စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday52
mod_vvisit_counterYesterday169
mod_vvisit_counterThis week708
mod_vvisit_counterLast week1243
mod_vvisit_counterThis month1433
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51688

Online Guests: 9
Your IP: 38.107.191.85
,
Today: Sep 09, 2010
အစ်မကြီးကျန်း(အခန်း -လေး)

၁၂။ အမှီခိုကင်းစွာ တိုက်ပွဲဆင်ခြင်း
၁၉၄၁ ခု နွေရာသီရဲ့ ကနဦးကာလ။
ကျန်းကျူကျွန်းဟာ မေမေကို တမ်းတသတိရနေမိတယ်။ တိုက်ဖော်တိုက်ဖက်တွေကိုလည်း ဆုံးစမရှိတဲ့ ခင်မင်တွယ် တာစိတ်နဲ့ ကမန်းကတမ်း နှုတ်ဆက်ပြီး တောင်ပေါ်မြို့ ချုံကင်းမှ ဇိချွမ်းပြည်နယ် အနောက်ပိုင်း မြေပြန့်ဒေသမြို့ဖြစ်တဲ့ ချိန်တူး သို့ ထွက်ခွာ လာတော့တယ်။
လောက်စုန့်က ခွဲခွာကာနီးမှာ “ရဲဘော်ရဲ့ စည်းရုံးရေးဆက်သွယ်မှုဟာ ချုံကင်းမှာပဲ ရှိနေသေးတယ်။ ရဲဘော်ဖုန်ရုန်း ဝူရဲ့ လက်ထဲမှာပဲ ရှိသေးတယ်။ သိပ်မလိုအပ်တဲ့ ကိစ္စမျိုးဆိုရင် ဆက်သွယ်မနေနဲ့။ ချိန်တူးမှာ အရာရာ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး မိမိဘာသာ တာဝန်ယူ လေ့လာဆည်းပူး တိုက်ပွဲဝင်သွားရလိမ့်မယ်”လို့ သူ့ကို အထပ်ထပ် မှာကြားလိုက်တယ်။
ချိန်တူးကို ရောက်ပါပြီ။ ကျန်းကျူကျွန်းက အခု နင်ဟာ လေ့လာဆည်းပူးပြီး မိမိဘာသာ အမှီခိုကင်းကင်း တိုက်ပွဲ ဝင်သင့်ပြီ။ ပြဿနာက မိမိရဲ့ မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဒီအချိန်ဒီနေရာမှာ ဘယ်လိုလုပ်သင့်သလဲလို့ စဉ်းစားနေရခြင်းပဲ်။
ဟယ်လီလိဟာလည်း လုပ်ငန်းတွေ ရုပ်သိမ်းထားပြီး ချိန်တူးကို ပြန်ရောက်နေပါတယ်။  ချုံကင်းမှာ ယခင်က ကျန်း ကျူကျွန်း သိကျွမ်းခဲ့တဲ့ ‘ဖန်ယို့ကျုန်း’ဟာ အခု ချိန်တူးမှာ အလုပ်လုပ်နေပါတယ်။ နေတော့လည်း အလုပ်ဌာနက အဆောင်မှာ တကိုယ်တည်း နေထိုင်တာပါ။ ကျန်းကျူကျွန်းဟာ သူတို့တတွေနဲ့ ချိန်တူးမှာ ပြန်ဆုံပြီးနောက် မချိန်းဆိုဘဲ တနေရာမှာ စုမိကြတော့ ချိန်တူးမှာ ကျန်းကျူကျွန်းနေလို့ရအောင် ဘယ်လိုကူညီဖြေရှင်းကြမလဲဆိုတာကို အချင်းချင်းပြောဆို ဖြစ်ကြ ပါတယ်။
သူ့အတွက် လူ့အဖွဲ့အစည်းအတွင်း သင့်တော်တဲ့ အလုပ်အကိုင် တခုခုများ ကူညီရှာဖွေ ပေးနိုင်မလား။ လူ့အဖွဲ့ အစည်းအတွင်းမှာ အလုပ်အကိုင် ရရှိဖို့ အခွင့်အလမ်း အလွန်နည်းလှတဲ့ ချိန်တူးမှာ အလွန်ထူးခြားတဲ့ လူမှုဆက်ဆံရေး မရှိ လို့ကတော့ အလုပ်အကိုင်ရှာဖွေရေးလည်း မဖြစ်နိုင်ပါဘူး။
စဉ်းစားလို့ရတဲ့ တခုတည်းသော နည်းလမ်းကတော့ တက္ကသိုလ်စာမေးပွဲ ဝင်ဖြေရေးပါပဲ။ ချိန်တူး တက္ကသိုလ် တခုခုကို တက်ရောက်ဖို့ စာမေးပွဲဝင်ရောက်ဖြေဆိုမယ်ဆိုရင် ချိန်တူးမှာ တရားဝင်နေထိုင်ရေး အခွင့်သင့်နိုင်ပါတယ်။ အတိုင်း အတာအရ အကြီးဆုံး၊ သမိုင်းသက်တမ်းအရလည်း အရှည်ဆုံးဖြစ်တဲ့ ဇိချွမ်းးတက္ကသိုလ်ကို ဝင်ခွင့်ရအောင်သာ ဖြေဆိုနိုင်ရင် ချိန်တူးမှာ တရားဝင် နေထိုင်သွား နိုင်ရုံမက ဆရာတွေ၊ ကျောင်းသားတွေ အများဆုံးဖြစ်တဲ့ ကျောင်းမှာ ပါတီလုပ်ငန်းတွေကို ပိုပြီး အလွယ်တကူ ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။
မိမိဘာသာ ရွေးချယ် ဆောင်ရွက်သင့်တဲ့ကာလ ရောက်နေပါပြီလို့ ကျန်းကျူကျွန်းစိတ်ထဲမှာ သဘောပေါက် နား လည်နေပါတယ်။ သူဟာ အထက်တန်းပညာကို တနှစ်ခွဲလောက်သာ သင်ယူခဲ့ဖူးသူပါ။ အထက်တန်းအောင်ပြီးသား ကျောင်းသားအဖြစ် စာမေးပွဲဝင်ဖြေဖို့ အမည်စာရင်းတင်သွင်းရေးဟာ တစုံတရာ အခက်အခဲ ရှိနိုင်ပါတယ်။ သူဟာ ၃- ၄ နှစ် သင်ယူခဲ့ပြီးသာပါလို့ ဆိုစေဦးတော့ ကျောင်းမတက်တော့တဲ့အချိန်မှာ မိမိရဲ့ ကိုယ်အားဉာဏ်အားထုတ်ပြီးတော့ ပါတီလုပ်ငန်း တွေ လုပ်နေခဲ့သူပါ။ ပိုဆိုးတာက ဝင်ရောက်ဖြေဆိုမယ့် တက္ကသိုလ်ကလည်း ရွေးချယ်လက်ခံမယ့်လိုင်းတွေဟာ နှိုင်းယှဉ်ခြင်း အားဖြင့် ပိုမြင့်တဲ့ တက္ကသိုလ်ဖြစ်နေပြန်တယ်။
စာမေးပွဲဖြေဆိုဖို့ အချိန်ကလည်း ၂ လသာ ကျန်တော့တယ်။ “လောက်စုန့်က မိမိဘာသာ လေ့လာဆည်းပူးပြီး မိမိဘာသာ အမှီခိုကင်းကင်း တိုက်ပွဲဝင်ရလိမ့်မယ်လို့ အထပ်ထပ် မှာခဲ့တယ် မဟုတ်လား”။ သူက “ဒါဟာ တိုက်ပွဲဝင်ဖို့ အခွင့်အခါကောင်းလို့ ဆင်ခြင်သုံးသပ်လိုက်ပြီး နည်းနည်းလေးမှ တုန့်ဆိုင်းတွေဝေ မနေတော့ဘဲ အားကြိုးမာန်တက် လုပ်ရ တော့မယ်”လို့ စဉ်းစားထားချက်ကို ဖန်ယို့ကျုန်းနဲ့ ဟယ်လီလိကို သူက ရှင်းပြလိုက်ပါတယ်။ “အခု ကျွန်မ ဇိချွမ်း တက္က သိုလ်တက်ဖို့ စာမေးပွဲ ဝင်ဖြေဖို့ ဆုံးဖြတ်လိုက်ပြီ”။ “တကယ်လား”“အဟုတ်ကို အဲဒီလိုဆုံးဖြတ်လိုက်ပြီလား”“ရဲဘော်ကို တို့ကူညီနိုင်ပါလိမ့်မယ်”။“ကျွန်မ အထက်တန်းကျောင်းထွက် လက်မှတ် လိုနေသေးတယ်”။“ကိစ္စမရှိပါဘူး”ဖန်ယို့ကျုန်းဟာ ဟယ်လီလိကို ကြည့်ရင်း “အထက်တန်းကျောင်းထွက်လက်မှတ်အတွက် စိတ်သာချ။ ကူညီရှာပေးနိုင်တယ်”ပြောလိုက်တယ်။
“ဘာလိုသေးလဲ”
ဒါကတော့ ကိစ္စကြီးပဲ။ ချုံကင်းကို စာရေးပြီး အဖွဲ့အစည်းကို အစီရင်ခံမှ သင့်မယ်လို့ ကျန်းကျူကျွန်း စဉ်းစားမိပါ တယ်။ ဒါပေမဲ့ ဒီကိစ္စကို သူပြောမထွက်ဘူး။ “ဒါ့အပြင် ကျွန်မ ဘာမှမလိုတော့ပါဘူး။ ၂ လသာလိုတော့တာမို့ ကျွန်မ ဒီကာလကို အပြည့်အဝ အသုံးချသွားရပါမယ်။ အထက်တန်း ၃ နှစ်တာ သင်ရိုးများကို မသင်ဖူးသေးတဲ့ သင်ခန်းစာများအပါ အားလုံးကို ပြန်နွှေးပြီး ဖြစ်ရပါမယ်” လို့သာ ပြောထွက်ခဲ့တယ်။
ချိန်တူးရဲ့နွေရာသီဟာ ချုံကင်းထက် အေးပါတယ်။ ဒါပေမဲ့ ချုံကင်းက ပိုစိုထိုင်းပြီး လေထုက အသက်ရှူကျပ်လှ တယ်။ ခြင်လည်းပေါပါတယ်။ ကျန်းကျူကျွန်းကတော့ အဲဒီတုန်းက ဘာမှ မခံစားရသလိုပါပဲ။ ပူအိုက်တဲ့နွေရာသီရဲ့ အိုက် စပ်စပ်နဲ့ အသက်ရှူကျပ်မှု၊ ခြင်တွေရဲ့ တဝီဝီအော်သံတွေအကြား ချွေးသီးချွေးးပေါက်တွေကြောင့် သင်ခန်းစာစာအုပ်တွေ ချွေးစိုကုန်ပေမယ့် သူဘာကိုမှ အလေးဂရုမပြုနိုင်ပါဘူး။ မိမိမျက်နှာပေါ်နဲ့ လက်မောင်းတွေပေါ်က ချွေးသီးချွေးပေါက်များကို သုတ်မိရဲ့လား။ ခြင်တွေကို လက်နဲ့ ဝှေ့ယမ်း လို့မှ ခြောက်မိပါရဲ့လားဆိုတာကိုတောင် မသိပါဘူး။


ချုံကင်းက လောက်ဖုန်ရဲ့ ပြန်စာက သူ့ကို သတ္တိပိုတိုးလာစေတယ်။ လောက်ဖုန်ရဲ့ ပြန်စာက ရဲဘော်လောက်စုန့်က ခွင့်ပြု လိမ့်မယ်ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မလိုပါဘူးတဲ့။ စာထဲမှာ “မျှော်မှန်းချက်ပန်းတိုင် ရှိသူတွေဟာ အရာကိစ္စတွေ ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါတယ်။ ရဲဘော်ဟာ စောစွာကတည်းက တက္ကသိုလ်ကို တက်ရေး အိပ်မက်လှလှလေး တွေး မက်ခဲ့သူပါ။ ရဲဘော်ရဲ့ နှစ်ပေါင်းများစွာက အိပ်မက်ဟာ လက်တွေ့အကောင်အထည် ဖော်နိုင်ပါပြီ”လို့ ရေးထားတယ်။
စာမေးပွဲဝင်ရောက်ဖြေဆိုဖို့ နာမည်စာရင်းတင်သွင်းရာမှာ ပြင်ဆင်ရန်လိုအပ်တဲ့ အထက်တန်းအောင် လက်မှတ် လည်း ငှားထားပြီးပြီ။ ဒါပေမဲ့ သူ့အမည်၊ အသက်တွေလည်း ဒါကြောင့် အားလုံး ပြင်လိုက်ပြီ။
ကျန်းကျူကျွန်းဟာ ဒီအထက်တန်းအောင်လက်မှတ်ကို ယူသွားပြီး၊ ဇိချွမ်းတက္ကသိုလ်သို့ စာမေးပွဲဝင်ရောက် ဖြေဆို ရန် နာမည်စာရင်းတင်သွင်းချိန်မှာ သူဟာ ဇယားကွက်အသီးသီးမှာ မိမိနာမည်၊ အသက်၊ ဇာတိစတဲ့ အချက်တွေကို ရေးဖြည့်တဲ့အခါ မိမိရဲ့ တကယ့်အမည်ကို မရေးဘဲ သူများနာမည်ကို အစားထိုးရေးခဲ့တယ်။ အဲဒီလို အစားထိုးရေးလိုက် တဲ့အမည်က ‘ကျန်းစစ်ဝေ’....တဲ့။

၁၃။ တက္ကသိုလ်ကျောင်းသူဘဝ
၂ လတာ ကျားကုပ်ကျားကဲ လုံးပန်းအားထုတ်လိုက်တော့ အထက်တန်းနောက်ဆုံး (တတိယ) နှစ်ရဲ့ သင်ခန်းစာ တွေကို ပြန်နွှေးလို့ ပြီးသွားပါပြီ။ နောက်ဆုံးမှာ ကျန်းကျူကျွန်းဟာ အဲဒီတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မြင်ခဲ့တယ်။ သူဟာ အဲဒီခေတ်က မိဘမဲ့မူလတန်းကျောင်းက မူလတန်းအောင်မြင်ပြီးနောက် အထက်တန်းကို တနှစ်ခွဲလောက်သာ တက်ရောက် သင်ကြားခဲ့ရတယ်။ ယခုအခါ ကျူကျွန်းဟာ ဇိချွမ်းတက္ကသိုလ် လယ်ယာစိုက်ပျိုးရေးကောလိပ်၊ သစ်ပင်ရောဂါနဲ့ ပိုးမွှား အန္တ ရာယ်ဌာနက ကျောင်းသူ ဖြစ်နေပါပြီ။


သူဟာ ကျောင်းဝင်ခွင့်အတွက် လုပ်စရာရှိတာတွေကို လုပ်ဆောင်ပြီး ဇိချွမ်းတက္ကသိုလ် အမျိုးသမီးဘော်ဒါဆောင်မှာ ဝင် ရောက်နေထိုင်ပြီးနောက် မေမေ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ရတယ်။ သူချုံကင်းမှ လုပ်ငန်းတွေ ရုပ်သိမ်းပြီး ချိန် တူးပြန်လာတုန်း အထက်တန်းကျောင်း သင်ခန်းစာတွေကို အစွမ်းကုန်သွားရောက် ပြန်နွှေးနေရတဲ့အချိန်မှာ မေမေကွယ်လွန် ခဲ့တာပါ။ မေမေရဲ့ နောက်ဆုံးခရီးမှာ မေမေရဲ့ မျက်နှာကို မရှုမြင်လိုက်ရတဲ့အတွက် ကြေကွဲမှုကို အလွန်ခံစားရတယ်။ ဒါပေမဲ့  အခက်အခဲများအတွင်း စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ အညံ့မခံဘဲ အဆင်းရဲ အပင်ပန်းခံ လုံးပန်းတိုက်ခိုက်တဲ့ မေမေရဲ့ စိတ်ဓာတ် က သူ့ကိုအလေးအနက် တမ်းတ သတိရစေတယ်။ မိမိအား ပါတီရဲ့ လုပ်ငန်းတွေကို ရဲဝဲ့စွာ ရှေ့ရှူချီတက် တိုက်ပွဲဝင်သွားဖို့ စေ့စော်အားပေးလျက်ရှိတယ်။

 


“အရိုးရှင်းဆုံးရုပ်သွင်ဟာ အလျှို့ဝှက်ဆုံးလူ ဖြစ်တယ်”တဲ့။ လောက်စုန့်က သူကို ပြောခဲ့တဲ့ စကားပေါ့။ ကျန်းကျူး ကျွန်းဟာ ဒီတချီမှာတော့ မိမိဟာ ဇိချွမ်းတက္ကသိုလ်မှ ပညာသင်ယူနေတဲ့ဘဝရဲ့ စံချိန်စံညွှန်းတွေနဲ့ စံမီသူဖြစ်လာတယ်။ ချုံကင်းမှာ ‘မဒမ်ဖုန်’ (ဖုန်ရုန်းဝူရဲ့ ဇနီး) အဖြစ်လုပ်ရတုန်းကလည်း အဲဒီလို လူ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာနဲ့ ဆီလျော်ရေး အတွက် သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ရပါတယ်။ ဇိချွမ်းတက္ကသိုလ်မှာ သူဟာ တက္ကသိုလ်ကျောင်းသူတွေ အမြဲဝတ်လေ့ရှိတဲ့ တကိုယ်လုံးအင်္ကျီရှည်ကို စုံစုံမက်မက် ဝတ်ပါတယ်။ ဆောင်းကူးရာသီဆိုရင် တရုတ်အမျိုးသမီးဝတ် အပြာ ရောင် ဂါဝန်ရှည်၊ ဆောင်းရာသီရောက်တော့ တရုတ်အမျိုးသမီးဝတ် ဂါဝန်ရှည်၊ သိုးမွေးအနီရောင် အပေါ်ဝတ်အင်္ကျီ၊ နွေရာသီ မှာတော့ အရောင်ဖျော့ဖျော့ အမျိုးသမီးဝတ် ဂါဝန်ရှည်လက်တိုကို ဝတ်ဆင်တတ်တာမို့ သူဟာ ရိုးစင်းတဲ့၊ တည်ကြည်တဲ့ အိနြေ္ဒရှိတဲ့ ပုံလည်းပေါ်လာပါတယ်။

 


ကျန်းကျူးကျွန်းဟာ ပါတီအဖွဲ့အစည်းက အထပ်ထပ် မှာကြားထားတဲ့“ကွန်မြူနစ်ပါတီတဝင်တိုင်းဟာ ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် အပတ်တကုတ် ဆည်းပူးလေ့လာရေး၊ လုံးပန်းအားထုတ် အလုပ်လုပ်ရေး၊  မိတ်ဆွေအပေါင်းအသင်း များ အမြဲတမ်း ကြိုးစားရှာဖွေရေး”ဆိုတာတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ စိတ်မှာ အထူးစွဲလမ်းနေတယ်။ တိုတောင်းလှတဲ့ အချိန်အတွင်း အမြန်ပြီးမြောက်အောင် စောက်ချလေ့လာမှုတွေကို ပြုလုပ်ပြီး ဇိချွမ်းတက္ကသိုလ်စာမေးပွဲ ဖြေဆိုရေးကို ပြင်ဆင်တော့မှ တချို့ သင်ခန်းစာတွေမှာ နားလည်သဘောပေါက်ဖို့ အတော်လိုနေသေးတယ် ဆိုတာကို သူလေးလေးနက်နက် သိရှိပါတယ်။ ဥပမာ - တက္ကသိုလ်က ဓာတုဗေဒ ဆိုပါစို့။ အထက်တန်းတက်စဉ်ကတည်း ဒီဘာသာရပ် ကို မသင်ခဲ့ဖူးဘူး။ ဒါကြောင့် လေ့လာရာမှာ နည်းနည်းပါးပါး အားစိုက်လုပ်ရတယ်။ ပြီးတော့ ဒီဘာသာရပ်ဟာ သစ်ပင်ရောဂါနဲ့ ပိုးမွှားအန္တရာယ်ဌာနရဲ့ အရေးကြီးတဲ့ ဘာသာရပ်တခု ဖြစ်တယ်။ သူဟာ မိမိဘာသာ လေ့လာခြင်းအားဖြင့် ဒီဘာသာရပ်ကို အမီလိုက်နိုင်ရမယ်။ ဒီလို အပြင်းအထန်လေ့လာဖို့ တောင်းဆိုမှုတွေ ရှိနေတာကြောင့် သူဟာ ဘာသာရပ်တိုင်းမှာ ဆရာရှင်းလင်းပြောဆိုချက်ကို အမြဲ အာရုံစူးစိုက် နားထောင်တယ်။ တခါမှ သင်တန်း ပျက်ကွက်မှု မရှိခဲ့ဖူးဘူး။ ကျောင်း ဆင်းပြီးနောက်လည်း ဂရုတစိုက် ဖိဖိစီးစီး ကိုယ်တိုင်လေ့လာတယ်။ ဒီနေ့ သင်ခန်းစာကို ဒီနေ့ပဲ ပြန် နွေးပြီး ကျေညက် စေတယ်။ ဇိချွမ်းတက္ကသိုလ်တက်ပြီး မကြာမီ သူဟာ ဘာသာရပ်တိုင်းမှာ ရမှတ်တွေအားလုံး အဆင့် မီလာတယ်။


ဒါတွေက ကျန်းကျူကျွန်းကို ဇိချွမ်းတက္ကသိုလ်တက်ရင့်း  မိတ်ဆွေပေါင်းသင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံရေး အ တွက် အခြေအနေ အကြောင်းအချက်တွေကို ဖန်တီးပေးလိုက်တယ်။ လောက်ဖုန်ကတဆင့် ပါတီက သူ့အတွက်ပေးလိုက်တဲ့ ညွှန်ကြားချက်ကတော့ သူဟာ အဲဒီဒေသရှိ ပါတီအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ကာ လူထုလုပ်ငန်းကို များများလုပ်ပြီး၊ တော်လှန်ရေးအင်အားများကို အစွမ်းကုန် ကြီးထွားလာစေရမယ်လို့ဆိုတယ်။ သူက ဇိချွမ်းတက္ကသိုလ်ရဲ့  “စာပေကလောင် ရှင်များအသင်း”ဟာ ကျောင်းသူကျောင်းသားများ အကြားမှာ တစုံတရာ သြဇာသက်ရောက်မှု ရှိနေတာကို တွေ့တာနဲ့ အဲဒီအသင်းထဲကို ဝင်လိုက်ပြီး၊ ကျောင်းနေဘက် ကျောင်းသူကျောင်းသားများနဲ့အတူ ပူးပေါင်းလှုပ်ရှားတော့တယ်။ ဇိချွမ်း မြေအောက်ပါတီရဲ့ ပြင်ပအဖွဲ့အစည်း “ပြည်သူ့သမဂ္ဂ” က သူ့ကို အဖွဲ့ဝင် ဖြစ်ရန် တောင်းဆိုမှုအရ သူဟာ အဖွဲ့ဝင်ဖြစ် လာတယ်။ ဒါပေမဲ့ “ပြည်သူ့သမဂ္ဂ”ရဲ့ ခေါင်းဆောင်မှုလုပ်ငန်းမှာတော့ မပါဝင်ဘူး။ သူ့ဟာ လှုပ်ရှားမှုအားလုံးကို အလွန်ဂရုစိုက် ဆောင်ရွက်ပါတယ်။ တနေ့တာ အချိန်အတွင်း ဘာပြဿနာရှိရှိ ကျောင်းနေဘက် ကျောင်းသူကျောင်းသားများအကြား အချင်းချင်းအပြန်အလှန် ရင်ဖွင့်ပြောဆိုတဲ့ပုံစံဟာ တဖက်သားကို နားလည်သဘောပေါက်စေတယ် ဆိုတာကို တွေ့ရှိလိုက် ရတယ်။


ကျန်းကျူကျွန်း ဇိချွမ်းတက္ကသိုလ် တက်တဲ့ ၁၉၄၄ ခုနှစ် ဆောင်းကူးရာသီဟာ တကယ်တော့ စစ်မျက်နှာ နောက်ပိုင်းမှာ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အရှိန်အဟုန်ကောင်းကောင်းဖြင့် ပေါ်ထွက်နေတဲ့ကာလဖြစ်တယ်။ ချိန်တူး တက္ကသိုလ် ၅ ခုက အောက်တိုဘာ ၄ ရက်နေ့က ‘ဟွာရှီးပ’မှာ ကမကထပြု ကျင်းပခဲ့တဲ့ နှီးနှောဖလှယ်ပွဲမှာ ပါတီရဲ့ဆော်သြော်ချက်ဖြစ်တဲ့ “ကူမင်တန် တပါတီအာဏာရှင်စနစ်ကို အဆုံးသတ်ပစ်၊ ညွန့်ပေါင်းအစိုးရထူထောင်”ဆိုတဲ့ ကြွေးကြော်သံတွေ အသံကျယ်ကျယ် ပေါ်ထွက်လာတယ်။ ဒီနှီးနှောဖလှယ်ပွဲကို ပါဝင်ခဲ့တဲ့ လူထု ၂ဝဝဝ ကျော်က ဒီဆော်သြ ချက်ကို  ချိန်တူးတမြို့လုံးအတွငိး အလျင်အမြန် ပျံ့နှံ့သွားစေတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ချိန်တူးမြို့တော်ဝန်နဲ့ ရဲဌာန အုပ်တို့က အမျိုးသမီးအထက်တန်းကျောင်းမှ ကျောင်းသူများကို ဖိနှိပ်တဲ့ ဖြစ်ရပ်အား ဆန့်ကျင်ရေးအတွက် ချိန်တူး ကျောင်း သူကျောင်းသား တသောင်းကျော် စုဝေး စီတန်းလှည့်လည်ဆန္ဒပြကြတယ်။ ၁၉၄၅ ခုနှစ်မှာ အသင်းအဖွဲ့ ၁ဝ၈ ခုက ကမကထပြုပြီး ‘ဟွာရှီးပ’မှာ လူ ၃- ၄ ထောင်ပါဝင်ပြီး၊ စည်ကားသိုက်မြိုက်လှတဲ့ မီးပုံပွဲတရပ် ပြုလုပ်ခဲ့တယ်။ အဲဒီ မီးပုံပွဲမှာ မေလ ၄ ရက်နေ့စိတ်ဓာတ်ကို ဖြစ်ထွန်းတိုးပွားရေး၊ ကူမင်တန်တပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ညွန့်ပေါင်းအစိုးရ ထူထောင် ရေးတို့ကို တိုက်တွန်းနိုးဆော်ခဲ့တယ်။ အဲဒီနှစ်မှာပဲ ကူမင်း (ခွန်မင်း) မှာ  ‘၁၂-၁ ’သွေးထွက်သံယိုမှု (လူသတ်ပွဲ) ကြီး ဖြစ်ပွားပြီးနောက် ချိန်တူးရှိ တက္ကသိုလ်နဲ့ အထက်တန်းကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက နောက်ပိုင်းကူညီရေးအသင်းကို ချက်ချင်း ထူထောင်လိုက်တယ်။ ကျန်းကျူးကျွန်းဟာ လက်ငင်းအခြေအနေရဲ့ ဖြစ်ပေါ်တိုး ပွားမှုကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လူထုကို တိတ်တဆိတ် စည်းရုံးပြီး တိုက်ပွဲဝင်ပါတော့တယ်။  တိုက်ပွဲကို အေးဆေး တည်ငြိမ်စွာ အကဲခတ်တာ၊ တိုက်ပွဲအတွင်း ပေါ်လာနိုင်တဲ့ ပြဿနာများကို အကဲခတ်တာနဲ့ နောင်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတို့ကို အကဲခတ်တာလုပ်ရင်း သူဟာ သိသိသာသာ ပိုမိုရင့်ကျက်လာတယ်။


ခန္ဓာကိုယ်က ချိန်တူးမှာ ရှိနေပေမယ့် ချုံကင်းမှာ လောက်ဖုန်နဲ့ အတူတူနေထိုင်ခဲ့ရတဲ့ အဲဒီနေ့ရက်များကို ကျန်းကျူ ကျွန်း အမြဲသတိရနေမိတယ်။ လောက်ဖုန်နဲ့ စာရေးအဆက်အသွယ်လုပ်ပြီးတဲ့အခါတိုင်း သူ့ဟာ အမြဲတမ်း စိတ်သောက ရောက်မိတယ်။ သူ့ ရဲ့လုပ်ငန်းတွေ ဘယ်လိုများ ဖြစ်နေပြီလဲဆိုတာလည်း မသိရတော့ပါလား။ သူ့ရဲ့ ကျန်းမာရေးဟာ အပူ တပြင်းလုပ်နေရတဲ့ အလုပ်တွေကို ခံနိုင်ရည်ရှိအောင်မှ သံခဲတင်နိုင်ပါ့မလား။ လောက်ဖုန်ရဲ့စာထဲမှာလည်း တူညီတဲ့ အပြန် အလှန် သံယောဇဉ်ရှိတဲ့ပုံ ပေါ်နေတယ်။ ကျန်းကျူကျွန်းဟာ နောက်ဆုံးမှာ သူတို့အကြား ဘယ်တုန်းကမှ မစဉ်းစားဖူးတဲ့ ပြဿနာ ပေါ်တော့မယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ ၁၉၄၅ ခုနှစ်မှာ ဖုန်ရုန်းဝူက သူ့နဲ့ လက်ထပ်ရေးကို တောင်းဆို လာတယ်။ ပါတီအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်လည်း ရရှိပါတယ်။ အဲဒီနှစ် နွေရာသီ ကျောင်းပိတ်ရက်မှာ ကျန်းကျူကျွန်းဟာ ချုံကင်းသို့ ပြန်သွားခဲ့ပြီး ဖုန်ရုန်းဝူနဲ့ လက်ထပ်လိုက်ပါတယ်။ ဒီတော့မှ တကယ့် ဇနီးမောင်နှံ ဖြစ်သွားတော့တယ်။ ဒါပေမဲ့ သူတို့ ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း လက်ထပ်ပြီးနောက် ဇိချွမ်းသို့ ပြန်သွားပြီး တက္ကသိုလ်ကို တက်မြဲတက်နေပါတယ်။

၁၄။ မိုးသက်မုန်တိုင်း


ဇိချွမ်းတက္ကသိုလ် ကျောင်းဥယျာဉ် အတွင်းမှာ အပတ်တကုတ် ကြိုးစားမြဲ ကြိုးစားနေတဲ့ ကျန်းကျူကျွန်းဟာ အဲဒီအချိန်မှာ မိုးသက်မုန်တိုင်း ကျမလာမီ သိမ့်သိမ့်တုန်ခါမှုကို ပြင်းထန်စွာ ထိတွေ့ခံစား ရပါတယ်။ ကူမင်းမှ ပြည်ချစ်ကျောင်း သားများက ကမကထပြုတဲ့ အမေရိကန် ဝင်ရောက်စွက်ဖက် ကျူးကျော်မှုအား ဆန့်ကျင်ရေး၊ နိုင်ငံနဲ့အဝန်း ပြည်တွင်းစစ်ဖြစ် ပွားနေမှုကို ဆန့်ကျင်တဲ့ ပြည်ချစ်လှုပ်ရှားမှုတို့ဟာ ကူမင်တန်ထောက်လှမ်းရေးရဲ့ သွေးထွက်သံယို နှိပ်ကွပ်မှုနဲ့ ရင်ဆိုင်လိုက် ရတယ်။ ချုံကင်းနယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်များက ကမကထပြုတဲ့ နိုင်ငံရေးအတိုင်ပင်ခံအစည်းအဝေး အောင်မြင်မှုကို ဂုဏ်ပြုတဲ့ လူထုအစည်းအဝေးဟာလည်း မမျှော်လင့်ဘဲ ကူမင်တန်ထောက်လှမ်းရေးရဲ့ ဖျက်ဆီးမှုနဲ့ ကြုံတွေ့ခဲ့ရပြန်တယ်။ အကြိမ်ကြိမ် တုတ်တပျက်ဓားတပျက် အကြီးအကျယ် ထိုးနှက်တိုက်ခိုက်ပြီး၊ ကြောက်ခမန်းလိလိ တုန်လှုပ်ချောက်ချားဖွယ် ကောင်းတဲ့‘စန်ပိုင်ထန်’အရေးအခင်းနဲ့ သွေးညှီနံ့ဟောင်သွားစေတဲ့ ‘ကျောက်ချန်ခို’အရေးအခင်းတို့ကို ဖန်တီးလိုက်တယ်။ ဒီအရေးအခင်းတွေမှာ ပြည်တွင်းစစ်ကို ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအတွက် ကြွေးကြော်ပြေးလွှားနေတဲ့ တပြည်လုံးက ကြော်ကြားတဲ့ ဒီမိုကရေစီပုဂ္ဂိုလ်များနဲ့ မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ အလုပ်သမားနဲ့ ကျောင်း သားအမြောက်အမြားဟာ၊ ရက်ရက်စက်စက် ရိုက်နှက်၊ ဖမ်းဆီးတာခံခဲ့ရတယ်။ ချိန်တူး နယ်ပယ်အသီးသီးက ပြည်သူတွေ ဟာ ကူမင်း ‘၁၂-၁’လူသတ်မှုအား ဆန့်ကျင်တဲ့ သပိတ်ကို ထောက်ခံတဲ့ အကူသပိတ်၊ ချုံကင်း‘စန် ပိုင်ထန်’‘ကျောက်ချန်ခို’ တို့ မှာ ခြိမ်းခြောက်မှုခံရသူတွေရဲ့ တရားသော ချီတက်မှုကို ထောက်ခံတဲ့ အကူသပိတ်ဟာလည်း ထိုနည်းတူ ကူမင်တန် ဖောက် ပြန်ရေးသမားတွေရဲ့ နှိပ်ကွပ်မှုကို ခံလိုက်ရတယ်။


စစ်ကာလအတွင်း ဗရုတ်ဗရက် ဖြစ်မှုတွေ ရှည်ကြာလာတော့ ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေတဲ့ တရုတ်ပြည် သူတွေဟာ အမေရိကန် နယ်ချဲ့ရဲ့ ကူညီထောက်ပံ့ခံ ကူမင်တန်ပါတီကို စောင့်ကြည့်လာကြတယ်။ တဖက်မှာ “ငြိမ်းချမ်းရေး အ တွက် ဆွေးနွေးရေး” “ပြည်တွင်းစစ် ကြားဝင် ဖြန်ဖြေရေးအလံ”ကို မြင့်မြင့်မားမား လွှင့်ထူရင်း၊ တဖက်မှာတော့ အမေရိကန်က စေလွှတ်လိုက်တဲ့ လေယာဉ်ပျံ၊ စစ်သင်္ဘော၊ ကားတပ်တွေနဲ့ သိန်းသန်းချီတဲ့ ကူမင်တန်စစ်တပ်တွေကို ပြည်တွင်းစစ် ရှေ့တန်း စစ်မျက်နှာသို့ တောက်လျှောက် တင်ပို့နေတယ်။ မဟာတံတိုင်းအတွင်းအပြင်၊ ယန်စီမြစ်၊ မြစ်ဝါမြစ်၊ တရုတ်ပြည် အလယ်ပိုင်း လွင်ပြင်ဒေသကြီးတို့မှာ ပြည်သူ့တပ်မတော်ကို ထိုးစစ်ဆင်ရင်း၊ တရုတ်တပြည်လုံးကို ပြည်တွင်းစစ်သွေးပင်လယ်အတွင်းသို့ တွန်းပို့လိုက်ပါတယ်။


ကျန်းကျူကျွန်းဟာ ဇိချွမ်းတက္ကသိုလ် ကျောင်းဥယျာဉ်အတွင်းမှ ကျောင်းနေဘက်သူငယ်ချင်းတွေ နိုးကြားလာပြီး၊ တရုတ်ပြည် ပြည်တွင်းစစ်အတွင်း အမေရိကန် ဝင်ရောက်စွက်ဖက်နေမှုကို ဆန့်ကျင်ရေး၊ ကူမင်တန် ဖောက်ပြန်ရေး သမား တွေ စတင်ခဲ့တဲ့ ပြည်တွင်းစစ်တိုက်ပွဲကို ဆန့်ကျင်ရေးတို့မှာ သတ္တိရှိရှိ၊ အားမာန်အပြည့်နဲ့ တသုတ်ပြီးတသုတ် ခြေစုံပစ် ပါဝင် လာနေကြတာကို တွေ့မြင် နေရတယ်။
သူတို့ဟာ ခုခံဆန့်ကျင်ရေးစစ် ကနဦးကလခေတ်က လူငယ်တွေထက် ပိုရင့်ကျက်လာတာကို သူဟာ အတိုင်းမသိ ရွှင်လန်း အားတက်ဖွယ်ရာ တွေ့ရှိမိတယ်။ တရုတ်ကွန်မြူနစ်ပါတီ၊ မြေအောက်ပါတီအဖွဲ့အစည်းနဲ့ ပြင်ပအဖွဲ့အစည်းများရဲ့ ခေါင်းဆောင်မှု အောက်မှာ သူတို့ဟာ တိုက်ပွဲဝင်ရဲရုံမက တိုက်တတ်လာတယ်။


အဲဒီအချိန်မှာ လောက်ဖုန်နဲ့ ချုံကင်းက ရဲဘော်တွေရဲ လုပ်ငန်းတာဝန်တွေဟာ မုချပဲ ပိုကြီးနေရှာရော့မယ်။ ချုံကင်း ကို အမြန်ပြေးပြီး တိုက်ပွဲသစ်ထဲကို ပါဝင်ရရင် ကောင်းလေမလားလို့တောင် ကျန်းကျူကျွန်း ဆုံးစမရှိ အတွေးနယ်ချဲ့နေမိ သေးတယ်။
၁၉၄၆ ဧပြီလ။ သူ့ရဲ့ ရင်သွေးသားယောက်ျားလေး‘ယွင့်အယ်’ကို ချိန်တူးဆေးရုံမှာ မီးဖွားစဉ်ကာလက ကျန်းကျူး ကျွန်းဟာ ပိုမိုပြင်းထန်တဲ့တိုက်ပွဲကို အလောတကြီး ပါဝင်ရတော့မယ်ဆိုတာကို သူ ကြိုတင်ရိပ်စားမိနေတယ်။ သူဟာ မီးဖွား ပြီးနောက် မိမိကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုး နည်းနိုင်သမျှ နည်းပြီး၊ နောက်ဆံမတင်းဘဲ တိုက်ပွဲဝင်နိုင်ရေးအတွက် ကလေးလုံးဝ မရနိုင်အောင် သားကြောဖြတ်ရေးကို ဆုံးဖြတ်လိုက်ပါတယ်။
၁၉၄၆ ဇူလိုင်လ။ ကျန်းကျူကျွန်းက တိုက်ပွဲအတွင်း ခြေစုံပစ်ပါဝင်ကာ အကြိတ်အနယ်တိုက်ပွဲဝင်ရေးကို တောင့်တ နေတဲ့ အချိန်မှာ ‘ယွင့်အယ်’ကို ပိုက်ပြီး၊ တောင်ပေါ်မြို့ ချုံကင်းကို ပြန်လာဖို့ အဖွဲ့အစည်းက အကြောင်းကြားလာပါတယ်။
သူတွေးဆထားသလိုပါပဲ၊ သူ့ရဲ့ တိုက်ဖော်တိုက်ဖက် ခင်ပွန်းသည် ဖုန်ရုန်းဝူဟာ အဲဒီအချိန်မှာ လုပ်ငန်းတာဝန်တွေ အလွန် များနေပါတယ်။ မြေအောက်ပါတီရဲ့ ချုံကင်းမြို့ကော်မတီ၊ ကော်မတီဝင်များအတွင်း တမြို့လုံး ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တာဝန်ကို ခွဲဝေလုပ်ကိုင်နေရရုံမက ဇိချွမ်းပြည်နယ်အရှေ့ပိုင်း ဒေသတချို့ရဲ့ ပါတီလုပ်ငန်းများကိုလည်း ခေါင်းဆောင်နေရပါတယ်။
ပါတီအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အရ ကျန်းကျူကျွန်း ချုံကင်းသို့ ပြန်ရောက်ပြီးနောက် ပါတီရဲ့ လျှို့ဝှက်ဌာန ထူ ထောင်ရေးကို ချက်ချင်းပြင်ဆင်ပါတော့တယ်။ သူဟာ ဗဟိုထရပ်စ်ဌာန အမှုထမ်း ဖုန်ရုန်းဝူရဲ့ အမည်နဲ့ ချုံကင်း ‘တလန်စစ်’မှာ အိမ်တလုံး ငှား လိုက်တယ်။ အိမ်ထောင်ပရိဘောဂတချို့ ဝယ်သွားကာ ဖုန်ရုန်းဝူရဲ့ ဂုဏ်အင်္ဂါနဲ့ လိုက်လျောညီစွာ စီမံခန့်ခွဲပြီး သားလေး ယွင့်အယ်ကို ခေါ်သွားကာ သားအမိ အတူနေပါတယ်။ မေမေလည်း ကွယ်လွန်သွားခဲ့ပြီ။ ဒါပေမဲ့ မေမေနေခဲ့တဲ့ ကွမ်ယင်ယန်မှာ ရှိနေတဲ့ နေအိမ်ဟာ လွတ်နေသေးတယ်။ နေမယ့်သူ မရှိသေးဘူး။ အဲဒီနေရာဟာ သွားသွားလာလာ လှုပ်ရှားနေရတဲ့ ရဲဘော်တွေအတွက် ယာယီနေအိမ် အဖြစ် လုပ်သွားရန် သင့်လျော်လို့ အဲဒီနေအိမ်ကို လျှို့ဝှက်ဧည့်ရိပ်သာ အဖြစ် ထူထောင်လိုက်တယ်။ သွားလာ လှုပ်ရှားနေတဲ့ ရဲဘော်တွေကို လက်ခံတွေ့ဆုံတဲ့ ပြင်ပနေရာအဖြစ် အထူးစီစဉ် သုံးစွဲခဲ့တယ်။


ဖုန်ရုန်းဝူရဲ့ လုပ်ငန်းလက်ထောက်အဖြစ် ကျန်းကျူကျွန်းဟာ လူ့အဖွဲ့အစည်းအတွင်း ဆီလျော်မယ့်၊ အပြင်ထွက် ဆက်သွယ် ရေးမှာ လွယ်ကူစေမယ့် ပြောင်အတိအလင်း လုပ်ကိုင်ရမယ့် လုပ်ငန်းတာဝန်တခု ရှာဖွေဖို့  လိုအပ်ပါသေးတယ်။ သူ့ရဲ့ နံပါတ် ၃ ဦးလေး လီယိမင်ဟာ ကျင်စန်းအလယ်တန်းကျောင်း ဒါရိုက်တာ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်တယ်။ ကျန်းကျူ ကျွန်းဟာ အဲဒီ လူမှုအဝန်းအဝိုင်း ဆက်သွယ်မှုကနေ ကျင်စန်းအလယ်တန်းကျောင်းမှာ တွဲဘက်စာရင်းကိုင် တဦးအဖြစ် အလုပ်ရရှိပါတယ်။ လုပ်ငန်းလွယ်ကူစေရန် အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အရ သူဟာ ဆက်သွယ်ရေးမှာ ယုံကြည်စိတ်ချရတဲ့ နေရာကို ရွေးပြီး မြို့ထဲမှာ ဆက်သွယ်ရေးဌာနကို ထူထောင် လိုက်ပါတယ်။
အိမ်မှာ ကျန်းကျူကျွန်းဟာ ဖုန်ရုန်းဝူရဲ့ ဇနီးအိမ်ရှင်မအဖြစ် တာဝန်ယူလုပ်ကိုင် ဆောင်ရွက်ရပါတယ်။ အိမ်အပြင် ထွက် လိုက်တာနဲ့ သူဟာ ကျင်စန်းအလယ်တန်းကျောင်းရဲ့ စာရင်းကိုင် ဖြစ်သွားတော့တယ်။ ဒါပေမဲ့ သူဟာ ဘယ်နေရာ မှာပဲဖြစ်ဖြစ် ဖုံးကွယ် ရန်လိုအပ်တဲ့ လုပ်ငန်းတာဝန်မှအပ ပါတီရဲ့ လုပ်ငန်းတာဝန်တွေကို အပူတပြင်း လုပ်ကိုင်ဆောင်ရွက် ပါတော့တယ်။
အခြေအနေ အပြောင်းအလွဲတွေက မြန်လွန်းလှတယ်။ ၁၉၄၆ ခု ဒီဇင်ဘာ ခရစ်စမတ်ပွဲတော်ညမှာ အမေရိ ကန်စစ်သားက ပီကင်းတက္ကသိုလ်ကျောင်းသူ ‘စိန့်ချုံအယ်’ကို အဓမ္မကျင့်မှုကြောင့် အမေရိကန်တပ်သားရဲ့ ရမ်းကားမှုကို ကန့်ကွက်ဆန့်ကျင်တဲ့ လှုပ်ရှားမှု တပြည်လုံးမှာ ပေါ်ပေါက်ခဲ့သလို ချုံကင်းမှာလည်း အလွန်အင်အားကြီးမားလှတဲ့ စီတန်းလမ်းလျှောက် လှည့်လည် ဆန္ဒပြကန့်ကွက်မှု ဖြစ်ပေါ်လာတယ်။ ၁၉၄၇ နွေဦး၊ အမေရိကန်တပ်သားရဲ့ ဒီရမ်းကားမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဒီလှုပ်ရှားမှုကြီး ပြီးပြီးချင်း ချုံကင်းမှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ၊ ဇိချွမ်းပြည်နယ် ကော်မတီက ပြောင် ထူထောင်လိုက်တဲ့ ရုံးဌာနနဲ့ ရှင်ဟွာနေ့စဉ်သတင်းစာတိုက်တို့ဟာ မမျှော်လင့်ဘဲ ကူမင်တန်စစ်ပလိပ်ရဲ့ ဝိုင်းပတ်ထားမှုကို ခံလိုက်ရလို့ အဲဒီမှာ ရှိနေတဲ့ အမှုထမ်းအားလုံးကို ယင်အန်သို့ ပြန်ပို့ လိုက်ရတော့တယ်။ အဲဒီနောက် ကူမင်တန်တပ်တွေဟာ လွတ်မြောက်ဒေသများသို့ အတိုင်းအတာကြီးမားတဲ့ ထိုးစစ်များ စတင်ဆောင်ရွက်လာပြီး ယင်အန်ကို သိမ်းပိုက်သွားပါတယ်။
တော်လှန်ရေးအင်အားစုနဲ့ တန်ပြန်တော်လှန်ရေးအင်အားစုတို့အကြား သူသေကိုယ်ရှင်သတ်ပုတ်မှုကြီး တရုတ်ပြည် ကြီးပေါ်မှာ  ဘက်စုံဆင်နွှဲနေပြီဆိုတာကို ကျန်းကျူကျွန်းအထင်အရှား သဘောပေါက်လိုက်ပါပြီ။ 
မိုးသက်မုန်တိုင်းတွေ ဘယ်လောက်ပဲ ပိုမိုပြင်းထန်လာနေပါစေ။ ကျန်းကျူကျွန်းဟာ ဖုန်ရုန်းဝူရဲ့ လုပ်ငန်းတာဝန်တွေ ကို ကြိုးစားပမ်းစား ကူညီပေးရင်း တချိန်တည်းမှာ နိုင်ငံတော်နဲ့ အမျိုးသားများရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးတဲ့ ဒီလိုကာလမျိုးမှာ လောက်ဖုန်နဲ့သူုတို့ ဇနီးခင်ပွန်းဟာ ပိုမိုအရေးကြီးတဲ့ လုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်သင့်သေး တယ်လို့ တွေးတောနေမိတယ်။
ယွင့်အယ်ကလေးဟာ နို့စို့ကလေးဘဝကနေ တနေ့ထက်တနေ့ ကြီးပြင်းလာလိုက်တာ လမ်းလျှောက်သင်တဲ့ အရွယ် တောင် ရောက်နေပါပြီ။ အဲဒီအချိန်မှာ မိုးသက်မုန်တိုင်းကို ရင်ဆိုင်ဖို့ ကျန်းကျူကျွန်းဟာ ကလေးကို နို့ဖြတ်သင့်ပြီ။ သူ့ကို သူတပါးကို ပေးအပ် ထားလိုက်ရတော့မှာပဲလို့ စဉ်းစားလိုက်ပါတယ်။
“မေမေ” ယွင့်အယ်ရဲ့ တွတ်တီးတွတ်တာ မပီကလာပီကလာ စကားပြောသင်နေတဲ့ မိမိရင်သွေး ကလေးရဲ့ အသံလေးကို နားထောင်ရင်း ရင်ထဲမှာ ပီတိလှိုင်းတွေ ဖြာဝေနေတယ်။ တကယ်တော့ မိမိရင်သွေးနဲ့ တမိနစ်ကလေးတောင်မှ မခွဲချင် မခွာချင်ပါဘူး။ ဒါပေမဲ့ မိုးသက်မုန်တိုင်းကို ရင်ဆိုင်ဖို့ ကျန်းကျူကျွန်းဟာ မိမိရင်သွေးကလေးကို တခြားရဲဘော်ထံ ပေးအပ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဆက်လက်ဖော်ပြသွားပါမယ်


Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်