စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday194
mod_vvisit_counterYesterday169
mod_vvisit_counterThis week850
mod_vvisit_counterLast week1243
mod_vvisit_counterThis month1575
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51830

Online Guests: 10
Your IP: 38.107.191.85
,
Today: Sep 09, 2010
ကျွန်မဆက်ရေးချင်သော ဖေဖေ့အကြောင်းများ (အမှတ် -၅)



ဖေဖေတို့ ဂျပန်မှာ စစ်ပညာသင်ကြားကြစဉ်က သူ့ရဲ့ ရင်းနှီးတဲ့ ရဲဘော်ရဲဘက်တွေထဲမှာ ဗိုလ်ရန် အောင် ပါရှိပြီး အဲဒီတုန်းက ဗိုလ်ရန်အောင်နဲ့ သူနဲ့ ဆက်ဆံရေးကို သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိထဲမှာ အတော် ပြည့် ပြည့်စုံစုံ ရေးပြီးဖြစ်ပါတယ်။

အခု ကျွန်မရေးမှာကတော့ သူတို့တတွေ ရဲဘော်သုံးကျိပ်များအဖြစ် ဗမာပြည် ပြန်ရောက်ပြီး အဖြစ်အ ပျက်များ ဖြစ်ပါတယ်။

ဖေဖေတို့ တပ်မှူးငယ်အုပ်စုဟာ ဗမာပြည်ကြီး လွတ်လပ်ရေးရပြီးမှ အိမ်ထောင်ပြုကြမယ်လို့ ဆုံးဖြတ် ထားကြသတဲ။ ဒါနဲ့ပဲ ဖေဖေက ဖဆပလ ဖွဲ့စည်းရေးအတွက် သခင်စိုးကို မြစ်ဝကျွန်းပေါ်က သွားခေါ်ဖို့ ဗိုလ်ချုပ် အောင်ဆန်းက ခိုင်းတဲ့အခါမှာ သခင်စိုးက ဆီးပြီး ဖေဖေတို့ လာကြိုခေါ်တဲ့ အုပ်စုကို နိုင်ငံရေးသင်တန်း ပေးပါ တယ်။ ဂျပန်မှာ နေစဉ်ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီဝင်  ဖြစ်ပြီးနေတဲ့ ဗိုလ်ရန်အောင်က ဖေဖေ့ကို ခင်ဗျား ဗမာပြည်ရောက်ရင် နိုင်ငံရေးသင်တန်း တက်ဖြစ်အောင် တက်ပါလို့ တိုက်တွန်းဖူးသတဲ့။ ဖေဖေတို့က ကျောင်း သားဘ၀က လိုက်လာရတာ ဖြစ်လေတော့ ဗမာပြည်ပြန်ရောက်လို့ ဗမာ့လွတ်လပ်ရေး ရပြီးရင် ကျောင်းပြန်နေ မယ်လို့ စိတ်ကူးထားတာကြောင့် နိုင်ငံရေးသင်တန်းတက်ရေးဆိုတာကို သိပ်လည်းနားမလည်၊ သဘောမပေါက် ဖြစ်နေတယ်တဲ့။ သခင်စိုး နိုင်ငံရေးသင်တန်းတက်မှပဲ ဘာကြောင့် နိုင်ငံရေးသင်တန်း လိုအပ်တယ်ဆိုတာ သ ဘောပေါက်မိတယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။


အဲဒီသင်တန်းက ဖေဖေ့ကို သာမန် မျိုးချစ်စစ်သားလေးဘ၀ကနေ ရာသက်ပန် လူတန်းစားလွတ် မြောက်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမားဘ၀ကို ပြောင်းလဲပေးလိုက်ပါတော့တယ်။ တဆက်တည်းမှာပဲ ပြည် သူတွေ လွတ်မြောက်ဖို့ဆိုတာ ရေရှည်သွားရမယ့် လမ်းခရီးဖြစ်ကြောင်း သဘောပေါက်သွားတဲ့အတွက် အိမ် ထောင်ပြုရေးကို စဉ်းစားလာခဲ့ပြီး ဖေဖေဂျပန်မသွားခင်ကတည်းက မေတ္တာမျှခဲ့တဲ့ မေမေနဲ့လက်ထပ်ခွင့်ရဖို့ ကြိုး စားပါတော့တယ်။

စစ်အတွင်း စစ်သားတယောက်နဲ့ လက်ဆက်ပေးဖို့ သဘောမတူနိုင်တဲ့ မေမေ့မိဘများကြောင့် မေမေ ဟာ ဖေဖေမှာတဲ့အတိုင်း အဖော်တယောက်ခေါ်ပြီး ဖေဖေရှိရာ ရန်ကုန်ကို ထွက်လိုက်လာပါတော့တယ်။

ဒီလိုနဲ့ ဖေဖေနဲ့ မေမေ့ကို ၁၉၄၅ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သ ခင်မြ၊ ဗိုလ်ချုပ်အောင်ဆန်းတို့က ဦးစီးပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး ဦးနုတို့ ဇနီးမောင်နှံက လက်ထပ်ပေး လိုက်ကြပါတော့တယ်။


အဲဒီလက်ထပ်ပွဲမှာ ဖေဖေရဲ့ လူပျိုရံများဟာ သူရဲ့ ရဲဘော်သုံးကျိပ်ဝင် ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ဗိုလ် ရန်အောင်၊ ဗိုလ်မြင့်အောင်နဲ့ ဗိုလ်ရဲထွတ်တို့ပါ။ အားလုံး လူပျိုကြီးတွေ ဖြစ်ပြီ၊ ဖေဖေကိုဝိုင်း စကြပြီး နောက် ပြောင်ကြနဲ့ အလွန်ပျော်ခဲ့ကြဆိုပဲ။ ဖေဖေရဲ့ လူပျိုည ကြက်သားကာလသားဟင်း ချက်စားပွဲအကြောင်းကတော့ ဖေဖေရေးပြီးပြီပဲ။

ဗိုလ်ရောင်အောင်ဟာ ဖေဖေနဲ့ မေမေ လက်ထပ်ပြီးနောက် ဖေဖေတို့နေတဲ့ ဦးဝိစာရလမ်းက အိမ်လေး ကို လာလာလယ်တိုင်း နောက်ပြောင်ရယ်မောပြောဆိုတတ်ပေမယ့်၊ တခါတရံလည်း မေမေကိုကြည့်ပြီး ငေးငိုင် မှိုင်တွေသွားတတ်တယ်လို့ ဖေဖေက ဆိုပါတယ်။ ဒါနဲ့ပဲ ဖေဖေက တနေ့မှာ ဗိုလ်ရန်အောင်ကို မေးကြည့်သတဲ့။ “ခင်ဗျားက တခါတခါ မျက်နှာမကောင်းဘူး၊ ကျွန်တော် အိမ်ထောင်ပြုတာပဲဖြစ်ဖြစ် ကျွန်တော့် အိမ်ထောင်ဖက် ပေါ်မှာပဲဖြစ်ဖြစ် ခင်ဗျား ဘာအမြင် ရှိလို့တုန်း၊ မကျေနပ်စရာရှိလည်း ပြောပြပါဗျာ” လို့ ဖေဖေက မေးသတဲ့။


ဒီတော့မှာ ဗိုလ်ရန်အောင်က ဖြစ်ကြောင်းကုန်စင်ကို ပြောပြသတဲ့။

ဗိုလ်ရန်အောင်မှာလည်း ဖေဖေလိုပဲ ဇာတိနေရပ်မှာ ငယ်ရည်းစားလေး ရှိသတဲ့။ သူတို့တတွေ ဂျပန်က ပြန်ရောက်တော့ သူ့ငယ်ရည်းစားလေးက ရန်ကုန်ကို လိုက်လာတယ်တဲ့။ အဲဒီကာလက သူတို့တတွေ အလုပ် တွေကလည်းများ၊ ဘယ်သူမှလည်း အိမ်ထောင်မပြုကြသေးတော့ (ဗိုလ်ချုပ်အောင်ဆန်းတောင် အိမ်ထောင် မကျသေးဘူး) ဗိုလ်ရန်အောင်က သူ့ငယ်ရည်းစားလေးကို တောပြန်စောင့်ဖို့ သူအလုပ်အကိုင် တည်ငြိမ်တော့ လာခေါ်မယ့်အကြောင်း ပြောပြီးပြန်လွှတ်လိုက်သတဲ့။ ကလေးမလေးက ယောက်ျားနောက်လိုက်မယ်ဆိုပြီး အိမ် က ထွက်လာတာ ဖြစ်လေတော့၊ ကိုယ့်မိဘရပ်ဋ္ဌာန်မပြန်ရဲတော့ဘဲ နီးစပ်ရာဆွေမျိုးများရှိရာ တောအရပ်ဒေသတ ခုမှာ သွား ခဏနေရာက အပြင်းဖျားပြီး ကွယ်လွန်သွားရှာပါတော့တယ်။

ဒါကြောင့် ဗိုလ်ရန်အောင်ကြီးက ဖေဖေနောက် စွန့်စွန့်စားစားလိုက်လာပြီး ဖေဖေနဲ့ ပျော်ပျော်ရွှင်ရွှင် လက်ထပ်လိုက်ရတဲ့ မေမေကို မြင်တိုင်း၊ ကုသိုလ်ဆိုးလှတဲ့ သူ့ငယ်ရည်းစားလေးကို သတိရ၊ စိတ်မကောင်းဖြစ်မိ တာလို့ ဆိုပါတယ်။


ဖေဖေရော၊ မေမေရော ဒီအကြောင်းသိပြီးနောက်မှာ ဗိုလ်ရန်အောင်အပေါ် အလွန်သနားကြင်နာကြပြီး ဗိုလ်ရန်အောင် ဘယ်တော့ အိမ်လာလာ အလွန်ဂရုစိုက်ခဲ့ကြတယ်။ မေမေကလည်း မရှိရှိရာ ဟင်းကောင်းလေး တွေနဲ့ ထမင်းကျွေးလေ့ရှိတယ်လို့ ဖေဖေက ပြောပြပါတယ်။

ဖေဖေရဲ့ အဲဒီဗိုလ်ရန်အောင်အပေါ် ကြင်နာစိတ်ဟာ တောက်လျှောက် ဆက်ရှိခဲ့ပုံရပါတယ်။ ဗိုလ်ရန် အောင် ရခိုင်မှာ ငှက်ဖျားဖြစ်ပြီး နောက်ပိုင်း ကယောင်ကတန်းဖြစ်လာမှုကို ကြားရတော့ ရခိုင်ငှက်ဟာ အလွန်ဆိုး တာ၊ ဦးနှောက်ငှက်ဖျားဖြစ်သွားဟန် ရှိတယ်။ ဒါကြောင့် ဦးနှောက်ထိသွားပုံရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် သာယာဝတီထောင်ထဲမှာလည်း ဆိုရှယ်လစ်ထောင်မှူးဝါဒါများက “မင်းလားဂျပန်ပြန်ရဲဘော်သုံးကျိပ်”ဆိုပြီး ရက် ရက်စက်စက် ရိုက်နှက်ခဲ့မှုကြောင့်လည်း ပိုမိုဆိုးသွားဟန်ရှိတယ်လို့ ဖေဖေပြောပါတယ်။ ဂျပန်မှာ နေတုန်းက တော့ ဗိုလ်ရန်အောင်ကြီးဟာ အလွန်ထက်ထက်မြက်မြက် ရှိခဲ့သူပဲလိုလည်း ပြောပြပါတယ်။

ဖေဖေပင်စင်ယူပြီး ကျွန်မတို့ ဆီဆုံလမ်းအိမ်ကလေးရောက်တော့ ဗိုလ်ရန်အောင်ရဲ့သားများ ဖေဖေ့ကို လာတွေ့ပြီး သူ့အဖေဓာတ်ပုံရှိရင် လိုချင်ကြောင်းပြောလာလို့ ဖေဖေက သူတို့ ဂျပန်စစ်ဝတ်စုံတွေနဲ့ ရိုက်ထားတဲ့ သူတို့အဖေပါတဲ့ ပုံတပုံ ထုတ်ပြပါတယ်။ သူတို့ယူသွားပြီး ကူးယူပါတယ်။ အဲဒီသားတွေကလည်း ဗိုလ်ရန်အောင် နဲ့ တပုံတည်းတူပါတယ်။ ဖေဖေကတော့ “အသံပါတူတယ်ဟဲ့”လို့ ပြောပါတယ်။

ဒါတွေကတော့ ဖေဖေ အလွန်ခင်မင်ခဲ့တဲ့ ရဲဘော်ရဲဘက်ကြီး ဗိုလ်ရန်အောင်အကြောင်း တစေ့တစောင်း ပါ။     ။



လှကျော်ဇော
Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်