စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday196
mod_vvisit_counterYesterday169
mod_vvisit_counterThis week852
mod_vvisit_counterLast week1243
mod_vvisit_counterThis month1577
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51832

Online Guests: 8
Your IP: 38.107.191.87
,
Today: Sep 09, 2010
ဒီမိုကရေစီရေး တိုက်ပွဲဝင် ရဲဘော်တဦးထံ ပေးစာ (၂)

အဝေးရောက် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး တိုက်ပွဲဝင်ရဲဘော်တဦးထံမှ

ဒီမိုကရေစီရေး တိုက်ပွဲဝင် ရဲဘော်တဦးထံ ပေးစာ (၂)           



ကိုသစ္စာရေ....



ကျွန်တော်ရဲ့ ပထမ ပေးစာကို ဖတ်ရတယ်။ ဖတ်ပြီးလက်ခံစဉ်းစားရမယ့် အချက်တွေ ပါသလို မတူကွဲ ပြားချက်တွေလည်း ရှိတယ်လို့ သိရလို့

ဝမ်းသာအားတက်မိတယ်။ မတူတာတွေ ရှိနေတာ သဘာဝကျပါတယ်။ မတူတာတွေကို အချိန်ယူ ဆွေးနွေးညှိနှိုင်းကြတာပေါ့။ ဒီမို ကရေစီဆိုတာ ဒါပဲမဟုတ်လား။

တဆက်တည်းမှာပဲ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒနဲ့ ပတ်သက်ပြီး ရေးလာမယ့်စာကို ကြိုဆိုနေကြောင်း သိလိုက်ရလို့ ၀မ်းသာပါတယ်။

ခင်ဗျားက ကျွန်တော့်စာထဲမှာပါတဲ့အတိုင်း “ကမ္ဘာပေါ်မှာ ပထမဦးဆုံးသော ဆိုရှယ်လစ် နိုင်ငံတော် ကြီးဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးနဲ့

အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံတွေ အသွေးအရောင်ပြောင်းသွားတဲ့ အရေးအခင်းကြီးပေါ်လာတော့ ဓနရှင်လူတန်းစားအတွေးအခေါ်ပညာရှင်တွေက

အရင်းရှင်စနစ်သာလျှင် လူသား တွေ နောက်ဆုံးတောင့်တနေတဲ့ စနစ် ဖြစ်လေဟန်၊ ကွန်မြူနစ်စနစ် ကမ္ဘာပေါ်က ပျောက်သွားလေဟန် ၀ါဒ ဖြန့်ခဲ့ကြတယ်။ ဒါကို

ကျွန်တော်က လက်မခံဘူး။ ဒါပေမဲ့ ကွန်မြူနစ်လှုပ်ရှားမှု နောက်ပြန်ဆုတ်မှု၊ ကွေ့ကောက် သွားမှုအဖြစ်တော့ အမှန်တကယ်ပဲ အသိအမှတ်ပြုတယ”်လို့

ရေးထားတာကို ဖတ်ရတော့ အံ့အား သင့်မိတယ်။ ကွန်မြူနစ်စနစ်ဟာ ကမ္ဘာပေါ်က တကယ်ပျောက်သွားတာမဟုတ်ရင် လက်ရှိ ကွန်မြူနစ်လှုပ်ရှားမှုအခြေအနေက

ဘယ်လိုလဲ။ ဖြစ်နိုင်ရင် မိတ်ဆက်ပြပါလားလို့ .... ဆိုလာတော့....

 



ကျွန်တော်ရေးမယ့် သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒအကြောင်းကို မရေးမီ ခင်ဗျားပြောသလို တချို့လူတွေ ထင်နေသလို ကွန်မြူနစ်လှုပ်ရှားမှု ကမ္ဘာပေါ်က

ပျောက်သွားတာ မဟုတ်ကြောင်းကို ရေးလိုက်ပါတယ်။ ခင်ဗျား အပါအ၀င် ခင်ဗျားမိတ်ဆွေများလည်း သိရအောင်ပေါ့ဗျာ။

ပထမဆုံး ကွန်မြူနစ်လှုပ်ရှားမှုရဲ့ နောက်ခံသမိုင်းလေးကို ခပ်တိုတိုလေး ပြောလိုက်မယ်ဗျာ။ ကွန်မြူနစ် ပါတီဆိုတာ မာ့က်စ်ဝါဒကို

လမ်းညွှန်အတွေးအခေါ်သဘောတရားအဖြစ်ထားတဲ့ ပစ္စည်းမဲ့လူတန်းစား(၀ါ) အလုပ် သမားလူတန်းစားရဲ့ နိုင်ငံရေးပါတီဖြစ်တယ်။ အလုပ်သမားလူတန်းစားရဲ့

တပ်ဦးပါတီ၊ ရှေ့တန်းရောက်တပ်ဖွဲ့ ဖြစ်တယ်လို့ ကျွန်တော်က ခံယူမြဲခံ ယူထားပါတယ်။

၁၉ရာစု ၄၀ စုနှစ်များကာလ (၁၈၄၈ ဖေဖော်ဝါရီလ) မာ့က်စ်နဲ့ အိန်ဂယ်တို့ရဲ ကွန်မြူနစ်ပါတီ ကြေညာ စာတမ်း ပေါ်ထွက်လာခြင်းဟာ ကွန်မြူနစ်ပါတီများ

ပေါ်ထွက်လာရေးအတွက် သဘောတရား အခြေခံအုတ်မြစ် ဖြစ်တယ်လို့ ဆိုရမှာပေါ့ဗျာ။

အခုဆိုရင်တော့ ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုဟာ နှစ် ၁၆၀ ကျော်ရှိသွားခဲ့ပြီလေ။ အရင်းရှင်စနစ်နဲ့စာရင် တော့ အင်မတန် သက်တမ်းနုသေးတာပေါ့။

အတွေ့အကြုံ နုသေးတာ ပေါ့လို့ ဆိုမယ်ဆိုရင် ဆိုနိုင်တာပေါ့ဗျာ။

၂၀ ရာစုရောက်တော့ ၂၀ ရာစု အစပိုင်းကာလမှာ ပထမကမ္ဘာစစ်နဲ့ ရုရှားအောက်တို ဘာတော်လှန်ရေး ပြီးသွားတဲ့နောက် ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုဟာ

ဒီရေတက်ကာလတခုကို ဆိုက်ရောက်ခဲ့တယ်လို့ ဆိုနိုင်တယ်။

အရင်းရှင်နိုင်ငံများအတွင်း အလုပ်သမားလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းခဲ့တယ်။ ကိုလိုနီ လက်အောက်ခံ နိုင်ငံများမှာလည်း

ရုရှားအောက်တိုဘာဆိုရှယ်လစ်တော်လှန်ရေးရဲ့ ရိုက်ခတ်ချက်ကြောင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေ တစီတတန်းကြီး ပေါ်ထွန်းခဲ့တယ်။

ကိုလိုနီနယ်ချဲ့စနစ်လည်း သွက် သွက်ခါအောင် ယိမ်းယိုင်သွားတော့တယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ဒုတိယအကြိမ် တော်လှန်အုံကြွမှုကြီး ပေါ်လာပြန်တယ်။ ဒီကာလ တွေမှာ တရုတ်၊ အရှေ့ဥရောပနဲ့ အာရှမှာ

ဆိုရှယ်လစ်နိုင်ငံ အမြောက်အမြား ပေါ်ထွန်းလာနိုင်ခဲ့တယ်။ ဆိုရှယ် လစ်စနစ်ဟာ ကမ္ဘာ့စနစ်အဖြစ် ဖြစ်တည်လာတော့တယ်။ နယ်မြေအရလည်း

တဆက်တစပ်တည်းဖြစ်တဲ့ “ဆို ရှယ်လစ်ဂိုဏ်းကြီး”ပေါ်ထွန်းလာခဲ့တယ်။ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတို့မှာ အမျိုးသားလှုပ်ရှားမှုတွေ ဘက်စုံဒီရေမြင့်သို့

တိုးပွားသွားစေခဲ့တယ်။ ကိုလိုနီထမ်းပိုးအောက်က နိုင်ငံတွေ လွတ်လပ်ရေး ရလာတယ်။ အ မျိုးသားနိုင်ငံတော်တွေ ပေါ်ထွန်းလာခဲ့တယ်။ ကိုလိုနီစနစ်

လုံးဝပြိုကွဲသွားတော့တယ်။ ဆိုလိုတာက ရုရှား အောက်တိုဘာတော်လှန်ရေး အောင်ပွဲခံပြီးတဲ့နောက် နှစ် ၄၀ ကာလဟာ ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှု အောင် တေး

သီကျူးနိုင်ခဲ့တဲ့ ကာလလို့ ပြောနိုင်တယ်။

ဒါပေမဲ့ ၂၀ ရာစု ၅၀ ခုနှစ်များ နောက်ပိုင်းက စတင်ပြီး ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုဟာ ဒီရေနိမ့် ကျဆင်းလာခဲ့ရာမှ စစ်အေးခေတ် အဆုံးသတ်တဲ့ ၂၀ ရာစု

၉၀ ခုနှစ်များ အစပိုင်းမှာပဲ ဆိုဗီယက်နဲ့ အရှေ့ဥရောပ နိုင်ငံတွေ အသွေးအရောင်ပြောင်းသွားတဲ့ အရေးအခင်းကြီး တရပ် ပေါ်ပေါက်ခဲ့တယ်။ ဒါကြောင့် ကမ္ဘာ့ ကွန်

မြူနစ်လှုပ်ရှားမှုဟာ သမိုင်းမှာ မကြုံဖူးတဲ့ အခက်အခဲများ အကျပ်အတည်းများ ကြုံတွေ့လိုက်ရပြီး ကွန်မြူနစ် လှုပ်ရှားမှု ဒီရေနိမ့်ကာလသို့ ဆိုက်ရောက်

သွားခဲ့ရတယ်။ အခု ၂၁ ရာစု အစပိုင်းအထိပေါ့။

ဒီအရေးအခင်း မတိုင်ခင်က ကမ္ဘာပေါ်မှာ ဆိုရှယ်လစ်နိုင်ငံ ၁၃ နိုင်ငံနဲ့ ကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒကို လမ်းညွှန်သဘောတရားအဖြစ် ထားတဲ့

အလုပ်သမား နိုင်ငံရေးပါတီများ အပါ အ၀င်) ၁၈၆ ပါတီ ရှိခဲ့တယ်။ စစ်အေးခေတ် အဆုံးမသတ်မီ ၁၉၈၅ ခုနှစ်အထိ ကမ္ဘာပေါ်မှာ ကွန်မြူနစ်ပါတီ ၁၁၉

ပါတီရှိနေပြီး နိုင်ငံနဲ့ ဒေသ ၁၁၇ ခုမှာ လှုပ်ရှားနေခဲ့တယ်။ ဆိုဗီယက်နဲ့ အရှေ့ဥရောပဆိုရှယ်လစ် နိုင်ငံတွေ အသွေးအရောင် ပြောင်းသွားတဲ့ အရေးအခင်းက

ကွန်မြူနစ်လှုပ်ရှားမှုကို အပြင်းအထန် ရိုက်ခတ်လိုက်တော့ ကမ္ဘာ့ပေါ်မှာ နောက်ဆုံး ဆိုရှယ် လစ်နိုင်ငံ ဆိုလို့ တရုတ်၊ ဗီယက်နမ်၊ လာအို၊ မြောက်ကိုရီးယားနဲ့

ကျူးဘား ၅ နိုင်ငံသာ ကျန်ရစ်တယ်။ ကမ္ဘာ့ ကွန်မြူနစ်လှုပ်ရှားမှုအတွင်းမှာလည်း ၂ နှစ်လောက် ကပြောင်းကပြန် ဖြစ်သွားခဲ့ရတယ်။

ကိုသစ္စာရေ....



အဲဒီလို ၂ နှစ်လောက် ကပြောင်းကပြန်ဖြစ်သွားပြီးတဲ့နောက် အခုနောက်ဆုံး ကျွန်တော် စူးစမ်းလေ့ လာထားချက်များအရ၊ အခု၂၀၀၉ ခုနှစ်(ဖေဖော်ဝါရီနဲ့

မတ်လထုတ်) မျက်မှောက်ကမ္ဘာနဲ့ ဆိုရှယ်လစ်ဝါဒဂျာ နယ်မှာ ဖော်ပြထားချက်အရ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ကွန်မြူနစ်ပါတီ သို့မဟုတ် မာ့က်စ်ဝါဒ

သဘောတရားကို လက်ခံထားတဲ့ ပါတီ ၁၂၅ ပါတီ ရှိနေတာကို တွေ့ရပါတယ်။ နေရာဒေသအလိုက် ပြောရရင် အာရှတိုက်မှာ ၂၉ ပါတီ၊ အာဖရိကတိုက်မှာ ၈ ပါတီ၊

ဥရောပမှာ ၅၅ ပါတီ၊ အိုရှန်းနီးယားနိုင်ငံတွေမှာ ၃ပါတီနဲ့ အမေရိကတိုက်မှာ ၃၂ ပါတီရှိနေတာ တွေ့ရပါတယ်။ ၄င်းတို့အနက် နိုင်ငံတော်အာဏာကို

ဆုပ်ကိုင်ထားတဲ့ပါတီနဲ့ တိုင်းရေး ပြည်ရာ ကိစ္စများမှာ ၀င်ရောက်လုပ်ကိုင်ခွင့်ရနေတဲ့ပါတီ ၂၅ ပါတီရှိပါသတဲ့။

ဆိုဗီယက်နဲ့ အရှေ့ဥရောပ အသွေးအရောင်ပြောင်းသွားတဲ့ အရေးအခင်းကြီးကို ကြုံတွေ့လိုက်ရပြီး တဲ့နောက်မှာ ကွန်မြူနစ်ပါတီတွေဟာ

ဆိုရှယ်လစ်ဝါဒနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်မှုတွေ၊ သဘောတရား ရှာဖွေစူးစမ်းမှုတွေကို နက်နက်ရှိုင်းရှိုင်းပြန်လုပ်ကြပါတယ်။ တူညီတဲအချက်ကတော့

ဆိုဗီယက်နဲ့ အရှေ့ဥရောပ အသွေးအရောင် ပြောင်းသွားတဲ့ အရေးအခင်းဟာ မာ့က်စ်ဝါဒ ရှုံးနိမ့်သွားမှု မဟုတ်ဘူး။ ဆိုရှယ်လစ်ဝါဒ ပင်ကိုယ် ရဲ့ အကျပ်အတည်း

မဟုတ်ဘူး။ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးမှာ တိမ်းစောင်းနေတဲ့ လက်တွေ့အကောင် အထည်ဖော်ဆောင်မှု တနည်းအားဖြင့် ဆိုရှယ်လစ်တည်ဆောက်ရေးမှာ

ပေါ်လစီမှားယွင်းမှုမျိုးသာ ဖြစ်တယ်လို့ ယူဆကြခြင်းပါပဲ။ တချိန်တည်းမှာ မိမိပါတီရဲ့ လုပ်ငန်းစဉ်၊ ပေါ်လစီနဲ့ နည်းပရိယာယ်တွေကို ပြန်လည် သုံးသပ် တာ၊

ထိန်းညှိတာတွေ လုပ်ဆောင်ခဲ့ကြတယ်။

ပါတီအသီးသီးရဲ့ အခိုင်အမာ အခြေအနေခြင်း မတူကြလို့ စူးစမ်းလေ့လာမှု၊ လမ်းစဉ် ပေါ်လစီ ထိန်းညှိ မှုတွေမှာ သဘာဝကျစွာပဲ အတိုင်းအတာအရ၊

အ၀န်းအ၀ိုင်းအရ တညီတညွတ်တည်း မရှိနိုင်ပါဘူး။ အကြမ်းအား ဖြင့် ခုလို ခွဲခြား ကြည့်မြင်နိုင်ပါတယ် ကိုသစ္စာရေ....

ပထမဆုံးအနေနဲ့ အာဏာရ ကွန်မြူနစ်ပါတီတွေရဲ့ အခြေအနေကို ကြည့်ရ အောင်ဗျာ။

တရုတ်ပြည်အပါအ၀င် ကွန်မြူနစ်ပါတီအာဏာရနေတဲ့ ဆိုရှယ်လစ်နိုင်ငံ ၅ နိုင်ငံစလုံး ဟာ ဆိုဗီယက်နဲ့ အရှေ့ဥရောပ အသွေးအရောင်ပြောင်းသွားတဲ့

အရေးအခင်းရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ၊ စိန်ခေါ်မှုတွေကို ဆိုးဆိုးဝါးဝါး ခံကြရတယ်။ ဒါပေမဲ့ မာ့က်စ်ဝါဒကို သဘောတရားလမ်းညွှန်အဖြစ်ထားရှိရေး၊

ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုကို ကြံ့ကြံခိုင်ခိုင် ဆုပ်ကိုင်ထားရေး မူတို့ကို စွဲစွဲမြဲမြဲ ဆက်လက်ဆုပ်ကိုင်ထားပါတယ်။ တချိန် တည်းမှာ အာဏာရပါတီအဖြစ်

ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ရုံမက အရည်အချင်းအရရော၊ အရေအတွက် အရပါ ဘက် ၂ ဘက်စလုံးမှာ မတူတဲ့အတိုင်းအတာအရ မြှင့်တင်နိုင်ခဲ့တယ်။

ဒါ့အပြင် အာဏာရ ဒီနိုင်ငံတွေက ကွန်မြူနစ်ပါတီတွေဟာ ပြည်တွင်းပြည်ပ အတွေ့အကြုံများကို သေချာနိဂုံးချုပ်တဲ့ အခြေခံပေါ်မှာ

ဆိုရှယ်လစ်စနစ်ဆိုတာ ဘာလဲ။ ဆိုရှယ်လစ်စနစ်ကို ဘယ်လို တည် ဆောက် ရမလဲဆိုတဲ့ ပြဿနာတွေကို အသစ်တဖန် စူးစမ်းလေ့လာကြတယ်။ တချိန်တည်းမှာ

ပြုပြင်ပြောင်းလဲရေး၊ ထိန်း ညှိရေးတို့မှတဆင့် ဆိုရှယ်လစ်ဝါဒ အသိအမြင်တွေကို နက်ရှိုင်းလာစေခဲ့တယ်။ တဆက်တည်းဆိုသလို မိမိနိုင် ငံရဲ့ ပကတိအခြေအနေ၊

မိမိနိုင်ငံရဲ့ ထူးခြားချက်တွေနဲ့ ပေါင်းစပ်ပြီး ဆိုရှယ်လစ်စနစ် တည်ဆောက်သွားရေး များကို စူး စမ်းလေ့လာ အခိုင်အမာ လုပ်ဆောင်နေကြပါတယ်။

ကနေ့ဆိုရင် လက်ကျန်ဆိုရှယ်လစ်နိုင်ငံ ၅ နိုင်ငံလုံးဟာ တိုင်းပြည်တည်ဆောက်ရေးတွေမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့

ဆက်လက်ချီတက်နေကြပါပြီ။ အထူးသဖြင့် တရုတ်နဲ့ ဗီယက်နမ် ၂ နိုင်ငံရဲ့ နိုင် ငံတော်တည်ဆောက်ရေး ဖြစ်ထွန်းတိုးတက်နေမှုတွေကို ကမ္ဘာ့ပြည်သူတွေတွေက

စိတ်ဝင်တစား စောင့်ကြည့် နေရတဲ့အဆင့်ကို ရောက်နေတာ ကိုသစ္စာလည်း ကြားမိကောင်း ကြားမိမှာပါလေ....

ဒီအာဏာရ ပါတီအားလုံးဟာ မိမိပါတီတည်ဆောက်ရေးကိုလည်း အလွန်အလေးထား ဂရုစိုက်ကြ ပါတယ်။ ပါတီရဲ့ အုပ်ချုပ်ရေးရေချိန်နဲ့

ခေါင်းဆောင်မှုရေချိန်ကို ကြိုးစား မြှင့်တင်နေကြတယ်။ ကမ္ဘာ့ကွန်မြူနစ် အရေးတော်ပုံ ဒီရေနိမ့်ကာလ ရောက်နေသည့်တိုင် ဒီပါတီတွေဟာ ပြည်သူလူထုနဲ့

ရင်းရင်းနှီးနှီး ဆက်ဆံရေးမူကို စွဲစွဲမြဲမြဲ ထိန်းသိမ်းရင်းက ပိုမိုကြံ့ခိုင်လာနေကြပြီလို့ ပြောလိုက်ပါရစေ ကိုသစ္စာရေ....

ဒုတိယအနေနဲ့  အသွေးအရောင်ပြောင်းသွားစေတဲ့ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တဲ့ နေရာဖြစ်တဲ့ အရှေ့ဥရောပနဲ့ ဆိုဗီယက်ပြည်ထောင်စု

အခြေအနေတွေကို ဆက်လက်ပြောပြ ပါရစေ။ အဲဒီဒေသတွေမှာ အရေးတော်ပုံကြီး ဖြစ်သွားလို့ ကွန်မြူနစ်ပါတီတွေ ပျောက်သွားပြီလို့ ထင်နေကြရင်တော့

တက်တက်စင်အောင် လွဲကုန်ပြီလို့ ပြောရတော့မှာပဲ ကိုသစ္စာရေ...

အရေးအခင်းကြောင့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားလို့ ပေါ်လာတဲ့ လွတ်လပ်တဲ့ ဓနသဟာယ နိုင်ငံတွေနဲ့ အရှေ့ဥရောပမှာ့ ကွန်မြူနစ်ပါတီတွေဟာ

နာမည်ပြောင်းသွားတာ၊ တစုံတရာ လက္ခဏာ ပြောင်းသွား တာတော့ ရှိပါတယ်။

နာမည်မပြောင်းတဲ့ ကွန်မြူနစ်ပါတီတွေအနက် တစုံတရာ သြဇာကြီးတဲ့ ပါတီ ၃၀  လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒီပါတီတွေဟာ ယခင် အာဏာရ

ကွန်မြူနစ်ပါတီတွေထဲမှာ မာ့က်စ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ အစုအဖွဲ့တွေက ဖွဲ့စည်းလိုက်တဲ့ ပါတီတွေ ဖြစ်ပါတယ်။ အများတကာ့

အများစုဟာ ဥပဒေတွင်း တရားဝင် ပါတီတွေ ဖြစ်ကြတယ်။ ဒါတွေအတက် လွတ်လပ်တဲ့ ဓနသဟာယ နိုင်ငံတခုဖြစ်တဲ့ မိုဒိုဗာ နိုင်ငံမှာ ကွန်မြူနစ်ပါတီဟာ

လွှတ်တော်သက်တမ်းတခု ရွေးကောက်ပွဲတောင် အနိုင်ရလိုက်သေးလို့ အာဏာရ ပါတီပြန်ဖြစ်ခဲ့သေးတယ်။ အခုနှစ် အစောပိုင်း ရွေးကောက်ပွဲမှာတော့

သူပြန်ရှုံးသွားလို့ အတိုက်အခံ ဥပဒေတွင်း ပါတီအဖြစ် ပြန်ရပ်တည်နေပြန်တယ်လေ။

တကယ်တော့ အရှေ့ဥရောပ နိုင်ငံများမှာ အသွေးအရောင်ပြောင်းတဲ့၊ နောက်ပြန်ဆုတ်တဲ့ အရေး အခင်း ဖြစ်ပေါ်ခဲ့ပေမယ့် ပါတီအဖွဲ့အစည်းများဟာ

နှိုင်းယှဉ်ခြင်းအားဖြင့် မပျက်မယွင်း မူလအတိုင်း တည်ရှိ ခဲ့တယ်လို့တောင် ဆိုပါတယ်။ ဒါကြောင့် အဲဒီကွန်မြူနစ်ပါတီတွေက  မိမိတို့ဟာ ပါတီသစ်တွေ

မဟုတ်ကြဘူး။ ယခင် ကွန်မြူနစ်ပါတီဟောင်းများရဲ့ သမိုင်းကို ဆက်ခံကြသူများသာ ဖြစ်တယ်လို့ ကြေညာခဲ့ကြတယ်။ ဒါပေမဲ့ မိမိတို့ဟာ

ယခင်ကွန်မြူနစ်ပါတီများနဲ့ မတူတဲ့ ပုံစံသစ်ပါတီတွေဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ထုတ်ဖော် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာလည်း မာ့က်စ်ဝါဒကို မိမိတို့ရဲ့

သဘောတရားလမ်းညွှန်အဖြစ် ထားမြဲထား နေတယ်၊ ဒါပေမဲ့ မာ့က်စ်ဝါဒကို တီထွင်ဖန်တီးမှုရှိစွာ ဖြစ်ထွန်းတိုးတက်သွားရေးကို အလေးထားသွားမယ်။ ဒါ့အပြင်

မိမိတိုင်းပြည်က တိုးတက်တဲ့ အတွေးအခေါ်နဲ့ အစဉ်အလာ ကောင်းတွေကိုလည်း ဆက်ခံအား ဖြည့်သွားရမယ်လို့လည်း ယူဆကြပါသတဲ့။

ဒီပါတီတွေဟာ ဆိုရှယ်လစ်ဝါဒ ရည်မှန်းချက်ကို ဆက်လက်ဆုပ်ကိုင်မြဲ ဆုပ်ကိုင်ထား ကြတယ်။ ဒါပေမဲ့ သူတို့ ဆုပ်ကိုင်ထားတယ်ဆိုတဲ့

ဆိုရှယ်လစ်ဝါဒဟာ အစဉ်အလာ ဆိုရှယ်လစ်ဝါဒ မဟုတ်ဘဲ ဆိုဗီယက်နဲ့ အရှေ့ဥရောပ အပြောင်းအလဲ သမိုင်းသင်ခန်းစာများကို နက်နက်ရှိုင်းရှိုင်း နိဂုံးချုပ်ထားတဲ့

အခြေခံပေါ်မှာ မိမိတိုင်းပြည်ရဲ့ လက်တွေ့အခြေအနေက အစချီပြီး ပြုပြင်ဆန်းသစ်ထားတဲ့ ဆိုရှယ်လစ်ဝါဒသစ်ဖြစ်တယ်လို့ ရှင်းလင်းဖွင့်ဆိုထားပါတယ်

ကိုသစ္စာရေ....

တတိယအနေနဲ့ ပြောချင်တာကတော့ ဖွံ့ဖြိုးပြီးအရင်းရှင်နိုင်ငံတွေက ကွန်မြူနစ်ပါတီတွေအကြောင်း ပေါ့။ ဒီလိုဆိုတော့ ကိုသစ္စာ အံ့သြသွားပြီလား။

ဓနရှင်လူတန်းစား အတွေးအခေါ် ပညာရှင်တွေက “အရင်းရှင် စနစ်သာ လူသားတွေ လိုက်ရှာနေတဲ့ နောက်ဆုံးစနစ်ဖြစ် လေဟန်” “အရင်းရှင်စနစ်သာ

လူသားတွေအတွက် အကောင်းဆုံးဖြစ်လေဟန်”၀ါဒဖြန့်နေတဲ့ အကြားက အရင်းရှင်တိုင်းပြည်တွေမှာ ကွန်မြူနစ်ပါတီတွေ ရှိနေတယ် ပြောလာလို့

ဘယ်လိုပါလိမ့်လို့ သံသယ၀င်စရာများ ဖြစ်သွားပြီလား။ လက်တွေ့ ကိန်းဂဏန်း တခု ပြောပြလိုက် ရင် ခင်ဗျား သံသယဖြစ်နေတာတွေ

ရှင်းသွားမယ်ထင်ပါတယ်ဗျာ။ ကြည့်လေ....

အနောက် ဥရောပမှာ ကွန်မြူနစ်ပါတီ ၂၁ ပါတီ ရှိပါသတဲ့ဗျာ။ အဲဒီပါတီတွေအနက် တစုံတရာ သြဇာရှိပြီး လွှတ်တော်အမတ်တချို့ ရရှိထားဖူးတဲ့

ပါတီတွေကတော့ ပြင်သစ် ကွန်မြူနစ်ပါတီ၊ ပေါ်တူဂီ ကွန်မြူ နစ်ပါတီ၊ အီတလီပြန်လည်ထူ ထောင်ရေး ကွန်မြူနစ်ပါတီ၊ အီတလီကွန်မြူနစ်များပါတီ၊

စပိန်ကွန်မြူနစ်ပါတီ၊ ဂရိကွန်မြူနစ် ပါတီတို့ ဖြစ်ကြတယ်တဲ့။ ဒီကာလတွေအတွင်း ဖွံ့ဖြိုးပြီးအရင်းရှင်နိုင်ငံတွေက ကွန်မြူနစ်ပါတီ တွေဟာ

သဘောတရားလမ်းစဉ်နဲ့ စည်းရုံးရေးလမ်းစဉ်ဆိုင်ရာမူတွေမှာ အပြောင်းအလဲ အလွန်ကြီးပါတယ်။ အထူးသဖြင့် အနောက်ဥရောပ ကွန်မြူနစ်ပါတီတွေဟာ

နှိုင်းယှဉ်ခြင်းအားဖြင့် အပြောင်းအလဲ ပိုကြီးပါတယ်။ မြောက်အမေရိကနဲ့ မြောက်ဥရောပရှိ ကွန်မြူနစ်ပါတီတွေ လည်း ထိန်းညှိရေးကို ဆောင်ရွက်ကြပါတယ်တဲ့။

ဂျပန်ကွန်မြူနစ်ပါတီဟာလည်း အရင်းရှင်နိုင်ငံတွေရှိ ကွန်မြူနစ်ပါတီများအနက် အရေးပါတဲ့ ကွန်မြူနစ် ပါတီ တရပ်ဖြစ်ပါတယ်။ ကွန်မြူနစ်အရေးတော်ပုံ

ဒီရေနိမ့်ကာလမှာပင် လွှတ်တော်အတွင်း ဂျပန်ကွန်မြူနစ် ပါတီဟာ အမတ်နေရာ ၄၀ အထိတောင် ရရှိနိုင်ခဲ့ဖူးတဲ့ ပါတီဖြစ်တယ်။ လောလောဆယ်ဆယ်

နှစ်များအတွင်း ဂျပန်ကွန်မြူနစ်ပါတီဟာ အခြေခံလမ်းညွှန် မူ တွေ၊ ခံယူမှုတွေ တော်တော်များများ ထိန်းညှိထားပါတယ်။
ဘရာဇီးလ်ကွန်မြူနစ်ပါတီနဲ့ ချီလီကွန်မြူနစ် ပါတီ
ကဲ....ကိုသစ္စာရေ ...

အခုနောက်ဆုံး ဗမာပြည်ကွန်မြူနစ်ပါတီအပါအ၀င် ဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများက ကွန်မြူနစ် ပါတီတွေ အကြောင်း ဆက်ရေးပါ့မယ်။ ဒီပါတီတွေဟာလည်း

ဆိုဗီယက်နဲ့ အရှေ့ဥရောပ အသွေးအရောင်ပြောင်းသွားတဲ့ အရေးတော်ပုံရဲ့ ဂယက်ကို ပြင်းထန်စွာ ခံစားခဲ့ကြရတာပါပဲ။ အဲဒီ ဂယက်အောက်မှာပဲ

ပြန်လည်ထိန်းညှိမှုတွေမှ တဆင့် အင်အားသစ်တွေ တိုးပွားလာကာ မပြတ် ကြီးထွားလာနေကြပြီလို့ ပြောနိုင်ပါတယ်။ ခင်ဗျား မြင်သာ အောင် ဗမာပြည်ကွန်မြူနစ်

ပါတီကိုပဲ နမူနာထားပြောလိုက်မယ်။

ဗမာပြည် ဖောက်ပြန်ရေးအစိုးရ အဆက်ဆက်က ဗမာပြည် ကွန်မြူနစ်ပါတီကို တနှစ်အတွင်း ချေမှုန်း ပစ်မယ်၊ ၆ လအတွင်းချေမှုန်းပစ်မယ်စသဖြင့်

ပြောခဲ့တယ်။ ဥက္ကဋ္ဌသခင်ဇင်နဲ့ အတွင်းရေးမှူးသခင်ဇင်တို့ ပဲခူးရိုး မမှာ ကျသွားတော့လည်း ဗမာပြည်ကွန်မြူနစ်ပါတီ မရှိတော့ဘူးလိုလို ၀ါဒဖြန့်ခဲ့ကြတယ်။

နောက်ဆုံး နယ်စပ်အရေးအခင်း ဖြစ်တော့လည်း ဗမာပြည် ကွန်မြူနစ်ပါတီ မရှိတော့သလိုလို ၀ါဒဖြန့်ခဲ့တယ်။့ ဗမာပြည် ကွန်မြူနစ်ပါတီဟာ

အခြေအနေအမျိုးမျိုးကို ဖြတ်သန်းပြီး ဗမာပြည်နိုင်ငံရေးလောကအတွင်းမှာ အရေးကြီးတဲ့ နိုင်ငံရေးအင်အားစုတရပ်အဖြစ်နဲ့ ဒီကနေ့အထိ တည်ရှိမြဲ

တည်ရှိနေနိုင်ခဲ့တယ်မဟုတ်လား။ ဒါကွန်ုမြူနစ်ပါတီ နဲ့ ပတ်သက်ရင် ဖောက်ပြန်တဲ့ဓနရှင်လူတန်းစား အုပ်စိုးသူတွေက ဖုံးကွယ်ထားချင်တဲ့ မိမိပြည်ရဲ့ လက်တွေ့

သာဓက တခုကို ခင်ဗျားမြင်သာအောင် ပြောလိုက်တာပဲ ကိုသစ္စာရေ....

ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယမှာရော။ ခင်ဗျား ကြားနေ သိနေမှာပါ။ ဗမာပြည် ဒီမိုကရေစီ လှုပ်ရှားမှုတွေကို

အိန္ဒိယကွန်မြူနစ်ပါတီက ထောက်ခံခဲ့တဲ့ သတင်းတချို့ထွက်ထွက်လာနေတာလေ။ အဲဒီအိန္ဒိယမှာ အိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒ) နဲ့

အိန္ဒိယကွန်မြူနစ်ပါတီဆိုပြီးရှိနေရုံမက တောက်လျှောက် ဥပဒေတွင်းပါတီအဖြစ် လွှတ်တော်တွင်းမှာ အမတ်နေရာတချို့ ရှိနေရုံမက လက်နက်ကိုင်

တိုက်ပွဲဝင်နေတဲ့ အိန္ဒိယမော်ဝါဒ ကွန်မြူနစ်ီများ ဆိုတာတောင် ရှိနေတယ်။ အခုတလော အဲဒီမော်ဝါဒီတွေက အင်အားကြီးထွား လာနေတယ်။

အင်အားသောင်းချီရှိနေတယ်။ ကိုယ်ပိုင်လက်နက်ပြင်ရုံတွေ၊ လက်နက်စက်ရုံအသေးစားတွေ ရှိနေတယ်လို့တောင် ကြားနေရတယ်။

အဲဒီမော်ဝါဒီကွန်မြူနစ်တွေဟာ အိန္ဒိယတွင်လား ဆိုတော၊့  မဟုတ်သေးဘူး ကိုသစ္စာ ရေ....

နီပေါ၊ ဘူတန်စတဲ့နိုင်ငံတွေအပြင် တခြားတောင်အာရှနိုင်ငံများနဲ့ တဆက်တည်း မဟာမိတ်ဖွဲ့ လှုပ်ရှား ခဲ့တာတဲ့။ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးလည်း

သိပြီးသားပဲလေ။ ပြီးခဲ့တဲ့ နှစ်က လက်နက်ကိုင် တိုက်နေတဲ့ နီပေါမော်ဝါဒီတွေ အာဏာရသွားခဲ့တယ်မဟုတ်လား။ အဲဒီကနေ အခုနောက်ဆုံး ပြည်တွင်းမှာ

အတိုက်အခံ အဖြစ် ရပ်တည်နေနိုင်ခဲ့တယ် မဟုတ်လား။ အဲဒီနီပေါမှာ မော်ဝါဒီ ကွန်မြူနစ်တွေအပြင် နီပေါကွန်မြူနစ်ပါတီ (စည်းလုံးညီညွတ်သော

မာ့က်စ်၊လီနင်ဝါဒ) ဆိုတဲ့ပါတီလည်း ရှိသေးတယ်။ အဲဒီပါတီဟာ စစ်အေးလွန်ခေတ်မှာ ကာလတို ၂ ကြိမ်တိုင် အာဏာရ ဖူးသေးတယ်။

ဖိလစ်ပိုင် ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့ ပြည်သူ့တပ်မတော်သစ် (NPA)ဟာ ဖိလစ်ပိုင် အုပ်စိုး သူများ ကို တောက်လျှောက် အင်အားကောင်းကောင်း

လက်နက်ကိုင်တိုက်ပွဲဆင်နွှဲ နေနိုင်ခဲ့တာလည်း ကနေ့ အထိပါပဲ။

အီရတ်ကွန်မြူနစ်ပါတီဟာလည်း နှစ်ရှည်မြေအောက်ပါတီအဖြစ် ဖြတ်သန်းနေရာကနေ “ဆက်ဒမ်”လွန် ခေတ်မှာ ဘွားခနဲ ပေါ်ထွက်လာတယ်။

အီရတ်ပြည်တွင်းမှာ သြဇာဂယက် ကြီးပြီး အဆုံးအဖြတ် အခန်းက ပါတဲ့ အင်အားတရပ်ဖြစ်လာတယ်လို့ လောလောဆယ်နှစ်တွေ အတွင်း

သတင်းတွေထွက်ခဲ့တယ်။

ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း ဘင်္ဂလားဒေ့ရှ်မှာလည်း ဘင်္ဂလားဒေ့ရှ် ကွန်မြူနစ်ပါတီဟာ ဆဋ္ဌမ အကြိမ် ကွန်ဂရက်ကို ၂၀၀၄ က ကျင်းပခဲ့တဲ့ သတင်း

ထွက်ခဲ့ပါတယ်။

လက်တင်အမေရိကဒေသဟာ လက်ဝဲဂိုဏ်းအင်အားများ တောင့်တင်းတဲ့ဒေသတခု ဖြစ်တယ်။ အဲဒီ ဒေသက ပြည်သူတွေဟာ ဆိုရှယ်လစ်စနစ်ကို

အလွန်စိတ်ဝင်စားကြတယ်တဲ့ ကိုသစ္စာရေ....။ ခင်ဗျားအံ့အား သင့်သွားသလား။ ကမ္ဘာပေါ်မှာ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ် ပျောက်ကွယ်သွားပြီလို့

ဓနရှင်အတွေး အခေါ်ပညာရှင်တွေက ၀ါဒဖြန့်နေချိန်မှာ လက်တင်အမေရိက ပြည်သူတွေက ဆိုရှယ်လစ်စနစ်ကို စိတ်ဝင်စား လာနေသတဲ့လေ။

အဲဒီလက်တင်အမေရိကမှာ လက်ျာဂိုဏ်းတွေ အာဏာရနေပြီး တိုင်းပြည်တွေ ချွတ်ခြုံကျ ကုန်ရာကနေ လက်ဝဲဂိုဏ်းတွေ အာဏာရလာတယ်။

ဓနရှင်သတင်းမီဒီယာတွေကနေ အဲဒီလက်တင် အမေရိ ကမှာ ရှိနေတဲ့ ဆိုရှယ်လစ်ကျူးဘားကို ရစရာ မရှိအောင် ရေးနေပေမယ့် တကယ့်လက်တွေ့က လက်တင်

အမေရိကမှာ ကျူးဘားက အဆင့်အတန်း အမြင့်ဆုံးနိုင်ငံဖြစ်နေတာကို လက်တင်အမေရိက ပြည်သူတွေ တွေ့နေရသတဲ့။ ဒါကြောင့် လက်တင်အမေရိကမှာ

လက်ဝဲဂိုဏ်းတွေကရော ပြည်သူတွေကပါ ဆိုရှယ်လစ်စနစ် ကို စိတ်ဝင်စားပြီးစူးစမ်းလေ့လာနေကြသတဲ့ ကိုသစ္စာရေ....

လက်တင်အမေရိကမှာ အများတကာ့ ကွန်မြူနစ်ပါတီတွေနဲ့ လက်ဝဲအင်အားစုတွေဟာ လက်နက်ကိုင် တိုက်ပွဲကို ရပ်ပစ်လိုက်ကြပြီး ဥပဒေတွင်း

တိုက်ပွဲလမ်းစဉ်နဲ့ လွတ်တော်တိုက်ပွဲလမ်းစဉ်အရ ချီတက်နေကြပါ တယ်။ ပါတီအများစုဟာ ဥပဒေတွင်း အကြမ်းမဖက်တဲ့ တိုက်ပွဲလမ်းကြောင်းကို

စူးစမ်းလေ့လာတာနဲ့ တချိန် တည်းမှာ လူတန်းစားတိုက်ပွဲနဲ့ အာဏာရယူရေးကိုလည်း အလေးထား ဆောင်ရွက်နေပါတယ်။ တချို့ပါတီတွေ ဟာ

အကြမ်းမဖက်တဲ့နည်းရော၊ အကြမ်းဖက်တဲ့နည်းပါ နည်းနာ ၂ ရပ်စလုံးကို တင်ပြနေကြပါတယ်။

အထူးသဖြင့် ပေါ်လွင်နေတဲ့ ကွန်မြူနစ်ပါတီတွေကတော့ ဘရာဇီးလ်ကွန်မြူနစ်ပါတီနဲ့ ချီလီကွန်မြူနစ် ပါတီတို့ ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကွန်မြူနစ်ပါတီတွေအကြောင်း ပြောရင် ချန်ထားလို့ မရတာကတော့ တောင်အာဖရိ က ကွန်မြူနစ်ပါတီပါပဲ။ တောင်အာဖရိကမှာ

ANC ကို အာဏာရပါတီဖြစ်လာစေရေးမှာ တောင်အာဖရိက ကွန်မြူ နစ်ပါတီက စွမ်းစောင်ပေးနိုင်ခဲ့တယ်လို့ ဆိုရင် တချို့ အံ့အားသင့်သွားမလား

မပြောတတ်တော့ဖူး။ အခု ဗမာပြည် အရေးကိုလည်း စိတ်ဝင်တစား ဒီပါတီက ထောက်ခံနေတယ်ဆိုတဲ့ သတင်းလည်း ခင်ဗျားကြားမိမယ်ထင် ပါတယ်

ကိုသစ္စာရေ....

ကဲ.... ကိုသစ္စာရေ....

ခင်ဗျားက ကွန်မြူနစ်လှုပ်ရှားမှု အခြေအနေက ဘယ်လိုလဲ။ ဖြစ်နိုင်ရင် မိတ်ဆက်ပေးပါဦးဆိုလို့ ရေး လာလိုက်တာ စာတောင် အတော်ရှည်သွားပြီဗျာ။

ကျွန်တော် နိဂုံးချုပ်အနေနဲ့ ပြောလိုက်ချင်တာကတော့ “အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံတကာ ကွန်မြူနစ် ပါတီတွေရဲ့ လက်တွေ့နဲ့ စူးစမ်းလေ့လာမှု

အသစ်တွေက ၂၁ ရာစု ဆိုရှယ်လစ်စနစ်သို့ ချီတက်ရေးလမ်းကြောင်း ဟာ မိမိနိုင်ငံရဲ့ လက်တွေ့က အစချီတာမို့ အမျိုးမျိုးအဖုံဖုံ ကွဲပြားသွားနိုင်တယ်ဆိုတာ

မြင်တွေ့နိုင်တယ်။ ဒါပေမဲ့ ၂၀ ရာစုအတွင်းက တော်လှန်ရေး အတွေ့အကြုံနဲ့ သင်ခန်းစာတွေဟာ ၂၁ ရာစု ဆိုရှယ်လစ်စနစ် ချီတက်ရာ လမ်းကြောင်းကို

စူးစမ်းရှာဖွေရေးအတွက် အခြေခံအုတ်မြစ်နဲ့ အစချီချက် ဖြစ်မြဲဖြစ်နေတယ် ဆိုတာပါပဲ”။ ဒီနှစ် ၂၀၀၉ အစနဲ့ ၂၀၀၈ နှောင်းပိုင်းတွေမှာ ကွန်မြူနစ်တွေရဲ့

သုံးသပ်ချက်ကတော့ ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှု ဒီရေ နိမ့်ကျနေမှုဟာ ဆက်လက် ကျဆင်းနေတာ မဟုတ်တော့ဘူး။ ရပ်တန့်သွားပြီး အတက်ဘက်ကို

ဦးတည်နေပြီ၊ ဘယ်လိုနည်းနဲ့ ဒီရေမြင့်လာမလဲဆိုတာတော့ မပြောနိုင်သေးဘူးလို့တောင် ဆိုနေပါပြီ။

ကိုသစ္စာရေ....

မျက်မှောက်ကမ္ဘာကြီးမှာ အရင်းရှင်စနစ်က လွှမ်းမိုးထားဆဲ ဖြစ်တယ်။ သတင်းမီဒီယာခေတ် ရောက်ပြီ ဆိုပေမယ့် ကမ္ဘာ့

ကွန်မြူနစ်လှုပ်ရှားမှုသတင်းများကိုတော့ ထိန်ချန် ဖုံးကွဲထားဆဲဖြစ်ပါတယ်။ တလောက အ နောက်တိုင်း သတင်းမီဒီယာအသံလွှင့်ဌာနကြီးတခုမှာ လုပ်နေတဲ့

မိတ်ဆွေတယောက်နဲ့ တယ်လီဖုန်းကနေ စကားပြောဖြစ်တယ်။ စပ်မိပြီး နီပေါ မော်ဝါဒီခေါင်းဆောင် ပရာချန် ၀န်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်သွားတဲ့

သတင်းရောက် သွားတော့ သူအံ့အားသင့်နေတယ်။ သူတို့ကို ချပေးထားတဲ့ သတင်းတွေထဲမှာ အဲဒီသတင်းနဲ့ ပတ်သက်တာ တခုမှ မပါလို့ သူ မသိဘူးလို့

ပြောပြသွားတယ်ဗျာ။ ခင်ဗျားတို့ ခုလို ကျွန်တော်ရေးလိုက်တော့ ယုံချင်မှတောင် ယုံမှာပါ။ မယုံမရှိပါနဲ့။ ကျွန်တော့်ကိုယ်တွေ့ အဖြစ်အပျက်ပါ။ ဒါကြောင့်

ကမ္ဘာ့ပြည်သူတွေဟာ ကွန်မြူနစ်လှုပ်ရှားမှုနဲ့ ပတ်သက်ရင် သိရှိမှု အလွန်နည်းနေသေးတယ်လို့ ပြောလိုက်ချင်ပါတယ်။

ဒါပေမဲ့ အထက်မှာ ဖော်ပြပါ လက်တွေ့ဖြစ်ရပ်တွေနဲ့ သတင်းများအရကိုပဲ ၂၀ ရာစုနှောင်းပိုင်း ဆိုဗီ ယက်ပြည်ထောင်စု ပြိုကွဲသွားခြင်းနဲ့ အရှေ့ဥရောပ

ဆိုရှယ်လစ်နိုင်ငံတွေ အသွေးအရောင်ပြောင်းသွားခြင်းဟာ ကမ္ဘာပေါ်မှ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ပျောက်သွားတာ မဟုတ်ဘူး။ မာ့က်စ်ဝါဒ ခေတ်ကုန်သွားတာ

မဟုတ် ဘူးဆိုတာ လုံလောက်စွာ သက်သေခံနေပြီလို့ ဆိုလိုက်ပါရစေ ကိုသစ္စာရေ....

အနာဂတ်ကို ကွန်မြူနစ်ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒက ပိုင်ဆိုင်မြဲ ပိုင်ဆိုင်လျက်ရှိတယ်လို့ ကျွန်တော် ယုံကြည်နေတယ်။ ဒါကြောင့် ကျွန်တော်ယုံကြည်နေတဲ့

“သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ”အကြောင်း ဆက်လက် ရေးသားသွားပါမယ်။

ကိုသစ္စာနဲ့ ရဲဘော်များ မိတ်ဆွေများ စစ်အုပ်စုကို အနိုင်တိုက်ရေးအတွက် စိတ်ရောကိုယ်ပါ ကျန်းမာ ကြပါစေလို့ ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်။

ကိုသစ္စာရဲ့ ...

ရဲဘော်ပြုံးချို

၂၈-၈-၂၀၀၉။


 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်