စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday40
mod_vvisit_counterYesterday169
mod_vvisit_counterThis week696
mod_vvisit_counterLast week1243
mod_vvisit_counterThis month1421
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51676

Online Guests: 8
Your IP: 38.107.191.88
,
Today: Sep 09, 2010
ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှု (အပိုင်း-သုံး)

ပုပ်ရဟန်းမင်းကြီး၏ သြဇာအာဏာကို တိုက်ဖျက်ရာတွင်လည်း ဘုရင်နှင့် ဓနရှင်လူတန်း စားတို့ တသဘောတည်း ညီညွတ်ခဲ့ကြဖူးသည်။ ထို့အပြင် ပြင်သစ်ပြည်တွင် ဓနရှင်လူတန်းစားတို့ လိုလားခဲ့ကြသော လွှတ် တော်နှင့် ပါလီမန်တို့သည် အင်္ဂလိပ်တို့၏ ပါလီမန်လောက် အရေးပါမှု မရှိပါ။

မျက်မှောက်ခေတ် ပြင်သစ်ပြည်သည် လူဦးရေ ၅၆သန်းကျော် ရှိပြီး မြို့နေလူဦးရေက ၇၄ ရာခိုင်နှုန်း ရှိသည်။ သူ၏ မြို့တော်က ပဲရစ်။
ပြင်သစ်တော်လှန်ရေး စတင်ဖြစ်ပွားခဲ့သည့် ၁၇၈၉ ခုနှစ်တုန်းကမူ ပြင်သစ်၏လူဦးရေသည် ၂၅ သန်းသာ ရှိခဲ့သည်။ ၂၃ သန်းသော လူဦးရေတို့သည် ကျေးလက်များတွင် နေထိုင်ကြသည်။
တော်လှန်ရေးမတိုင်မီက ပြင်သစ်ပြည်သည် ပဒေသရာဇ်သက်ဦးဆံပိုင်စနစ်နိုင်ငံဟု ဆိုနိုင်သည်။ ဥရောပ တိုက်၏ နိုင်ငံတခု ဖြစ်သော ပြင်သစ်ပြည်သည် ထိုစဉ်က ဥရောပအရင်းရှင်စနစ် ဖြစ်ထွန်းတိုးတက်မှုလမ်းကြောင်းအတိုင်း သူသည်လည်း လိုက်ပါ လျှောက်လှမ်းခဲ့သည်။
ဥရောပဓနရှင်လူတန်းစားသည် ပဒေသရာဇ်အာဏာကို ဖြိုချရာတွင် ပထမဆင့်အနေဖြင့် ဘုရင်နှင့် မဟာ မိတ်ဖွဲ့ကြရသည်။ ပဒေသရာဇ်များနှင့် ဘုရင်အကြားက ပဋိပက္ခသည် ကြီးမားလှပါသည်။ လယ်ယာမြေ ပိုင်ဆိုင်မှုကဲ့သို့သော စီးပွားရေးဘက်မှာ ပြိုင်ဆိုင်မှုရှိရုံသာမက အုပ်ချုပ်မှုအာဏာ ပြိုင်ဆိုင်မှုကလည်း အထွတ်အထိပ်ပါ။ ပဒေသရာဇ်အာဏာသည် ဘုရင့် အာဏာထက် ပိုကြီးခဲ့ပါသည်။
ဤအချက်ကို တွေ့ရှိထားသူ ဓနရှင်လူတန်းစားသည် ပဒေသရာဇ်များကို ဖြိုချရေးတွင် ဘုရင်ကို သူ့ဘက် ပါအောင် ဆွဲယူအသုံးချလိုက်ခြင်း ဖြစ်သည်။ ဘုရင်ကလည်း ပဒေသရာဇ်များကို တိုက်ခိုက်ပြီး သူ့အာဏာ ပိုမိုတောင့် တင်းအောင် လုပ်ရေးတွင် ဖြစ်ထွန်းစ ဓနရှင်လူတန်းစား၏ ထောက်ခံမှုနှင့် အကူအညီတို့ကို ရယူလိုက်ခြင်း ဖြစ်သည်။ ၄င်းတိုက်ပွဲတွင် ကက်သလစ် ဘာသာရေးဂိုဏ်းများ၊ ဘာသာရေးထိပ်ပိုင်းအလွှာနှင့် ပုပ်ရဟန်းမင်းကြီးတို့က ပဒေသရာဇ် တွေဘက်က ရပ်တည်ခဲ့ကြသည်။ တိုက်ပွဲများတွင် ဘုရင့်ဘက်က အနိုင်ရရှိခဲ့သည့်အတွက် ဥရောပတိုက်သည် အမျိုးသား ဘုရင်စနစ်နိုင်ငံတော်များ ဖြစ်တည်လာခဲ့ကြသည်။ ယင်းဘုရင်စနစ် နိုင်ငံတော်များသည် သက်ဦးဆံပိုင် အကြွင်းမဲ့ ဘုရင့်အာဏာကို ကျင့်သုံးခဲ့ကြသည်။ ဥပမာ အားဖြင့် အင်္ဂလန်နှင့် ပြင်သစ်။
ဓနရှင်လူတန်းစားသည် အရင်းရှင်စနစ် တိုးတက်ကြီးထွားရေးတွင် အဟန့်အတား ဖြစ်နေသည့်အတွက် ပဒေသရာဇ်များကို တိုက်ခဲ့ရသည်။ အမျိုးသားဘုရင်စနစ် ပေါ်ပေါက်လာပြန်တော့လည်း၊ ၄င်းသည် အကြွင်းမဲ့ သက်ဦးဆံပိုင် စ နစ်သာ ဖြစ်နေ ပြန်သည်။
ဓနရှင်လူတန်းစားသည် တဖြည်းဖြည်းချင်း ကြီးထွားဖွံ့ဖြိုးလာသည်။ သူ၏သြဇာအာဏာမှာလည်း စီးပွား ရေးအရ ပိုမို ကြီးမြင့်လာသည်။ လုပ်ငန်းများလည်း ပိုမို တိုးတက်လာသည်။ သူသည် စီးပွားရေးအရ တစုံတရာ လွတ်လပ်ခွင့် ရှိခဲ့သော်လည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဘက်တွင်မူ သြဇာအာဏာမရှိရုံမျှသာမက ပါဝင်ခွင့်ပင် မရှိသော အဖြစ်မျိုး ကြုံ တွေ့လာ ရသည်။
အမှန်တကယ်က စီးပွားရေးဘက်တွင်လည်း အပြည့်အဝလွတ်လပ်ခွင့် ရှိသည်တော့ မဟုတ်ပါ။ (ပြင် သစ်ပြည်တွင် ဤ အချက်သည် ပိုမို ပေါ်လွင်သည်။ ထို့အပြင် ပြင်သစ်ပြည်တွင် ဘုရင်သည် ပဒေသရာဇ်စနစ်ကို လုံးဝ ကုန်စင်အောင် ဖျက်သိမ်းနိုင်ခြင်း မရှိခဲ့ပါ။ ပြင်သစ်ဘုရင်များသည် ဘာသာရေးဂိုဏ်းတို့ကို ဆက်လက် အားကိုးအားထား လုပ်နေရဆဲ ဖြစ်သည်။
ဓနရှင်လူတန်းစားအနေဖြင့် သူ၏အရင်းရှင်စနစ်ကို အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်လိုသည်ဆိုပါက သူ့တိုးတက် ရာ လမ်းခရီးရှိ အတားအဆီးမှန်သမျှကို တိုက်ဖျက်ပစ်ရတော့မည် ဖြစ်သည်။ သူကိုယ်တိုင်က နိုင်ငံရေးအာဏာနှင့် အုပ်ချုပ်ရေး အာဏာတို့ကို ရရှိမှသာလျှင် သူ၏အရင်းရှင်စနစ်ကို အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်စေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ပဒေသရာဇ် သက်ဦးဆံပိုင် အကြွင်းမဲ့အာဏာကို ကျင့်သုံးနေသော ဘုရင်ကိုပါ တိုက်ဖျက်ပစ်ရမည့်အခြေအနေ ဖြစ်လာသည်။ ဤသည်မှာ ဓနရှင်အာဏာရှင်စနစ်သို့ သွားရာ လမ်းခရီးပင် ဖြစ်သည်။

 

အင်္ဂလန်မှာရော ပြင်သစ်ပြည်မှာပါ ဘုရင်နှင့် ဓနရှင်လူတန်းစားတို့၏တိုက်ပွဲကို အခိုင်အမာအားဖြင့် ဘုရင်၏ အကြွင်း မဲ့အာဏာရှင်စနစ်နှင့် ဓနရှင်လူတန်းစားတို့၏ ပါလီမန်(သို့မဟုတ်) လွှတ်တော်တို့၏ တိုက်ပွဲများအသွင်ဖြင့် မြင်တွေ့ရပါသည်။
ပြင်သစ်ပြည်တွင်မူ ဤဖြစ်စဉ်သည် ရှည်လျားသည်။ တပွဲပြီးတပွဲ ဆက်တိုက် တိုက်လာခဲ့ရသော တိုက်ပွဲ များပါ။ ပြင်သစ်ပြည်၏ ပထမဦးဆုံးသော ဓနရှင်တော်လှန်ရေးတိုက်ပွဲသည် ၁၇၈၉ ခုနှစ်တွင် ဖြစ်ပွားခဲ့ပါသည်။
ရှေးဦးစွာ ပြင်သစ်အုပ်စိုးသူဘုရင်များ၏ ဖြစ်စဉ်တွေကို လေ့လာကြည့်ဖို့ လိုပါလိမ့်မည်။
ပြင်သစ်ဘုရင်များသည် ရှေးဦးစွာ မှူးကြီးမတ်ကြီးများနှင့် အာဏာလုပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ရသည်။ ဘုရင်က အနိုင်ရရှိခဲ့သည်။
ဖိလစ် သြဂတ်စတတ်(Philip Augustus) (၁၁၈ဝ-၁၂၂၆) လက်ထက် ရောက်ရှိသောအခါတွင် ဘုရင်သည် နိုင်ငံရေးစစ်ရေးဘက်မှာ ပိုပြီး သြဇာကြီးလာပါသည်။ အမျိုးသားဘုရင်စနစ် ပိုပြီး အသာစီးရလာသည်ဟု ဆိုနိုင်သည်။ ၄င်းဘုရင် လက်ထက်တွင် ဖွံ့ဖြိုးလာသော စီးပွားရေးအချက်အချာ မြို့များမှ ခိုင်မာလာသော ဗျူရိုကရေစီ အင်အားစုများ တနည်းအားဖြင့် ပေါ်ထွန်းစ ဓနရှင်လူတန်းစားနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ဤနည်းဖြင့် ဂျာမဏီနှင့် အီတလီတို့ အထိ သူ၏ တန်ခိုးအာဏာ ဖြန့်ကြက်နိုင်အောင် ကြိုးစားခဲ့သည်။ ၁၂ ရာစုမှသည် ၁၅ ရာစုအထိ ပြင်သစ်ဘုရင်နှင့် ပုပ်ရ ဟန်းမင်းကြီးတို့ အားပြိုင်ခဲ့ကြသည်။ ဘုရင်က အနိုင်ရခဲ့သည်။
အင်္ဂလိပ်နှင့် ပြင်သစ်တို့သည် ၁၃၃၇ မှသည် ၁၄၅၃ ခုနှစ်အထိ အနှစ်တရာ စစ်ပွဲ ဖြစ်ခဲ့ကြသည်။ ၄င်းစစ်ပွဲများအနက် ၁၃၄၈ ခုနှစ် ကရီစီစစ်ပွဲ (Crecy)၊ ၁၃၅၆ ခုနှစ်ပွိုင့်တိးယားစစ်ပွဲ (Piontier) တို့သည် ကျော်ကြားသော စစ်ပွဲများ ဖြစ်ခဲ့သည်။ (ပြင်သစ်က ဂျုန်းအော့ဖ်အတ် Joan of Arc ဆိုသော အာဇာနည်အမျိုးသမီးသည် ဤစစ်ပွဲများအတွင်း အသတ်ခံခဲ့ရခြင်း ဖြစ်၏)
ဤတိုက်ပွဲအပြီး ပြင်သစ်နိုင်ငံရရှိလိုက်သော အကျိုးကျေးဇူးများအနက် တခုမှာ ပြင်သစ်နိုင်ငံအား သိမ်း ပိုက်ရေး အကြံအစည်ကို အင်္ဂလိပ်တို့ စွန့်လွှတ်လိုက်ရခြင်းပင် ဖြစ်သည်။ နောက်ရလဒ်တခုမှာကား ပြင်သစ်ပြည်၏ အမြဲ တမ်းတပ်မတော်သည် ဘုရင့်လက်အောက်သို့ လုံးဝကျရောက်သွားသည်။ ဘုရင်၏ အကြွင်းမဲ့အာဏာ ပိုမို ခိုင်မာလာသည်။
ယခင်က လွှတ်တော် Estate ဆိုသည် ရှိခဲ့သော်လည်း ၄င်းနောက်ပိုင်းတွင် ဘုရင်က လွှတ်တော်ကို ခေါ်ဆိုခြင်း မပြုတော့။ ဘုရင်နှင့် ဘုရင့်ကောင်စီကသာ အုပ်ချုပ်ရေးတွင် စီမံကိုင်တွယ်ခဲ့ကြသည်။ သို့ရာတွင် လွှတ်တော်နှင့် ဘုရင့်အကြားက အားပြိုင်မှုသည် ဆက်လက်တည်ရှိနေဆဲပါ။
ဟင်နရီ (၄) (Henery 4) လက်ထက်ရောက်သည့်အခါ လွှတ်တော်ကို လုံးဝ အလေးမထားတော့ဘဲ ဘုရင်တဦးတည်း၏ အာဏာနှင့် နိုင်ငံတော်ကို အုပ်ချုပ်တော့သည်။ လူဝီ(၁၃) (Louis (13)  ၁၆၄၃-၁၇၁၅) လက်ထက်တွင် ပြင်သစ်ပြည်မှာ မကျေနပ်မှုတွေ၊ ဆူပူမှုတွေ ပေါ်ပေါက်လာသည်။ သည်အခါ လွှတ်တော်ကို မခေါ်လျှင် မဖြစ်တော့သည့် အခြေအနေသို့ ဆိုက်ရောက်လာသဖြင့် ၁၆၁၄ ခုနှစ်မှာ လွှတ်တော်ကို ပြန်လည် ခေါ်ယူရတော့သည်။
လူဝီ(၁၄)(Louis (14) ၁၆၄၃-၁၇၁၅) လက်ထက်တွင် ပြင်သစ်အမျိုးသားဘုရင်စနစ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။ လူဝီ(၁၄) က  I am the state “နိုင်ငံတော်ဆိုတာ ကျွန်ုပ်ပဲ ဖြစ်တယ်”ဟူ၍ အတိအလင်း ကြွေးကြော်ခဲ့သူပါ။ တချက်လွှတ်အမိန့်အာဏာကို ကျင့်သုံးခဲ့သူ ဖြစ်သည်။ ဘုရင်က နိုင်ငံ၏ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် ငြိမ်ဝပ်ပိပြားရေးတို့ကို တာဝန်ယူပါသည်။ အချုပ်အခြာအာဏာပိုင်ဟာ ဘုရင်ပါပဲ။ ဘုရင်သည် အမိန့် စာချွန်တော်တွေ ထုတ်ပြီး မည်သူ့ ကိုမဆို ဖမ်းဆီးနိုင်သည်။ အပြစ်ပေးနိုင်သည်။ သေဒဏ်ပေးနိုင်သည်။
၁၆၄၈ ခုနှစ်နှင့် ၁၆၅၃ ခုနှစ်ကြားတွင် ဘုရင်နှင့် မှူးမတ်များ၊ ပါလီမန်အဖွဲ့ဝင်များအကြား တိုက်ပွဲတကြိမ် ဖြစ်ခဲ့သော်လည်း ဘုရင်ကသာ အနိုင်ရခဲ့သည်။ ၄င်းဘုရင်လက်ထက်တွင် ၁၆ဝ၈ ခုနှစ်က ကနေဒါမှာ....၁၆၂၆ ခုနှစ်က ကာရစ်ဘီယံ နိုင်ငံများမှာ....၁၆၇၄ ခုနှစ်က အိန္ဒိယမှာ အမြဲတမ်း ကိုလိုနီနိုင်ငံ ထူထောင်နိုင်ခဲ့သည်။
ပင်လယ်ရပ်ခြား၌ ကိုလိုနီနိုင်ငံထူထောင်ရေးဘက်မှာ ပြင်သစ်တို့သည် အခြားဥရောပနိုင်ငံတွေလောက် ခြေမသွက်ပါ။ အစွမ်းလည်း မထက်ပါ။ အကြောင်းရင်းကတော့ စီးပွားရေးဖူလုံသော နိုင်ငံတနိုင်ငံဖြစ်သည့် ပြင်သစ်ပြည်သည် သူ့အတွက် ဥရောပဈေးကွက်နှင့် လုံလောက်နေ၍ ဖြစ်သည်။ ထို့ကြောင့် သူသည် ဥရောပတိုက်တွင်း ကူးသန်းရောင်းဝယ် ရေးကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့သည်။ သို့ရာတွင် ကိုလိုနီနိုင်ငံ ချဲ့ထွင်ရေး လုံးဝ မလုပ်ခဲ့သည်တော့ မဟုတ်။ စီးပွားရေး ပြိုင် ဆိုင်မှုနှင့် နိုင်ငံဂုဏ်သိက္ခာ မြင့်တက်ရေးအတွက် ကိုလိုနီနယ်ပယ် ချဲ့ထွင်မှု လုပ်ခဲ့သည်များ ရှိသည်။ တခါတရံတွင်မူ ပြည်ပနှင့် ကူးသန်းရောင်းဝယ်နေရသော ဓနရှင်လူတန်းစားက ကိုလိုနီနယ်ပယ် ချဲ့ထွင်ဖို့ လိုလားခဲ့သော်လည်း ဘုရင်က စိတ်မပါ။ အားမပေး။ ဤအဖြစ်မျိုးများလည်း ရှိသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်တို့နှင့် ယှဉ်ပြိုင်ပြီး ကိုလို  နီနယ်ပယ် ချဲ့ထွင်ရေးကို ဘုရင်က အားမပေးပါ။
၁၉ ရာစု အနှောင်းပိုင်းကာလ ရောက်တော့မှသာ ပြင်သစ်တို့အနေဖြင့် ကိုလိုနီနယ်ပယ်ချဲ့ထွင်ရေးကို အသစ်တဖန် ပြန်လည် စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။
လူဝီ (၁၄) လက်ထက်တွင် ဘုရင်က လွှတ်တော်ကို အနိုင်ယူနိုင်ခဲ့သော်လည်း သူ့နောက်ပိုင်း ဘုရင် များလက်ထက်တွင် ဖြစ်ထွန်းတိုးတက်လာသည့် ဓနရှင်လူတန်းစားသည် ဘုရင့်အာဏာကို ကန့်သတ်ဖို့ ပြန်လည် အားစု လာကြပြန်သည်။ ပြင်သစ်နိုင်ငံမှ ဖြစ်ထွန်းစ ဓနရှင်လူတန်းစားသည် ဘုရင်နှင့် လုံးဝ မပူးပေါင်းဘဲ နေခဲ့သည်တော့ မဟုတ်ပါ။ ဖိလစ်ဘုရင်လက်ထက်တွင် ပြည်ပမှာ သြဇာဖြန့်ကြက်နိုင်ရေးအတွက် သူတို့ ပူးပေါင်းခဲ့ကြဖူးသည်။ မဟာမိတ် ဖွဲ့ခဲ့ကြ ဖူးသည်။ ပဒေသရာဇ်လူတန်းစားကို ကိုယ်စားပြုသော မှူးမတ်များနှင့် ဘုရင်တို့အကြား အားပြိုင်ပွဲတွင် ဓနရှင်လူတန်းစားက ဘုရင်ဘက်မှ ရပ်တည်ခဲ့ဖူးသည်။ ပုပ်ရဟန်းမင်းကြီး၏ သြဇာအာဏာကို တိုက်ဖျက်ရာတွင်လည်း ဘုရင်နှင့် ဓနရှင်လူတန်း စားတို့ တသဘောတည်း ညီညွတ်ခဲ့ကြဖူးသည်။ ထို့အပြင် ပြင်သစ်ပြည်တွင် ဓနရှင်လူတန်းစားတို့ လိုလားခဲ့ကြသော လွှတ် တော်နှင့် ပါလီမန်တို့သည် အင်္ဂလိပ်တို့၏ ပါလီမန်လောက် အရေးပါမှု မရှိပါ။
ပြင်သစ်ပါလီမန်၏ အဓိကတာဝန်မှာ ဘုရင်၏ အမိန့်နှင့် ဥပဒေတို့ကို မှတ်တမ်းတင်ရခြင်းသာ ဖြစ်နေပါ သည်။ သို့ရာတွင် ဘုရင်၏အမိန့်ကို ပါလီမန်က ကန့်ကွက်နိုင်သော အခွင့်အရေးတော့ ရှိပါသည်။ ပါလီမန်အဖွဲ့ဝင်များအတွင်း ပြုပြင်ရေးကို လိုလားသည့် ပဒေသရာဇ်အသစ်များ ပါဝင်နေကြပါသည်။ သူတို့က သူကြွယ်မျိုးရိုးက ဆင်းသက်လာသူတွေပါ။
ပါလီမန်သည် ဘုရင်၏ အကြွင်းမဲ့ အာဏာရှင်စနစ်အောက်မှာ အခွင့်အရေးများကို ပြည့်ဝထိရောက်စွာ အသုံးချနိုင်ခွင့် မရှိကြပါ။ လူဝီ(၁၄) လက်ထက်မှာ ပါလီမန်၏ခွင့်ပြုချက်မရှိဘဲ အခွန်ကောက်ခွင့်မရှိစေရ ဟူသော အဆိုကို တင်ခဲ့ဖူးသည်။ မအောင်မြင်ခဲ့ပါ။ လူဝီ(၁၅) လက်ထက်တွင်လည်း ပဲရစ်တရားရုံးက ဘုရင်၏ ဘဏ္ဍာရေးပြန်တမ်းတရပ် မှတ်ပုံတင်ခြင်းကို ငြင်းဆိုခဲ့ဖူးသည်။ ယင်းပဲရစ်တရားရုံးကို သူကောင်းမျိုးတွေက လွှမ်းမိုးထားခဲ့သည်။
ဤကဲ့သို့သော အခွန်အကောက်လုပ်ငန်းများ၊ ဘုရင်၏ ဘဏ္ဍာရေးပြန်တမ်းများ စသည်တို့မှာ တိုင်းပြည်၏ စီးပွားရေးနှင့် တိုက်ရိုက်ဆက်စပ်နေသော ကိစ္စများ ဖြစ်သည်။
အမျိုးသား ဘုရင်စနစ်သည် ဓနရှင်လူတန်းစားတို့၏ ကူးသန်းရောင်းဝယ်မှုအတွက် တစုံတရာ အကူအညီ ပေးခဲ့သည်။ အချိန်အတွယ်နှင့် ငွေကြေးစနစ်ကို တညီတည်းဖြစ်အောင် လုပ်ပေးခဲ့သည်။ ရောင်းဝယ်ရေးတွင် ပိုမိုလွယ်ကူ စေရန်အတွက် ပဒေသရာဇ်ခေတ်တုန်းကထက် အခွန်များ ပိုမို လျှော့ပေးခဲ့သည်။ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့် ပိုမို ရှိလာသည်။ သို့ရာတွင် အရင်းရှင်စနစ် သည့်ထက် ပိုမိုကြီးထွားရေးအတွက်ကျတော့ ဤမျှလောက်နှင့် မလုံလောက်။ အကန့်အသတ်များ ရှိနေဆဲ ဖြစ်သည်။
ဘုရင်တွေဆိုသည်က စီးပွားရေးတောင့်တင်းမှ နိုင်ငံရေးနှင့် စစ်ရေးမှာ တန်ခိုးအာဏာ အပြည့်အဝရှိသည် ဟူ၍ ယုံကြည်ကြသူတွေ။ သူတို့က စီးပွားရေးအင်အား တောင့်တင်းအောင် ရွှေငွေဘဏ္ဍာ စုဆောင်းကြသည်။ ရွှေငွေဘဏ္ဍာ စုဆောင်းရေးတွင် ပြည်ပကုန်သွယ်ရေးသည် တစုံတရာ အရေးပါ အရာရောက်သည်ဟူ၍ သူတို့ ထင်မြင်ယူဆကြသည့် အတွက် အားပေးခြင်း ပြုသည်။ တိုင်းပြည်စီးပွားရေးတောင့်တင်းဖို့ဆိုလျှင် သွင်းကုန်ထက် ပို့ကုန်က ပိုမို အရေးပါသည်ဟု ဘုရင်က ထင်သည်။ ထို့ကြောင့် ပြည်ပကို ပို့နိုင်ဖို့အတွက် ပြည်တွင်းက လက်မှုထုတ်လုပ်ရေးလုပ်ငန်းကို အားပေးလာရ သည်။ ဘုရင်တို့က ပြည်ပကုန်သွယ်ရေးကို အားပေးခဲ့သည်ဖြစ်စေကာမူ ရရှိသော ရွှေငွေဘဏ္ဍာများကို တိုင်းပြည်အတွက် ပုံအောခဲ့ကြသည်မဟုတ်ပါ။ ဘုရင်၊ မိဘုရားနှင့် မှူးမတ်များတို့သည် ဤဘဏ္ဍာများအပေါ် စည်းစိမ်ခံကာ သုံးကြဖြုန်းကြ ခြင်းများ ဓမ္မတာအတိုင်း ရှိနေပါသည်။
ထိုအခါ ဘုရင်၏ ဘဏ္ဍာရေးကို ထိန်းချုပ်ဖို့ လိုအပ်လာသည်။ သည့်အတွက် ဘဏ္ဍာရေးဖြင့် ဘုရင်ကို ထိန်းချုပ်မှုတွေ လုပ်ဖို့ ကြိုးပမ်းလာကြခြင်း ဖြစ်သည်။
လူဝီ(၁၆) ဘုရင်၏ လက်ထက် ရောက်သောအခါတွင် ဘုရင်နှင့် ဓနရှင်လူတန်းစားတို့၏ တိုက်ပွဲသည် အထွတ်အထိပ် သို့ ရောက်ရှိလာပြီး တော်လှန်ရေးကြီး ပေါက်ကွဲလာခဲ့လေသည်။

 

Comments (0)
Write comment
Your Contact Details:
Comment:
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):S
:!::?::idea::arrow:
Security
Please input the anti-spam code that you can read in the image.
 
©2009-12 အရှေ့ မိုးကောင်းကင်