စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday46
mod_vvisit_counterYesterday169
mod_vvisit_counterThis week702
mod_vvisit_counterLast week1243
mod_vvisit_counterThis month1427
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51682

Online Guests: 8
Your IP: 38.107.191.89
,
Today: Sep 09, 2010
ကျွန်မဆက်ရေးချင်သော ဖေဖေ့အကြောင်းများ (အမှတ် ၄)

ရဲဘော်သုံးကျိပ်ဝင် ဆိုတာတွေဟာလည်း လူတွေပဲ လေ။ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးလည်း ရဲဘော်သုံးကျိပ် ဖြစ်သလို ဗမာပြည်ကြီးကို စစ်အာဏာရှင်စနစ် အောက် တွန်းပို့ခဲ့တဲ့ ဗိုလ်နေ၀င်းဟာလည်း ရဲဘော်သုံးကျိပ်ပဲ





ဗမာပြည် လွတ်လပ်ရေးရခါစ ကာလများက အလွန်လက်စောင်းထက်ခဲ့ပြီး စစ်အစိုးရ အဆက်ဆက်မှာ အထိန်းသိမ်းခံဘ၀၊ အတိုက်အခံ နိုင်ငံရေးသမား ဘ၀များ ဖြတ်သန်းပြီး ကွယ်လွန်သွားခဲ့တဲ့ ဖဆပလခေတ် ၀န် ကြီးဟောင်းတဦးရဲ့ ရှေးဖြစ်ဟောင်း ရေးသားဖွယ် တချို့မှာ ရဲဘော်သုံးကျိပ်ဝင်များနဲ့ ပတ်သက်ပြီး ပညာတတ် ခေါင်းဆောင်တွေ အများအပြားရှိလျက်နဲ့ ဂျပန်စစ်ပညာသင် ပို့ရာမှာ တာဝန်ခံ သခင်ချစ်ဟာ မိမိလက်သင့်ရာ တွေပဲ ထည့်လွှတ်လိုက်တယ်။ ဒါကြောင့် ပါသင့်ပါထိုက်သူတွေ မပါဝင် ဖြစ်ရတယ်လို့ ရေးထားတာ တွေ့ရပါ တယ်။

ဒါနဲ့ပတ်သက်ပြီး ကျွန်မက ဖေဖေကို အကျိုးအကြောင်း မေးကြည့်ခဲ့ဖူးပါတယ်။ ဖေဖေပြောပြတာက တော့....

“ဖေဖေတို့က အဲဒီတုန်းက လူငယ်တွေပဲ။ ဒါကြောင့် ဘယ်လိုရွေးချယ်ကြတယ်ဆိုတာ ဖေဖေမသိပါဘူး။ ဖေဖေအထင်ကတော့ ဒီဂျပန်ကို စစ်ပညာသင်လွှတ်ရေးဆိုတဲ့ကိစ္စဟာ အင်္ဂလိပ်အစိုးရလက်အောက်မှာ လုပ်ရတဲ့ အလုပ်ဖြစ်တော့ အလွန်လျှို့ဝှက်ရတယ်။ ဗမာပြည်မှာကလည်း မြေအောက်လုပ်ငန်းတို့ ဘာတို့ဆိုတာ သိပ်အ တွေ့အကြုံ ရှိကြသေးတာ မဟုတ်ဘူး။ ဒါကြောင့် သခင်ချစ်အနေနဲ့ကလည်း သိပ်အကျယ်အပြန့် တိုင်ပင်နိုင်ပုံ မရ ဘူး။ သိပ်ယုံကြည်စိတ်ချရတဲ့ နီးစပ်ရာလူတွေပဲ လက်တို့ခိုင်းရပုံရတယ်။ သင်္ဘောပတ် တခါကြုံတိုင်း ၄-၅ ယောက် စုစုပြီး စီစဉ်ရတာ။ ဒါ့အပြင် ရွေးချယ်ခံထားရတဲ့ လူတချို့ကလည်း အနီးကပ်မှ မလိုက်နိုင်ဘူးဖြစ်ရင် ရထားတဲ့ လူဦးရေ ပြည့်အောင် အိမ်မှာ အသင့်ရှိနေတဲ့လူတွေ ကောက်ထည့်လိုက်ရတာပဲ။

 



သခင်ချစ်က အဲဒီတုန်းက ရေကျော်က သမ၀ါယမဆိုင်မှာ အရောင်းစာရေးကြီး လုပ်နေတာ။ သူ့အိမ်မှာ က နယ်က ၀ရမ်းပြေးလာတဲ့ (အင်္ဂလိပ်အစိုးရလိုက်ဖမ်းလို့) ကျောင်းသားခေါင်းဆောင်လေးတွေ၊ သခင်ပေါက်စ လေးတွေ လာခိုအောင်းနေတာတွေ ရှိတယ်။ ၀ိုင်းလုပ် ၀ိုင်းစားပေါ့။ ထမင်းချက်တဲ့သူက ချက်၊ ရေထမ်းတဲ့သူက ထမ်းနဲ့ပေါ့။ အဲဒီလူတွေထဲက တချို့ကို အစားထိုးထည့်လိုက်ရပုံတွေ ရှိပါတယ်။

ဖေဖေတို့ကတော့ ဂျပန်က ပြန်လာတော့ ဂျပန်ပြန် ရဲဘော်သုံးကျိပ်တွေအဖြစ် သူရဲကောင်းကြီးများအ ဖြစ် လျှမ်းလျှမ်းတောက်လာတဲ့အခါ အဲဒီတုန်းက မလိုက်ဖြစ်လိုက်တဲ့ လူတွေ(တချို့က သွားဖို့ အရွေးခံရလျက်နဲ့ မလိုက်သူများ) က မနာလို ၀န်တိုဖြစ်ပြီး အမနာပ ရေးကြပြောကြတာတွေ ရှိလာပါတယ်။ ဖေဖေတို့ ရဲဘော်သုံး ကျိပ်ဝင်တချို့ကလည်း ရာထူးစည်းစိမ်လေးတွေ ရလာရော ပျက်စီးလာတာတွေလည်း ရှိတာကိုး” လို့ ဖေဖေက ပြောပြပါတယ်။

ဖေဖေက ဆက်ပြီး ပြောပြတာကတော့ “တချို့ အရွေးချယ်ခံရပြီး မလိုက်ကြတဲ့ သူတွေထဲမှာ ဘယ် သောင်ဘယ်စခန်းဆိုက်မယ်မှန်း မသိလို့ ကြောက်ရွံ့လို့ မလိုက်ကြသူတွေ ရှိပေမယ့် တချို့ကျတော့လည်း ဘယ် သူဘယ်ဝှာ ဘယ်ပါတီက လွှတ်မှန်းမသိလို့ နိုင်ငံရေးအရ စဉ်းစားပြီး မလိုက်တာတွေလည်း ရှိပါတယ်”လို့ ဆိုပါ တယ်။

ဖေဖေကိုယ်တိုင်လည်း သူ့ကို ဂျပန်လိုက်သွားပြီး စစ်ပညာသင်ဖို့ လာဆွေးနွေးတဲ့ ကိုညို (နောင် ဗိုလ် ချုပ်အောင်ဆန်းရဲ့ အတွင်းဝန် ဗိုလ်မှူးသူရ) ကို ချက်ချင်း လိုက်ပါ့မယ်လို့ ကတိမပေးဘဲ၊ ၂ ရက်လောက် စဉ်းစား ပါရစေဦးလို့ အချိန်ဆွဲခဲ့ပါတယ်တဲ့။ ဖေဖေက ကိုညိုကို ဘယ်ပါတီက လွှတ်တာလဲလို့ မေးပေမယ့် ကိုညိုက လျှို့ ၀ှက်ရေးမို့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီကာလက ဦးစောတို့ ပါတီကလည်း ဂျပန်နဲ့ ဆက်နေတာဖြစ်တော့ ဦး စောတို့ ပါတီက လွှတ်တာဖြစ်နေနိုင်လို့ ဖေဖေက အဲဒီလိုမေးရတာပါ၊ ဖေဖေက သူတို့ သာယာဝတီက ခေါင်း ဆောင်ကြီး သခင်မြကို သွားမေးပြီး၊ သခင်မြက “မင်းလိုက်သွားပါ၊ ငါတို့လွှတ်တာပါ”လို့ ပြောမှ သူလိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒါကြောင့် တချို့ မလိုက်ဖြစ်တဲ့ လူတွေအပေါ် ဖေဖေက နားလည်မှုရှိဟန် တူပါတယ်။

ဖေဖေက ရဲဘော်သုံးကျိပ်ဝင်တွေဟာ ပညာတတ်ရော၊ ပညာမတတ်သူရော၊ ခေါင်းဆောင်ရော၊ ငယ် သားရော လုံးလုံးမခွဲခြားဘဲ တစည်းတလုံးတည်းနဲ့ စစ်ပညာတွေကို ကျားကုတ်ကျားခဲ လေ့လာခဲ့ကြတယ်။ ဗိုလ် ချုပ်အောင်ဆန်းကိုယ်တိုင် ဖေဖေတို့ ရဲဘော်ငယ်တွေနဲ့ တတန်းတည်းနေပြီး စစ်ပညာတွေကို သင်ယူခဲ့တာ။ ဒါ ကြောင့်ပဲ အလွန်စည်းလုံးညီညွတ်ခဲ့ကြပြီး အခက်အခဲ အမျိုးမျိုးကို ဖြတ်ကျော်နိုင်ခဲ့တာ ဖြစ်တယ်။ ဗမာပြည်ပြန် ရောက်ကြပြီးနောက် ဆက်လက်မလေ့လာ မကြိုးစားတဲ့လူတွေကတော့ ဘ၀ကြီးကို ရေစုန်မျှောပြီး ပျက်စီးသွား သူတွေ ရှိသလို ဗမာပြည်သူတွေအရေး တိုင်းပြည်အရေးကို အလေးအနက်စဉ်းစားပြီး တိုင်းပြည်အရေးကို အ သက်ပေးလို့ လုပ်ဆောင်သွားကြသူတွေလည်း ရှိပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဆိုတာတွေဟာလည်း လူတွေပဲ လေ။ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးလည်း ရဲဘော်သုံးကျိပ် ဖြစ်သလို ဗမာပြည်ကြီးကို စစ်အာဏာရှင်စနစ် အောက် တွန်းပို့ခဲ့တဲ့ ဗိုလ်နေ၀င်းဟာလည်း ရဲဘော်သုံးကျိပ်ပဲ မဟုတ်လားလို့လည်း ပြောပြခဲ့ဖူးပါတယ်။

တကယ်တော့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို စစ်စစ်မှန်မှန် ချစ်မြတ်နိုးကြသူများဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေ မလွတ်မြောက်မခြင်း ကြီးပွားချမ်းသာမလာမခြင်း ဇွဲနဘဲနဲ့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ လမ်းခရီးမှာတွေ့တဲ့ ဆူးငြောင့်ခလုတ်တွေကို အလွန်သတိကြီးစွာထား ရှောင်ရှားရမှာ ဖြစ်ပါတယ်။

ဖေဖေက ဂျပန်လူမျိုးတွေရဲ့ ဓလေ့မှာ သူတို့ဧည့်သည်ကို ဂေရှားမယ်တွေနဲ့  ဧည့်ခံတာဟာ သူတို့ ဧည့် ၀တ်ပြည့်မှုတမျိုးပဲ။ ဖေဖေတို့ ဂျပန်ရောက်တော့လည်း အဲသလို ဧည့်ခံတာပဲ။ ဒါကို နှစ်သက်သွားသူတွေ ရှိသလို ရွံရှာစက်ဆုပ်သူတွေလည်း ရှိတယ်။ တခါ ဖေဖေတို့ သံလျင် အင်္ဂလိပ်စစ်တပ်မှာ နေရတုန်းက (မှတ်ချက် - ကန္နီ စာချုပ်အပြီး မျိုးချစ်တပ်မတော်မှ တပ်မှူးတပ်သားအချို့ အင်္ဂလိပ်တပ်များနဲ့အတူ ပေါင်းစဉ် ၁၉၄၇ ခုနှစ်) ဘုရင့် ကော်မရှင်ရ စစ်ဗိုလ်တွေဆိုပြီး ရာရှင်အကောင်းစားတွေ ရနေတယ်။ စီးကရက်တို့ အရက်တို့ ဖောခြင်းသောခြင်း ပဲ။ ဖေဖေလည်း အစမှာတော့ ဆေးလိပ်သောက်ကြည့်၊ အရက်သောက်ကြည့်ပေါ့။ တပတ်လောက် ကြာတော့ ဆေးလိပ်နှုန်းရော အရက်နှုန်းရော တက်လာတယ်။ တနေ့  ၁ လိပ်၊ ၂ လိပ် ကနေ ၄-၅ လိပ်ဖြစ်လာတယ်။ အ ရက်ကလည်း ၁ ပက်၊ ၂ ပက်ကနေ ၃-၄ပက် ဖြစ်လာတော့တယ်။ အဲဒီတော့ ဖေဖေရိပ်မိပြီး ဒီကောင်တွေ( အင်္ဂ လိပ်တွေ) ငါတို့ကို ဖျက်နေတာ၊ ငါရပ်မှပဲလို့ စဉ်းစားမိတာနဲ့ ဖြတ်လိုက်တာပဲလို့ ပြောပြဖူးပါတယ်။

ဖေဖေကတော့ သူငယ်ငယ်တုန်းက ဘုန်းတော်ကြီးကျောင်း တွေမှာ နေခဲ့ရပြီး ဘာသာတရား နက်ရှိုင်း မှုကြောင့် သူအကျင့်စာရိတ္တကို သူထိန်းနိုင်တာလို့ ဆိုပါတယ်။

ကျွန်မကတော့ ဖေဖေဟာ သူ့ပြည်သူလူထုကို ချစ်မြတ်နိုးလွန်းလို့ ပြည်သူတွေ မလွတ်မမြောက်မခြင်း သူတာဝန်မကျေဘူးလို့ သဘောထားလို့သာ ဘ၀ကို အရသာ ခံမနေတာဘဲလို့ တွေးမိပါတယ်။ တကယ်လည်း လူတန်းစားတရပ်လုံး လွတ်မြောက်ဖို့ ကြိုးပန်းကြသူများဟာ မိမိခြေလှမ်းတိုင်းကို သတိကြီးစွာ ထားပြီး လှမ်းရမှာ ဖြစ်ပါတယ်။ ဒါမှသာ ရာသက်ပန် ပြည်သူ့ဘက်တော်သား ဖြစ်နိုင်မှာ ဖြစ်ပါတယ်။



လှကျော်ဇော

 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်