စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday78
mod_vvisit_counterYesterday189
mod_vvisit_counterThis week1132
mod_vvisit_counterLast week1149
mod_vvisit_counterThis month614
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors50869

Online Guests: 5
Your IP: 38.107.191.86
,
Today: Sep 04, 2010
ကဗျာ
ဧကရာဇ်များရဲ့သင်္ချံင်း
ဧကရာဇ်များရဲ့သင်္ချံင်း

ပစ္စုပ္ပုန်ဟာ
ဆွေးမြေ့ဟောင်းနွမ်းသွားပေမဲ့
အတိတ်က
နှပျိုလန်းဆန်းနေတုန်းပဲ

မနေ့ကရဲ့မနေ့က
ဖုတ်ခဲ့တဲ့ပေါင်မုန့်
မှိုတက်ပုတ်သိုးသွားပေါ့

ဖလင်ကိုနောက်ပြန်ရစ်ကြည့်
မေ့ရက်စရာမရှိတဲ့ပုံရိပ်တွေ
ရှင်သန်စိမ်းမြ တောက်ပထကြွ
ဘဝဟာ
အလွမ်းတွေစီးမျောလှုပ်ခတ်
လတ်ဆတ်နေတုန်းပဲ

လွတ်လပ်မှုဟာ
အိုင်းစတိုင်းရဲ့စကြဝဠာလို
အဆက်မပြတ်ပြန့်ကားလို့နေတယ်

မိုးသက်မုန်တိုင်းက
ခုန်ပေါက်ပြေးလွှားနေတဲ့
စမ်းချောင်းကလေးကိုတားဆီးလို့မရ
ပူရှိန်ပြင်းတဲ့နေမင်းက
လေညှင်းရဲ့
ရူးသွပ်စွာကခုန်ခြင်းကိုတားဆီးလို့မရ
နွယ်တပင်ပန်းတပွင့်
ဖူးသစ်ခွင့်ကို
ဘယ်အရာကမှတားဆီးလို့မရ

နွေဦးဟာ
တောင်စောင်းတောင်ခါးပန်းပေါ်
ပြိုကျ
လှပစွာရစ်ခွေစီးဆင်း
မြစ်တစင်းဖြစ်လာတယ်

အသက်ရှူသံ
လေတိုးသံ
လူးလွန့်လှုပ်ရှားသံ
ဗုံသံခရာသံလက်ခုပ်သံတွေ
ကြားနေရ
ဘဝဆိုတာဒါပါပဲလေ

တစတစပီပြင်လာ
တဖြည်းဖြည်းချင်းကျယ်လောင်လာ
တမဟုတ်ချင်းလင်းလက်လာ
မီးတောက်
ဟုတ်တယ်မီးတောက်မီးလျှံတွေ

အိုမင်းရင့်ရော်တဲ့ညများစွာ
ကုန်ဆုံးလွန်မြောက်
နေ့သစ်ကိုရောက်တဲ့အခါ
ဟောင်နွမ်းခြင်းကို
ဂူဗိမာန်နဲ့ဖုံးအုပ်ထား
ဧကရာဇ်များရဲ့သင်္ချံင်းပေါ်
ခလေးငယ်များ
ပျော်ရွှင်စွာဆော့ကစား
သမိုင်းရထားခုတ်မောင်းသွားပေါ့ ။

အောင်ငြိမ်း(၂၅ ဩဂုတ် ၂၀၁၀)
 
ယာယီဈေးကွက်



ပလုတ်ပလောင်းပလုံစီနေကြ
ပလူးပလဲ ပလဲပနံသင့်နေကြ
ပရောပရီ  ပြီတီတီပြုနေကြ
အဲဒီဟာအားလုံး...
ပြာယီးပြာယာ ...
ပြုတ်ပြုတ်ပြုန်းနေတဲ့ ကိုယ်ကျင့်တရားတွေနဲ့
ပွက်လောရိုက်နေကြတာပေါ့.................။

သိက္ခာနဲ့ကိုယ်ကျင့်တရားဟာ ပို့ယမ်းချပ်တွေဖြစ်
ယာယီပေါက်ရောက်မှုတွေနဲ့
ဖလှယ်ရ ဂုဏ်သတ္တိမြင့်မားမှုတွေအတွက်
အဲဒါတွေကို ချချသုံးခဲ့ရလွန်းလို့ .....
ခြောက်ဆယ်မမ စိန်ပြောင်းအဟောင်းလို
ဝါးပိုးရေဘူးလောက်တောင် အသုံး မတည့်တော့တဲ့ဖြစ်စဉ်တွေနဲ့
ငုတ်ဆုံပစ်သံချေးတက်နေကြတော့မယ့်ကိစ္စတွေ
စိတ်ချလက်ချ လာပါတော့မယ် ဆရာတို့ ...........။

ရုပ်ဝတ္ထုတွေ ဈေးမြင့်သထက်မြင့်
ကျင့်ဝတ်တွေ နီတိတွေ တရာဘိုးသုံးထည်ဖြစ်
သိက္ခာတွေ ယုံကြည်ချက်တွေက
ဆောင်းနံနက် ဈေးတန်းက
မန်ကျည်းသီး ကင်းတွေလို
တပုံမှ ဆယ့်ငါးပြား
ချဉ်ချဉ်ခါးခါး ဆားလေးနဲ့များ တို့စားလို့က
ပါးကြောပါရှုံ့သွားမယ် မြုံ့လိုကြရင်..............

ဒီလိုအမြင်တွေနဲ့ ပလေတိုရဲ့ ရီပတ်ဗလစ်ကို ဆေးတံထဲထည့်ဖွာကြ...

အရစ္စတိုတယ်ရဲ့ မီတာဖစ်ဆစ်ကို ခြေခွင် ခတ် ခတ်ပြကြ...

ဆော့ခရတ္တိကို ဒီမိုကရက်တစ်ဆန်ဆန် အဆိပ်ပုလင်းပေးခဲ့သူတွေနဲ့
သံခင်းတမန်ခင်းတွေထူထောင်ကြ....

သောမတ်စ်မိုးရဲ့ ယူတိုးပီးယားကိုအတောင့်လိုက်မျိုမျိုချကြ...

စပင်နိုဇာနဲ့ ဂျက်ကူဇီရေပူစိမ်ပြကြ...

ဗီကိုရဲ့ သမိုင်းအမြင်ကိုငှားပြီး ၀တ်လစ်စလစ် မွန်ရိုးကို ချဉ်းကပ်ကြ...

မိုဟာဗီလမင်းအောက်က အိန်ဂျလီနာဂျိုလီကို နှုတ်ခမ်းခြင်းတေ့ကြ....

ထက်ထက်မိုးဦးရဲ့ လက်နုနုကလေးအောက်မှာ ပါးထိုးပေးကြ....

မက်ခီယာဗယ်လီရဲ့ အတ္တဘာဝကို အာခီးမိဒိလိုချဉ်းကပ်ကြရင်း....

သခင်ကိုယ်တော်မှိုင်းကို မေ့နေကြတယ်
သခင်အောင်ဆန်းကို မေ့နေကြတယ်
သခင်ဗဟိန်းကိုမေ့နေကြတယ်
ဆရာစံကိုမေ့နေကြတယ်
ကိုယ့်ဖြစ်တည်မှုကိုယ်မေ့နေကြတယ်
အဲသလို...
ကိုယ့်ကိုယ်ကိုယ်မေ့နေတာကတော့
ဘယ်တော့မှ အိပ်ယာကမထတော့မယ့်
ကိုးမား ဝေဒနာသည်လို မေ့လျော့မှုနဲ့
အဲဒီ ...အားကြီးဘိုလိုမှုတ်တဲ့လူတွေ
အလုပ်ဖြစ်နေကြတယ်ပေါ့ ...................။

ကိုထွေးညို(တမာတန်း)
 
ကယ်တင်ရှင်
လှေခွက်ချည်းကျန် အလံမလှဲဘူးစိတ်ဓါတ်တွေနဲ့ပါ
မာသလားမမေးနဲ့ ...
ဒီပွဲမှာ ကျုပ်တို့  ပါ ကို ပါမှဖြစ်မယ် ကိုယ့်လူတို့................။

ဒီမယ်....
နည်းဗျူဟာ ဆင်းရဲတဲ့ သူတွေမဟုတ်ဘူး
သတ္တိဗျတ္တိ ခေါင်းပါးတဲ့သူတွေလဲမဟုတ်ဘူး
သိကြရဲ့လား....

မာန်တင်းကြစမ်းပါ
ခေါင်းမော့ကြစမ်းပါ
ယုံကြည်ကြစမ်းပါ
ငါတို့မှ မကယ်ရင်
ဟောဒီပင်လယ်ပြင်ကြီးမှာ.........။


တွေ့ လား
ငါတို့မှတပါးအခြားမရှိ.............။

ပြောပြောဆိုဆို ထိုပုဂ္ဂိုလ်က
ရေထဲကလူတွေ ၀ါးနဲ့ထိုး .........

လှေပေါ်ကလူတွေကန်ချ........

အမယ်သူက " ငါကွ " လို့ စီကနဲအော်ပြီး
အလံ တိုင် တက်ခွရင်း
တင်းတင်းကျပ်ကျပ်ဖက်ထားပုံများ
နောက်မီးလင်းသွားတဲ့သူ့မယားပြန်တွေ့ သလို
ခွင့်လွှတ်မှုတွေ အနန္တနဲ့
တကယ့်မေတ္တာရှင်ကြီးလိုလို
ဒီမိုကရေစီသီချင်းတွေ
မိုးအလင်း...
နောက်ပိုင်းမင်းသားကြီးလို လို ကို ပဲ
ဆိုတော့တာပေါ့ဗျာ...
ဆိုတော့တာပေါ့.............။   ။



ကိုထွေးညို(တမာတန်း)
 
အမျိုးသမီးဆိုတာ ကျွန်မဟုတ်ဘူး

အမျိုးသမီးဆိုတာကျွန်မဟုတ်ဘူး

 

(၁)

 

ကျွန်ဆိုတာမပေါ်ခင်ကထဲက

ကျွန်ဖြစ်နေရတယ်

 

သစ်သီးဝလံနဲ့သားငါး

လက်ဗလာနဲ့ရှာစားချိန်က

သူမဟာ

အိမ်ထောင်စုရဲ့အကြီးအကဲပါပဲ

 

ဖိုသတ္တဝါက

အစါရှာဖို့ကြွယ်ဝဖို့အတွက်

ကိုယ်ပိုင်လက်နက်ကိရိယာ

ထုတ်လုပ်လိုက်တဲ့အခါ

သူမဟာ

သမိုင်းရေးရာရှုံးနိမ့်မှုနဲ့ကြုံရပော့

 

ထုတ်လုပ်ရေးကိရိယာ

လေးလံရှုပ်ထွေးလာတာနဲ့အမျှ

သူမနောက်ကျကျန်ခဲ့ရပြီ

 

သူမဟာ

သရဖူကိုစွန့်လိုက်ရပြီ

ခွဲခြားတာခံလိုက်ရပြီ

အားနွဲ့သူလို့အပြောခံရပြီ

"အပိုနံရိုး"ကြောင့်လို့စွတ်စွဲခံရပြီ

 

ခေတ်အဆက်ဆက်

မညီမျှမှုကိုတန်းညှိတဲ့အနေနဲ့

သူမရဲ့ဦးနှောက်ဟာ

လူထီးထက်သေးတယ်လို့သတ်မှတ်ခံရ

ခန္ဓာကိုယ်တည်ဆောက်မှုက

အထီးနဲ့ကွာခြား

အားနွဲ့တဲ့မိန်းမသားလို့အထင်သေးခံရ

ဒါတင်မက

စိတ်လှုပ်ရှားလွယ်သူ  ပျော့ညံ့သူ  စွမ်းရည်နိမ့်သူလို့

အဆင့်နိမ့်သတ္တဝာအဖြစ်ချိုးနှိမ်ခံလိုက်ရ

 

နတ်ဖုရားမလိုပူဇေါ်ပသပြီး

ကျေးကျွန်လိုနှိမ့်ချဆက်ဆံခြင်းလဲခံရတယ်

 

(၂)

 

အရင်ရှင်စနစ်ရောက်တော့

မဟာဖိုဝါဒကြီးစိုးတဲ့လူ့အဖွဲ့အစည်းမှာ

သူမဟာ

နှစ်ထပ်ကွမ်းဖိနှိပ်တာခံရပေါ့

 

သူမရဲ့လုပ်အား

စက်ယန္တရားများကကြိတ်ဝား

အသွေးအသားကိုဝားမျို

အပိုအစွန်းထွက်တန်ဖိုးနဲ့

လုပ်အားခလဲဈေးနှိမ်ခံရ

 

လင်သားကိုမှီခိုရတဲ့မယား

သားသမီးကိုထိန်းရတဲ့မိခင်

အိမ်တွင်းအလုပ်ရဲ့အစေခံ

အထီးကျန်ဖယ်ချန်ခြင်းလဲခံရပြန်တယ်

 

ဒာဟာသဘာဝအရ

စံကျတဲ့အိမ်ထောင်စုတရပ်လား

ဒီလိုသတ်မှတ်တာမှန်ရဲ့လား

 

လူပုဂ္ဂိုလ်ရဲ့ဂုဏ်သိက္ခာ

ဖလှယ်ရေးတန်ဖိုးအဖြစ်ကျဆင်း

မိသားစုဆက်ဆံရေးဟာ

အသပြာဆက်ဆံရေးဖြစ်သွား

ဒာဟာတရားရဲ့လား

 

ပညာရေး ကျမ္မာရေး လူ့အခွင့်အရေး

အခွင့်အရေးအရပ်ရပ်

နိုင်ငံတော်မှတာဝန်မယူ

လျစ်လျူရှုခြင်းခံရ

အိမ်ထောင်စုတစုကို ယူနစ်တယူနစ်အဖြစ်သတ်မှတ်

ကိုယ့်တာဝန်ကိုယ်ယူခိုင်းတဲ့

အရင်းရှင်လူ့အဖွဲ့အစည်းမှာ

နိုင်ငံတော်အစိုးရဆိုတာ ဖိနှိပ်ရေးကိရိယာပါပဲ

 

 

 

(၃)

 

စက်မှုခေတ် နည်းပညာခေတ်တွေမှာ

ထုတ်လုပ်ရေးကိရိယာ အဆင့်မြင့်လာတဲ့အခါ

ခန္ဓာကိုယ်နဲ့ကြွက်သား ဖြစ်ညှစ်ရောင်းစား

ခွန်အားစိုက်ထုတ် လုပ်ရတဲ့အလုပ်တွေလျော့ပား

သူမဟာ

ယောက်ကျားနဲ့တန်းတူ

စွမ်းရည်ကိုပြသ နိုးထလို့လာခဲ့ပြန်တယ်

 

အမျိုးသမီးလုပ်ခ နိမ့်ကျတာတရားသလား

အလုပ်ခြင်းအတူတူ

အမျိုးသမီးလုပ်အားဟာ ဒုတိယတန်းစားလား

အမျိုးသမီးတွေ မဲပေးခွင့်မရှိဘူးလား

သားဖွားခွင့်

ခလေးသူငယ်စောင့်ရှောက်ခွင့်တွေဟာ

လူ့အခွင့်အရေးမဟုတ်ဘူးလား

အမျိုးသမီးတွေ ဘဝလုံခြုံခွင့် လွတ်လပ်ခွင့်

တန်းတူပညာသင်ကြားခွင့်တွေ

နိုင်ငံတော်မှတာဝန်မယူဘူးလား…

 

သူမရဲ့အသံ ကျယ်သထက်ကျယ်လာ

သူမရဲ့ခွန်အားတိုးသထက်တိုးလာ

သူမရဲ့စွမ်းရည်ထက်သထက်ထက်လာ

သူမဟာ ရှေ့တန်းကိုပြန်တက်လာခဲ့တယ်

 

သူမဟာ

အလုပ်သမားလူတန်းစားရဲ့

စစ်သည်တော်တဦးဖြစ်လာတယ်

သူမဟာ

မိုးကောင်းကင်ရဲ့တဝက်ကို

ထမ်းပိုးသူဖြစ်လာတယ်

သူမဟာ

အနာဂတ်လူ့ဘောင်သစ်ကို

ဖန်တီးသူလဲဖြစ်လာတယ်

 

(၄)

 

ရှေးမဆွက

လူသားရဲ့ဘိုးဘေးတွေဟာ

လေးဘက်သွားရာက

ခြေနှစ်ချောင်းပေါ်မတ်မတ်ရပ်

လက်နှစ်ဖက်လွတ်လပ်လာတဲ့အခာ

ကမ္ဘာသစ်ကိုဖန်တီးလာကြတယ်

 

ဇီဝဗေဒကွဲပြားမှုကြောင့်

ခွဲခြားဆက်ဆံတာမရှိ

မျိုးဆက်ပြန့်ပွားရေးအတွက်

သဘာဝတရားက

ဖန်တီးပေးထားတဲ့အတိုင်း

လွတ်လပ်တန်းတူညီညွတ်မျှတ

အတူတကွရုန်းကန်ခဲ့ကြတယ်

 

ပိုင်ဆိုင်မှုကိုပုဂ္ဂလိကပိုင်ပြုလာကြတဲ့အခာ

လူတန်းစားတွေကွဲပြား

နိုင်ငံတော်အစိုးရဆိုတာပေါ်လာတယ်

အုပ်စိုးသူနဲ့အုပ်စိုးခံ

ဖိနှိပ်သူနဲ့ဖိနှိပ်ခံ

သွေးစုတ်သူနဲ့သွေးစုတ်ခံရယ်လို့ကွဲပြား

"ရန်-ငာ" စည်းခြားခဲ့ပြီ

 

ဒာတင်မက

အသားအရောင်ကြောင့်ခွဲခြား

လူမျိုးရေးကြောင့်ခွဲခြား

ဘာသာရေးကြောင့်ခွဲခြား

မဟာဖိုဝာဒကြောင့်ခွဲခြား

ခွဲခြားမှုတွေများလိုက်တာ

 

ယဉ်ကျေးမှု နည်းပညာ

အသိဥာဏ် အစဉ်အလာ

အတွေးအခေါ် စံတန်ဖိုးစတာတွေဟာ

တော်လှန်ပြောင်းလဲနေတာပာ

 

အခြေအနေပတ်ဝန်းကျင်တရပ်က

လူသားကိုပုံသွင်းလိုက်တာမှန်သော်လဲ

အဲဒီအခြေအနေပတ်ဝန်းကျင်ကို

လူသားကပဲ

တော်လှန်ပြောင်းလဲပစ်တာပာ

 

လူဆိုတာကျွန်မဟုတ်ဘူး

အလုပ်သမားဆိုတာကျွန်မဟုတ်ဘူး

လယ်သမားဆိုတာကျွန်မဟုတ်ဘူး

အမျိုးသမီးဆိုတာကျွန်မဟုတ်ဘူး

 

(စက်မှုဇုန်အမျိုးသမီးအလုပ်သမများသို့)

အောင်ငြိမ်း (၁၃ မေ ၂၀၁၀)

 

 

 

 
«StartPrev123456789NextEnd»

Page 1 of 9
©2009-12 အရှေ့ မိုးကောင်းကင်