စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday51
mod_vvisit_counterYesterday169
mod_vvisit_counterThis week707
mod_vvisit_counterLast week1243
mod_vvisit_counterThis month1432
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51687

Online Guests: 9
Your IP: 38.107.191.85
,
Today: Sep 09, 2010
တပ်မတော်တွင်း မျိုးချစ်ပြည်ချစ် တပ်မှူး တပ်သားများသို့

“ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏” လို့ပါရှိတယ်။ ဒါဟာ ငါ့တပ်မတော်ရဲ့ အမြင့်ဆုံးအာဏာပိုင် ကာကွယ်ရေးဦးစီးချုပ်ကစလို့ အောက်ခြေသာ မန်တပ်သားလေးအထိ ဘယ်သူမှ ချိုးဖောက်ခွင့်မရှိတဲ့ သံမဏိစစ်စည်းကမ်းဖြစ်တယ်။ အကယ်၍ချိုး ဖောက်ခဲ့ရင် တပ်မတော် စည်းကမ်းဥပဒေအရ အရေးယူခံရမှာဖြစ်တယ်။



တပ်မတော်ကို ပြည်သူ့အခွန်ဘဏ္ဍာများနဲ့ ထူထောင်တာဖြစ်တယ်။ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ပညာတတ်လူငယ် စတဲ့ လုပ်သားပြည်သူအများစုကြီးရဲ့ ရင်သွေးတွေနဲ့ဖွဲ့စည်းထားတာ ဖြစ်တယ်။

တပ်မတော်ဟာ လူမျိုးစုံပြည်သူ အများစုကြီးရဲ့ ဆန္ဒသဘောထားနဲ့ အတည်ပြုပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရတရပ်ရဲ့လက်အောင်ခံ နိုင်ငံတော် ကာကွယ်ရေး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သစ္စာ စောင့်သိဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရကို သစ္စာခံဖို့ရာဟာ တပ်မတော်ရဲ့ တာဝန်ပဲဖြစ်တယ်။

နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ချိုးဖောက်တာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အာဏာရလာတဲ့ အစိုးရတရပ်အပေါ် သစ္စာမစောင့်သိတာတို့ဟာ နိုင်ငံတော်သစ္စာဖောက်မှုဖြစ်သလို တပ်မ တော်ဆိုင်ရာ စစ်စည်းကမ်းဥပဒေကို ချိုးဖောက်တာလည်းဖြစ်တယ်။ ( ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ တက်လာတဲ့  အစိုးရတရပ်ရပ်ဟာ နိုင်ငံတော်ကို ဆက်လက်အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ ယူဆခြင်းခံရ ရင် အစိုးရအပြောင်းအလဲကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရသာ လိုအပ်သလိုဆောင်ရွက်ရမှာဖြစ် တယ်။  တပ်မတော်က ဘယ်လိုအကြောင်းပြချက်နဲ့မှ ပါဝင်ပတ်သက်ခွင့်မရှိဘူး။ )

တပ်မတော်ကို ဖွဲ့စည်းထူထောင်တာရဲ့ ရည်ရွယ်ချက်ဟာ လူမျိုးစုပြည်သူတရပ်လုံးရဲ့ အကျိုးစီး ပွားမှန်သမျှကို စောင့်ရှောက်ဖို့၊ တိုင်းပြည်နယ်နမိတ်နဲ့အချုပ်အခြာအာဏာကို တည်ဆဲအစိုးရရဲ့ ခေါင်း ဆောင်မှုအောက်မှာ ကာကွယ်ဖို့ဖြစ်တယ်။ အဲ့ဒီရည်ရွယ်ချက်နဲ့ဆန့်ကျင်ပြီး လက်တဆုပ်စာ လူနည်းစု အကျိုးစီးပွားအတွက် တပ်မတော်ကို အသုံးချတဲ့ ဘယ်လိုအသုံးချမှုမျိုးကိုမဆို နိုင်ငံတော်နဲ့ တပ်မတော် အပေါ်သစ္စာဖောက်တာပဲဖြစ်တယ်။ တမျိုးသားလုံးရဲ့အကျိုးစီးပွားကို ဖျက်ဆီးရာရောက်တဲ့ အမျိုးသား သစ္စာဖောက်မှုပဲဖြစ်တယ်။

တပ်မတော် တပ်မှူး၊ အကြပ်၊ တပ်သားတိုင်း နေ့စဉ် အလံတင် အလံချ အလေးပြုရာမှာ ရွတ်ဆိုတဲ့ သစ္စာအဓိဋ္ဌာန်(၄)ချက် နောက်ဆုံးအပိုဒ်မှာ -

“ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏” လို့ပါရှိတယ်။ ဒါဟာ ငါ့တပ်မတော်ရဲ့ အမြင့်ဆုံးအာဏာပိုင် ကာကွယ်ရေးဦးစီးချုပ်ကစလို့ အောက်ခြေသာ မန်တပ်သားလေးအထိ ဘယ်သူမှ ချိုးဖောက်ခွင့်မရှိတဲ့ သံမဏိစစ်စည်းကမ်းဖြစ်တယ်။ အကယ်၍ချိုး ဖောက်ခဲ့ရင် တပ်မတော် စည်းကမ်းဥပဒေအရ အရေးယူခံရမှာဖြစ်တယ်။

ဒါပေမဲ့ လက်တွေ့မှာ ဒီစည်းကမ်းတွေကို ဘယ်သူတွေ ချိုးဖောက်ခဲ့သလဲ။

ဗိုလ်နေ၀င်းဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ သူရထားတဲ့ အဆင့်နေရာကို အသုံးချပြီး ၁၉၆၂ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် အာဏာရထားတဲ့ ပြည်ထောင်စုအစိုးရ ( ပထစ ) ထံက အာဏာလုယူလိုက်တယ်။ ၁၉၄၈ ခု လွတ်လပ်ရေးရချိန်မှစပြီးတရားဝင်ပြဋ္ဌာန်းကျင့်သုံးခဲ့တဲ့၁၉၄ရ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းပစ်လိုက်တယ်။ တချိန်တည်းမှာ ဗိုလ်နေ၀င်းစစ်အုပ်စုလက်တဆုပ်စာရဲ့ အကျိုးစီးပွားအရပ်ရပ်ကို ကာကွယ်တဲ့ ၁၉၇၄ အခြေခံဥပဒေကို ရေးဆွဲ အဓမ္မအတည်ပြုပြီး အာဏာသိမ်းအစိုးရကို တရားဝင်ဖြစ်အောင်လုပ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ပြည်သူ့အခွန်ဘဏ္ဍာငွေတွေနဲ့ တည်ထောင်ထားတဲ့တပ်၊ ပြည်သူ့ရင်သွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ အများပိုင်တဲ့တပ်ဟာ စစ်အာ ဏာရှင်ဗိုလ်နေ၀င်းရဲ့ လုယက်အပိုင်စီးတာကို ခံခဲ့ရတယ်။

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဦးစီးတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ နယ်ချဲ့။ ဖက်ဆစ်ဆန့် ကျင်ရေး အမျိုးသားလွတ်လပ်ရေးတိုက်ပွဲအတွင်းက ပေါက်ပွားလာတဲ့ မျိုးချစ်ပြည်ချစ်တပ်မတော်ဖြစ်တယ်။ ဒါက သမိုင်းအချက်အလက်မှန်ပဲဖြစ်တယ်။ ဒါပေမယ့် ၁၉၄ဂ ပြည်တွင်းစစ်စတင်ချိန်က စပြီး တပ်မတော်ရဲ့ အမျိုးသားလက္ခဏာ၊ အစဉ်အလာကောင်းတွေဟာ တဖြည်ဖြည်းနဲ့ ပျောက်ဆုံးသွားခဲ့ပြီဖြစ်တယ်။ အမျိုး သားစည်းလုံးညီညွတ်မှုဖြိုခွဲရေး၊ ပြည်တွင်းစစ်ကို တိုက်နေတဲ့တပ်၊ လူမျိုးတိုင်း တန်းတူသွေးစည်းရေးကို ဆန့်ကျင်ပြီး လူမျိုးကြီးဝါဒအရ လူမျိုးစုများအပေါ် မတရားစစ်ပြုနေတဲ့တပ်အဖြစ် ပြောင်းသွားခဲ့ပြီဖြစ်တယ်။  လက်ရှိနောက်ဆုံးအဆင့်မှာ ဒီမိုကရေစီအတွေးအခေါ်နဲ့ လုပ်ဟန်မှန်သမျှကိုဆန့်ကျင်တဲ့တပ်။ ဗိုလ်ချုပ် အောင်ဆန်းကို ဆန့်ကျင်တဲ့တပ်၊ စစ်အုပ်စုလက်တဆုပ်စာရဲ့ အရပ်ရပ်သော အကျိုးစီးပွားများကို ကာကွယ် ရာမှာ အသုံးချခံနေရတဲ့တပ်၊အဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်တယ်။ ဒါဟာလည်း အနီးကပ် သမိုင်းဆိုင်ရာ အ ချက်အလက်မှန်တွေပဲဖြစ်တယ်။

 



ဗိုလ်နေ၀င်းစစ်အာဏာရှင်စနစ်အောက်မှာ တမျိုးသားလုံး မွဲပြာကျခဲ့ရတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့အထွေထွေအကြပ်အတည်း ရင်ဆိုင်ခံစားနေရတဲ့ ပြည်သူတွေဟာ ၁၉၈၈ ခုနှစ်မှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်ရေး၊ အရေးတော်ပုံကြီးကို တပြည်လုံး အတိုင်းအတာနဲ့ ဆင်နွှဲခဲ့ကြတယ်။ ဗိုလ်နေ၀င်း ဘာတွေလုပ်ခဲ့သလဲ၊၊

“စစ်တပ်ဆိုတာ ပစ်ရင်တည့်တည့်ပစ်တယ်၊ မိုးပေါ်ထောင်ခြောက်တာ မပါဘူး” ဆိုတဲ့  နှုတ်မိန့်နဲ့ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲခဲ့တယ်။ ပြည်သူတွေ ထောင်နဲ့ချီပြီး သေကြေ ဒဏ်ရာရကုန်တယ်။ ထောင်နဲ့ချီပြီး အကျဉ်းထောင်တွေထဲရောက်ကုန်တယ်။ စစ်အုပ်စုလက်တဆုပ်စာ  အကျိုးစီးပွားအတွက် ပြည်သူ့ဘဏ္ဍာငွေတွေနဲ့တည်ထောင်ထားတဲ့တပ်၊ ပြည်သူရင်သွေးတွေနဲ့ဖွဲ့စည်းထား တဲ့တပ်ကို အသုံးချပြီး လူမျိုးစုံပြည်သူတွေ အသတ်ဖြတ်ခံလိုက်ရတဲ့ အဖြစ်ဟာ တစိမ့်စိမ့်တွေးကြည့်လေ၊ တနုံ့နုံ့နာကျည်းကြေကွဲစရာကောင်းလေပါပဲ။

လက်ရှိ ဗိုလ်သန်းရွှေ စစ်အုပ်စုဟာလည်း ဗိုလ်နေ၀င်းရဲ့ စစ်အာဏာရှင်စနစ်အမွေကို ဆက်ခံထိန်း သိမ်းပြီး တပ်မတော်ကို စစ်အုပ်စုလက်တဆုပ်စာ အကျိုးအတွက်ကာကွယ်တဲ့တပ်အဖြစ် ဆက်လက် အသုံးချနေဆဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်တဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ ကိုဖိနှိပ်သတ်ဖြတ်နေတယ်။ အမျိုးသားစီးပွားရေးဘ၀ တခုလုံးကို လက်ဝါးကြီးအုပ်အပိုင်စီးပြီး စစ်ဗြူရို ကရက် အရင်းရှင်စနစ်ကိုထူထောင်နေတယ်။ စစ်အုပ်စုအကျိုးစီးပွားကို အခြေခံတဲ့ နိုင်ငံရေးလမ်းပြမြေပုံ “၇” ဆင့်ဆိုတာကို တက်သုတ်ရိုက်အကောင်အထည်ဖော်နေတယ်။ ညောင်နှစ်ပင်  အမျိုးသားညီလာခံ ဆိုတာကနေ စစ်အုပ်စုအာဏာသက်ဆိုးရှည်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေဆိုတာကို ကောက်ကျစ်တဲ့ နည်းတွေနဲ့ အတည်ပြုထားပြီးဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ အခြေခံအပေါ်မှာ ကျင်းပမယ့်     ၂၀၁၀ ရွေးကောက်ပွဲဆိုတာကတဆင့် စစ်အုပ်စုကြိုးကိုင် အရပ်ဝတ်ရုပ်သေးအစိုးရတရပ်ပေါ်ပေါက်ရေး အသဲအသန် လုံးပမ်းလျက်ရှိတယ်။

၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရေးလမ်းကြောင်းပေါ်မှာ အတားအဆီးဖြစ်နေတဲ့ ရွေးကောက်ပွဲ  အနိုင်ရ အင်န် အယ်လ် ဒီ ပါတီကို ချေမှုန်းပြီး ၁၉၉၀ ပြည့်ရွေကောက်ပွဲရလာဒ်ကို လက်စတုံးဖျောက်ဖျက် ပစ်ဖို့ အကောက်ကြံ ကြိုးပမ်းနေတယ်။ တချိန်တည်းမှာ အပစ်ရပ်ငြိမ်းအဖွဲ့တွေရဲ့တပ်တွေကို စစ်အုပ်စု လက် အောက်ခံတပ်တွေအဖြစ် အသွင်ပြောင်းပစ်ရေး၊ တပ်နဲ့ပါတီအဖွဲ့အစည်းတွေကို ခွဲပစ်ရေး၊ ဒီနည်း နဲ့လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းတွေကို ငြိမ်းချမ်းစွာ ဖျက်သိမ်းပစ်ရေး လှုပ်ရှားလုပ်ဆောင်နေတယ်။ ဒါပေမဲ့ အင်န် အယ်လ် ဒီ အပါအ၀င် ဒီမိုကရေစီအင်အားစုများနဲ့ အပစ်ရပ်အဖွဲ့အများစုရဲ့ခုခံပယ် ချမှုတွေကြောင့် နအဖ စစ်အုပ်စုအဖို့  မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေရတယ်။

အရာရှိအချို့ထွက်ပြေးတာ စတဲ့ တပ်တွင်းမငြိမ်မသက်ဖြစ်မှုတွေလည်း
ဖုံးဖုံးဖိဖိလုပ်နေကြတဲ့ကြားကပဲ အပြင်ကိုပေါက်ကြားလာနေတယ်။           

နေအိမ်အကျယ်ချုပ်ကာလက လွှတ်ရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမှုဆင်ပြီး ထောင်ချဖို့ကြိုးစားနေပေမဲ့ ပြည်တွင်း၊ ပြည်ပ စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုများနဲ့ ရင်ဆိုင်နေရတယ်။ တပြိုင်တည်းမှာပဲ တပ်မတော်တွင်း လျို့ဝှက်ရေးတွေပေါက်ကြားတာ၊ အရာရှိအချို့ထွက်ပြေးတာ စတဲ့ တပ်တွင်းမငြိမ်မသက်ဖြစ်မှုတွေလည်း ဖုံးဖုံးဖိဖိလုပ်နေကြတဲ့ကြားကပဲ အပြင်ကိုပေါက်ကြားလာနေတယ်။

ဒီလိုအချက်အလက်တွေကို အခြေပြုပြီး ၂၀၁၀ ရွေကောက်ပွဲနဲ့ ၂၀၀၈ အခြေခံဥပဒေ ရုပ်သိမ်းရေး တိုက်ပွဲကို စုစည်းတိုးချဲ့သွားဖို့လိုတယ်။ အကယ်၍သာ နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုမတိုက် ဖျက်နိုင်ရင် မြန်မာတမျိုးသားလုံးဟာ စစ်ကျွန်ဘ၀နဲ့ ဒုက္ခပင်လယ်ဝေကြရဦးမှာဖြစ်တယ်။ တိုင်းပြည်ရဲ့အနာ ဂတ်ဟာလည်း အလုံးစုံပျက်သုဉ်းရေးဆီ သေချာပေါက်ဦးတည်သွားမှာဖြစ်တယ်။

နအဖ စစ်အာဏာရှင်စနစ်ကြောင့် ပေါ်ပေါက်လာမယ့် အထက်ဖေါ်ပြပါ တိုင်းပြည်အန္တရာယ်တွေကို ကာကွယ်ဖို့ မျိုးချစ်ပြည်ချစ်အင်အားစုအားလုံးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် အောက်မှာကျရောက်နေတဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ထူးခြားချက်အရ တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်မှူး၊အကြပ်၊ တပ်သားများရဲ့ အခန်းဝင်မှုဟာ အလွန်ကြီးမားပါတယ်။ ပြည်သူတရပ်လုံးကလည်း တပ် တွင်း မျိုးချစ်ပြည်ချစ်အင်အားစုများ၊ ပြည်သူနဲ့ အတူပူးပေါင်းလက်တွဲလာဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

 


အထက်တနေရာမှာဆိုခဲ့သလို ဗိုလ်နေ၀င်း စစ်အုပ်စုကစပြီး လက်ရှိဗိုလ်သန်းရွှေစစ်အုပ်စုအထိ စစ်အုပ်စုအဆက်ဆက်ဟာ တိုင်းပြည်ရဲ့တရားဝင်ဖြစ်တဲ့ ၁၉၄၇ အခြေခံဥပဒေကို ဖျက်သိမ်းပစ်တဲ့ နိုင်ငံ တော်သစ္စာဖောက်များဖြစ်တယ်။ အခြေခံဥပဒေနဲ့အညီ တက်လာတဲ့ အစိုးရကို သစ္စာစောင့်သိရမယ်ဆိုတဲ့ တပ်မတော်စည်းမျဉ်းဥပဒေကို ချိုးဖောက်တဲ့ တပ်မတော် သစ္စာဖောက်များလည်းဖြစ်တယ်။  ဒီအချက်တွေ အရ ပြောနိုင်တာက စစ်အုပ်စုအဆက်နဲ့ လက်ရှိဗိုလ်သန်းရွှေအုပ်စုဟာ နိုင်ငံတော်ကိုဖြစ်စေ၊ တပ်မတော်ကို ဖြစ်စေ၊ တရားဝင်ကိုယ်စားပြုခွင့်ရှိသူတွေမဟုတ်ဘူး။ နိုင်ငံတော်နဲ့တပ်မတော်ကို စစ်အုပ်စုလက်တဆုပ်စာ အကျိုးစီးပွားအတွက် ကောက်ကျစ်ကြမ်းကြုတ်စွာ အသုံးချနေတဲ့ အမျိုးသားသစ္စာဖောက် ရာဇ၀တ်ကောင် တွေသာဖြစ်တယ်။

ဒါကြောင့် သန်းရွှေစစ်အုပ်စုက အပိုင်စီးထားတဲ့ တပ်မတော်ကို မူလပိုင်ရှင်အစစ်ဖြစ်တဲ့ မိဘ ပြည်သူလက်ထဲ အချိန်မီ ပြန်လည်အပ်နှံနိုင်ရေးအတွက် တပ်မတော်တွင်း မျိုးချစ်ပြည်ချစ်အင်အားစုများက ကြိုးပမ်းကြဖို့လိုပါတယ်။ တပ်မတော် ( ကြည်း၊ ရေ၊ လေ ) တခုလုံးရဲ့အမိန့်ပေးဌာနကို အဓမ္မလုယူထားတဲ့ ဗိုလ်သန်းရွှေစစ်အုပ်စု နဲ့ လမ်းခွဲကြဖို့လိုပါတယ်။ ပြည်သူကို ကိုယ်စားပြုတဲ့ မျိုးချစ်ပြည်ချစ်တပ်မှူးကြီးများရဲ့  အမိန့်ပေးဌာနကို လျို့ဝှက်သိပ်သည်းစွာ တည်ဆောက်ကြဖို့လိုပါတယ်။ တပ်မတော်တွင်း မျိုးချစ်ပြည်ချစ် တပ်မတော် အကြပ်၊ တပ်သားအင်အားစုများကို ဘယ်လို စုစည်းမယ်၊ ဘယ်လိုကွပ်ကဲမယ်ဆိုတာကို စဉ်းစားကြံဆ၊ လက်တွေ့အကောင်အထည်ဖော်ဖို့လိုပါတယ်။ လက်နက်ကိုင်တပ်ဖြစ်တဲ့အတွက် တပ်တွင်း မျိုးချစ်ပြည်ချစ်အင်အားစုများရဲ့ လှုပ်ရှားမှုဟာ သာမန်လူထုတွင်း လှုပ်ရှားမှုများနဲ့မတူပဲ လျို့ဝှက် မျြုပ်နှံ၊ လျို့ဝှက် အမိန့်ပေးကွပ်ကဲတဲ့ စနစ်ဖြစ်ရမယ်လို့ယူဆပါတယ်။ အခွင့်အခါကောင်းကို စောင့်ရေးဖြစ်ရမယ်လို့ နားလည်ပါတယ်။

တချိန်တည်းမှာ တပ်တွင်းမျိုးချစ် ပြည်ချစ် အင်အားစုများရဲ့ လှုပ်ရှားမှုကို လိုအပ်လာတဲ့အခါ လိုအပ်သလို  ပံ့ပိုးဆက်စပ်နိုင်အောင် ဒီမိုကရေစီအင်အားစုများ၊ လူမျိုးစုအပစ်ရပ်အဖွဲ့အစည်းများအနေနဲ့ ပြင်ဆင်ဖို့လိုပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ လှုပ်ရှားရတဲ့ ဒီလုပ်ငန်းတွေကို မြေအောက်လျို့ဝှက် နည်းများအရ လုပ်ဆောင်ရမယ်ဆိုတာကိုတော့ အထူးပြောစရာလိုမယ်မထင်ပါ။

အချုပ်အားဖြင့်ပြောရရင် လူထုလူတန်းစား လူ့အလွှာအသီးသီးကို ကိုယ်စားပြုတဲ့ မြေပေါ် မြေအောက် လက်ဝဲ၊ လက်ျာ နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်တိုက်ဆဲ တော်လှန်ရေးအင်အားစုများ တပ်မတော်တွင်းရှိ မျိုးချစ် ပြည်ချစ် အင်အားစုများ စတဲ့ အင်အားစုများရဲ့ စည်းလုံးညီညွတ်မှုနဲ့သာ တမျိုး သားလုံး စစ်အာဏာရှင်စနစ်ဆိုးအောက်က ရုန်းထွက်နိုင်မှာဖြစ်ပါတယ်။

ဒီနည်းနဲ့သာ ဒီမိုကရေစီပြည်ဝတဲ့ ငြိမ်းချမ်းသာယာတဲ့ လူမျိုးတိုင်းတန်းတူသွေးစည်းပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စု ဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်ကို ထူထောင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိဆင်နွှဲနေတဲ့ ပြည်သူ့အရေးတော်ပုံကြီးမှာ တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်မှူး အကြပ် တပ်သားများ ပါဝင်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တပ်မတော်သားဟောင်း တဦး

သြဂုတ်လ ၈ ရက် ၊ ၂၀၀၉ ။

 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်