စကားဦး

၂၁ ရာစု တာထွက်စမှာ နိုင်ငံအသီးသီး ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလုအယက် ပြိုင်ဆိုင်နေ ကြစဉ် ဗမာပြည်ဟာ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူ ရိုကရက်ယန္တရားဆိုတဲ့ ‘စစ်သုံးစစ်’လက်အောက်မှာ ဖွံ့ ဖြိုးမှုအ နိမ့်ဆုံးနိုင်ငံဘ၀က ရုန်းမထွက်နိုင်ဘဲ ပိန်လှီ ငြိုး ခြောက် အမှောင်ထုအောက် ကျရောက်နေပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲဝင် မျိုးဆက်ဟောင်းများ၊ ဒီမိုကရေစီတိုက်ပွဲဝင် ရှစ်လေးလုံးနဲ့ ၂၀၀၇ မျိုးဆက်သစ်များရဲ့ ပြည်သူ့ဘ၀ အတွေ့အကြုံခံစားချက် တွေးခေါ်မျှော်မြင်မှုနဲ့ ၊ ဝေဖန်သုံးသပ်ချက်များကို ရသ၊ သုတ ၊ ကဏ္ဍ အသီးသီးနဲ့ ဖော်ထုတ် တင်ပြတဲ့ စာမူများကို တတပ်တအား
စုစည်းဖော်ပြဖို့ ရည်ရွယ်ပါတယ်။

၂၀၁၀ လွန်ရင် နိုင်ငံရေးအခင်းအကျင်းအသစ် ပေါ်တော့မယ်။
အဲဒီအခင်းအကျင်းအသစ်မှာ စစ်အာဏာရှင်ကို ဘယ်လို တိုက်ဖျက်ကြမလဲ၊ ပြည်သူ့ အင်အားကို ဘယ်လို စုစည်းကြမလဲဆိုတဲ့  လမ်းစဉ်ပြသနာကြီးနဲ့ ပတ်သက်ပြီး တော်လှန်တဲ့ တိုးတက်တဲ့ အမြင် ဟူ သမျှ ကို စုစည်း ဖော်ပြပေးဖို့ ထုတ်ဝေပါတယ်။
ပန်းပေါင်းတရာ ဝေဆာပွင့်ဖူး ဒီမိုကရေစီ အရုဏ် ဦး သို့ ရည်စူးပြီး အရှေ့ မိုးကောင်ကင်ကို ဖြန့် ကျက်လိုက်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ ၈ ရက်

 

 

  • crystalthinktank
  • crystalthinktank
  • crystalthinktank
  • crystalthinktank
mod_vvisit_counterToday188
mod_vvisit_counterYesterday169
mod_vvisit_counterThis week844
mod_vvisit_counterLast week1243
mod_vvisit_counterThis month1569
mod_vvisit_counterLast month5304
mod_vvisit_counterTotal Vistors51824

Online Guests: 12
Your IP: 38.107.191.85
,
Today: Sep 09, 2010
ပုံပြင်များ
အရှေ့မိုးကောင်းကင်ပုံပြင်များ (၄)

အရှေ့မိုးကောင်းကင်ပုံပြင်များ     (၄)

 

 

၁၅ကြက်ဥ ၃ လုံး

 

သူဌေးကြီးတဦးဟာ မြို့ထဲမှာ ထမင်းဆိုင်တဆိုင်ကို ဖွင့်ထားသတဲ့။ တရက်မှာ အာဖန်ထီးဟာ အဲဒီ ထမင်းဆိုင်မှာ ၀င်ပြီး ကြက်ဥပြုတ် ၃ လုံး စားလိုက်တယ်။ စားပြီးလို့ ပြန်ထွက်မယ့်လုပ်ခါနီးမှ အင်္ကျီအိတ်ကို စမ်း ကြည့်လိုက်တော့ ငွေထည့်မလာမိမှန်းသိသွားတယ်။ အာဖန်ထီးဟာ ဆိုင်ရှင်သူဌေးကို ကောင်းကောင်းမွန် တောင်းပန်ပြောဆိုပြီး နောက်တချီ ဒီနေရာက ဖြတ်သွားတဲ့အခါ ငွေလာပေးပါ့ မယ်လို့ အာမခံကတိပေးလိုက်တယ်။

“ကိစ္စမရှိပါဘူး အာဖန်ထီး” “ ကြက်ဥ ၃ လုံးဆိုတာ ဘာမှ မဖြစ်လောက်ပါဘူး၊ နောက်မှ ပြောကြတာ ပေါ့” လို့ ဆိုင်ရှင်သူဌေးက ရှင်းပြပါတယ်။

နှစ်ဝက်လောက်ကြာတော့ အာဖန်ထီးဟာ မြို့ထဲကို ရောက်လာပြန်ပါတယ်။ သူဟာ အဲဒီထမင်းဆိုင်ဆီ ကို ကမန်းကတန်း ပြေးသွားပြီး ငွေ ပေးပါတယ်။ ဆိုင်ရှင်သူဌေးကို တွေ့တော့ အာဖန်ထီးက “ အရင်တခေါက်က ကျွန်တော်စားတဲ့ ကြက်ဥ ၃ လုံးအတွက် ဘယ်လောက်ကျသင့်ပါသလဲခင်ဗျာ” လို့ မေးလိုက်ပါတယ်။

ဆိုင်ရှင်သူဌေးဟာ နံရံမှာ ချိတ်ထားတဲ့ ပေသီးတွက်ခုံကြီးကို ဖြုတ်ယူလိုက်ပြီး အကြာကြီးတွက်ချက်ပြီး မှ.... “ မများဘူး၊ မများပါဘူး။ ကြက်ဥ ၃ လုံးအတွက် ၃၀၀ ကျပ်ဆို ရပါပြီ” လို့ ဆိုပါတယ်။

အာဖန်ထီးက အံ့အားသင့်သွားပြီး “သူဌေးမင်း ခင်ဗျား ဘယ်လိုများ တွက်လိုက်တာလဲဗျာ” လို့ မေးလိုက်ပါတယ်။

“ဒါ များနေသေးလို့လား။ ဒီကြက်ဥ ၃ လုံးကို မင်းသာ မစားလို့ ၀ပ်ခိုင်းလိုက်ရရင် ကြက်မ ၃ ကောင် ပေါက်လာမယ်။ ကြက်မ တကောင်ဟာ နှစ်ဝက်ဆိုရင် ကြက်ဥ အလုံး ၁၀၀ ဥမယ်။ ကြက်မ ၃ ကောင်မို့ ကြက်ဥ ၃၀၀ ဥလိမ့်မယ်။ အဲဒီ ကြက်ဥ ၃၀၀ ကနေ ကြက်ကလေးတွေ ဖြစ်လာလိမ့်ဦးမယ်။ ဒီတော့ဘယ်လောက် ကျ သင့်တုန်းဆို မင်းပဲ ပြောပါဦး” လို့ ဆိုင်ရှင်သဌေးက ဆိုပါတယ်။

အာဖန်ထီးက ဆိုင်ရှင်သူဌေးကို နိုင်ထက်စီးနင်းပြုကျင့်သူအဖြစ် ဆဲဆိုပစ်လိုက်ပါတယ်။ သူဌေးက ဘုရင်ထံသွားပြီး အာဖန်ထီး အကြောင်း ကို ပြောပြကာ အမှုဖွင့်လိုက်တယ်။

အမှုစစ်တဲ့နေ့ ရောက်တဲ့အခါ ဘုရင်ဟာ မာန်စွယ်တငေါငေါပြပြီးခန်းမဆောင်မှာ ထိုင်ရင်း အာဖန်ထီး ရောက်လာရင် ကြီးလေးတဲ့ ပြစ်ဒဏ်ရိုက်လိုက်မယ်ဆိုပြီး အထူးစောင့်ဆိုင်းနေပါတယ်။ ဒါပေမဲ့ နေ့လည် ရောက် တဲ့အထိ အာဖန်ထီးရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးပါဘူး။ ဘုရင်က ဆက်ကာဆက်ကာ လူလွှတ် လောဆော် ခေါ်ခိုင်းတော့မှ အာဖန်ထီးဟာ  လက်ထဲမှာ သံယောက်မ တချောင်းကို ဆွဲပြီး ဖြေးလေးစွာ လာနေ တာကို တွေ့လိုက်ရတယ်။

“မင်း သိပ် သတ္တိကောင်းလှပါလား” “လုပ်တုန်းက လုပ်ထားပြီး မလာရဲဘူးလား” လို့ ဘုရင်က ဟိန်းဟောက် ပြောဆိုပါတော့တယ်။

“ အရှင်သခင်ကြီးဘုရား ကျွန်တော်မျိုး အလုပ်များနေလို့ပါဘုရား”  “ ကျွန်တော်မျိုးနဲ့ အိမ်နီးနားချင်း ပေါင်းပြီး နက်ဖြန်မှာ မြေ ၂ မို (တရုတ်မြေဧရိယာအတိုင်းအတာ) လောက် ဂျုံစိုက်မှ ဖြစ်တော့မှာမို့ ကျွန်တော်မျိုးတို့ ဂျုံစေ့တွေကို လှော်နေတာကြောင့် အချိန်နည်းနည်း နှောင့်နှေးခဲ့ရပါတယ် ဘုရား” လို့ အာဖန်ထီးက လျှောက်ထား လိုက်ပါတယ်။

“ ဟားဟား ငတုံး” လို့ခေါ်လိုက်ပြီး ဘုရင်နဲ့ ဆိုင်ရှင်သူဌေးတို့ဟာ တဟားဟား ရယ်ပါတော့တယ်။ ဘုရင် က “ လှော်လိုက်လို့ ကျက်သွားတဲ့ ဂျုံစေ့ဟာ ပျိုးပင်ထွက်နိုင်ပါဦးမလား။ မင်းဟာ တကယ့် ငတုံးကြီးပဲ” လို့ ဘုရင်က ဆိုလိုက်ပြန်ပါတယ်။

“ တကယ်တော့ လှော်လိုက်လို့ ကျက်သွားတဲ့ ဂျုံစေ့က ပျိုးပင်မပေါက်နိုင်ဘူးဆိုတာ အရှင်ဘုရားလည်း အသိပါပဲဘုရား” “ ဒါဖြင့် ကျက်နေတဲ့ ကြက်ဥက ကြက်ကလေးတွေ ပေါက်နိုင်ပါဦးမလားဆိုတာ အရှင်ဘုရားကို မေးပါရစေဘုရား” လို့ အာဖန်ထီးက ပြောလိုက်ပါတယ်။

ဘုရင်နဲ့ ဆိုင်ရှင်သူဌေးတို့ဟာ အာဖန်ထီးစကားကို ကြားလိုက်တာနဲ့ ချက်ချင်း ပါးစပ်အဟောင်းသားနဲ့ ပြူးပြူးပျာပျာဖြစ်သွားပြီး နှုတ်ဆိတ် သွားတော့တယ်။

 

 

၁၆။ အစိမ်းရောင်ဆေးဆိုးပြီး ကျွေးလိုက်ပါ

 

“ အခုတလော ငါ့ မြည်းက မြက်စိမ်းစိမ်းကို သိပ်ကြိုက်တယ်။ ကောက်ရိုးခြောက်ကို ဘယ်လိုမှ မစားချင်ဘူး။ ဘယ်လိုလုပ်သင့်တယ်ဆိုတာ မင်းငါ့ကို ပြောပြပါဦးကွာ” လို့  အိမ်နီးနားချင်းတဦးက အာဖန်ထီး ကို မေးလိုက်ပါတယ်။

“ မင်းမြည်းက မြက်စိမ်းစိမ်းကိုမှ စားချင်တယ်ဆိုရင် မင်း ကောက်ရိုးခြောက်ကို အစိမ်းရောင်ဆေးဆိုးပြီး ကျွေးလိုက်ရင် ရတာပေါ့” လို့ အာဖန်ထီးက ရှင်းပြလိုက်ပါတယ်။

 

 

၁၇။ အပေါက်တခုတော့ ကျန်ခဲ့မှာပေါ့

အာဖန်ထီး ငယ်ငယ်တုန်းက တရက်မှာ အစ္စလန်ဘာသာရေး ပညာရှင်တဦးက “ လေးထဲက လေးနုတ် ရင် ဘယ်လောက်ကျန်သလဲ” လို့ တမင်သက်သက် မေးလိုက်ပါတယ်။

အာဖန်ထီးက ဘာမှမဖြေဘဲ နှုတ်ဆိတ်နေလိုက်တယ်။

“ ဥပမာ မင်းအိတ်ထဲမှာ ကြေးပြား ၄ ပြားရှိနေရာကနေ အဲဒီငွေဟာ အိတ်ထဲမှ ထွက်ကျသွားရင်း အိတ်ထဲမှာ ဘာကျန်ဦးမလဲ” လို့ ဘာသာရေး ပညာရှင်ကြီးက ဥပမာပေး ရှင်းပြပါတယ်။

“ ဘာကျန်လိမ့်ဦးမလဲ” ဆိုတော့ “ ငွေတွေ ထွက်ကျခဲ့တဲ့ အပေါက်တခုတော့ ကျန်တာပေါ့” လို့ အာဖန်ထီးက ဖြေလိုက်ပါတယ်။

 

၁၈။ ဆီဖြန်းပြီး အိမ်ဝိုင်းအတွင်း သန့်ရှင်းရေးလုပ်ခြင်း

အာဖန်ထီး ငယ်ငယ်တုန်းက ရွာထိပ်က သူဌေးကြီးတဦးရဲ့အိမ်ဝိုင်းကို နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးပါ တယ်။ လုပ်ခငွေကို နှစ်ကုန်တော့မှ  ပေးမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကို သူဌေးကြီးက ချမှတ်ထားတယ်။ ဒီလို သတ်မှတ်ထားပေမယ့် သူဟာ အာဖန်ထီးအား ငွေမပေးရရေးကို နည်းလမ်းရှာကြံပါသေးတယ်။

အဲဒီနှစ် နှစ်သစ်ကူး အကြိုနေ့တောင် ကျရောက်လို့ လာပါပြီ။ သူဌေးဟာ အာဖန်ထီးကို ခေါ်လာပြီး “ အာဖန်ထီး ဒီနေ့ မင်းငါ့ဝိုင်းထဲကို သန့်ရှင်းရေးလာလုပ်ရင် ရေနည်းနည်းမှ ဖြန်းခွင့်မပြုဘူး။ ဒါပေမဲ့ သန့်ရှင်းရေး လုပ်ပြီးရင် ငါ့အိမ်ဝိုင်းဟာ ရွှဲရွှဲစိုနေစေရမယ်။ မင်းလုပ် မထားနိုင်ရင်တော့ ဒီနှစ်လုပ်အားခငွေ ထုတ်ဖို့ စိတ်ကူးမနေ နဲ့” လို့ပြောပြီး မိမိဘာသာ ဈေးထွက်သွားတော့တယ်။

အာဖန်ထီးဟာ အိမ်ဝိုင်းကို အေးအေးဆေးဆေးပဲ သန့်ရှင်းရေးလုပ်ပြီးသွားတယ်။ အဲဒီနောက်တော့ သူဌေးကြီးအိမ်ထဲမှာ သိမ်းဆည်း ထား တဲ့ ဆီဘူးအားလုံးကို ထုတ်ယူလာပြီး သန့့််ရှင်းနေတဲ့ ၀ိုင်းတခုလုံးပေါ်မှာ သွန်ချ ဖြန်းပစ်လိုက်ပါတယ်။ လုပ်စရာရှိတာတွေကို လုပ်ပြီး အာဖန်ထီးဟာ လှေကားပေါ်မှာ ထိုင်ရင်း မိမိ လုပ်ခတွေကို ထုတ်ဖို့ သူဌေးပြန်အလာကို စောင့်နေပါတယ်။

ညနေကျတော့ သူဌေးကြီးဟာ တလှုပ်လှုပ်နဲ့ ပြန်ရောက်လာပါတယ်။ တ၀ိုင်းလုံး အာဖန်ထီးက ဆီတွေ ဖြန်းထားတာတွေ့လိုက်တာနဲ့ ဒေါသလည်းထွက် စိတ်လည်းဆိုးလွန်းလို့ မျက်နှာမည်းသွားကာ လယ်ချောင်း တထောင်ထောင်နဲ့ “ ငါ့ဆီတွေလျော်ပေး၊ ငါ့ဆီတွေ လျော်ပေး” နဲ့ အော်ပါတော့တယ်။

“ဖြည်းဖြည်းပေါ့ သခင်ကြီးခင်ဗျား” အာဖန်ထီးဟာ မတ်တပ်ရပ်လိုက်ပြီး “ အိမ်ဝိုင်းထဲကို ရေ မဖြန်းပါဘူး။ ဒါပေမဲ့ ရွှဲရွှဲစိုနေတယ် မဟုတ်ဘူးလား။ သခင်ကြီးခိုင်းထားတဲ့အတိုင်း ကျွန်တော်လုပ်ထား ပြီးပြီမဟုတ်လား။ ကျွန်တော့်လုပ်ခကို အမြန်သာ ထုတ်ပေးပါ။ နောက် နှစ်အတွက် သခင်ကြီးသူဌေးက ကျွန်တော့်ကို ထပ်ခေါ်ချင် ရင်တောင်မှာ ကျွန်တော်က မလုပ်တော့ပါဘူး” လို့ ပြောဆိုလိုက်ပါတယ်။

သူဌေးကြီးလည်း ဘာမှမပြောနိုင်တော့ဘဲ အာဖန်ထီးရဲ့ လုပ်ခကိုသာ ပေးချေလိုက်ရတော့သတဲ့။

 

၁၉။ ငါက မင်းကို ကျီစယ်တာလေ

အာဖန်ထီးဟာ လက်ဖက်ရည်ဆိုင်တဆိုင်အတွင်း အေးအေးဆေးဆေး စိမ်ပြေနပြေ ထိုင်ပြီး လက်ဖက်ရည် သောက်နေပါတယ်။ ဟိုယိမ်း ဒီယိုင် ယိမ်းထိုးနေတဲ့ အရက်မူးသမားတယောက်ဟာ ဆိုင်ထဲဝင်လာပြီး အာဖန်ထီးရဲ့ မျက်နှာကို ယပ်တောင်နဲ့ တချက်ရိုက်လိုက်ပါတယ်။ ရိုက်ပီးတော့ ပြောင်စပ်စပ် မျက်နှာထားနဲ့ “ ဒါ မင်းကို ငါက ကျီစယ်တာပါကွာ” လို့ ပြောလိုက်ပါတယ်။

အာဖန်ထီးဟာ ချက်ချင်း လက်တုံ့ပြန်ကာ အရက်မူးသမားရဲ့ မျက်နှာကို  “ ဗြန်း ဗြန်း” နဲ့ ၂ ချက် ဆင့် ရိုက်လိုက်ပါတယ်။ အရက် မူးသမားဟာ ဒေါသယမ်းအိုး ပေါက်ကွဲပြီး “ မင်း .... မင်း ဒါ ကျီစယ်တာလို့ ဘယ်လို လုပ် ပြောလို့ ရမှာလဲ” လို့ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလာပါတယ်။

“ ပထမ တချက် ရိုက်လိုက်တာက မင်းရဲ့ ကျီစယ်မှုကို တုံ့ပြန်လိုက်တာ။ ဒုတိယ တချက် ရိုက်လိုက် တာကတော့ ငါက မင်းကို ကျီစယ်လိုက်တာလေ” လို့ ပြောနေရင်းက အာဖန်ထီးဟာ မတ်တတ်ရပ်လိုက်ပြီး လက်ဖက်ရည်ဆိုင်ထဲက ထွက်ခွာသွားတော့တယ်။

 

၂၀။ အရသာက အင်္ကျီအိတ်ထဲမှာလေ

တနှစ်မှာ အာဖန်ထီးဟာ ‘ဟာမိကွား’ သခွား ၃-၄ မို (တရုတ်မြေဧရိယာ အတိုင်းအတာ) လောက် စိုက် ပါတယ်။ ဒိုင်နယ်အတွင်းက အရာရှိတယောက်ဟာ နေ့စဉ်ဆက်တိုက်ဆိုသလို သခွားခင်းလာကာ သခွားသီးခူးယူသွားပြီး စားတတ်ပါတယ်။ ဘယ်တော့မှလည်း ငွေပေးတယ်လို့ မရှိပါဘူး။

တနေ့ ‘ဟာမိကွား’ သခွားသီးတွေကို အာဖန်ထီး ဈေးမှာရောင်းနေတုန်း အဲဒီအရာရှိ ရောက်လာကာ သခွားသီး ၃-၄ လုံးကို ဆက်တိုက် လှီးစားပစ်လိုက်ပါတယ်။ အဲဒီနောက် “ အာဖန်ထီး မင်းသခွားသီးတွေဟာ ဘယ်နှယ့်လဲ အရသာလဲ မရှိပါလား” လို့ ပြောပါတော့တယ်။

ဒီတော့ အာဖန်ထီးက “ အရာရှိမင်းကြီးရေ ....” “ အလကားစားတယ်ဆိုရင် ဘယ်ဟာမှ အရသာမရှိဘူး ပေါ့။ အရသာဆိုတာ အင်္ကျီအိတ်ထဲမှာလေ” လို့ ပြောလိုက်သတဲ့။

 

ဆက်လက်ဖော်ပြသွားပါမည်။

 
အရှေ့မိုးကောင်းကင် ပုံပြင် (၃)




၁၀။ ဘာကြောင့် အရပ်လေးမျက်နှာကို သွားကြသလဲ


လူတချို့က အာဖန်ထီးကို “ မနက်မိုးလင်းတာနဲ့ လူတွေဟာ အိမ်တံခါးကထွက်ပြီးနောက် အ ရပ်မျက်နှာ တခုတည်းကို ဦးတည် မသွားကြဘဲ အရပ်လေးမျက်နှာကို ဘာကြောင့်သွားကြတာတုန်း” လို့ မေးကြသတဲ့။
“ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုန် ဖြစ်မသွားအောင် လူတွေဟာ နှစ်ယောက်တတွဲ သုံးယောက် တတွဲ တွဲပြီး အရပ်လေးမျက်နှာကို ဦးတည် သွားကြတာပေါ့”လို့ အာဖန်ထီးက ဖြေလိုက်ပါသတဲ့။

၁၁။ ဘယ်သူဟာ ငတ်ကြီးအကျဆုံးလဲ


တခါတုန်းက အာဖန်ထီးကို ကျီစားချင်တာနဲ့ မြေရှင်ကြီးတယောက်ဟာ စင်ကျန်ပြည်နယ် ထွက် နာမည်ကြီး သခွားတမျိုးဖြစ်တဲ့ ဟာမိသခွားသီးတွေကို အများကြီး ၀ယ်လိုက်ပြီး အာဖန်ထီးနဲ့ အိမ်နီးချင်းမိတ်ဆွေများကို လာစားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ မြေရှင်ကြီးက မိတ်ဆွေတွေ ရောက် လာပြီးနောက် သခွားသီးတွေနဲ့ ဧည့်ခံပါတယ်။ အားရပါးရတ၀ကြီးစားကြဖို့ တောက်လျှောက် ပြောဆိုဧည့်ခံရင်း ကိုယ်တိုင်လည်း တရစပ်စားနေပါတယ်။ စားရင်းလည်း သူစားထားတဲ့ သခွားသီး အခွံတွေကို အာဖန်ထီးဘက်ကို မသိမသာကလေး တိုး,တိုးပေးနေပါတယ်။ သခွားသီးတွေ စားလို့ ကုန်တဲ့အချိန် ရောက်မှ မြေရှင်ကြီးဟာ အဆန်းတကျယ် တအံတသြနဲ့....
“ကိုယ့်လူတို့ ကြည့်ကြစမ်းပါဦး၊ အာဖန်ထီးရှေ့မှာ သခွားခွံတွေ များလိုက်တာ တပုံကြီးပါလား! သူဟာ တို့အားလုံးထက် ပိုစားနိုင်တာပဲ၊ ဒီကောင် တော်တော် ငတ်ကြီးကျတာပဲ”လို့ အော်ပြောလိုက်ပါ တယ်။
အားလုံးဟာ တ၀ါးဝါး တဟားဟား ပွဲကျသွားတော့တယ်။
“ဟားဟား..... ဘယ်သူဟာ ငတ်ကြီးအကျဆုံးလဲဆိုတာ အားလုံး ကြည့်လိုက်ကြစမ်းပါဦး” “ကျုပ်က သခွားသီးစားတာ အခွံ ချန်နိုင်သေးတယ်။ မြေရှင်ကြီးက သခွားခွံတောင် မချန်နိုင်ဘူး၊ အား လုံး မျိုချပစ်တာ။ ကိုယ့်လူတို့ တွေ့တဲ့အတိုင်းပဲလေ၊ သူ့ရှေ့မှာ သခွားခွံဆိုလို့ တစလေးတောင်မှ မကျန် ဘူးမဟုတ်လား”လို့ အာဖန်ထီးက ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်ပါသတဲ့။

Read more...
 
အရှေ့ မိုးကောင်းကင် ပုံပြင်များ အမှတ် (၂)



(၅) လမင်းနဲ့ ကြယ်တာရာတွေ


တနေ့မှာ အာဖန်ထီးကို လူ ၃-၄ ယောက်က “ အာဖန်ထီး လဆန်းရက်ရောက်လို့ ဆန်းစလကွေးကွေး လေး အသစ်ပေါ်လာရင် မူလရှိနေတဲ့ လ အဟောင်းကြီးက ဘယ်ရောက်သွားသလဲ”လို့ မေးကြသတဲ့။
ဒီတော့ အာဖန်ထီးက “လဆန်းရက်ရောက်လို့ ဆန်းစလကွေးကွေးလေး ပေါ်လာရင် မူလရှိနေတဲ့ လ အဟောင်ကြီးက ကြေမွသွားပြီး ကြယ်တာရာတွေ ဖြစ်ကုန်တာပေါ့”လို့ ဖြေလိုက်ပါတယ်။

(၆) ပင်လယ်ရေ

လူတချို့က အာဖန်ထီးကို “ပင်လယ်ရေ ဘာကြောင့်ငန်နေတာလဲ”လို့ မေးကြသတဲ့။
ဒီတော့ အာဖန်ထီးက “ပင်လယ်ထဲမှာ ငါးတွေ ဒီလောက်တောင် များနေတော့ အဲဒီ ငါးတွေကို မပုပ်မ သိုးသွားအောင် ရှေးကဘိုးဘေးဘီဘင်တွေက ပင်လယ်ထဲကို ဆားတွေ ဖြန်းခဲ့လို့ ပင်လယ်ရေတွေ ငန်နေတာ ပေါ့”လို့ အာဖန်ထီးက ဖြေလိုက်ပါတယ်၊

Read more...
 
အရှေ့မိုးကောင်းကင် ပုံပြင်များ

အရှေ့မိုးကောင်းကင် ၀က်ဆိုဒ်ကို တက်ရောက်ဖတ်ရှုနေကြသော ချစ်စွာသော စာဖတ်ပရိသတ်များခင်ဗျား....

ကျွန်တော်တို့တတွေဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ရင်း စစ်အာဏာရှင် အဆက်ဆက်ကို တိုက်ပွဲဝင်နေကြပါရတယ်။ ဒီလို ဘ၀ အမော တွေကို ပြေစေဖို့အတွက် “ဉာဏ်ကြီးရှင် အာဖန်ထီး” ပုံပြင်များကို တင်ဆက်လိုက်ပါတယ်။



၁။ ငွေအဿပြာနဲ့ အမှန်တရား




တရက်မှာ ဘုရင်ကြီးက အာဖန်ထီးကို “ အာဖန်ထီး မင်းရှေ့မှာ တဖက်မှာ ငွေအဿပြာ၊ အခြားတဖက်မှာ အမှန်တရား ကို တွေ့နေရင် မင်း ဘာကို ရွေးမလဲ”လို့ မေးလိုက်တယ်။

“ကျွန်တော်မျိုးကတော့ ငွေအဿပြာကိုပဲ ရွေးပါမယ်ဘုရား”လို့ အာဖန်ထီးက ဖြေလိုက် တယ်။

ဒီတော့ ဘုရင်ကြီးက “မင်းဘာလို့ ဒီလိုဖြစ်ရတာလဲ” လို့ အာဖန်ထီးကို မေးပါတယ်။ “ငါသာ ဆိုရင်တော့ အမှန်တရားကို မုချ ရွေးမှာပဲ။ ငွေအဿပြာကို လုံးဝ မယူဘူး။ ငွေအဿပြာဆိုတာ ဘယ် လောက်များ ထူးဆန်းလို့လဲ။ အမှန်တရားဆိုတာက ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူး မဟုတ်လား” လို့ ဘုရင် ကြီးက ရှင်းပြပါတယ်။

ဒီတော့ အာဖန်ထီးက “ ဘယ်သူဖြစ်ဖြစ် မိမိမှာဘာမရှိသလဲ၊ မရှိတာကိုပဲ ယူမှပေါ့ အရှင်မင်း ကြီးဘုရား။ အရှင်မင်းကြီး ယူလိုက်တဲ့ပစ္စည်းဟာ တကယ်တော့ အရှင်မင်းကြီးမှာ အလိုအပ်ဆုံး ပစ္စည်းဖြစ်လို့ နေမှာပေါ့”လို့ ပြန်ပြောလိုက်ပါသတဲ့။               ။



၂။ ဘုရင်ကြီးမှာ ခြေလေးချောင်းရှိတယ်



တခါမှာ အာဖန်ထီးဟာ မျက်စိနာရောဂါ ဖြစ်နေလို့ မျက်စိ ကြည့်လို့မကောင်းဖြစ်နေတယ်။

ဒါကြောင့် ပစ္စည်းတွေ ကြည့်တဲ့အခါ မရှင်းမလင်း မသဲမကွဲ ဖြစ်နေသတဲ့။ အဲဒီသတင်းကို ကြားတော့ ဘုရင်ကြီးဟာ အာဖန်ထီးကို ရှေ့တော် ၀င်ရောက်ခစားဖို့ ဆင့်ခေါ်လိုက်တယ်။ အာဖန် ထီးရောက်လာတော့ ဘုရင်ကြီးက အာဖန်ထီးကို ဟိုဟာ ကြည့်စမ်း၊ ဒီဟာ ကြည့်စမ်းနဲ့ ခိုင်းပြီး ရယ်စရာ လုပ်နေတယ်။ “ မင်း ဘာကြည့်ကြည့် အရာတိုင်းဟာ တခုကနေ ၂ ခု ဖြစ်နေတယ်ပေါ့။ ဟုတ်တယ်မဟုတ်လား။ မင်းက နဂိုကတည်းက ဆင်းရဲသားဆိုတော့ မြည်း တကောင်တည်းရှိနေတာ အခုတော့ မြည်း ၂ ကောင် ဖြစ်နေပြီပေါ့လေ”လို့  ဘရင်ကြီးဟာ  ငေါ့တော့တော့ ပြောရင်း တဟား ဟား ရယ်နေပါတော့တယ်။

“အရှင်မင်းကြီးဘုရား အခုတော့ အဲဒီတိုင်း မှန်ပါတယ်ဘုရား။ ဥပမာ ဆိုပါစို့ အခု ဘုရင်မင်း မြတ်ကြီးကို ကြည့်လိုက်တော့လည်း ကျွန်တော်မျိုးက ခြေလေးချောင်းတွေ့နေရပါတယ် ဘုရား”လို့ လျှောက် ထားလိုက်ပါသတဲ့။





၃။ နေနဲ့လ



လူတယောက်က အာဖန်ထီးကို “ နေနဲ့လ ဘယ်ဟာက ကောင်းသလဲ”လို့ မေးလိုက်ပါတယ်။

“လက ကောင်းတာပေါ့”လို့ အာဖန်ထီးက ဖြေလိုက်ပါတယ်။

ဒီတော့ အဲဒီလူက “ဘာဖြစ်လို့လဲ”လို့ ထပ်မေးပြန်ပါတယ်။

“နေ့ခင်းဆိုတာ နေမရှိလည်း ကမ္ဘာကြီးဟာ ထိန်ထိန်လင်းမြဲလင်းနေတာလေ။ ဒါပေမဲ့ ညဆိုတာ လ မရှိရင်တော့ ကမ္ဘာကြီးတခုလုံးဟာ မည်းမှောင်သွားမှာပေါ့”လို့ အာဖန်ထီးက ဖြေလိုက် သတဲ့။



၎။ ကောင်းလိုက်တာ



တနှစ်ဆောင်းရာသီမှာပေါ့။ အာဖန်ထီးဟာ အအေးဓာတ်လုံတဲ့အခန်းတခုကို ပြင်ဆင်ပြီး အဲဒီအခန်း ထဲမှာ သခွားမွှေး စိုက်လိုက်ပါတယ်။ သခွားမွှေးတွေ မှည့်လာတော့ အာဖန်ထီးဟာ သခွားသီး ကောင်း ကောင်း ၃-၄ လုံးရွေးပြီး ဘုရင်ကြီးထံ သွားရောင်းရင် ငွေ ၃-၄ ကျပ်တော့ ရမှာပဲလို့ စဉ်းစားမိတာနဲ့ ဘုရင်ကြီးထံ သွားရောင်းလိုက်ပါတယ်။ ဘုရင်ကြီးက သခွားသီးတွေကို လက်ခံလိုက်ပြီးနောက် သူ့ကို နိုင်ငံသားကောင်းပေပဲလို့ ချီးကျူးကာ “ကောင်းလိုက်တာ”ဆိုတဲ့ စကား ၃ ခွန်းသာ ပြောနေတယ်။ နောက်ဆုံးမှ ငွေမပေးတော့ပါလားဆိုတာ သဘောပေါက်သွားပါတယ်။

အာဖန်ထီး ဘုရင့်နန်းတော်က ပြန်ထွက်လာတယ်။ ဗိုက်ကလည်း ဆာလွန်းလို့ တကြုတ် ကြုတ် မည်နေပါပြီ။ သူ့မှာ ငွေ တပြားတချပ်မှ မပါပါဘူး။ သူစဉ်းစားလိုက်ပါတယ်။ စဉ်းစားပြီးတာနဲ့ ထမင်းဆိုင် တခုထဲ ၀င်ပြီး သိုးသားပေါက်စိ အလုံး ၂၀ မှာပြီး စားပါတော့တယ်။

အာဖန်ထီးဟာ စားလို့ ၀တဲ့အခါ “ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ”ဆို တဲ့ စကား ၃ ခွန်းကို အော်လိုက်တယ်။ ပြီးတဲ့နောက် “ကောင်းလိုက်တာ”လို့ ပြောကာ ထလိုက်တဲ့ပြီး ဆိုင်ပြင်ကို ထွက်သွားတော့တယ်။

ထမင်းဆိုင်ပိုင်ရှင်က “ငွေပေးဦးလေ”၊ “ခင်ဗျား ငွေမပေးရသေးဘူး”လို့ အော်ပြီး ပေါက်စိဖိုး တောင်းပါတယ်။

“ဘာလဲ၊ ခုနက ခင်ဗျားကို ငွေးပေးပြီးပြီ မဟုတ်လား”လို့ အာဖန်ထီးက ပြောလိုက်တယ်။

 

Read more...
 


©2009-12 အရှေ့ မိုးကောင်းကင်