စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday34
mod_vvisit_counterYesterday169
mod_vvisit_counterThis week528
mod_vvisit_counterLast week1246
mod_vvisit_counterThis month1415
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51670

Online Guests: 3
Your IP: 38.107.191.86
,
Today: Sep 09, 2010
ကျွန်မဆက်ရေးချင်သော ဖေဖေ့အကြောင်းများ (အမှတ်-၂)

တိုင်းမှူးကြီးဘ၀က တခမ်းတနားနဲ့ ကင်းနဲ့အလံတိုင်နဲ့ နေ နေတော့ တော်ရုံ တန်ရုံလူ မလာရဲခဲ့ပါဘူး။ ဖေဖေကလည်း အဲဒီတုန်းက အလုပ်ကများတယ်လေ။ ပင်စင်ယူပြီး သာမန်အရပ်သားဘ၀နဲ့ ရပ်ကွက်ထဲ ရောက်လာတော့ မိတ်ဆွေ၊ အပေါင်းအသင်းဟောင်းတွေ လာကြ၊ လယ်ကြ၊ ပတ်ကြပါတယ်။

 

 

 

 

 

 

 

 

၁၃၀၀ ပြည့် ကျောင်းသားလှုပ်ရှားမှုကာလက အဖြစ်အပျက်နဲ့ အကြောင်းအရာ အချို့ ပြောပြပါဦးမယ်။
ကျွန်မတို့ စမ်းချောင်း ဆီဆုံလမ်း အိမ်လေးကို ဖေဖေ ပင်စင်ယူပြီးနောက် ပြောင်းလာ ခဲ့ကြပါတယ်။ တိုင်းမှူးကြီးဘ၀က တခမ်းတနားနဲ့ ကင်းနဲ့အလံတိုင်နဲ့ နေ နေတော့ တော်ရုံ တန်ရုံလူ မလာရဲခဲ့ပါဘူး။ ဖေဖေကလည်း အဲဒီတုန်းက အလုပ်ကများတယ်လေ။ ပင်စင်ယူပြီး သာမန်အရပ်သားဘ၀နဲ့ ရပ်ကွက်ထဲ ရောက်လာတော့ မိတ်ဆွေ၊ အပေါင်းအသင်းဟောင်းတွေ လာကြ၊ လယ်ကြ၊ ပတ်ကြပါတယ်။
အဲဒီထဲမှာ ရုပ်ရှင်ပညာသည်ကြီးတဦးဖြစ်တဲ့ ဦးသာဂေါင်ကြီး ပါလာပါတယ်။ သူက ဓာတ်ပုံအဟောင်းလေးတပုံ လာပေးတာပါ။ သူက ဖေဖေတို့ ၁၃၀၀ ပြည့် အရေးတော်ပုံအ တွင်းက သပိတ်တွေ အမျိုးမျိုးတားနေစဉ်က ရန်ကုန်က သတင်းစာတိုက်တတိုက်က ဓာတ်ပုံ သတင်းထောက် တဦးတဲ့။ သူက နေတော့လည်း ကြည့်မြင်တိုင်ရပ်ကွက်ထဲမှာပဲ နေပါတယ်။
ဦးသာဂေါင်ကြီး အဲဒီတုန်းက ပြောပြတာကတော့ ၁၃၀၀ ပြည့် အရေးတော်ပုံကာလ အတွင်းတုန်းက သူတနေ့ သပိတ်တားနေကြတဲ့ ကျောင်းသားအုပ်တွေဆီ ကင်မရာတလုံးနဲ့ သတင်းယူဖို့ ရောက်လာသတဲ့။ သပိတ်မှောက် ကျောင်းသူတချို့က လမ်းတလမ်းကို ပိတ်၊ တန်းစီထိုင်နေပြီး သပိတ်တားနေသတဲ့။ အဲဒီအချိန်မှာ မျက်နှာဖြူ ဒရိုင်ဘာတယောက်က မောင်းပြီး၊ ဘေးမှာ မျက်နှာဖြူအမျိုးသမီးတယောက်လည်း ပါလာတဲ့ အော်စတင်ကားနက်က လေးတစီး အရှိန်ပြင်းပြင်းနဲ့ အဲဒီလမ်းအတိုင်း ကျောင်းသူတွေ ထိုင်နေတဲ့ နေရာတည့်တည့်ဆီ မောင်းလာသတဲ့။ တမင်သက်သက် ရန်စတာပါ။
အစပိုင်းမှာ ကျောင်းသူတွေဟာ အိနြေ္ဒမပျက် ထိုင်နေပေမယ့် သိပ်နီးလာတော့ တချို့ က နည်းနည်းလှုပ်ရှားလာကြတယ်တဲ့။ ဘေးပရိသတ်ကလည်း လှုပ်လှုပ်ရွရွနဲ့ ရင်ထိတ်နေကြ ရတယ်။ ကားကလည်း တဖြည်းဖြည်း နီးလာနေပြီ။ အဲဒီအချိန်မှာပဲ သပိတ်အဖွဲ့ထဲက ကျောင်း သားတယောက်ဟာ အဲဒီကျောင်းသူများနဲ့ ကားအကြား ၀မ်းလျားထိုးလိုက်ပြီး လမ်းမပေါ် မှောက်အိပ်ချလိုက်သတဲ့။ အဲဒီအချိန်ကျမှပဲ ကားက အရှိန်သတ် ရပ်သွားတော့တယ်တဲ့။ အဲဒီ အချိန်ကာလလေးကို ဦးသာဂေါင်ကြီးက အမိအရ ဓာတ်ပုံရိုက်လိုက်ပြီး နောက်နေ့သတင်းစာ မှာ ဓာတ်ပုံရော သတင်းရော ထည့်လိုက်နိုင်တယ်တဲ့။
အဲဒီဝမ်းလျားမှောက်အိပ်လိုက်တဲ့ သပိတ်မှောက်ကျောင်းသားက ဖေဖေပါပဲတဲ့။ ဒါ ကြောင့် အဲဒီဓာတ်ပုံကလေးကို အမှတ်တရအဖြစ် ဦးသာဂေါင်ကြီးက ဖေဖေ့ကို လာပေးသွား တာပါပဲတဲ့။

အဲဒီကာလတုန်းက ဖေဖေရဲ့ အမျိုးသမီး သူငယ်ချင်းတွေဟာ ကျွန်မတို့ စမ်းချောင်း အိမ်ရောက်တော့ မကြာခဏအုပ်လိုက် လာလယ်တတ်ပါသေးတယ်။ ပြည်သူ့ဆန္ဒသွေးဆေး က ဒေါ်ကြင်မြိုင်တို့၊ စမ်းချောင်းအလက ဆရာမ ဒေါ်မြညွန့်၊ ဆရာကြီး(ဦး)သာဓုဇနီး ဒေါ်ခင် ညို (ကျွန်မက ညိုဆိုတဲ့ တလုံးတည်း မှတ်မိပါတယ်။ ဖေဖေက “ဒေါ်ခင်ညို” လို့ ပြောပါတယ်။ နှစ်တွေကြာခဲ့ပြီမို့ မှားရင် ခွင့်လွှတ်ပါ။) တို့ ပါကြပါတယ်။ ဖေဖေလည်း အဲဒီသူငယ်ချင်းတွေနဲ့ ပြန်တွေ့ရင် ပြောလိုက်ဆိုလိုက် ရယ်လိုက်မောလိုက်နဲ့ ငယ်မူတွေပြန်နေကြပါတယ်။ ဖေဖေ့ကို သူတိုက “ကိုရွှေ၊ ကိုရွှေ”လို့ ခေါ်ကြတာကိုး၊
ဖေဖေတို့ အဲဒီပုဇွန်တောင် ဆရာဖြစ်သင်တက်တုန်းက နောင်နာမည်ကျော် ဟာသ စာ ရေးဆရာကြီး ဖြစ်လာတဲ့ သော်တာဆွေလည်း ရှိပါသတဲ့။ သူက ရုပ်ရည်ကချောလို့ အလွန်မြာ စွံတယ်လို့ ဖေဖေက ပြောပါတယ်။ “သူက ဖေဖေတို့ကို တောသားလေးတွေ မြို့တက်ပြီး မအူ မလည်၊ မတောက်တခေါက်နဲ့ နိုင်ငံရေးလုပ်နေတာဆိုပြီး လှောင်ပြောင်သရော်တတ်တယ်။ ဘယ်နိုင်ငံရေးလှုပ်ရှားမှုမှလည်း မပါဝင်ဘူး၊ စည်းရုံးလို့ မရဘူး”လို့ ဖေဖေက ပြောပြ ဖူးပါ တယ်။
ဖေဖေက “ကိုလိုနီပုလိပ်ကြီး”လို့ နာမည်ပေးပြီး ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တဲ့ ပုလိပ်အရာ ရှိဟောင်းကြီးတဦးလည်း ကျွန်မတို့ စမ်းချောင်းအိမ်ကို လာလည်တတ်ပါသေးတယ်။ ဖေဖေတို့ ကျောင်းသားလှုပ်ရှားမှုတွေကို လိုက်သတင်းယူရင်း ဖေဖေတို့နဲ့ ခင်နေတာပါ။ ဖေဖေတို့က သူ့ ဆီက သတင်းပလင်းလေးနှိုက်တတ်ပါတယ်။ သူက “ဟေ့....ကောင်လေးတွေ ထူးထူးခြားခြား များ ရှိရင်ပြောနော်။ တော်ကြာ ငါက ထမင်းအိုးကွဲမှာ”....လို့ ပြောတတ်သတဲ့။ ဖေဖေတို့ ၃-၄ ယောက် စုရုံးစုရုံး လုပ်လာရင် သူက မယောင်မလည် ရောက်လာတတ်ပြီး၊ မေးတော့ မြန်း တော့တာပါပဲတဲ့။ ဖေဖေတို့က သူ့ကို လှည့်ပတ်ပြောလိုက်လို့ နောင်ပေါ်သွားရင် မင်းတို့ နောက်တခါ ဒီလိုမလုပ်ပါနဲ့ကွာ။ သတင်းမှားပေးလို့ ဆိုပြီး ငါက အကြိမ်းအမောင်း ခံရတယ်ကွ - လို့မျက်နှာငယ်နဲ့ ပြောတတ်သတဲ့။ ပြီးတော့လည်း သူက နေစမ်းပါဦး မင်းတို့က အင်္ဂလိပ် အစိုးရကို တိုက်ဖို့ ဘာရှိလို့တုန်း၊ အုတ်နံရံကို ခေါင်းနဲ့တိုက်သလို နေမှာပေါ့လို့ ပြောတတ်သ တဲ့လေ။ ဒါတွေကတော့ ဖေဖေရဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကာလအတွင်းက ရင်းနှီးခင်မင်ဖူး သူများ အကြောင်းဖြစ်ပါတယ်။
ဒေါ်မမကျောင်းမှာ တက်နေတုန်းက ခင်ခဲ့တဲ့ သူငယ်ချင်း ကိုစံသူ ဆိုသူကိုတော့ ကျွန်မတို့ ၁၉၇၆ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီဆီ ရောက်တော့မှ အရံဗဟိုကော်မတီ၊ ထောက်ပံ့ရေးမှူးကြီးအဖြစ် ပြန်ဆုံးဖြစ်ကြပါတော့တယ်။

လှကျော်ဇော

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်