စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday39
mod_vvisit_counterYesterday169
mod_vvisit_counterThis week695
mod_vvisit_counterLast week1243
mod_vvisit_counterThis month1420
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51675

Online Guests: 8
Your IP: 38.107.191.87
,
Today: Sep 09, 2010
ကျွန်မဆက်ရေးချင်သော ဖေဖေ့အကြောင်းများ (အမှတ်-၆)


ဗိုလ်စကြာ


ရဲဘော် သုံးကျိပ်ဝင်များအကြား အချင်းချင်း ဆက်ဆံရေးများကို ဖေဖေက ကျွန်မတို့ကို မကြာခဏ ပြော ပြတတ်ပါတယ်။ ဒါကြောင့် သူနဲ့ ရင်းနှီးခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေကို ကျွန်မတို့က သိရှိနေပါတယ်။ ဒါပေမဲ့ ရဲ ဘော်သုံးကျိပ်ဝင်ဘ၀ကရော နောက်ပိုင်းအစောပိုင်း ကာလများမှာရော သူနဲ့ အတော်ရင်းနှီးခဲ့ပေမယ့် ဘယ်တော့ မှ ကျွန်မတို့ကိုရော သူရေးသားခဲ့တဲ့ အကြောင်းအရာ ဆောင်းပါးအမျိုးမျိုးမှာရော ထည့်မရေးခဲ့တဲ့ ရဲဘော်သုံး ကျိပ်ဝင် တဦးရှိခဲ့ပါတယ်။ သူကတော့ ဗိုလ်စင်္ကြာပါ။


ဖေဖေတို့ကို ဂျပန်ကို တသုတ်ပြီးတသုတ် လွှတ်ရာမှာ ပထမ ၃ သုတ်ဟာ သခင်ကိုယ်တော်မှိုင်း သခင် အဖွဲ့က ဖြစ်ပါတယ်။ ပြောရရင်တော့ လက်ဝဲနွယ်တွေပေါ့။ ဒီတော့ နောက်ဆုံးအသုတ်ဖြစ်တဲ့ စတုတ္ထသုတ်ကို သခင်ဗစိန်၊ သခင်ထွန်းအုပ်အဖွဲ့က ရွေးလွတ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့မှာ သခင်ထွန်းအုပ်က ပထမခေါင်းဆောင်၊ ဗိုလ်စကြာက ဒုတိယခေါင်းဆောင်အဖြစ် ဦးစီးလာခဲ့ကြပါတယ်။ (အဲဒီ စတုတ္ထအသုတ် ဟိုင်နန်ကျွန်းကို ရောက် လာတော့ သခင်ထွန်းအုပ်က နိုင်ငံရေး သင်တန်းတက်ဖို့ တိုကျိုမှာ နေခဲ့ပြီး ဗိုလ်စကြာကလည်း စစ်သင်တန်း တက်ပေမယ့် စစ်လေ့ကျင့်ရေးတွေ သိပ်စိတ်မပါလို့ သူတို့အဖွဲ့မှာ ဗိုလ်နေ၀င်းက ခေါင်းဆောင်ဖြစ်လာတာပါ။)

အဲဒီအဖွဲ့ဟာ ဖေဖေတို့အသုတ်တွေထက် ရက်သတ္တပတ် အနည်းငယ်နောက်ကျနေလို့ အမီလိုက်ဖို့ အပြင်းအထန် လေ့ကျင့်ရပါတယ်။ သူတို့ခမျာ အတော်ပင်ပန်းကြတယ်လို့ ဖေဖေက ပြောပြပါတယ်။ ဒီလို ဖြစ်မယ်လို့ ကြိုတင်မှန်းဆထားတဲ့အတွက် ဖေဖေတို့အားလုံး မညည်းညူစတမ်း ညှိထားကြတယ်ဆိုပဲ။ ဒီလို ညှိ ထားတဲ့ကြားကပဲ တနေ့မှာ (ဘီအိုင်အေ၀င်လာစဉ်က ဖာပွန်အနီး ကျဆုံးသွားခဲ့တဲ့ ဗိုလ်ဉာဏ) ကိုမောင်မောင်က မခံမရပ်နိုင်လွန်းလို့ ထမင်းစားနေရာက ဗြုန်းခနဲထပြီး “ဟေ- ပင်ပန်းလှချည်လား၊ ဒီလိုဆိုရင်ဖြင့် ပေါက္ကံပြည် ကြာရှည်မှ နန်းစံနိုင်ပါ့မလား” လို့ ဂျပန်တွေ ရှေ့မှာ တခုခု အော်ပြောသလို ခပ်တည်တည် ပြောလိုက်လို့ ကျန်လူ တွေက မချိပြုံးလေးတွေနဲ့ လိုက်ပြုံးနိုင်ခဲ့တယ်လို့ ဖေဖေက သူ့ဆောင်းပါးတစောင်မှာ ရေးခဲ့ဖူးပါတယ်။


အဲသလို စစ်သင်တန်းတွေ တက်နေရာမှာ ဗိုလ်စကြာဟာ အသက်အရွယ်အရလည်း ကျန်လူငယ်များ ထက် အတန်အသင့်ကြီးပြီး လူငယ်များနဲ့လည်း လိုက်လျောညီထွေ နေတတ်လို့ရော၊ လူငယ်များကို အကြံဉာဏ် ပေး ဆိုဆုံးမပြုမှုတွေလည်း ရှိလို့ ကျန်လူငယ်အုပ်က သူ့ကို“အဘ”လို့ ခေါ်ပြီး ရင်းရင်းနှီးနှီးဆက်ဆံခဲ့ကြတယ်။ လေးစားသမှုလည်း ရှိခဲ့တယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။ ရဲဘော်တွေ အချင်းချင်းကြား ဆက်ဆံရေးတွေမှာ လည်း သူက အတော်ပျော့ပျောင်းပြီး စေတနာထားလုပ်ဆောင်ပေးမှုကြောင့် ရဲဘော်တွေက သူ့ကို အတော်ချစ် ခင်ကြတယ်လို့ ဆိုပါတယ်။


နောက်ပိုင်း ဘီအိုင်အေဖွဲ့ပြီး ဗမာပြည်တွင်းစစ်ချီရာမှာ ဖေဖေဦးစီး ချီတက်ခဲ့တဲ့ ဖာပွန်စစ်ကြောင်းမှာ ဗိုလ်စကြာင်္က ပါဝင်ခဲ့ပါတယ်။ လမ်းခရီးတလျှောက်မှာလည်း ဘာပြဿနာပဲပေါ်ပေါ် ဗိုလ်စကြာကိုပဲ အကူအညီ အကြံဉာဏ်တောင်းခဲ့ရတယ်။ ဗိုလ်စကြာက လူမှုရေးအတွေ့အကြုံတွေရှိတော့ အကြံဉာဏ်ကောင်းတွေ ပေးခဲ့ တယ်လို့ ဖေဖေက ဆိုပါတယ်။

ဒီလိုနဲ့ ဘီအိုင်အေခေတ်မှာ ဗိုလ်စကြာဟာ သံတမန်ကြီးတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဂျပန် တော်လှန်ရေးတွေ ဗမာပြည်မှာ ပေါ်ပေါက်လာတော့ ဂျပန်မှာ သောင်တင်နေတဲ့ စစ်တက္ကသိုလ် တက်နေရတဲ့ ဗ မာကျောင်းသားတွေကို ဂျပန်လက်နက်ချအပြီး ဗမာပြည်ပြန်ရောက်အောင် ကြိုးစားဆောင်ရွက်ခဲ့ဖူးပါတယ်။ (ဗိုလ်မှူးကြီးဟောင်း တင်မောင်ရေးတဲ့ “ဂျပန်ခေတ်စစ်ပညာသင်တဦး” မှာ ဖတ်ကြည့်ပါ။)

ဒါပေမဲ့ ဗမာပြည်လွတ်လပ်ရေးရပြီး ဖဆပလအစိုးရ တက်လာချိန်မှာတော့ သူဟာ တော်လှန်ရေးသမား တဦးထက် စီးပွားရေးဘက် ရောက်သွားပြီး လိုင်စင်ခေတ်နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်။ ဖေဖေတို့လို လူမျိုးနဲ့ တဖြည်းဖြည်း ဝေးသွားခဲ့တယ်လို့ ဖေဖေက ပြောပြပါတယ်။ ဒီလိုနဲ့ ဗိုလ်စကြာဟာ သူဌေး ကြီးဖြစ်သွားပြီး ရုပ်ရှင်မင်းသမီး ၀င်းမင်းသန်းနဲ့ လက်ဆက်ခဲ့ပါတယ်။


ဖေဖေတပ်က ပင်စင်ယူရပြီး နောက်ပိုင်း ၁၉၅၀ ခုနှစ်များအကုန် ၆၀ ခုနှစ်များအစမှာ ရဲဘော်သုံးကျိပ် ၀င် ဗိုလ်လက်ျာက ဦးစီးပြီး ဂျပန်တော်လှန်ရေးနေ့များ၊ ဗမာ့လွတ်လပ်ရေးနေ့များစတဲ့ အထိမ်းအမှတ်နေ့များမှာ ရဲဘော်သုံးကျိပ်ဝင်များ၊ မိသားစုဝင်များ၊ တခြားတော်လှန်ရေးရဲဘော်ဟောင်းများ၊ မိသားစုဝင်များကို စုစည်းပြီး သာဓုကန်နဲ့ လှော်ကားကန်တို့ကို ပျော်ပွဲစား ထွက်တတ်ပါတယ်။ အဲဒီကာလက ဗိုလ်လက်ျာ ကိုယ်တိုင်လည်း မုတ္တမကုမ္ပဏီကို ဖွင့်ပြီး စီးပွားရေး အတော်အောင်မြင်နေချိန် ဖြစ်ပါတယ်။ ညစာစားပွဲတွေ ဘာတွေလည်း ဟိုတယ်တွေမှာ လုပ်တတ်ပါသေးတယ်။


အဲဒီကာလက ပွဲတပွဲအပြန်မှာ မေမေက ဖေဖေ့ကို စကားနာထိုးတဲ့ အဖြစ်အပျက်တခုကို ကျွန်မ မှတ်မိ နေပါတယ်။


မေမေက ဖေဖေ့ကို “နေပါဦး။ ရှင့်အဘက ရှင့်ကို နှုတ်တောင် မဆက်ပါ့လား။ အရင်တုန်းက ပါးစပ်က သား...သားနဲ့ ပါးစပ်က မချခဲ့တဲ့သူက အခု မျက်နှာချင်းဆိုင် ထမင်းထိုင်စားနေတာတောင် နှုတ်မဆက်ပါလား” လို့ ပြောပါတယ်။ “သြော... သူက တို့ကို တောင်းနိုးနိုး ရမ်းနိုးနိုး ထင်နေဟန် ရှိပါတယ်ကွာ”လို့ ခပ်အေးအေးပဲ ပြောခဲ့ဖူးပါတယ်။ “တို့လူတချို့ကလည်း သူကို အဘ အဘနဲ့ ၀ိုင်းတောင်းရမ်းကြတာလည်း များတယ်လေ”လို့ ဖြေပြောလေးပြောပါတယ်။

ကျွန်မနောက်မှ မေမေ့ကို မေးကြည့်တော့ ဘီအိုင်အေကာလက ဖေဖေ့ကို ဗိုလ်စကြာက သား...သား လို့ ခေါ်ခဲ့ပြီး၊ ဖေဖေ့အရှိန်နဲ့ စီးပွားရှာခဲ့တယ်ဆိုပဲ။ အဲဒီကာလကတည်းက ဗိုလ်စကြာက အတော်စုမိ ဆောင်းမိ နေပြီတဲ့။ ဖေဖေကလည်း အဲဒီတုန်းက အောက်ဗမာပြည်တာဝန်ခံ ဖြစ်တာကိုး။ အဲဒီ ဖေဖေနဲ့ မေမေ့စားအချေအ တင် ပြောတဲ့နေ့တုန်းကတော့ ဗိုလ်လက်ျာဖိတ်တဲ့ ထမင်းစားပွဲမှာ ဖေဖေနဲ့ တစားပွဲတည်း မျက်နှာချင်းဆိုင် ထိုင် နေတာတောင် ဗိုလ်စကြာက ဖေဖေ့ကို နှုတ်မဆက်ခဲ့ဘူးတဲ့။


၁၉၆၀ ခုနှစ် ရွေးကောက်ပွဲမှာ ဖေဖေက ကြည့်မြင်တိုင်တောင်ပိုင်းနယ်မြေမှာ တသီးပုဂ္ဂလိက အမတ် လောင်းအဖြစ် ၀င်အရွေးခံတော့ ဗိုလ်စကြာက ဖဆပလ (တည်မြဲ) အမတ်လောင်းအဖြစ် ယဉ်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ ပုဂ္ဂိုလ်ရေး တိုက်ခတ်မှုတွေ လုပ်ကြပါတယ်။ ဖေဖေ့ရွေးကောက်ပွဲ အောင်မြင်ရေး ကော်မတီမှာ လာကူလုပ်ကိုင်ပေးနေတဲ့ ဦးမျိုးညွန့် (အလုံမြို့နယ်စစ်ပြန်ရဲဘော်ဟောင်းများအသင်း) က တနေ့မှာ “ ဗိုလ်ချုပ်-ဗိုလ်စကြာက တရားပွဲတွေမှာ တခြားလူတွေကိုသာ ဆော်နေတာ၊ ဗိုလ်ချုပ်ကိုတော့ တိုက်ခိုက်တာ မတွေ့ရပါဘူး”လို့ ဖေဖေ့ကို ပြောတော့ ဖေဖေက ရယ်မောပြီး “ဘယ်ပြောရဲပါ့မလဲဗျာ၊ ကျွန်တော် ပြန်တွယ်ရင် သူခံသွားရမှာပေါ့” လို့ ပြန်ပြောခဲ့ဖူးပါတယ်။

ကျွန်မအခု ဒီဆောင်းပါးကို ရေးဖို့ စီစဉ်တော့ ဖေဖေ့ကို ဗိုလ်စကြာနဲ့ ပတ်သက်ပြီး ဖေဖေဟိုတုန်းက ပြောဖူးတဲ့ ဗိုလ်စကြာကို တွယ်မယ့်အကြောင်းအရာက ဘာလဲလို့ မေးကြည့်တော့ “ ဘာလုပ်မလို့လဲ သမီးရယ်၊ သေတဲ့လူတွေလည်း သေကုန်ကြပြီပဲ” လို့ စိတ်မကောင်းသံနဲ့ ပြောပါတယ်။ ကြည့်ရတာ ဖေဖေက တချို့ကိစ္စတွေ ကို ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးထင်လို့ သူနဲ့တပါတည်း ယူသွားဖို့ စဉ်းစားထားပုံ ရပါတယ်။ ကွယ်လွန်ပြီ ဖြစ်တဲ့ သူ့ရောင်းရင်းတွေကိုလည်း ပြည်သူလူထုကို အကြီးအကျယ် ဒုက္ခပေးခဲ့သူ မဟုတ်ရင် သူခွင့်လွှတ်နိုင်ပုံ ရပါတယ်။



လှကျော်ဇော
Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်