စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday50
mod_vvisit_counterYesterday169
mod_vvisit_counterThis week706
mod_vvisit_counterLast week1243
mod_vvisit_counterThis month1431
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51686

Online Guests: 9
Your IP: 38.107.191.88
,
Today: Sep 09, 2010
ပေးစာ (၁)

အဝေးရောက် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး ရဲဘော်တဦးမှ ဒီမိုကရေစီရေးတိုက်ပွဲဝင်
ရဲဘော်တဦးထံပေးစာ


ကိုသစ္စာရေ...

တလောက ခင်ဗျားနဲ့ ကျွန်တော် မမျှော်လင့်ဘဲ အွန်လိုင်းပေါ်မှာ ဆုံတွေ့လိုက်ရတာ ကျွန်တော် အတော့် ကို လှိုက်လှိုက် လှဲလှဲ ဖြစ်ခဲ့မိတယ်ဗျာ။
အခုဆိုရင် ရှစ်လေးလုံး အရေးတော်ပုံဆိုတဲ့ တော်လှန်ရေးဒီလှိုင်းကြီး ထန်ခဲ့တာ အနှစ် ၂ဝ ကျော်လို့ ၂၁ နှစ်တောင် ပြည်တော့မယ်။ တော်လှန်ရေး ဒီရေကလည်း တဖြည်းဖြည်းကျသွား၊ နဝတ-နအဖစစ်အုပ်စုကလည်း သူ့အာဏာ ဆက်ထိန်းရေးကို နည်းသဏ္ဍာန် မျိုးစုံနဲ့ ယာယီကာကွယ်ထိန်းသိမ်းထားနိုင်လာတော့ တော်လှန် ရေးအင်အားစုများ အတွင်းမှာ ယုံကြည်ချက်တွေ ဝေဝါးလာပြီး၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ဒီချုပ်ကပဲ တင်းမာနေလေဟန် လျှော့ပေး ရေးပြောနေတဲ့အသံတွေ လှိုင်လှိုင်ကြား နေရတယ်။ ဒီအချိန်မှာ ခင်ဗျားနဲ့ ကျွန်တော်တို့ အွန်လိုင်းကနေ တဆင့် ဆုံခဲ့ကြတယ်။

ရှစ်လေးလုံးအရေးတော်ပုံအပြီး ခင်ဗျားသက်စွန့်ဆံဖျား ထွက်လာရတဲ့ အခြေအနေတွေနဲ့ ခင်ဗျား ထမ်းဆောင်နေတဲ့ သမိုင်းပေးတာဝန်များကို တဝကြီး မိတ်ဆက်ပြသလို လွန်ခဲ့တဲ့ အနှစ် ၃ဝ နီးပါးက မဆလ ထောက်လှမ်းရေးလိုက်ဖမ်းလို့ ပြည်သူ့ ဒီမိုကရေစီလက်နက်ကိုင် တော်လှန်ရေးထဲ ဆင်းသွားခဲ့ရတဲ့ ကျွန်တော့် အနေအထားကိုလည်း မေးမြန်းခဲ့တယ်မဟုတ်လား။ အချိန်အခက်အခဲကြောင့် ကျွန်တော် ပြည့်ပြည့်စုံစုံ မပြောလိုက်နိုင်လို့ ခုမှပဲ ခင်ဗျားသိချင်တာတွေကို စာရေး ပြောလိုက် ရတယ်ဗျာ။
ဟုတ်တယ်။ ခင်ဗျားပြောသလိုပဲ လွန်ခဲ့တဲ့ အနှစ် ၃ဝ နီးပါး ၁၉၇၈ ခုနှစ် စက်တင်ဘာလအတွင်း မဆလ ထောက်လှမ်းရေးက လိုက်ဖမ်းလို့ ကျွန်တော်အပါအဝင်ဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြေအောက်အဖွဲ့ ဝင်တော်တော်များများ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးအတွင်း ဆင်းလာခဲ့ကြရတယ်။ ဒီကာလ အတွင်း ကမ္ဘာ့အခြေအနေရော ကျွန်တော်တို့ တိုင်းပြည်အခြေ အနေပါ အပြောင်းအလဲတွေ အမှန်ပဲ ဖြစ်ပေါ်ခဲ့တယ်။

ပထမဆုံးပြောချင်တာက ပြည်တွင်းအပြောင်းအလဲ။ ၁၉၈၈ခုနှစ်မှာ ဗမာပြည်သမိုင်းမှာ တခါမှ မကြုံဖူး သေးတဲ့ အလွန် ပြင်းထန် ကြီးမားလှတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ထွက်ခဲ့တယ်။ ဒီအရေး တော်ပုံအတွင်းမှာ ခင်ဗျားတို့ တက်တက်ºကºက ပါဝင်ဆောင်ရွက်ခဲ့ကြသလို ကျွန်တော်တို့ပါတီကလည်း လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနဲ့ပေါင်းစပ်းနိုင်ရေးကို ကြိုးစားခဲ့တယ်။ သွားလေသူ ဗိုလ်စောမောင် ပြော ပြောနေတဲ့ ‘မိုင်းယန်း’တိုက်ပွဲဆိုတာ ရှစ်လေးလုံးအရေးတော်ပုံ လူထု တိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနဲ့ ပေါင်းစပ် ရေး ကျွန်တော်တို့ပါတီရဲ့ စီမံကိန်းပဲပေါ့။ တချိန်တည်းမှာလည်း အခြေခံဒေသလူထုအတွင်း မြို့ပေါ်ကလူထုတိုက်ပွဲ ထောက်ခံရေး လူထုလှုပ်ရှားမှုများကို ဝတောင်ခရိုင်အတွင်း ပါတီရဲ့ တာဝန်ပေးချက်အရ ကျွန်တော်တို့တတွေ ဆောင်ရွက်ခဲ့သေးတယ်။ ဒါပေမယ့် ဗမာပြည်သူတွေရဲ့ ကံကြမ္မာလို့ပဲ ဆိုရတော့မယ်ထင်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ယာယီ ရှုံးနိမ့်သွားခဲ့ရသလို ကျွန်တော်တို့ပါတီလည်း နယ်စပ်အခြေခံဒေသများမှာ လူမျိုးစုများက ပုန်ကန်မှုကြောင့် တော်လှန်ရေးအခြေခံဒေသများ လက်လွတ်ဆုံးရှုံးသွားပြီး မြေအောက်ပါတီဘဝကို ရောက်ခဲ့ရတယ်။

ကိုသစ္စာရေ...
ခင်ဗျားအပါအဝင် ပြည်တွင်းက စစ်အစိုးရ ဆန့်ကျင်ရေးအင်အားစုတွေဟာ ပြည်ပထွက်လာပြီး မိမိတို့ရဲ့ မပြီးဆုံးသေးတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တာဝန်များကို ဆက်လက်သယ်ဆောင်ဖို့ ရောက်ရာနေရာမှာ ကျရာတာဝန်များကို ထမ်းဆောင်နေကြသလို ကျွန်တော်တို့ ပါတီက အင်အားစုတွေကလည်း ကျွန်တော်တို့ရဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးအရေးတော်ပုံအတွက် မြေအောက်တော်လှန်ရေး အင်အားစုများအဖြစ် အတွေး အခေါ်အရ၊ စည်းရုံးရေးအရ ပြင်ဆင်လုပ်ကိုင်လျက်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခင်ဗျားတို့တတွေဟာ တခရီးတည်း သွားနေတဲ့ ခရီးသွားဖော်တွေလို့ပဲ ဆိုရပေမယ်ပေါ့ဗျာ။
တချိန်တည်းမှာလည်း ပြည်တွင်းအပြောင်းအလဲတွေနဲ့ နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှု အခုလို ဒီရေနိမ့် ကာလသို့ ရောက်နေချိန်မှာ ခင်ဗျားနဲ့ ကျွန်တော်တွေ့စဉ်က သေသေချာချာ မပြောလိုက်ရသေးတဲ့ ကျွန်တော် ရဲ့ ယုံကြည်ချက်တွေ၊ အတွေးအခေါ် သဘောတရားတွေနဲ့ အနာဂတ်ရည်မှန်းချက်ပန်းတိုင်တွေ ဘယ်လိုရှိနေ သလဲဆိုတာကို ပြောပြဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ကျွန်တော့်သဘောထားတွေကို ရေးပါ့မယ်။

 

“စစ်ဝါဒကို ရှုတ်ချရုံဆဲရေး ငြင်းပယ် ရုံ၊
ဒါမှမဟုတ် ဒီဝါဒ အန္တရာယ်ကြီးကြောင်း ဝေဖန်ရုံ ချေပပြောဆိုရုံနဲ့ မရဘူး။
စစ်ရေးအရလုပ်ဖို့ ငြင်းပယ်တာဟာ ငြိမ်းချမ်းစွာ ရူးမိုက်မှုပဲ”

ဒါကို မရေးခင် ပထမဆုံး ဗမာပြည်က စစ်အာဏာရှင်စနစ်၊ စစ်အစိုးရ၊ စစ်အုပ်စုရဲ့ စစ်ဝါဒကိုတိုက်ဖျက် ပစ်ရေးနဲ့ပတ်သက်ပြီး တချက်လောက် တို့လိုက်ချင်သေးတယ်။ ဒါနဲ့ပတ်သက်ပြီး လီနင်ပြောခဲ့ဖူးတဲ့ သင်ကြား ချက်တခုကို အခုထိ စွဲနေတုန်းပဲ။ သူက “စစ်ဝါဒကို ရှုတ်ချရုံဆဲရေး ငြင်းပယ် ရုံ၊ ဒါမှမဟုတ် ဒီဝါဒ အန္တရာယ်ကြီးကြောင်း ဝေဖန်ရုံ
ချေပပြောဆိုရုံနဲ့ မရဘူး။ စစ်ရေးအရလုပ်ဖို့ ငြင်းပယ်တာဟာ ငြိမ်းချမ်းစွာ ရူးမိုက်မှုပဲ”တဲ့။ ဒီသင်ကြားချက်ကို ကျွန်တော် လက်ခံတုန်းပဲ။

တဆက်တည်း ကမ္ဘာ့အခြေအနေ၊ ဗမာပြည်အခြေအနေ ပြောင်းသွားပေမယ့် ကျွန်တော့်ယုံကြည်ချက်တွေ၊ အမြင်တွေ ပြောင်းမသွားဘူးဆိုတာ ပြောချင်တယ်။ မပြောင်းရုံမက ပိုလို့တောင် ခိုင်မာလာသေးတယ်လို့ ပြောနိုင် တယ်။ ဘာကြောင့်လဲ။ တခွန်း တည်းပြောရရင် ကျွန်တော်ယုံကြည်လက်ခံထားတာဟာ “သိပ္ပံနည်းကျ ဆိုရှယ် လစ်ဝါဒ” ဖြစ်နေလို့ပါပဲ။
ပိုရှုပ်သွားပြီလား ကိုသစ္စာ။ စစ်အေးခေတ် ပြီးဆုံးသွားတာနဲ့အတူ ကမ္ဘာ့ပထမဆုံး ဆိုရှယ်လစ် နိုင်ငံ တော်ကြီးဖြစ်တဲ့ ဆိုဗီယက် ပြည်ထောင်စုကြီးနဲ့ အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံတွေ အသွေးအရောင်ပြောင်းသွားတဲ့ ဆိုးဝါးလှတဲ့ အရေးအခင်း ပေါ်လာတော့ ဓနရှင်လူတန်းစားဘက်တော်သား အတွေးအခေါ်အဘိဓမ္မာ ပညာရှင် တွေက “ဆိုရှယ်လစ်ဝါဒ ကမ္ဘာပေါ်က ပျောက် ဆုံးသွားပြီ”“အရင်းရှင်စနစ်သာလျှင် လူသားတွေအတွက် အကောင်း ဆုံး”စသဖြင့် လက်ပန်းပေါင်းခတ် ကြွေးကြော်ခဲ့ကြတယ်လေ။ သူတို့ဝါဒဖြန့်နေကြသလို တချို့လည်း ကွန်မြူ နစ်အရေးတော်ပုံကြီး တကယ့်ကို ပျောက်သွားပြီလို့ ထင်ကြပုံပဲဗျာ။

သူတို့ကြွေးကြော်ကြသလို ကျွန်တော်ကတော့ လက်မခံဘူး။ အဲဒီလိုလည်း မယုံကြည်ဘူး။ ဒါပေမယ့် ဒီအရေးအခင်းဟာ ဆိုရှယ်လစ်အရေးတော်ပုံ နောက်ဆုတ်သွားမှု၊ ကွေ့ကောက်သွားမှုအဖြစ်လို့တော့ အမှန် တကယ်ပဲ အသိအမှတ်ပြုတယ်။ တချိန်တည်းမှာလည်း ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ တရားဖြစ်တယ်လို့ အသိ အမှတ်ပြုပါတယ်။ အလျဉ်းသင့်လို့ လူ့အဖွဲ့အစည်း ဖြစ်ပေါ် တိုးတက်မှုတရားနဲ့ ပတ်သက်လို့ အနည်းငယ် တင်ပြပါရစေ။

ဘယ်လူ့အဖွဲ့အစည်းမှ အပြောင်းအလဲမရှိ၊ ထာဝစဉ် ရပ်တန့်မနေပါဘူး။ လူမှုစနစ်တိုင်းဟာ ယာယီ သာဖြစ်တယ်။ ဒိထက် တဆင့်မြင့်တဲ့ လူမှုစနစ်တခုဖြင့် မုချအစားထိုးခံရပါလိမ့်မယ်။ ရှေးဘုံလူအဖွဲ့အစည်းကို ကျေးကျွန်စနစ်က အစားထိုးခဲ့တယ်။ ကျေးကျွန်စနစ်ကို ပဒေသရာဇ်စနစ်က အစားထိုးလိုက်တယ်။ ပဒေသရာဇ် စနစ်ကိုလည်း အရင်းရှင်စနစ်က အစားထိုးခဲ့တယ် မဟုတ်လား။ ထိုနည်းတူ အရင်းရှင်စနစ်ကို ဆိုရှယ်လစ်စနစ်က မုချအစားထိုးပါလိမ့်မယ်။ ဒါလူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှုတရားပဲ။ ဘယ်သူ့စိတ်ဆန္ဒနဲ့မှ မဆိုင်ပါဘူး။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အင်အားစုကမှ တားဆီးလို့လည်း ရမှာမဟုတ်ပါဘူး။

ဒါကြောင့် ဆိုရှယ်လစ်စနစ် ချုပ်ငြိမ်းသွားပြီလို့ ဘယ်လိုလုပ် သက်သေထူလို့ ရမှာလဲ။ ဘယ်လူမှု စနစ်ဖြစ်ဖြစ် ချီတက်ရာ လမ်းခရီးဟာ အကွေ့အကောက် အတက်အဆင်းတွေနဲ့ ပြွမ်းတီးနေခဲ့တာပဲ မဟုတ်လား။ အရင်းရှင်စနစ်ဟာ အခုဆိုရင် နှစ်ပေါင်း ၃ဝဝ ကျော်တောင် ရှိသွားပြီ။ ဒီသမိုင်းကာလအတွင်း စနစ်ဟောင်း ပြန်ပေါ်လာခြင်း၊ စနစ်သစ်အတွန်းလှန်ခံရခြင်းဆိုတဲ့ အကွေ့အကောက်အတက်အဆင်းတွေ ကြုံတွေ့ခဲ့ရတာပါပဲ။ ဒီအတိုင်းပဲပေါ့၊ ဆိုရှယ်လစ်စနစ်ဟာလည်း ချီတက်ရာလမ်းခရီးမှာ အကွေ့အကောက်အတက်အဆင်းတွေ အပြန်ပြန်အလှန်လှန် ဖြစ်ပေါ်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါဟာ လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်မှုတရားနဲ့လည်း ကိုက်ညီပါတယ်။

ဒီနေ့ဆိုရှယ်လစ်စနစ် ဖြစ်ပေါ်တိုးတက်မှုသမိုင်းကို ကြည့်ရင် ၁၉၁၇ အောက်တိုဘာတော်လှန်ရေး အောင်ပွဲခံပြီးနောက် ပထမဆုံး ဆိုရှယ်လစ်နိုင်ငံပေါ်လာတဲ့အချိန်က စတင်ရေတွက်ကြည့်ရင် အနှစ် ၈ဝ ကျော် ၉ဝ လောက်သာ ရှိပါသေးတယ်။ သမိုင်းခေတ်တွေနဲ့စာရင် အင်မတန် နုနယ်ပါတယ်။ ၂ဝ ရာစုနှောင်းပိုင်း ၉ဝ ခုနှစ်များအစပိုင်းမှာ ဆိုရှယ်လစ်နိုင်ငံတချို့ အသွေးအရောင် ပြောင်းသွားခြင်းကြောင့် ဆိုရှယ်လစ်စနစ်ဟာ ယာယီ အားဖြင့် အမှန်တကယ်ပဲ ချည့်နဲ့သွားပေမယ့် ပြည်သူလူထုကြီးအနေနဲ့ ထုသားပေသား ရခဲ့ကြတယ်။ အဖိုးတန် သင်ခန်းစာများ ထုတ်ယူနိုင်ခဲ့ကြတယ်။ ဒါတွေက ရှေ့အဖို့ ဆိုရှယ်လစ်စနစ်ကို ချီတက်ရာမှာ ပိုမိုပြည့်စုံတဲ့၊ မှန်ကန် တဲ့ ဦးတည်ချက်အတိုင်း လမ်းခင်းပေးလိုက်တာဖြစ်တယ်လို့ ကျွန်တော်ကတော့ ခံယူပါတယ်။
မျက်မှောက် အနောက်တိုင်း အရင်းရှင်နိုင်ငံတွေ ဖြစ်ထွန်းတိုးတက်နေမှုနဲ့ ဆိုရှယ်လစ်နိုင်ငံတွေ အသွေးအရောင်ပြောင်းသွားမှုတွေကို ကြည့်ပြီး ကျွန်တော်တို့ မျက်စိမလည်သင့်ပါဘူး။ အနောက်တိုင်း အရင်းရှင် နိုင်ငံတွေမှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အနိဋ္ဌာရုံတွေ၊ နေထိုင်မှုစရိတ်ကြီးမြင့်မှုတွေနဲ့ အခုနောက် ဆုံး ဘဏ္ဍာငွေကြေးကပ်ပေါ်ပေါက်နေလို့ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေက နေရာတကာမှာ တော်လှန်ရေး စိတ်ဓာတ် ဖြစ်ပေါ်စေတယ်ဆိုတာကို သတိမူသင့်ပါတယ်။

ကဲ.. ကိုသစ္စာရေ....ရေးလိုက်တာလည်း နည်းနည်းများသွားလို့ နောက်တပတ်မှပဲ ကျွန်တော် ဆုပ်ကိုင် ထားတဲ့ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ အကြောင်း ဆက်လက်ရေးပါ့မယ်။
ကျွန်တော်တို့ တော်လှန်ရေးသမားများအဖို့ ကျန်းမာရေးဟာ အရင်းအနှီးတရပ်ဖြစ်တယ် လို့ ဆိုရိုးစကားတခွန်းရှိလို့ ခင်ဗျား ကျန်းမာရေးကို ဂရုစိုက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကိုသစ္စာရဲ့...
ရဲဘော်ပြုံးချို
သြဂုတ် ၂ ၊ ၂ဝဝ၉။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်