စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday189
mod_vvisit_counterYesterday169
mod_vvisit_counterThis week845
mod_vvisit_counterLast week1243
mod_vvisit_counterThis month1570
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51825

Online Guests: 7
Your IP: 38.107.191.88
,
Today: Sep 09, 2010
ကျွန်မဆက်ရေးချင်သော ဖေဖေ့အကြောင်းများ (အမှတ် - ၃)

 

ဖေဖေ့ အဖေ ဦးပန်းဟာ အလယ်အလတ် လယ်ပိုင်ရှင်ကလေးမျှသာဖြစ်ပြီး နောက်ပိုင်း ရွာသူ ကြီးတွေကို ရွေးကောက်တဲ့အခါ ဖေဖေတို့ရဲ့ ဇာတိ ဆိုင်းစုရွာမှာ ပထမဆုံး အရွေးခံရသူ ရွာသူကြီး ဖြစ်လာပါတယ်။ အဘိုးဟာ ရိုးသားဖြောင့်မတ်ပုံရပြီး လူအတော်များများရဲ့ လေးစားခြင်းလည်း ခံရပုံ ရပါတယ်။ အဘိုးရဲ့ ရိုးသားတဲ့ ဂုဏ်သတင်း ကြီးမားတဲ့အကြောင်း ပြောစမှတ်ပြုတာခံရတဲ့ အ ကြောင်းအရာလေးတရပ် ကျွန်မတို့ ငယ်ငယ်ကတည်းက ကြားဖူးထားတာ ရှိပါတယ်။
ဖေဖေ့အစ်ကိုကြီး ဦးပုကို အိမ်ထောင်ချပေးဖို့ မိန်းကလေးဘက်က ကမ်းလှမ်းတဲ့အခါ သတို့သ မီးလောင်းရဲ့ ဘွားအေကြီးက “မောင်ပန့်သားလား၊ ဒါဆိုဘာမှ ပြောမနေနဲ့ လူမှာ အမျိုး ကြက်မှာအရိုး တဲ့။ မောင်ပန့်သားဆို ငါသဘောတူတယ်”လို့ ၀င် သဘောထားပေး ဆုံးဖြတ်လိုက်လို့ အဲဒီမင်္ဂလာပွဲ ဖြစ်မြောက်သွားတယ်ဆိုတာ ကြားဖူးခဲ့ပါတယ်။

ဖေဖေက ဂျပန်က ပြန်လာပြီး ဘီအိုင်အေ စစ်ဗိုလ်ကြီး ဖြစ်လာတဲ့အချိန်မှာ အဘိုးဟာ တီဘီ ရောဂါ ခံစားနေရပြီး အိပ်ရာထဲ လဲနေပါတယ်။ အဘိုးဟာ ချစ်တီး ကြွေးတွေ ရှိလို့ အဲဒီကြွေးက မကျေ နိုင်၊ မဆပ်နိုင်ဖြစ်နေတဲ့အတွက်လည်း စိတ္တဇဖြစ်နေရှာပါတယ်။ ဒါကို ဖေဖေ ကြားသိရတော့ သူစု ဆောင်းထားတဲ့ ငွေလေးနဲ့ အဘိုးကြွေးတွေကို ချစ်တီးဆီမှာ သွားဆပ်ပါတယ်။ သူကြွေးဆပ်ပြီး ကြောင်းကို အိပ်ရာထဲလဲနေတဲ့ အဘိုးကို သွားပြောတော့ အဘိုးက ဆတ်ခနဲ ထထိုင်ပြီး ဖေဖေ့လက် ကို ဆွဲကာ “ကျေးဇူးတင်လိုက်တာကွာ၊ ငါ့မှာ သံသရာကြွေး မရှိတော့ဘူး၊ ငါပြုထားတဲ့ ကိုသိုလ်တွေနဲ့ ကောင်းရာသုဂတိရောက်တော့မယ်”လို့ ပြောရှာသတဲ့။ ဖေဖေကတော့ သူ့ဘ၀မှာ သူ့ဖခင်ရဲ့ ကြွေးကို ဆပ်ပေးလိုက်ရလို့ သိပ်ပီတိဖြစ်မိတယ်လို့ ကျွန်မကို ပြန်ပြောပြဖူးပါတယ်။

အဘိုးဟာ ကျွန်မတို့ ငယ်ငယ်မှာပဲ ကွယ်လွန်သွားလို့ ကျွန်မက မမှတ်မိလိုက်ပါဘူး။ အဘွား ကတော့ အသက် ၉၃ နှစ်အထိ နေသွားရလို့ ကျွန်မတို့ ကောင်းကောင်းသိမီလိုက်ပါတယ်။ ဒါကြောင့် သူ့ အကြောင်းပြောပြပါဦးမယ်။
ကျွန်မတို့ရဲ့ အဘွားဒေါ်တင့်ဟာ စိတ်ဓာတ် အတော်မာပုံရပါတယ်။ အဘိုးဆုံးသွားပြီးနောက် လယ်ကို သူ့ဟာသူ ဦးစီးပြီး ရှာဖွေ စားသောက်ခဲ့ပါတယ်။ လယ်မလုပ်နိုင်တော့တဲ့ အချိန်ကျတော့ ဆိုင်းစုမှာရှိတဲ့ ခြံနဲ့အိမ်ရောင်းပြီး ငွေထုပ်ပိုက်ကာ ရန်ကုန် တက်လာပါတယ်။ ရန်ကုန်ရောက်တော့ ဘယ်သားသမီးအိမ်မှာမှ မနေဘဲ၊ ရှစ်မိုင် ဉာဏစာဂီဝိပဿနာကျောင်းမှာ မြေလေးတကွက်ဝယ် ဇရပ် လေးတဆောင် ဆောက်ပြီး အဲဒီမှာပဲ နေပါတော့တယ်။ ပိုလျှံတဲ့ငွေကလေးကို အတိုးချပြီး အဲဒီအတိုး ငွေလေးနဲ့ပဲ နေပုံရပါတယ်။

အဘိုးဟာ ကျွန်မတို့ ငယ်ငယ်မှာပဲ ကွယ်လွန်သွားလို့ ကျွန်မက မမှတ်မိလိုက်ပါဘူး။ အဘွား ကတော့ အသက် ၉၃ နှစ်အထိ နေသွားရလို့ ကျွန်မတို့ ကောင်းကောင်းသိမီလိုက်ပါတယ်။ ဒါကြောင့် သူ့ အကြောင်းပြောပြပါဦးမယ်။

ကျွန်မတို့ရဲ့ အဘွားဒေါ်တင့်ဟာ စိတ်ဓာတ် အတော်မာပုံရပါတယ်။ အဘိုးဆုံးသွားပြီးနောက် လယ်ကို သူ့ဟာသူ ဦးစီးပြီး ရှာဖွေ စားသောက်ခဲ့ပါတယ်။ လယ်မလုပ်နိုင်တော့တဲ့ အချိန်ကျတော့ ဆိုင်းစုမှာရှိတဲ့ ခြံနဲ့အိမ်ရောင်းပြီး ငွေထုပ်ပိုက်ကာ ရန်ကုန် တက်လာပါတယ်။ ရန်ကုန်ရောက်တော့ ဘယ်သားသမီးအိမ်မှာမှ မနေဘဲ၊ ရှစ်မိုင် ဉာဏစာဂီဝိပဿနာကျောင်းမှာ မြေလေးတကွက်ဝယ် ဇရပ် လေးတဆောင် ဆောက်ပြီး အဲဒီမှာပဲ နေပါတော့တယ်။ ပိုလျှံတဲ့ငွေကလေးကို အတိုးချပြီး အဲဒီအတိုး ငွေလေးနဲ့ပဲ နေပုံရပါတယ်။


သားသမီးမြေးတွေ ၀ိုင်းကန်တော့တဲ့ ငွေ၊ ပစ္စည်း၊ စားစရာ သောက်စရာ ဘာပဲရရ၊ ကျောင်း တိုင် ဆရာတော်တွေကိုပဲ လှူပစ်တတ်ပါတယ်။ ဘယ်သူ့အကူအညီမှ မယူပါဘူး။ ဘယ်သူ့အကြောင်းမှ လည်း မကောင်းပြောတာ မကြားဖူးပါဘူး။ အလွန်နေတတ် ထိုင်တတ်သူပါ။
၁၉၅၀ ခုနှစ်များက ဖေဖေတောင်ပိုင်း တိုင်းမှူးအဖြစ် မင်္ဂလာဒုံမှာ ကျွန်မတို့ နေနေစဉ်မှာ ကျွန်မတို့အရပ်မှာ မငြိမ်မသက်ဖြစ်နေလို့ အဘွားတို့ ကျွန်မတို့နဲ့ လာနေခဲ့ဖူးပါတယ်။ ဖေဖေတို့ တိုက်ခဲ့ တဲ့ “မိုးကြိုးစစ်ဆင်ရေးကြီး” ရုပ်ရှင်သတင်းကားကို ကျွန်မတို့ အိမ်မှာ လာပြတော့ သေသူ ကျေသူတွေပုံ ပေါ်လာတော့ “သူတို့ ရှာတဲ့ ထမင်းတော့ စားရာတာ မျိုမကျပါဘူးအေ”လို့ ပြောပါတယ်။ သူ့ဘေးမှာ ထိုင်နေတဲ့ သူ့ညီမ၀မ်းကွဲက “မမယ်တင့်တို့မလဲ စိတ်ကို ချမ်းသာရတယ် မရှိ ပါဘူး” လို့ ၀င်ပြောတော့၊ ဖေဖေက “အမေ ဘယ်တုန်းကများ စိတ်မချမ်းမသာ ဖြစ်ရလို့လဲ” လို့ အမှတ် မထင် ၀င်ပြောပါတယ်။

 


အဘွားက ဒီစကားကို စိတ်မကောင်းဖြစ်သွားဟန် ရှိပါတယ်။ ဘာမှ ပြန်မပြောဘဲ ငြိမ်ကျသွား ပေမယ့် ညအိပ်ရာဝင်တော့ သူ့ညီမ၀မ်းကွဲ ဒေါ်လှတင်ကို “သူက (ဖေဖေကို ဆိုလိုဟန်ရှိပါတယ်) ငါ့ကို ဘယ်တုန်းကများ စိတ်မချမ်းမသာ ဖြစ်ဖူးလို့လဲလို့ပြောတာများ အံ့ပါရဲ့။ သူ ဂျပန်သွားတုန်းက ဘယ် ရောက်လို့ ဘယ်ပေါက်မှန်းမသိတုန်းက ညတိုင်း အိပ်မပျော်လို့ ထထိုင်ပြီး ဆေးလိပ်သောက်တာ၊ ဆေး လိပ်ပြာတွေနဲ့ ဆေးလိပ်တိုတွေ ပစ်ထားတာ အိမ်အောက်ကနေ ကပြင်တောင် ထိတယ်။ သူ့ကို အဲဒီ ဆေးလိပ်ပြာပုံ ခေါ်ပြလိုက်ချင်လိုက်တာ” ပြောပါတယ်တဲ့။ (မှတ်ချက် - ဖေဖေတို့ ဆိုင်းစုအိမ်မှာ ခြေ တန်ရှည်အိမ်ဖြစ်ပြီး၊ အိမ်ကြမ်းပြင်နဲ့ မြေကြီးအကြား လူတယောက် ကုန်းဝင်လို့ရပါတယ်။)
ကျွန်မတို့တတွေ ၁၉၇၆ ခုနှစ်မှာ မိသားစုလိုက် တောခိုသွားတုန်းကလည်း အဘွားက “ ဒီက လေးဟာ (ဖေဖေ့ကို ဆိုလိုတာပါ) အသက် ၁၉ နှစ် ၂၀ တုန်းကလည်း တခါ မိုက်ပြီးပြီ (ဂျပန်သွားတာ ကို ဆိုလိုပါတယ်) အခုလည်း အသက် ၅၀ ကျော်မှ ထပ်မိုက်ပြန်ပြီ၊ ဒီတခါတော့ ကိုယ်တယောက် တည်း မမိုက်ဘဲ၊ သားတွေ သမီးတွေပါ ခေါ်သွားပြန်တယ်။ ငါ့ကို မသေမချင်း ဒုက္ခပေးနေတဲ့ ကလေး ပဲ”လို့ ဆိုပါသတဲ့။


၁၉၈၀ ခုနှစ်များအတွင်း မဆလအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ ဦးနုတို့ ပြန်ရောက်လာ ကြတော့ ဆွေမျိုးတချို့က အဘွားကိုလာပြီး “သူများတွေတောင် ဒီအခွင့်အရေးယူပြီး ပြန်လာကြတာ၊ သားကို လိုက်ခေါ်ပေါ့”လို့ ပြေသတဲ့။ ဒီတော့ သူက “ သြော်.... ပြန်လာဖို့ခေါ်ပြီး အိမ်သာဆောက်ပေး ပြီး မတ်တတ်သွားခိုင်းရင် ဘယ်နှယ့်လုပ်ပါ့မလဲ”လို့ ဆိုသတဲ့။ ဒါ့အပြင် “ ငါ့သားက သေတဲ့အထိ အလံ လှဲမယ့်သူ မဟုတ်ဘူး”လို့လည်း ပြောသတဲ့။
အဘွားဟာ ကျန်းမာရေး အလွန်ကောင်းပြီး နှာစေးချောင်းဆိုး ဖြစ်ရုံလောက်ကလွဲလို့ ကြီးကြီး မားမား ဘာမှ မဖြစ်ပါဘူး။ ကျွန်မ ရန်ကုန်မှာ ရှိစဉ်က သူနေမကောင်းရင် ရှစ်မိုင်ကနေ သွားခေါ်လာပြီး ၃ - ၄ ရက် ဆေးကျွေးဆေးတိုက်လုပ်လိုက်ရင် ကောင်းသွားတာပါပဲ။ ကျွန်မတို့အိမ်ကို ကြာကြာ မနေ ပါဘူး။ နေ နည်းနည်းကောင်းတာနဲ့ သူ့ဇရပ် သူ ပြန်တာပါပဲ။
၁၉၈၄ - ၈၅ လောက်မှာ သူ အအေးမိပြီး ချောင်းဆိုးလို့ သူရဲ့ တဦးတည်းသောသမီးက အိမ် ခေါ်လာပြီး ထားစဉ်မှာပဲ တမနက် အိပ်ရာထမှာ ကွယ်လွန်သွားတာ သိလိုက်ရတာပါပဲ။ အသက် ၉၃ နှစ်မှာ ကွယ်လွန်သွားတာပါ။
ကွယ်လွန်ချိန်မှာ နာရေးကြော်ငြာ ထည့်တော့ ဖေဖေ့ နံမည် ထည့်ခွင့်မရပါဘူး။ ဖေဖေက တော့ သူ့အမေဟာ သူ့အဖေထက် စိတ်ဓာတ်ပြင်းထန်တယ်လို့ ဆိုပါတယ်။ မာနလည်း ကြီးတယ်လို့ ဆိုပါတယ်။
ဒါတွေကတော့ ကျွန်မ သိသလောက် ကျွန်မ အဘိုးနဲ့အဘွား (ဖေဖေ့အဖေနဲ့ အမေ) အ ကြောင်းတွေပါပဲ။

လှကျော်ဇော

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်