို ခြိုးခြံချွေတာပြီး ပါတီရဲ့ လုပ်ငန်းသုံးစရိတ်အဖြစ် ထားပါတယ်။ သူ အပြင်ထွက် အလုပ်လုပ်ရတဲ့အခါ တခါတရံ ခရီးစရိတ်လိုအပ်ပါတယ်။ ဒီအခါ သူခြိုးခြံချွေတာထားတဲ့ ငွေစငွေနလေးတွေကို သုံးပြီး အပြင်ထွက်တာပါ။ အလုပ်လုပ်ပြီဆိုရင်တော့ အပြင်မှာ စားတာသောက်တာကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒီလိုအခါမျိုးမှာ မဒမ်ဖုန် အဖြစ်နဲ့ တကိုယ်လုံး အကြီးအကျယ် ဝတ်စားပြင် ဆင်ထားရတဲ့သူ့အနေနဲ့ စားသောက်ဆိုင်ကြီးများမှာ ဝင်စား နိုင်မှ သင့်လျော်ပါတယ်။ ဒါပေမဲ့ ဒီလိုဝင်စားပြန်ရင်လည်း ငွေကြေးအကုန် အကျများမည့်အရေးကို စဉ်းစားမိ တော့ ငွေမကုန်အောင် နည်းနာ ရှာရတော့တယ်။ အနီးပတ်ဝန်းကျင်ရှိ ရင်းနှီးတဲ့မိတ်ဆွေတယောက် ယောက်ဆီ သွားပြီး ဘယ်နေရာမှာ တရုတ်နံပြားမုန့် ကောင်းသလဲမေးပြီး လူလွှတ် တရုတ်နံပြားသွားဝယ်ကာ ရေသောက် ရင်း တိတ်တိတ်ပုန်း မိမိဘာသာ အဆာပြေစားရတယ်။

ဖုန်ရုန်းဟူဟာ ဗဟိုထရပ်စ်ဌာနက ရုံးဆင်းလာမှ အိမ်ပြန်သွားပြီးနောက်မှ ပါတီလုပ်ငန်းများကို အစွမ်း ကုန် ဆောင်ရွက်ရတယ်။ ဗဟိုထရပ်စ်ဌာနနဲ့ ငွေရေးကြေးရေးလောကမှ မိတ်ဆွေတွေ လာရောက်လည်ပတ်ရင် သူဟာ လှိုက်လှဲရက်ရောတဲ့ မဒမ်ဖုန်အဖြစ် ဧည့်ခံရတော့တယ်။

လောက်ဖုန်ဟာ နေ့ရောညပါ အလုပ်များသူပါ။ လောက်ဖုန်ဟာ တခါတရံ အလုပ်ပင်ပန်းပြီး အဆုပ်တီဘီထလာတတ်တာကို သတိထားမိတော့ ကျန်းကျူကျွန်းဟာ တနွယ်ငင် တစင်ပါနေရတဲ့သူ့အဖို့ ရ တက်မအေးဖြစ်မိတယ်။ လောက်ဖုန်ကိုလည်း ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ရတော့ သူကိုယ်တိုင် လည်း ပိုမောရုံမက အခက်ပိုကြုံရပြန်တယ်။ သူဟာ နေ့တိုင်းစောစော အိပ်ရာက ထပြီး လောက်ဖုန်ကြိုက် တတ်တဲ့ အာဟာရရှိမယ့် အစားအသောက်များကို ဝယ်ယူ လုပ်ကိုင်ချက်ပြုတ်ပေးကာ သူ့ကို ကျွေးပါတယ်။ သူ တာဝန်ခံ လုပ်နိုင်သမျှကို လုပ်ကိုင်ပေးပြီး လောက်ဖုန် မလုပ်နိုင်သေးတဲ့ကိစ္စတွေကို သူအမြဲလက်ဦးမှုရှိရှိ တင်ပြပြီး အဲဒီအလုပ်တွေကို သူကိုယ်တိုင် တာဝန်ခံ လုပ်ကိုင်တော့တယ်။



၁၁။ မမျှော်လင့်ဘဲ ဖြစ်လာမှု

သာယာလှပလှတဲ့ နွေဦးရဲ့ နေ့တနေ့။ မိုးကြီးရွာပြီးနောက် မြူတွေလဲ စောစောကွဲသွားတယ်။

ကျန်းကျူကျွန်းဟာ ဒီနေ့ လုပ်စရာတွေ အမြောက်အမြား ရှိနေတယ်။ မနက်ပိုင်း ဟင်းချက်စရာဝယ်၊ အိမ်ပြန်သွားပြီးနောက် ‘ထင်မင်’သို့ သွားကာ၊ ‘ရှောက်စင်းစစ်’တဝိုက် စာသွားပို့တယ်။ အားလုံး အဆင်ပြေ ချောမောပါတယ်။ ဒါကြောင့်အစီအစဉ်ရှိရှိ ‘မင်စင်လမ်း’‘ချီရှင်ကမ်း’သို့ သွားပါတယ်။

ကျန်းကျူကျွန်းဟာ သားရေအိတ်ကိုဆွဲကာ ခြေလှမ်းမှန်မှန်နဲ့ မင်စင်လမ်းသို့ သွားနေတယ်။ အသံလွှင်ရုံ အဆောက်အအုံ၊ ‘ရှင်ဟွာနေ့စဉ်သတင်းစာတိုက်’ စီမံအုပ်ချုပ်ရေးဌာန အဆောက်အအုံတို့ဟာ မျက်စိရှေ့မှာ ပေါ် လာတယ်။

နီးလာတော့ ကျန်းကျူကျွန်းဟာ ရှင်ဟွာသတင်းစာတိုက် မျက်နှာချင်းဆိုင်ခပ်စောင်းစောင်းမှာ ထောက် လှမ်းရေးဌာနက ထူ ထောင်ထားတဲ့ စောင့်ကြည့်ရေးနေရာမှာ မမျှော်လင့်ဘဲ လူတယောက်မှ မရှိဖြစ်နေတာကို ရိပ်ခနဲမြင်လိုက်တယ်။ ပိုနီးလာတော့ ရှင်ဟွာ သတင်းစာတိုက် စီမံအုပ်ချုပ်ရေးဌာနမှ စာအုပ် ၃-၄ အုပ်ကို ချိုင်းကြားမှာ ညှပ်လျက် ထွက်လာတဲ့လူငယ်ဟာ ထောက်လှမ်းရေးရဲ့ ခြေရာခံလိုက်မှုမရှိတော့တဲ့အတွက် ဝမ်းသာအားရ ပျော်ရွှင်မြူးထူးစွာ ကျန်းကျူကျွန်းဘေးမှ ပွတ်တိုက်ဖြတ်သွားတယ်။ ဒီအခြင်းအရာ ကြောင့် ပြင်းထန်တဲ့တိုက်ပွဲဘဝတွေအတွင်း တလျှောက်လုံးနစ်မြုပ်ခဲ့ရတဲ့ ကျန်းကျူကျွန်းဟာ ခြေလှမ်းတွေ တုန့်ဆိုင်း သွားတယ်။ စီမံ အုပ်ချုပ်ရေးဌာနအတွင်းကိုလည်း လှမ်းကြည့်မိလိုက်တယ်။ အလုပ်သမား ၂ ယေက် ၃ ယောက်ဟာ အဲဒီမှာ အပူတပြင်း အလုပ်လုပ် နေတယ်။ တချို့က စားပွဲမှာ မှတ်ပုံတင်နေကြတယ်။ တချို့က စာအုပ်အသစ်တွေကို စာအုပ်စင်သို့ ရွှေ့ပြောင်းပေးနေတယ်။

စီမံအုပ်ချုပ်ရေးဌာနအဝင်ဝသို့ ရောက်တဲ့အခါ ‘အမေ’နဲ့ ‘သံမဏိသူရဲကောင်း’စာအုပ်က ရုတ်တရက် သူ့ အာရုံကို ဖမ်းစားထားလိုက်တယ်။ အဲဒီကနေ ထွက်လာတဲ့ စာဖတ်သူတွေဟာ အဲဒီလောက်အထိ စိုးရိမ်စိတ် ကင်းကင်း ကြိုက်သလို သွားလာနေသေးတာကို သူတွေ့မိပါတယ်။ သူဟာ ခြေလှမ်းတလှမ်းချင်း သတိထားပြီး ဝင်သွားလိုက်တယ်။ သူဟာ ‘သံမဏိသူရဲကောင်း’စာအုပ် အတွက် ငွေချေလိုက်ပြီး စာအုပ်ကို သူ့သားရေအိတ်ထဲ ထည့်လိုက်တယ်။ ပြီးတာနဲ့ စီမံကိန်းဌာနမှ သတိထားပြီး ခပ်သွက်သွက် ပြန် ထွက်လာလိုက်တယ်။

အရာအားလုံးဟာ အလွန်ကို ချောမောပြေပြစ်နေတယ်။ ကျန်းကျူကျွန်းဟာ ချီရှင်ကမ်းတဝိုက်သွားပြီး အဆက်အသွယ် လုပ် လိုက်ပါတယ်။ အဲဒီနောက် အလျဉ်းသင့်တာနဲ့ ရက်ပေါင်းများစွာ ကွဲကာနေတဲ့ မေမေကို တွေ့ဖို့ ကွမ်ယင်ယန်သို့ သွားပါတယ်။

မင်စင်လမ်း ရှင်ဟွာသတင်းစာတိုက်၊ စီမံအုပ်ချုပ်ရေးဌာနမှ ချီရှင်ကမ်းသို့သွားတဲ့ ဒီလမ်းကို သူအကြိမ်ပေါင်းများစွာ သွားခဲ့ဖူး ပါတယ်။ လမ်းမကြီးရဲ့ ဒီအပိုင်းလေးဟာ ဆင်ခြေလျောရဲ့ အထူးမြင့်တဲ့အပိုင်း ဖြစ်တယ်။ လန်ချားသမားတွေ အမြဲတမ်း ခန္ဒာကိုယ်ကိုယ် လေးဘက်ထောက်ကာ ကွေ့ကွေ့ကောက်ကောက် သွားမှသာ မင်စင်လမ်းမှ ချီရှင်ကမ်းသို့ တက်သွားနိုင်ပါတယ်။ ချီရှင်ကမ်းမှ မင်စင်လမ်းကို သွားပြန်တော့လည်း ဒီလမ်းပိုင်းဟာ သဲထိတ်ရင်ဖို ကြောက်စရာကောင်းတဲ့ တောင်ဆင်းလမ်းဖြစ်နေပါတယ်။ လန်ချားသမား ဟာ ဆင်ခြေလျောရဲ့ တနေရာရာကို ခြေနှစ်ချောင်းချလိုက်ပြီးနောက် လံချားလက်တံ နှစ်ခုပေါ်ကို လက်နှစ်ဖက်က တင်းတင်းကျပ်ကျပ် ဆိုပ်ကိုင်လိုက်တာနဲ့ ခြေနှစ်ချောင်းဟာ တခါတည်း မြေကြီးနဲ့ လွတ်သွားကာ ခန္ဒာကိုယ်ဟာ လေထဲမှာ တွဲလျောင်းဖြစ်သွားတော့တယ်။ လံချားကလည်း ပျံတက်သွားသလို ဆင်ခြေလျောအတိုင်း ဒုန်းစိုင်း ထွက်သွားပါတော့တယ်။ လံချားဟာ အဲဒီဆင်ခြေလျောအတိုင်း အဆုံးထိ ဒုန်းစိုင်းသွားပါတယ်။ လံချားသမားရဲ့ ခြေ ၂ ချောင်းဟာ မြေကို တချက်အသာအယာ တို့ထိလိုက်တိုင်း ခန္ဒာကိုယ်ဟာ လေထဲ တွဲလျောင်းကျသွား တယ်။ လံချားရဲ့ အရှိန်ဟာ တဖြည်းဖြည်းလျော့ကျသွားတာနဲ့အမျှ လံချားသမားရဲ့ ခြေ ၂ ချောင်းဟာ မြေ ပြင်ကို ပြန်ကျလာတော့တယ်။ လံချားသမားဟာ အဲဒီတော့မှ လံချားရဲ့ ပုံမှန်အမြန်နှုန်းနဲ့ ရှေ့ကို စတင်ဆွဲသွားတော့ တယ်။

ဒီလမ်းပိုင်းရဲ့ ဆင်ခြေလျောအတိုင်း လံချားဒုန်းစိုင်းသွားတာကို ဆွဲရဲတဲ့ လံချားသမားဆိုတာတွေ အားလုံးဟာ အတွေ့အကြုံ ကြွယ်ဝတဲ့ လံချားသမားတွေ ဖြစ်ကြတယ်။ အဲဒီမတ်စောက်တဲ့ ဆင်ခြေလျောအတိုင်း လံချားဒုန်းစိုင်းသွားတဲ့အရှိန်ဟာ အလွန်မြန်တယ်။ လမ်းဘေးက သူ့ကို ကျော်ဖြတ်သွားဖို့ စဉ်းစားလို့ကတော့ ဘယ်သူမှ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။

ကျန်းကျူကျွန်းဟာ အထူးမတ်စောက်လှတဲ့ အဲဒီလမ်းပိုင်းအတိုင်း လူသွားပလက်ဖောင်းမှ ချီရှင်ကမ်းကို နှိုင်းယှဉ်ခြင်းအားဖြင့် ညီညွတ်ပြေပြစ်တဲ့လမ်းအတိုင်း တက်သွားခဲ့တယ်။

ဘဲနှုတ်သီးဦးထုပ် ဆောင်းထားပြီး ပခုံးတွန့်ပြနေတဲ့ လူတယောက်ဟာ ကျန်းကျူကျွန်းရဲ့ ရှေ့မှာ ရုတ် တရက်ပေါ်လာတယ်။ ဒီလူရဲ့ မျက်နှာပုံကိုတော့ ရှင်းရှင်းလင်းလင်း မတွေ့လိုက်ရဘူး။ ဒီငနဲဟာ ရှေ့ကိုသွားရင်း လမ်းဘေးဆိုင်ရဲ့ မှန်ဘောင်တွေထဲမှာ တခုခုကို အမြဲရှာနေသလိုပဲ။

ကျန်းကျူကျွန်း ခြေလှမ်းတွေ ရပ်လိုက်တယ်။ အဲဒီငနဲဟာလည်း သွားနေတာကို ရပ်လိုက်တယ်။

ကျန်းကျူကျွန်း တချက်စဉ်းစားလိုက်တော့ ချက်ချင်းသတိရလိုက်တယ်။ မိမိ မင်စင်လမ်းမှ ချီရှင်ကမ်းကို တောင်စောင်းအတိုင်း စတင်တက်လာစဉ်က ဒီငနဲဟာ လမ်းမကြီးရဲ့တဖက် လူသွားလမ်းပေါ်မှာ တယောက် တည်း ထီးထီးကြီး လမ်းလျှောက်နေတာပါ။ ဘယ်အချိန်ကစပြီး လမ်းဒီဘက်ကို စတင် ရောက်လာပြီး မိမိရှေ့က သွားနေတယ်ဆိုတာကို မသိလိုက်ပါဘူး။ အဲဒီတုန်းက လမ်းတဖက်က လူသွားလမ်းပေါ်မှာ အဲဒီငနဲရဲ့ အပေါင်း အသင်းတကောင် ရှိနေတယ်။

ကျန်းကျူကျွန်းဟာ မိမိကိုယ်ကိုယ် နောက်လိုက်နောက်ပါတွေနဲ့ပါလားဆိုတာကို အသေအချာ ရိပ်စား မိလိုက်တယ်။ မိမိဟာ ထောက်လှမ်းရေး ငနဲ နှစ်ကောင်ရဲ့ မျက်ခြေမပြတ် လိုက်အကြည့်ခံနေရပြီ။ ဒီကောင် တွေကို မုချ ချက်ချင်း မျက်ခြည်ဖြတ်ပစ်ရမယ်။

လူမပါတဲ့ လံချားတစင်း လမ်းဘေးအတိုင်း ဖြည်းဖြည်းလာနေတယ်။ လမ်းဘေးမှာ လူမပါတဲ့ လံချား ဒီတစင်းပဲ ရှိတာပါ။ နောက်ထပ် မရှိပါဘူး။ ကျန်းကျူကျွန်းဟာ အဲဒီလွတ်နေတဲ့ လံချားပေါ် ရုတ်တရက် ခုန်တက်လိုက်တယ်။ မင်စင်လမ်းကို မြန်မြန် ပို့ပေးဖို့ ခိုင်းလိုက်တယ်။ တချိန်တည်းမှာ လမ်းတဖက်က သူ့ကို စောင့်ကြည့်နေတဲ့ ငနဲကို စောင်းငဲ့ပြီး တချက်လှမ်းကြည့်လိုက်တယ်။ ဒီငနဲဟာ လှစ်ခနဲ လမ်းတဖက်ရှိ သူ့အပေါင်းအသင်း ငနဲထံ ပြေးသွားတော့တယ်။ ဒါပေမဲ့ သူလည်း နောက်ထပ် ဒီငနဲ ၂ ကောင်ကို  အရိပ်အ ယောင်တောင် မတွေ့ရတော့ပါဘူး။ သူ့နားထဲမှာတော့ လေတိုက်သံ တဟူးဟူး ကြားနေရတယ်လို့ ခံစား နေရတယ်။ လံချားသမားရဲ့ တကိုယ်လုံးဟာ လေထဲမှာ တွဲလျောင်းဖြစ်နေပြီး လံချားဟာ ပျံတက်သွားသလို ဖြစ်ကာ တောင်စောင်းအတိုင်း ၃ - ၄ မီတာမက လျှော သွားတော့တယ်။ လံချားစတင် တည်ငြိမ်ပြီး ရှေ့ကို ဆွဲလာတော့ လံချားရပ်လို့ ရနိုင်တဲ့ အချိန်မှာ ကျန်းကျူကျွန်းဟာ လံချားသမားကို ချက်ချင်းရပ်ခိုင်းလိုက်တယ်။ လံချားခငွေ ချေပြီး နီးစပ်ရာတဖက် လမ်းသွယ်ကလေးထဲကို ဝင်သွားခဲ့တယ်။ ဒီလိုနဲ့ နောက်လိုက်နောက်ပါ တွေကို မျက်ခြည်ဖြတ်ပစ်လိုက်တယ်။

ပြဿနာတော့ ပေါ်နေပြီ။ ဒီမမျှော်လင့်ဘဲ ဖြစ်ပွားခဲ့မှု အားလုံးကို အဖွဲ့အစည်းသို့ မုချ အစီရင်ခံရမယ်လို့ ကျန်းကျူကျွန်း စဉ်းစားမိပါတယ်။ သူဟာ လောက်စုန့်နဲ့ အရေးတကြီး အချိန်းအချက်ပြုနိုင်ရေး တယ်လီဖုန်းနံ ပါတ်များကို နှိပ်လိုက်တယ်။

နာရီဝက်လောက်ကြာပြီးနောက် ကျန်းကျူကျွန်း လောက်စုန့်နဲ့ တွေ့ပါတယ်။

လောက်စုန့်ဟာ ကျန်းကျူကျွန်းရဲ့ အစီရင်ခံချက်ကို အေးဆေးငြိမ်သက်စွာ နားထောင်ပြီးနောက် “လောက်ဖုန်က ရဲဘော်ကို အခုလို အသွားအလာ မရဲဖို့ ပြောမထားဘူးလား”လို့ မေးပါတယ်။

“သွားတာလာတာ မရဲဖို့လား”

“ရဲဘော်လို အရေးကြီးတဲ့ လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေသူမျိုးဟာ ပါတီရဲ့ ဗြောင်အတိအလင်း ဖွင့်ထားတဲ့ ဌာနတွေကို မသွားရဘူး။ သွားရင် ခြေရာခံလိုက်သူတွေ ပေါ်လာနိုင်တယ်။ ဒါ အလွန် အန္တရာယ် ကြီးတယ်”

“ဒါဖြင့် ဘယ်လို လုပ်မလဲ”

“ရဲဘော် အခု သူတို့ကို မျက်ခြည်ဖြတ်ခဲ့ပြီးသွားပေမယ့် သူတို့ရဲဘော်ကို မုချ ထပ်ရှာလိမ့်ဦးမယ်”

“ရဲဘော် ကျူကျွန်း ပါတီအဖွဲ့အစည်း လုံခြုံရေးအတွက် ရဲဘော်ဟာ မြန်နိုင်သမျှ မြန်မြန် ဒီမြို့က ထွက်သွားပါ။ ဒီက အလုပ် အားလုံးကို ရဲဘော် ထပ်လုပ်မနေနဲ့တော့။ ဘယ်လို ထွက်ခွါသွားရမလဲ။ ဘယ်နေ ရာကို သွားရမလဲဆိုတာ ကျွန်တော် ချက်ချင်း စီစဉ် ဆောင်ရွက်ပေးမယ်”လို့ လောက်စုန့်က ပြတ်ပြတ်သားသား ချက်ချင်းဆုံးဖြတ်လိုက်တယ်။







 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်