စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday194
mod_vvisit_counterYesterday169
mod_vvisit_counterThis week850
mod_vvisit_counterLast week1243
mod_vvisit_counterThis month1575
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51830

Online Guests: 9
Your IP: 38.107.191.86
,
Today: Sep 09, 2010
ကျွန်မဆက်ရေးချင်သော ဖေဖေ့အကြောင်းများ


ဖေဖေ စစ်တပ်က ပင်စင်ယူပြီး ကျွန်မတို့မိသားစုတွေ စမ်းချောင်းအိမ်ရောက်လာတော့ ဆရာ ကြီးရဲ့ ကျန်ရစ်သူ ဇနီးဒေါ်ကြည်ကြည်နဲ့ ဆရာကြီးရဲ့ သမီးကြီး ဒေါ်ခင်ဆွေဦးတို့ လာလည်ကြတဲ့အခါ ဒေါ်ကြည်ကြည်က ဖေဖေ့ကို “ကိုရွှေ”လို့ခေါ်ပြီး၊ ဒေါ်ခင်ဆွေဦးကတော့ “ကိုကိုရွှေ” လို့ ခေါ်ပါတယ်။ ဖေဖေ့ကို ဒီလို ခေါ်သူ နည်းပါတယ်။ ဒါက ဖေဖေဟာ သူတို့ မိသားစုနဲ့ ဗိုလ်ကျော်ဇော မဖြစ်ခင်က တည်းက ရင်းနှီးကျွမ်းဝင်ခဲ့တယ်ဆိုတာ သိသာ နိုင်ပါတယ်။

ဒါကတော့ ဖေဖေရဲ့ ဆရာရင်း ဆရာကြီးမဟာဆွေအကြောင်း သူ့စာအုပ်ထဲ ထည့်မရေးဖြစ် ခဲ့မိဖူး လို့ဆိုပြီး ပြောခဲ့တဲ့ အကြောင်းတွေပါ။   နောက်တယောက် သူပြောပြဖို့ မေ့နေသူ တဦးကတော့ လက်သီးပုန်းသခင်ဘတင် လို့ လူသိများတဲ့ ဗိုလ် ကြီးဘတင်ပါ။

ဗိုလ်ကြီးဘတင်ဟာ ဖေဖေ ဂျပန်ခေတ် ၁၉၄၃-၄၄ ခုနှစ်က ပဲခူးစံပြကျောင်းမှာ ကျောင်း အုပ်လုပ်စဉ်က စတင်သိရှိခဲ့တာပါ။ အဲဒီတုန်းက ဗိုလ်ကြီးဘတင်က သခင်ဗတင်ဆိုပြီး တို့ဗမာ အစည်း အရုံးရဲ့ နာမည်ကြီး သခင်တဦးအဖြစ် ကျော်ကြားပြီးသူပါ။ ဒါကြောင့် ဗိုလ်ကြီးဘတင် မျက်စိထဲမှာ ဂျပန်ပြန်ဆိုပြီး နာမည်ကြီးလာနေတဲ့ ဖေဖေတို့ကို ဂျပန်စိတ်ဝင်နေတယ်ဆိုပြီး ကြည့်မရ ဖြစ်နေဟန် ရှိပါတယ်။ ဖေဖေက အသက်အရွယ်ကလည်း ၂၅-၂၆ လောက် ပဲ ရှိသေးတော့ မလောက်လေး မလောက်စားလေးတွေလို့ သဘောထားပြီး စံပြကျောင်းက ချထားတဲ့ ကျောင်းစည်းကမ်းတွေကို အမျိုးမျိုး ချိုးဖောက်ပြီး အရွဲ့တိုက်တတ်သတဲ့။

ဖေဖေတို့က ကျောင်းသားတွေ ည အပြင်မထွက်ရ၊ ညနောက်ဆုံးအချိန် ဘယ်အချိန်မှာ ဘားတိုက်တွေမှာ ရှိရမယ်လို့ စည်းကမ်းသတ်မှတ်ထားပေမယ့် ဗိုလ်ကြီးဘတင်က ညအပြင်ထွက် လယ်တတ်ပြီး၊ ညအချိန်မတော်မှ ပြန်လာတတ်ပါသတဲ့။ ဖေဖေက ညကင်းတွေလှည့် စစ်ချိန်မှာ သူပြန်လာတာနဲ့ တိုးရင် ဖေဖေက မမြင်ချင်ယောင် ဆောင်ပေမယ့် သူက ဖေဖေမသိ သိအောင် ချောင်းဟန့်လိုက် အသံပေးလိုက်လုပ်တတ်သတဲ့။ သူက အဲသ လိုမျိုး အရွဲ့တိုက်တာပါ။

သူက ဖေ့ဖေ့ကို ကြည့်မရပေမယ့် ဖေဖေကတော့ သခင်ခေါင်းဆောင်ဟောင်းကြီးတွေဆိုပြီး တလေးတစား ဆက်ဆံ၊ ကျောင်းအုပ်ချုပ်ရေး ကော်မတီထဲမှာထည့်၊ သူ့ဆီက အကြံဉာဏ်တွေတောင်းနဲ့ ကောင်းကောင်းမွန် ဆက်ဆံတော့ နောက်ပိုင်းမှာ အတော်ရင်းနှီး ခင်မင်သွားကြပြီး ဂျပန်တော်လှန်ရေး အတွင်းမှာတော့ တိုင်း ၄ စစ်ကော်မတီအတွင်း တာဝန်တွေ ထမ်းဆောင်ခဲ့ကြတဲ့အခါမှာတော့ အတော် သင့်မြတ် ပြေလည်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း လွတ်လပ်ရေးခေတ် ဖေဖေတိုင်းမှူးဖြစ်တော့ သူက စီးပွားရေးနယ်ပယ်ထဲ ဝင်ရောက်ပြီး အတော်အောင်မြင်ခဲ့ပါတယ်။ အဲဒီကာလက ဖေဖေနဲ့ တွေ့ချိန်မှာ သူက ဗိုလ်ကျော်ဇောရေ “ကျုပ်တော့ ဒန်အိုးကုမ္ပဏီ ထောင်ထားတာ၊ ဒန်အိုးတွေ ရောင်းဖို့ ဈေးကွက်လိုတယ်။ မလေးရှားကို တိုက်ပေးဗျာ”လို့ ပြောဖူးတယ်တဲ့။

မဆလ ခေတ်မှာတော့ ဗိုလ်နေဝင်းရဲ့ မကြာခဏ ဖမ်းဆီးထောင်ချခြင်းကို ခံရပြီး ကိုကိုးကျွန်း တောင် ရောက်သွားရဖူးပါတယ်။ သူ ကိုကိုးကျွန်းက ပြန်လွတ်လာတော့ ဒုလ္လဘရဟန်းခံပါတယ်။ သူလွတ်လာပြီ ကြားတော့ ဖေဖေနဲ့ မေမေတို့ သူတို့အိမ်သွား နှုတ်ဆက်ပါတယ်။ သူက ရဟန်းဝတ်နဲ့ပါ။ သူ့ကို ဖေဖေက ဝတ်ပြုကန်တော့ တော့ သူက အတော်ကျေနပ်ပြီး လာသမျှ လူတွေကို “ကျုပ်ကို ဗိုလ်ကျော်ဇောက ကန်တော့သွားတယ်”လို့ တနေ့ လုံး ပြောနေသတဲ့လေ။ သူ့ သမီး စန်းစန်းတင် (အခု RFA မှာ အလုပ်လုပ်နေတဲ့) က ပြန်ပြောပြဖူးပါတယ်။

သူ့ကို ဗိုလ်နေဝင်းက မည်းရတဲ့အကြောင်းကတော့ ဗိုလ်ဘတင်ဟာ ဗိုလ်နေဝင်းက သူ့ပြိုင် ဖက်လို့ သဘောထားတဲ့ ဗိုလ်လက်ျာနဲ့ အတော်ရင်းနှီးတာက တကြောင်း၊ ဗိုလ်နေဝင်းအပေါ်လည်း အထင်မကြီး မလေးစားတာက တကြောင်းတို့ကြောင့် ဖြစ်ဟန်ရှိတယ်လို့ဖေဖေက ဆိုပါတယ်။ ဒါ့အပြင် ဗိုလ်ဘတင်ကြီးဟာ နောက်တတ်ပြောင် တတ်သူလည်းဖြစ်တော့ အကြောင်းသိမိတ်ဆွေတွေရှေ့မှာ ဗိုလ်နေဝင်းဂိုက်၊ ပုံစံတွေ လုပ်ပြတတ်ပြီး ပြောင်တတ် လှောင်တတ် တာတွေလည်း ရှိတယ်လို့ ဆိုပါ တယ်။ ဒါတွေကို ဗိုလ်နေဝင်းက ပြန်ကြားဟန်ရှိပြီး ဒါတွေကြောင့် ဗိုလ်ဘတင်ကို မုန်းတီးဟန်ရှိ တယ်လို့လည်း ဖေဖေက ပြောပြပါတယ်။

ဒါတွေကတော့ ဖေဖေဆက်ပြောပြတဲ့ သူ့စာအုပ်ထဲ ထည့်မရေးမိခဲ့တဲ့အကြောင်းအရာ တချို့ပါ။



လှကျော်ဇော


 



Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်