စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday183
mod_vvisit_counterYesterday169
mod_vvisit_counterThis week839
mod_vvisit_counterLast week1243
mod_vvisit_counterThis month1564
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51819

Online Guests: 11
Your IP: 38.107.191.89
,
Today: Sep 09, 2010
ဒီမိုကရေစီရေး တိုက်ပွဲဝင်ရဲဘော်တဦးထံပေးစာ (၃)

အဝေးရောက် ပြည်သူ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်ရဲဘော်တဦးက
ဒီမိုကရေစီရေး  တိုက်ပွဲဝင်ရဲဘော်တဦးထံပေးစာ (၃)

တခွန်းတည်းနဲ့ ချုပ်ပြောလိုက်ရရင် မာ့က်စ်ဝါဒဆိုတာ နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုရဲ့ အလုပ်လမ်းညွှန်ဖြစ်တယ်ဆိုတာကို နားလည်လာခဲ့တယ်။

ကိုသစ္စာရေ...

 


ပြီးခဲ့တဲ့ပေးစာ အမှတ် ၂ မှာ အရင်းရှင်သတင်းမီဒီယာတွေက ဖုံးကွယ်ထားတဲ့ ကမ္ဘာ့ ကွန်မြူ နစ်လှုပ်ရှားမှုကို အကြမ်းဖျင်း သိခွင့်ရလို့ ၀မ်းသာကြောင်းနဲ့ “အနာဂတ်ကို ကွန်မြူနစ်တွေက ပိုင်ဆိုင်မြဲ ပိုင်ဆိုင်နေတယ်” ဆိုတဲ့ ကျွန်တော်ရဲ့ ရေးသားချက်ကို စိတ်ဝင်စားမိတယ်၊ ကျွန်တော် ဘာကြောင့် ဒီ လို ယုံကြည်နေရတာလဲလို့ နားလည်ကြည့်ချင်တယ်၊ ဖြစ်နိုင်ရင် ဆက်ရေးပါဦးလို့ ခင်ဗျားက အ ကြောင်း ပြန်လာလို့ ကျွန်တော် ၀မ်းသာမိပါတယ်။


ပထမဆုံး ကျွန်တော် ကိုသစ္စာတို့ကို ကတိပေးလိုက်ချင်တာ တခုကတော့ သတင်းမီဒီယာ တွေက ဖုံးကွယ်ထားတဲ့ ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှု အခြေအနေများကို အလျဉ်းသင့်ရင် သင့်သလို မိတ်ဆက်ပေးသွားပါ့မယ် ဆိုတာပါပဲ။
အခုဆက်ပြီး ကိုသစ္စာ စိတ်ဝင်စားတဲ့ အနာဂတ်ကို ကွန်မြူနစ်တွေက ပိုင်ဆိုင်မြဲ ပိုင်ဆိုင်နေ တယ်ဆိုတဲ့ ကျွန်တော်ရဲ့ ယုံကြည်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော့်ခံယူမှုတွေကို ရေးသွားပါမယ်။

 


ပထမဆုံးကတော့ ကျွန်တော်ကျောင်းသားဘ၀က သင်ခဲ့ရတဲ့ နယူတန်ရဲ့ နိယာမတခု ဖြစ်တဲ့ “ အားသက်ရောက်မှုတိုင်းမှာ ၄င်းနဲ့ ညီမျှတဲ့ တန်ပြန်အားသက်ရောက်မှုရှိတယ်”ဆိုတဲ့ တရားကို ကျွန် တော် စိတ်ဝင်စားနားလည်ကြည့်ခဲ့ဖူးသလို “ဖိနှိပ်မှုရှိရင် ပုန်ကန်မှု ရှိလိမ့်မယ်”ဆိုတဲ့တရားကိုလည်း တဆင့်တက်နားလည်ကြည့်မိဖူးတယ် ဆိုတာပါပဲ။ ဒီကနေ တော်လှန်ပုန်ကန်မှုတွေကို စိတ်ဝင်စားမိ တယ်။ တော်လှန်ပုန်ကန်မှုတွေကို စိတ်ဝင်စားရာကနေ ဗမာပြည်တွင်းက ပုန်ကန်တော်လှန်မှုတွေ၊ ကမ္ဘာ့တော် လှန်ရေးတွေကို နားလည်ဖို့ စူးစမ်းလေ့လာမိတယ်။
ဒီလို စူးစမ်းလေ့လာနေမိရာက ကိုယ်နဲ့ စိတ်ဝင်စားမှုခြင်းတူညီသူတွေနဲ့ ပေါင်းစည်းမိလာ တယ်။ ဒီလိုနဲ့ လေ့လာရေးအစုလေး ပေါ်လာတယ်။ အဲဒီအစုမှာ တိုးတက်တဲ့၊ တော်လှန်တဲ့စာပေတွေ ကို စုပေါင်းလေ့လာတယ်။ အထူးသဖြင့် ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထုများအပါအ၀င် ဗမာပြည်က တိုးတက်တဲ့စာပေများရော၊  အင်ဒိုချိုင်းနား ၃ နိုင်ငံဖြစ်တဲ့ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယားနဲ့ တရုတ် တော်လှန်ရေးအကြောင်း စာပေတွေကို လေ့လာခဲ့ကြတယ်။ အကျိုးဆက်ကတော့ ဗမာပြည်မှာ တော် လှန်ပုန်ကန် တိုက်ပွဲဝင်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကို စတင်စိတ်ဝင်စားလာခြင်းပါပဲ။ ဒီပါတီ ဆွဲကိုင်ထားတဲ့ လမ်းညွှန်အတွေးအခေါ်က ဘာလဲဆိုတာကို ဆက်လက် စူးစမ်းလေ့လာလိုက်တော့ မာ့က်စ့်၊ လီနင်ဝါဒနဲ့ မော်စီတုန်းအတွေးအခေါ်ဆိုတာကို သိရှိ နားလည်လိုက်ရပါတယ် ကိုသစ္စာရေ....
ဒါကြောင့် မာ့က်စ်ဝါဒဆိုတာကို ဘာလဲလို့ ဦးဆုံးစူးစမ်းလေ့လာကြည့်မိပါတယ်။
ဒီတော့.... မာ့က်စ်ဝါဒဆိုတာ မာ့က်စ်နဲ့ အိန်ဂယ်တို့ရဲ့ သဘောတရားအမြင်ဆိုင်ရာ သိပ္ပံနည်း ကျစနစ်တရပ် ဖြစ်တယ်။ တနည်းပြောရရင် ပစ္စည်းမဲ့လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစား နိုင်ငံရေးပါတီ များရဲ့ သိပ္ပံနည်းကျ ကမ္ဘာ့အမြင် ဖြစ်တယ်။ ပစ္စည်းမဲ့လူတန်းစားနဲ့ အဖိနှိပ်ခံပြည်သူတွေက လူသားတ ရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လိုက်နာကျင့်သုံးတဲ့ သ ဘောတရား လမ်းညွှန်ဖြစ်တယ်။ တခွန်းတည်းနဲ့ ချုပ်ပြောလိုက်ရရင် မာ့က်စ်ဝါဒဆိုတာ နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုရဲ့ အလုပ်လမ်းညွှန်ဖြစ်တယ်ဆိုတာကို နားလည်လာခဲ့တယ်။
ဒီလိုဆိုရင်.... ကိုသစ္စာတို့က မာ့က်စ်ဝါဒ ပေါ်လာတဲ့မှတ်တိုင်က ဘာတွေလဲ။ ဘယ်တုန်းက ပေါ်လာတာလဲလို့ မေးချင်စရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါသေးတယ်၊
မာ့က်စ်ဝါဒ ပေါ်လာတဲ့ မှတ်တိုင်ကတော့ မာ့က်စ်နဲ့ အိန်ဂယ်တို့ ၂ ယောက် ပူးတွဲပြုစုခဲ့တဲ့ “ ကွန်မြူနစ်ပါတီကြေညာစာတမ်း”ပေါ်ထွက်လာခြင်းကို မာ့က်စ်ဝါဒ ပေါ်လာခြင်း မှတ်တိုင်အဖြစ် မှတ် ယူကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀ ကျော်၊ ၁၈၄၇ ခုနှစ်ကုန်က လန်ဒန်မှာ ကျင်းပတဲ့ ကွန်မြူနစ် မဟာမိတ်အဖွဲ့ရဲ့ ကွန်ဂရက်ကို သူတို့ ၂ ဦး တက်ရောက်ခဲ့ပါတယ်။ အဲဒီကွန်ဂရက်က သူတို့ ၂ ဦးကို မဟာမိတ်အဖွဲ့ကြီးရဲ့ လုပ်ငန်းစဉ် မူကြမ်း ရေးဆွဲရေး တာဝန်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ၁၈၄၈ ခုနှစ် ဖေဖော်ဝါရီလမှာ ကွန်မြူနစ်ပါတီ ကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ဆိုရင် မာ့က်စ်ဝါဒ ပေါ်ပေါက်လာတာ ၁၆၁ နှစ်တင်းတင်းပြည့်သွားခဲ့ပြီ ကိုသစ္စာရေ.....
တကယ်တော့ဗျာ.... ကိုသစ္စာရေ၊ မာ့က်စ်ရဲ့ သဘောတရားကို “မာ့က်စ်ဝါဒ”အဖြစ် အိန်ဂယ် က ၁၉ ရာစု ၈၀ ခုနှစ်များကတည်းက စတင်သုံးစွဲခဲ့တာပါ။ သူက ၁၈၈၆ မှာ “ဖျူးဝါးဘတ်နဲ့ ဂျာမန်စံ တင် အဘိဓမ္မာများရဲ့ နိဂုံး”ဆိုတဲ့ စာအုပ်ရဲ့ အောက်ခြေမှတ်စုမှာ “မာ့က်စ်နဲ့ သူ ထူထောင်ခဲ့တဲ့ သ ဘောတရားများကို မာ့က်စ်ရဲ့ နာမည်သုံးပြီး အမည်ပေးတာဟာ တရားနည်းလမ်းကျပါတယ်”လို့ အထူး တလည် ရှင်းပြခဲ့ဖူးပါတယ်။  
လက်တွေ့ဖြစ်ရပ်ကတော့ဗျာ.... မာက့်စ်ဝါဒဆိုတာ အရင်းရှင်စနစ်ရဲ့ ပဋ္ဋိပက္ခတွေ ဖြစ်ထွန်းကြီး ထွားလာမှုနဲ့ ပစ္စည်းမဲ့လူတန်းစားတော်လှန်ရေး တိုက်ပွဲသမိုင်း လိုအပ်မှုရဲ့ အထွက်ပစ္စည်းလို့ပဲ ဆိုရ မယ်လို့ ကျွန်တော်ကတော့ မှတ်ယူထားပါတယ်။  
အဲဒီတုန်းက အရင်းရှင်စနစ်ရဲ့ ပဋ္ဋိပက္ခတွေ ထက်မြက်သည်းသန် ပေါ်ထွက်လာလို့ ပစ္စည်းမဲ့လူ တန်းစားဟာ သမိုင်းဇာတ်ခုံပေါ်ကို အမှီိခိုကင်းတဲ့ နိုင်ငံရေးအင်အားစု တရပ်အဖြစ် ပေါ်ထွက်လာ တယ်။ အရင်းရှင်လူတန်းစားနဲ့ စည်းရုံးမှု ရှိတဲ့ တိုက်ပွဲများကိုလည်း စတင်ဆင်နွှဲလာရတယ်။ ဒီအခါ ပစ္စည်းမဲ့လူတန်းစားအဖို့ မိမိတို့ရဲ့ တော်လှန်ရေးတိုက်ပွဲကို လက်တွေ့အကောင်အထည်ဖော် ဆောင် ရွက်သွားရေးကို ရှေ့ဆောင်လမ်းညွှန်ရန်နဲ့ မိမိလူတန်းစားအကျိုးကို ကိုယ်စားပြုတဲ့ သိပ္ပံနည်းကျ သ ဘောတရားတရပ် အပူတပြင်းလိုလာပါတယ်။ အလုပ်သမား လူတန်းစားရဲ့ ဒီတော်လှန်ပုန်ကန်မှု အတွေ့အကြုံတွေကလည်း မာ့က်စ်ဝါဒဆိုတဲ့ သစ်လွင်တဲ့ သဘောတရားတရပ် ပေါ်ထွက်လာရေး အတွက် ရေခံမြေခံကောင်းတွေ ဖြစ်ခဲ့တယ်။
ဒီအလုပ်သမားလှုပ်ရှားမှုတွေအတွင်း မာ့က်စ်နဲ့ အိန်ဂယ်တို့ဟာ ကိုယ်တိုင်ကိုယ်ကျ ခြေစုံပစ် ပါဝင်ခဲ့ကြတယ်။ အလုပ်သမား လှုပ်ရှားမှုအတွင်းက ဒီလက်တွေ့ အတွေ့အကြုံများကို သေချာနိဂုံးချုပ်၊ လူသားအတွေးအခေါ်သမိုင်းမှ ကောင်းမွန်တဲ့၊ တိုးတက်တဲ့ အသီးအပွင့်တွေကို ဝေဖန်ပိုင်းခြားမှုရှိစွာ သူတို့ ဆက်ခံပါတယ်၊ အထူးသဖြင့် ၁၉ ရာစု အစပိုင်းက ပေါ်ထွန်းခဲ့တဲ့ လူမှုရေးသိပ္ပံပညာရဲ့ အရေး ကြီးတဲ့ အသီးအပွင့်တွေကို စုပ်ယူပြီး မာ့က်စ်ဝါဒကို ထူထောင်ခဲ့ကြတာပါ။
ဒါဖြင့်ရင့် ဒီမာ့က်စ်ဝါဒဆိုတာကို ဘယ်လို သဘောတရားတွေနဲ့ ဖွဲ့စည်းထားတာလဲလို့ မေးစရာ ရှိပါတယ်။
မာ့က်စ်ဝါဒကို အဓိကအားဖြင့် (၁) အဘိဓမ္မာ (၂) နိုင်ငံရေးဘောဂဗေဒ (၃) သိပံ္ပနည်းကျ ဆိုရှယ်လစ်ဝါဒဆိုတဲ့ သဘောတရားအပိုင်း ၃ ပိုင်းနဲ့ ဖွဲ့စည်းထားတယ်။ ဒါကို တနည်းအားဖြင့် မာ့က်စ် ၀ါဒရဲ့ ရေသောက်မြစ် ၃ သွယ်လို့လည်း ခေါ်ကြပါတယ်။
ကိုသစ္စာရေ...
ဒါကို ခုလို နည်းနည်း အကျယ်ချဲ့ ပြောလိုက်ချင်သေးတယ်ဗျာ။ အထက်မှာ ပြောခဲ့သလို မာ့က်စ်ဝါဒဟာ လူသားအတွေးအခေါ်သမိုင်း အတွင်းရှိ အကောင်းဆုံးအသီးအပွင့်တွေကို စိစစ်စုပ်ယူ ထားတယ်ဆိုတော့....
အဲဒီအသီးအပွင့်ဆိုတာတွေက ဘာတွေလဲ....
အတိအကျ ပြောရရင် ဂျာမန် စံတင် အဘိဓမ္မာ၊ ဗြိတိန် စံတင်နိုင်ငံရေးဘောဂဗေဒနဲ့ ပြင်သစ် စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒတို့ပါပဲ။
အဘိဓမ္မာပိုင်းနဲ့ ပတ်သက်ရင် မာ့က်စ်နဲ့ အိန်ဂယ်တို့ဟာ ဟီဂယ်ရဲ့ အနုပဋိလောမနည်းနာမှ ကျိုးကြောင်းဆီလျော်မှုရှိတဲ့ အပိုင်းများကို ဆက်ခံထားပြီး၊ ဟီဂယ်ရဲ့ စိတ်ဝါဒဆိုင်ရာ စနစ်တွေကို စွန့် ပစ်လိုက်ပါတယ်၊ ဒါ့အပြင် ဖြူးဝါးဘတ် (Ludwig Fauerbac) ရဲ့ ရုပ်ဝါဒ အခြေခံအတွေးအခေါ်ကို စုပ်ယူ ပြီး သူ့ရဲ တက္ကဗေဒ စိတ်ဝါဒအမြင်ကို စိစစ်ဝေဖန် စွန့်ပစ်ပါတယ်။ ဟီဂယ်ရဲ့  အနုပဋိလောမနဲ့ ဖြူးဝါး ဘတ်ရဲ့  ရုပ်ဝါဒ ကမ္ဘာ့အမြင်တို့ဖြင့်  အနုပဋိလောမ ရုပ်ဝါဒကို  ထူထောင်လိုက်ပါတယ်။ အဲဒီအနုပဋိ လောမ ရုပ်ဝါဒ ကမ္ဘာ့အမြင်နဲ့ အရင်းရှင်စနစ်ကို မာ့က်စ်နဲ့ အိန်ဂယ်တို့ဟာ စူးစမ်းလေ့လာခဲ့ကြတာပါ။
နိုင်ငံရေးဘောဂဗေဒနဲ့ ပတ်သက်ရင် ဗြိတိန်စံတင် နိုင်ငံရေးဘောဂဗေဒ ကို အခြေခံပါတယ်။ အထူးသဖြင့် ဒေးဗစ်ရီကာဒို (David Ricardo) ရဲ့ အလုပ်ရဲ့ တန်ဖိုးဆိုင်ရာ သဘောတရားကို ဝေဖန်ပိုင်း ဖြားမှုရှိစွာ ဆက်ခံပြီး အစွန်းထွက်တန်ဖိုးသဘောတရားကို ထူထောင်ခဲ့တယ်။ ဒီလိုနည်းအားဖြင့် အ ရင်းရှင်စနစ် လှုပ်ရှားမှုတရားများနဲ့ အရင်းရှင်စနစ် သွေးစုပ်မှုများရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖွင့်ချ နိုင်ခဲ့တယ်။ အဲဒီလိုနဲ့ အစွန်းထွက်တန်ဖိုးသဘောတရားကို အခြေခံမဏ္ဍိုင်အဖြစ်ထားတဲ့ နိုင်ငံရေးဘော ဂဗေဒကို ထူထောင်ခဲ့တယ်။
မာ့က်စ်နဲ့ အိန်ဂယ်တို့ဟာ အဘိဓမ္မာနဲ့ နိုင်ငံရေးဘောဂဗေဒနယ်ပယ်မှာ မိမိတို့ ရရှိခဲ့တဲ့ အကျိုး ရလဒ်များကို အသုံးပြုပြီး ဆိုရှယ်လစ်ဝါဒ သဘောတရားရေးဆိုင်ရာ စူးစမ်းလေ့လာရေးကို ပြုလုပ်ကြ ပြန်ပါတယ်။
ပြင်သစ်ပြည်မှ စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒီများဖြစ်တဲ့ အထူးသဖြင့် စိန့်ဆိုင်မွန် (Saint Simon) ဖိုးရီးယား (Fourier) နဲ့ ရောဘတ်အိုဝင် (Robert Owen) တို့ရဲ့ အရင်းရှင်စနစ်ကို ဖော်ထုတ်ဖွင့်ချတဲ့ တိုး တက်တဲ့ အတွေးအခေါ်နဲ့  အနာဂတ်လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဉာဏ်အမြော်အမြင် ရှိလှတဲ့ ထင် မြင်ယူဆချက်တွေကို ဝေဖန်ပိုင်းခြားမှုရှိစွာ စုပ်ယူပြီး သူတို့ရဲ့ စိတ်ကူးယဉ်မှု အပိုင်းတွေကို စိစစ်သုံး သပ် ဖယ်ချန်ကာ မိမိတို့ရဲ့ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒကို ထူထောင်လိုက်ပြန်တယ်။
တကယ်လက်တွေ့အရကတော့ အနုပဋိလောမ ရုပ်ဝါဒ ကမ္ဘာ့အမြင်နဲ့ အစွန်းထွက်တန်ဖိုးသ ဘောတရား တွေ့ရှိချက် (၂) ရပ်ဟာ ဆိုရှယ်လစ်ဝါဒ သဘောတရားရဲ့ သိပ္ပံနည်းကျ အခြေခံအုတ်မြစ် ကို ချမှတ်ပေးလိုက်တာဖြစ်တယ်။ ဆိုရှယ်လစ်ဝါဒကို စိတ်ကူးယဉ်မှ သိပ္ပံနည်းကျ သဘောတရားအ ဖြစ်သို့ ဖြစ်ထွန်းတိုးတက်သွားစေခဲ့တာလည်း ဖြစ်တယ်။
ဒါကြောင့် အဘိဓမ္မာ၊ နိုင်ငံရေးဘောဂဗေဒနဲ့ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ ဆိုတဲ့ အပိုင်း (၃) ပိုင်းဟာ တပေါင်းတစည်းတည်း ဆက်စပ်နေတဲ့၊ အပြန်အလှန် အထောက်အကူပြု၊ အပြန်အလှန် အကျိုးပြုပြီး မာ့က်စ်ဝါဒကို ပြီးပြည့်စုံတဲ့ သိပ္ပံပညာရပ်စနစ်တခု ဖြစ်လာစေတယ်လို့ ပြောရပါလိမ့်မယ်။

 

 

ကဲ.... ကိုသစ္စာရေ....

ဒီလိုဆိုတော့ မာ့က်စ်ဝါဒဟာ ဘာကြောင့် သိပ္ပံပညာရပ်လို့ ပြောရသလဲဆိုတာကို ထပ်မံ ရှင်းပြဖို့ လိုမယ်ထင်လို့ နည်းနည်းလောက် ထပ်ပြောပါရစေဦးဗျာ။
မာ့က်စ်နဲ့ အိန်ဂယ်တို့ဟာ လူသားများရဲ့ လက်တွေ့အတွေ့အကြုံနဲ့ သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှု အသီးအပွင့်တွေကို သိပ္ပံနည်းကျ နိဂုံးချုပ်မှု အခြေခံပေါ်မှာ မာ့က်စ်ဝါဒကို ထူထောင်ခဲ့ကြ တာပါ။ မာ့က်စ်ဝါဒဟာ သဘာဝလောက၊ လူ့အဖွဲ့အစည်းနဲ့ လူသားများရဲ့ အတွေးအခေါ် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ယေဘုယျတရားများကို မှန်ကန်တိကျစွာ ဖော်ထုတ်ထားတာ ဖြစ်တယ်။ မာ့က်စ်ဝါဒ ရဲ့ အခြေခံမူတွေဟာ လက်တွေအတွင်းမှာ အစမ်းသပ်၊ အစစ်ဆေးခံနိုင်တာမို့ မှန်ကန်တိကျတယ်။ ဒါ ကြောင့် မာ့က်စ်ဝါဒကို သိပ္ပံပညာရပ် ဖြစ်တယ်လို့ ပြောနိုင်တာပါ။
မာ့က်စ်ဝါဒဟာ ပစ္စည်းမဲ့လူတန်းစားရဲ့ အတွေးအခေါ် အယူအဆဖြစ်တယ်။ ပစ္စည်းမဲ့လူ တန်းစား လွတ်မြောက်ရေးတိုက်ပွဲကို အလုပ်အကျွေးပြုတယ်လို့ အတိအလင်း ထုတ်ဖော်ကြေညာခဲ့ တယ်။ ဒါကြောင့် မာ့က်စ်ဝါဒမှာ လူတန်းစားလက္ခဏာ ပေါ်လွင်ထင်ရှးပါတယ်။
မာ့က်စ်ဝါဒဟာ စတင်ပေါ်ပေါက်လာကတည်းက လက်တွေ့ကို အဓိကနေရာမှာ ထားပါတယ်။ မိမိရဲ့ အဓိက တာဝန်ဟာ ကမ္ဘာကြီးအား ပြုပြင်ပြောင်းလဲပစ်ရေး ဖြစ်တယ်လို့ အလေးထားဖော်ထုတ်ခဲ့ တယ်။ မာ့က်စ်ဝါဒကို စတင်တည်ထောက်သူများကလည်း မိမိတို့ ကိုယ်တိုင်ကလည်း လက်တွေ့အ ကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်တဲ့ ရုပ်ဝါဒသမားတွေလို့ ခံယူခဲ့ကြတယ်။ မာ့က်စ်ဝါဒဟာ သ ဘောတရားနဲ့ လက်တွေ့တညီတညွတ်တည်းရှိရေးကို အလေးထားပါတယ်။ လက်တွေ့ဟာ သဘောတ ရားရဲ့ အခြေခံဖြစ်သလို အမှန်တရားရဲ့ စံထားချက်လည်းဖြစ်တယ်။ အပြန်အလှန်အားဖြင့် သဘောတ ရားဟာ လက်တွေ့ကို အလုပ်အကျွေးပြုရမယ်။ လက်တွေ့ဆောင်ရွက်မှုတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အ မျှ သဘောတရားဟာ ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ ခံယူခဲ့ကြတယ်။

ကိုသစ္စာရေ....

အထက်မှာ ကျွန်တော် ဖော်ပြလိုက်တဲ့ သိပ္ပံနည်းကျ လက္ခဏာ။ လူတန်းစား လက္ခဏာနဲ့ လက်တွေ့လက္ခဏာတွေဟာ မာ့က်စ်ဝါဒရဲ့ အဓိက ကြန်အင်လက္ခဏာတွေပါပဲ။
ဒါကြောင့် မာ့က်စ်ဝါဒဟာ တရားသေ မဟုတ်ဘူး။ အဆုံးစွန် အမှန်တရားလည်း မဟုတ်ဘူး။ မ ပြတ်ဖွံ့ဖြိုးတိုးတက်နေတဲ့ သိပ္ပံနည်းကျ သဘောတရားသာ ဖြစ်တယ်။ မာ့က်စ်နဲ့ အိန်ဂယ်တို့ဟာ သူတို့ ရဲ့ တသက်တာအတွင်း လူသားများရဲ့ လက်တွေ့အတွေ့အကြုံတွေကို အဆက်မပြတ်နိဂုံးချုပ် ပြုပြင်ပြီး ခေတ်ကာလကို သက်သေထူပြခြင်းဟာ ကောက်ချက်သစ်များဖြင့် မိမိတို့ရဲ့ သဘောတရားကို ပြီးပြည့် စုံ ဖွံ့ဖြိုးတိုးတက်စေခြင်း ဖြစ်ပါတယ်။
သူတို့ ကွယ်လွန်သွားပြီးနောက်မှာလည်း နိုင်ငံအသီးသီးရှိ အလုပ်သမားလှုပ်ရှားမှုနဲ့ ကွန်မြူနစ် လှုပ်ရှားမှုအတွင်း ပါဝင်ဆောင်ရွက်နေသူတွေဟာ မာ့က်စ်ဝါဒကို မိမိနိုင်ငံရဲ့ လက်တွေ့နဲ့ အခိုင်အမာ ပေါင်းစပ်ပြီး မတူတဲ့ ခေတ်ကာလ၊ မတူတဲ့ လူမှုအကြောင်းအချက်များအရ ပေါ်ထွက်လာတဲ့ ပြဿနာ သစ်တွေကို မာ့က်စ်ဝါဒ ရပ်တည်ချက်၊ အမြင်၊ နည်းနာကနေ စူးစမ်းလေ့လာ ဖြေရှင်းကြရင်းဖြင့် ဒီသ ဘောတရားကို အတွေးအခေါ်သစ်များဖြင့် ကြွယ်ဝစေပြီး၊ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပါတယ်။
သမိုင်းလက်တွေ့အတွင်းက ပေါ်ထွက်လာခဲ့တဲ့ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်တွေဟာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ခေတ်ကာလသမိုင်း အကြောင်းအချက်များနဲ့ သူ့တိုင်းပြည် သူ့အမျိုး သားထူးခြားချက်များကို လက်တွေ့အတွင်း မာ့က်စ်ဝါဒနဲ့ ပေါင်းစပ်ကျင့်သုံးခြင်းဖြင့် ပေါ်ထွက်လာတာ တွေ ဖြစ်တယ်။
ဒီနေ့လည်း ကမ္ဘာ့ကွန်မြူနစ်လှုပ်ရှားမှုအတွင်း ဒါမှမဟုတ် ပစ္စည်းမဲ့လူတန်းစားလှုပ်ရှားမှုအ တွင်း မာ့က်စ်ဝါဒကို ခေတ်နဲ့အညီ တိုးချဲ့လိုက်တဲ့ ၂၁ ရာစု မာ့က်စ်ဝါဒ ပေါ်ထွက်လာဦးမယ်ဆိုတာ မြေ ကြီးလက်ခတ်မလွဲပါပဲ။
မာ့က်စ်ဝါဒဆိုတာ သိပ္ပံပညာရပ်။ ဘယ်သိပ္ပံပညာရပ်မှ ရပ်တံ့မနေဘူး။ ဒါကြောင့် မာ့က်စ်ဝါဒ ဟာ ခေတ်နဲ့အညီ ဖြစ်ထွန်းတိုးတက်နေမှာမို့ ကမ္ဘာပေါ်က ဘယ်လိုနည်းနဲ့မှ ပျောက်ကွယ်သွားမှာ မဟုတ်သလို ဆက်လက်ရှင်သန်တိုးတက်နေလိမ့်ဦးမယ်လို့ ကျွန်တော်လက်ခံနေဆဲပါပဲ ကိုသစ္စာ။
ကိုသစ္စာတို့ လက်တွေ့တိုက်ပွဲများအတွင်းမှာ အမှန်တရားကို စူးစမ်းရှာဖွေ တွေ့ရှိနိုင်ပါစေ။


ကိုသစ္စာရဲ့

ရဲဘော်ပြုံးချို

အောက်တိုဘာ ၁၅၊ ၂၀၀၉။

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်